တကယ်တမ်း အင်ဒရ် အိမ်ကိုရောက်တော့ အိမ်ရောင်းပြီး ပိုက်ဆံခွဲယူဖို့မဟုတ်ပဲ သူ့အဖေယူထားတဲ့ အကြွေးတွေအတွက် လူဆိုးဂိုဏ်းက အိမ်နဲ့ခြံသိမ်းဖို့အတွက်ဖြစ်နေပါတော့တယ်။ အဲ့ဒီမှာ အင်ဒရ်၊ သူ့အဖေ၊ နစ်မီ တို့ဟာ စိတ်ရောဂါရနေတဲ့ သူ့အမေကို ခေါ်ပြီး လူဆိုးတွေလက်က ထွက်ပြေးကြပါတော့တယ်။
နောက်ဆုံး အိမ်သိမ်းမယ့်ကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ၊ လုံးဝမတည့်တဲ့ သူတို့သားအဖချင်း ကရော ပြန်အဆင်ပြေမှာလား၊ စိတ်ရောဂါဖြစ်နေတဲ့သူ့အမေကရော ပြန်ကျန်းမာနိုင်မှာလား၊ နစ်မီကရော သူကြိုက်နေတဲ့ အင်ဒရ်ကို လက်လွှတ်ပြီး အခြားသူနဲ့ လက်ထပ်ဖြစ်သွားမလား ဆိုတာကိုတော့....
ဇာတ်လမ်းကောင်းလေးတပုဒ်ပါပဲ။ အထူးအဖြင့် အဖေနဲ့သားကြားက မေတ္တာနဲ့ နားလည်မှုလွဲတဲ့ကိုစ္စတွေကို ထင်ရှားအောင်ပြသထားပါတယ်။ ဟာသကားဆိုတဲ့ အတွက်ကြောင့် ပေါ့ပေါ့ပါးပါးလေးပဲ တင်ဆက်ထားပါတယ်။ ဒါပေမယ့် တချို့ အခန်းတွေကတော့ အရမ်းပေါလွန်းလို့ မကြိုက်ပါဘူး။ အထူးအဖြင့်လူဆိုးတွေပေါ့။ အကြိုဆုံးစာသားကတော့ နောက်ဆုံး အင်ဒရ်အဖေက သူ့ကိုပြောတဲ့ " မိဘတွေက ဘုရားဖူးသွားချင်တယ်ပြောရင်၊ သားသမီးတွေက လက်မှတ်ဝယ်ပေးပြီး လွှတ်လိုက်တယ်၊ မင်းကတော့ မိဘတွေကို သယ်ပိုးတဲ့အပြင် သူတို့ကိုခေါ်ပြီး ရှောက်လည်ပေးတယ်။ မင်းလုပ်ပေးတာက ဘုရားဖူးပို့ပေးတာထက်ပိုမြင့်မြတ်ပါတယ်" ဆိုတဲ့စကားပဲဖြစ်ပါတယ်။ ကွက်တိထိသွားတာကိုး...
2h: 6mins ရှည်ပြီး 653 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ဒေါင်းလုပ်ဆွဲကြည့်နည်း
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
DOWNLOAD
Post a Comment