သြဂုတ် ၁၂ ရက်က ဖြန့်ချိထားတဲ့ စိတ်ကူးယဉ်၊
စွန့်စားခန်း၊ အက်ရှင်၊ ဒရာမာရသစုံပါတဲ့ ဇာတ်
ကားသစ်လေးပါ။ ၁၉၇၇ တုန်းက ဝေါ့လ်ဒစ္စနေး
ကနေ နာမည်တူအ တိုင်း ထွက်ရှိထားတဲ့ ဇာတ်
ကားကို သရီးဒီရုပ်ရှင်အဖြစ် ပြန်လည်ဆန်းသစ်
ထားတာ ဖြစ်ပါတယ်။ ဇတ်ကားအညွှန်းတော့
လင့်ထဲမှာသာအပြည့်အစုံ ၀င်ဖတ်လိုက်နော်
FB page ပေါ်မှာဆိုရင် အတော်လေးရှည်နေတာ
မို့ပါ။ ထွက်ရှိသမျှ Version တွေထဲက အကြည်
ဆုံးဗားရှင်းဖြစ်တဲ့ HDTS CPG version ကို
ဖိုင်ဆိုဒ် 825 MB နဲ့အတူ Pcloud ကနေ တင်
ပေးထားပါတယ်။
မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။
(၅)နှစ်သားလေး ပီ့တ်ဟာ
မိဘတွေနဲ့ ခရီးသွားနေတုန်း ကားမှောက်သွားပြီး
အဖေရော၊ အမေရော ဆုံးပါးသွားခဲ့တယ်။ ပီတ်ဟာ
ဝံပုလွေအုပ်နောက်ကလိုက်လို့ ထွက်ပြေးရင်း
တောနက်ထဲ ရောက်သွားခဲ့ပြီးတော့ အစိမ်းရောင်
အမွေးတွေ ဖုံးနေတဲ့ ခန္ဓာကိုယ်၊ အဝါရောင်မျက်လုံး
ကြီးမားတဲ့အတောင်တွေ ပါတဲ့ ကြင်နာတတ်တဲ့
နဂါးတစ်ကောင်နဲ့ မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။
ပီတ်က နဂါးကို သူကြိုက်တဲ့ ကာတွန်းဇာတ်ကောင်
အယ်လီရော့တ်လို့ အမည်ပေးခဲ့ပြီး သူတို့နှစ်ယောက်
ဟာ တောထဲမှာ အတူနေထိုင်ခဲ့ကြပါတယ်။
ဒီလိုနဲ့ ခြောက်နှစ်လောက်ကြာအပြီး တစ်နေ့မှာတော့
ပီတ်ဟာ သစ်ခုတ်သမားတွေ၊ တောခေါင်းတွေနဲ့
ဆုံမိတာကြောင့် ထွက်ပြေးခဲ့ပြီး သူ့နောက်ကို နာတာလီ
ဆိုတဲ့ မိန်းကလေးတစ်ယောက်ကတော့ ထက်ကြပ်မကွာ
လိုက်ခဲ့ပါတယ်။ နောက်တော့ နာတာလီရဲ့ မိဘတွေ၊
အစ်ကိုတွေ ပါလိုက်လာတာကြောင့် ပီတ်တစ်ယောက်
ဖမ်းမိသွားပြီး မြို့ကိုခေါ်ဆောင်သွားခံရပါတယ်။အယ်လီရော့တ်ဟာလည်း ပီတ်ပျောက်နေတဲ့အတွက် စိတ်ပူ
ပြီးနေရာအနှံ့လျှောက်ရှာတဲ့အခါမှာ နာတာလီရဲ့ ဦးလေး
ဂါဗင်က တွေ့သွားပြီး အယ်လီရော့တ်ကို လိုက်ဖမ်းဖို့
လုပ်ခဲ့ပါတယ်။ ဆေးရုံကို ခေါ်ဆောင်သွားခံရတဲ့ ပီတ်ဟာ
တောထဲကို ပြန်ထွက်ပြေးဖို့လုပ်ခဲ့ပေမယ့် သူမရင်းနှီး တဲ့
ပတ်ဝန်းကျင်ဖြစ်နေလို့ ပြန်ဖမ်းမိသွားခဲ့ပါတယ်။ နာတာလီ
တို့ မိသားစုက ပီတ်ကို သူတို့နဲ့အတူ နေဖို့ပြောပေမယ့်
ပီတ်က သူတောထဲမှာ နေလာတာ ခြောက်နှစ်ရှိပြီဖြစ်ပြီး
အယ်လီရော့တ်နဲ့အတူနေထိုင်ကြောင်းပါ ဖွင့်ပြောခဲ့ပါ တယ်။
နာတာလီရဲ့ မိထွေးဖြစ်လာမယ့် ဂရေ့စ်က အယ်လီရော့တ်
အကြောင်း ကြားတဲ့အခါ မှာ သူငယ်ငယ်တုန်းက
တောထဲမှာ အစိမ်းရောင်နဂါးရှိတယ်လို့ သူ့အဖေပြော
တာကို ပြန်သတိရ ခဲ့ပါတယ်။
နောက်ရက်မှာ ပီတ်ဟာ နာတာလီတို့မိသားစုနဲ့အတူ
တောထဲမှာ အယ်လီရော့တ်ကို သွားရှာ ခဲ့ပါတယ်။
အယ်လီရော့တ်နဲ့ ပီတ်တွေ့ကြတဲ့အချိန်မှာ အကွက်
ချောင်းနေတဲ့ ဂါဗင်ရောက်လာပြီး အယ်လီရော့တ်ကို
ဖမ်းခေါ်သွားခဲ့ ပါတယ်။ ပီတ်က အယ်လီရော့တ် ကို
ကယ်ဖို့ကြိုးစားတဲ့အခါမှာ နာ တာလီကလည်း ကူညီခဲ့ပြီး
အယ် လီရော့တ်ကို ဖမ်းထားတဲ့အ ဆောက်အအုံကို
အတူသွားပြီး လွှတ်ပေးဖို့ လုပ်ကြပါတယ်။ အယ်လီရော့တ်က
ပျံပြီးထွက်ပြေးဖို့ အားမရှိဖြစ်နေတာကြောင့် တောထဲပြန်
ရောက်ဖို့အရေး အ သည်းအသန်ကြိုးစားခဲ့ရပါတယ်။
အယ်လီရော့တ် လူဆိုးတွေရန်က လွတ်နိုင်ပါ့မလား၊
သံယောဇဉ် ကြီးတဲ့ ပီတ်နဲ့ အယ်လီရော့တ်တို့
ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်း မှာလဲဆိုတာ
ဆက်ကြည့်လိုက်ပါ ဦးနော်။ရှေးတုန်းက ဇာတ်ကားဆို
ပေမယ့်လည်း အထူးပြုလုပ်ချက် တွေနဲ့ ဆန်းသစ်ထားတာမို့
ကလေးပရိသတ်ရော၊ လူကြီး ပရိသတ်ရော သဘောကျမယ်
လို့ ယုံကြည်ပါတယ်။ ဒီဇာတ်ကား မှာ ဂရေ့စ်အဖြစ်
ဘရိုက်စ်ဒဲ လက်စ်ဟောင်းဝပ်၊ ပီတ်အဖြစ် အုတ်စ်ဖက်ဂ်လေ၊
နာတာလီအ ဖြစ် အိုနာလောရင့်စ်၊ ဂျက်အဖြစ် ဝက်စ်ဘန့်တ်လေ၊
ဂါဗင်အဖြစ် ကားလ်အာဘန်၊ အယ်လီရော့တ် အသံ
သရုပ်ဆောင်အဖြစ် ဂျွန် ကက်ဆာတို့က သရုပ်ဆောင် ထားကြတာပါ။

သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Post a Comment