Jason Bourne (2016)


2016 ရဲ့နာမည်
ကြီးသည်းထိတ်ရင်ဖိုအက်ရှင် ဇာတ်ကားသစ်ဖြစ်တဲ့
Jason Bourne ရုပ်သံအကြည် HC-HDrip ထွက်
ထွက်ချင်းတင်ပေးလိုက်ပါတယ်။ CAM တွေတုန်းက
အတော်လေးဆိုးဝါးနေတာမို့မတင်ပေးခဲ့တာပါ။
အခုတော့ ရုပ်သံအကြည် HDrip ထွက်ပြီဆိုတော့
သာသာယာယာ ကြည့်လို့ရပြီပေါ့ဗျာ။ ကျနော်
ကြည့်ချင်နေတဲ့ ဇတ်ကားတွေထဲမှာ ဒီကားလည်း
တစ်ကားအပါအ၀င်ပါ။ Bourne ရုပ်ရှင်တွေရဲ့ ပဉ္စမ
မြောက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး အဓိက သရုပ်
ဆောင်ကလည်း မက်ဒေမွန်ပါဘဲ။

#ဇတ်လမ်းအညွှန်း

စီအိုင်အေအဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဂျေဆင်ဘွန်း
ဟာ မှတ်ဉာဏ်ပျောက်တဲ့ ရောဂါ သက်သာပျောက်ကင်းပြီးတဲ့
နောက် ဘဝလမ်းကြောင်းအသစ် ကို တစ်ကိုယ်တော်လျှောက်
နေပြီး တရားမဝင်လက်ဝှေ့ကြိုးဝိုင်းတွေ ထဲ ဝင်ပြိုင်ရင်း
ရပ်တည်နေခဲ့ပါ တယ်။အိုက်စလန်နိုင်ငံ ရက်ရာဗီးမြို့မှာ နစ်ကီ
ပါဆန်ဆိုသူဟာ ဟက်ကာအဖွဲ့တွေနဲ့ ပေါင်းပြီး စီအိုင်အေရဲ့
ပင်မကွန်ပျူတာဆာ ဗာကိုဝင်ကာ စီအိုင်အေရဲ့ လျှို့ ဝှက်
စီမံကိန်းတွေကို ဖော်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။ ဒီလိုကြိုးပမ်းနေရင်း
ပါဆန်ဟာ ဂျေဆင်ဘွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့
ဂျေဆင်ရဲ့ ဖခင်အကြောင်းတွေကို တွေ့ခဲ့တာကြောင့် ဂျေဆင်
ရှိရာ ဂရိကိုသွားပြီး အကြောင်းစုံပြောပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စီအိုင်အေဆာဗာကို ပါဆန်ဝင်ကြည့်တာက စီအိုင်အေဆိုက်
ဘာစီမံကိန်းအကြီးအကဲဟီသာ လီနဲ့ စီအိုင်အေဒါရိုက်တာရော
ဘတ်ဒူးဝေးတို့ကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ဂရိကို
ရောက်တဲ့အခါ ပါဆန်ဟာ ဂျေဆင်နဲ့ တွေ့ခဲ့ပေမယ့်
ကြေးစားလူသတ်သမားရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

ပါဆန်မသေခင်မှာ သူတွေ့ထားတဲ့ စီအိုင်အေဖိုင်တွေထည့်ထားတဲ့
သေတ္တာသော့ကို ဂျေဆင်ကိုပေးခဲ့ပါတယ်။ ပါဆန်ထားခဲ့တဲ့
ဖိုင်တွေကိုကြည့်ရင်း ဂျေဆင်ဟာ သူ့ဖခင်ရစ်ချတ်ဝက်ဘ်ဟာ
မူလဖန်တီးထားတဲ့ စီအိုင်အေ Treadstone Program ဖန်တီးသူထဲမှာ
ပါဝင်တယ်ဆိုတာ သိခဲ့ရပါတယ်။ စီအိုင်အေဖိုင်ထဲမှာ ခြေရာခံ
ကိရိယာပါတဲ့အတွက် ဂျေဆင်ဘယ်မှာရှိတယ်ဆိုတာကို
ရောဘတ်ဒူးဝေးတို့အဖွဲ့က သိသွားခဲ့ပါတယ်။

ဟီသာလီက ဂျေဆင်နဲ့ လူချင်းတွေ့ပြီး စီအိုင်အေအဖွဲ့ထဲ ပြန်
ခေါ်နိုင်ဖို့ ဆွေးနွေးကြည့်ချင်ကြောင်း ဒူးဝေးကို ခွင့်တောင်းခဲ့ပါ
တယ်။ ဒူးဝေးက ခွင့်ပြုခဲ့ပေမယ့် လျှို့ဝှက်ညွှန်ကြားချက်တွေနဲ့
အတူ ဟီသာရဲ့ အဖွဲ့တွေကို ရှင်းပစ်တဲ့အပြင် ဂျေဆင်ကိုလည်း
သတ်ဖို့ လုပ်ခဲ့ပါတယ်။ စီအိုင်အေရဲ့ လျှို့ဝှက်စီမံ ကိန်းတွေက
ဘာတွေဖြစ်မလဲ။ ဂျေဆင်တစ်ယောက် စီအိုင်အေ ရဲ့ လျှို့ဝှက်
ကြာင်းအရာတွေ ကို သိပြီးနောက် ဘာတွေဆက် လုပ်မှာလဲ။

ပုံမှန်အတိုင်း Pcloud ကနေဖိုင်ဆိုဒ် HC-HDrip 720P ကို
ဖိုင်ဆိုဒ် 900 MB နဲ့ တင်ပေးထားပါတယ်။

                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                             DOWNLOAD .ဆိုဒ်အကြီး


                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger