Captain America: The Winter Soldier 2014(မြန်​မာစာတန်းထိုး)

Avengers တွေရဲ့ နယူးယောက် တိုက်ပွဲအပြီးမှာ Steve Rogers ဟာ နယူးယောက်မြို့မှာပဲ နေထိုင်လျက် ရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာမှာ ရှိတဲ့ S.H.I.E.L.D အဖွဲ့ရဲ့ သင်္ဘောပြန်ပေးဆွဲခံရတဲ့ အချိန်မှာတော့ သူတို့ကို ကယ်တင်ဖို့ Steve Rogers ဟာ Natasha Romanoff နဲ့အတူ အေးဂျင့် Rumlow ရဲ့ S.T.R.I.K.E အဖွဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ရပါတယ်။ သူတို့ဟာ ဓားစာခံတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် Natasha ကတော့ တခြားတာဝန်တစ်ခုကို ဆက်လက်ထမ်းဆောင်နေခဲ့ပါတယ်။ အဲဒါကတော့ S.H.I.E.L.D အဖွဲ့ရဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ခိုးယူတာပါပဲ။ တကယ်တော့ Natasha ဟာ Steve ရဲ့ အထက်အရာရှိ Nick Fury ရဲ့ အမိန့်အရ ဒီအချက်အလက်တွေကို ခိုးယူတာ ဖြစ်ပါတယ်။
captain-america-2-photo-scarlett-johansson-chris-evans
Steve ဟာ ဒီကိစ္စကို Nick Fury ဆီ တင်ပြငြင်းခုန်တဲ့အခါမှာ Nick က S.H.I.E.L.D ဌာနချုပ်ထဲမှာ တည်ဆောက်ထားတဲ့ Insight လို့ခေါ်တဲ့ လေယာဉ်တွေသယ်ဆောင် ပျံသန်းနိုင်တဲ့ ယာဉ်ကြီး ၃ စင်းကို ပြသပါတယ်။ အဲဒီယာဉ်တွေကို ဘာအတွက် ရည်ရွယ်တည်ဆောက်ထားလဲဆိုတာ သိရဖို့ ဒီအချက်အလက်တွေကို ခိုးယူခိုင်းတာ ဖြစ်ကြောင်းရှင်းပြပေမယ့် Steve ကတော့ လက်မခံချင်ပါဘူး။ Insight ၃ စင်းဟာ လူတွေရဲ့ DNA အချက်အလက်ကို ဖတ်ရှုပြီး ရန်သူကို ပစ်ခတ်ချေမှုန်းနိုင်ပါတယ်။ Natasha ခိုးယူလာတဲ့ အချက်အလက်တွေကို ကြည့်ရှုဖို့ ကြိုးစားပေမယ့် မရတာကြောင့် Nick က ပိုပြီး သံသယ၀င်လာပါတယ်။
Captain-America-The-WInter-Soldier-shield-banner
သူ့ရဲ့လက်ထောက် Maria Hill ဆီအသွားမှာ Nick ကို Rumlow အပါအ၀င် ရဲတွေ၊ အထူးတပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းလုပ်ကြံပါတယ်။ Winter Soldier လို့ နာမည်ဝှက်ပေးထားတဲ့ လူသတ်သမားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတော့ Nick ဟာ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ထွက်ပြေးရပါတယ်။ Nick ဟာ Steve ရဲ့ တိုက်ခန်းမှာ လာပုန်းနေခဲ့ပေမယ့် Winter Soldier ရဲ့ လုပ်ကြံမှုကြောင့် သေနတ်မှန်သွားခဲ့ပါတယ်။ သတိမလွတ်ခင်မှာ Nick ဟာ သူရရှိထားတဲ့ အချက်အလက်တွေ ပါတဲ့ Flash Drive လေးကို Steve လက်ထဲ လွှဲပေးခဲ့ပါတယ်။ Nick ကို ခွဲစိတ်ကုသပေမယ့် မအောင်မြင်ပဲ နှလုံးရပ်သွားခဲ့ပါတယ်။ သူ့ရဲ့ ကြွင်းကျန်တဲ့ ခန္ဓာကိုယ်ကို Maria Hill က သယ်ဆောင်သွားပါတယ်။
130613-scarlett-johansson-film-captain-america-2-in-cleveland-01
S.H.I.E.L.D ရဲ့ ဒါရိုက်တာ Alexander Pierce က Steve ကို ခေါ်ပြီး Nick အကြောင်း မေးမြန်းရာမှာ Steve ဟာ သူရထားတဲ့ အချက်အလက်တွေအကြောင်း မပြောပြခဲ့ပါဘူး။ ဒါကို သံသယရှိတဲ့ Pierce က S.T.R.I.K.E ကို လွှတ်ပြီး Steve ကို ဖမ်းဖို့ ကြိုးစားပါတယ်။ အခြေအနေကို ရိပ်စားမိတဲ့ Steve က ထွက်ပြေးလွတ်မြောက်သွားပြီး သူဖွက်ထားခဲ့တဲ့ Flash Drive ကိုသွားယူတဲ့အခါ Natasha နဲ့ တွေ့ပါတယ်။ Black Widow နဲ့ Captain America တို့ ဟာ ဆွစ်သိပ္ပံပညာရှင် Arnim Zola ရဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းထားတဲ့ စူပါကွန်ပြူတာကြီးဆီမှာ သူတို့ရထားတဲ့ သတင်းအချက်အလက်တွေကို ဖော်ထုတ်ကြပါတယ်။ တကယ်တော့ S.H.I.E.L.D အဖွဲ့ထဲမှာ HYDRA လို့ ခေါ်တဲ့ နောက်ထပ် လျှို့ဝှက်အဖွဲ့တစ်ဖွဲ့ရှိနေပြီး သူတို့ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နိုင်ငံပေါင်းများစွာကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ HYDRA ရဲ့ ရည်မှန်းချက်က တကမ္ဘာလုံးကို လက်နက်နဲ့ အုပ်စိုးဖို့ ဖြစ်ပြီး လောလောဆယ်မှာ Alexander Pierce က ဦးဆောင်နေပါတယ်။ Winter Soldier ဟာ HYDRA ရဲ့ လက်အောက်ခံဖြစ်ပြီး ဦးနှောက်ကို ရှော့ခ်တိုက်ဆေးကြောထားသူ တစ်ယောက်ပါ။
captain-america-2-photo-gallery-34
Steve နဲ့ Natasha တို့ဟာ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Steve ရဲ့ မိတ်ဆွေ လေထီးခုန်သမား Sam Wilson ရဲ့ အိမ်မှာ သွားပုန်းနေပါတယ်။ Sam ဟာ Falcon လို့ခေါ်တဲ့ တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားပြီး လေထဲမှာ ၀ဲပျံတိုက်ခိုက်နိုင်သူပါ။ Captain America ၊ Black Widow နဲ့ Falcon တို့ S.H.I.E.L.D ထဲကို ဘယ်လို ပြန်လည်ထိုးဖောက်မလဲ၊ Winter Soldier ကိုရော ဘယ်လို နှိမ်နင်းမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါခင်ဗျာ …
Captain-America-2-Falcon-Featurette
ဒါရိုက်တာ Anthony Russo နဲ့ Joe Russo တို့ရိုက်ကူးပြီး Chris Evans ၊ Samuel L. Jackson ၊ Scarlett Johansson ၊ Anthony Mackie ၊ Sebastian Stan ၊ Cobie Smulders ၊ Frank Grillo နဲ့ Robert Redford တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ Captain America: The Winter Soldier ဟာ Captain America ရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။ Marvel ရဲ့ နာမည်ကျော် ဟီးရိုးတစ်ယောက်ဖြစ်တဲ့ Captain America ရဲ့ လက်ရှိခေတ်ကာလမှာ အံဝင်အောင် ကြိုးစားရပုံနဲ့ အင်အားကြီးချင်သူတွေရဲ့ အင်အားစုစည်းမှုတွေ ထိပ်တိုက်ရင်ဆိုင်ရပုံကို ဇာတ်လမ်းဆင်ထားတာပဲ ဖြစ်ပါတယ်။ ဒီကားမှာ Captain America ရဲ့ နာမည်ကြီး ဇာတ်ရုပ် Sharon Carter ကိုလည်း DOWNLOAD OR WATCH HEREမိတ်ဆက်သဘောမျိုး ထည့်သွင်းထားတာ တွေ့ရမှာပါ။ ကောင်းမွန်လှတဲ့ ရုပ်ထွက် ဖန်တီးမှုတွေနဲ့ ခိုင်မာတဲ့ ဇာတ်အိမ်က နည်းနည်း အိုဗာဖြစ်နေတဲ့ စွန့်စားခန်းတွေကို ဖုံးလွှမ်းသွားမှာပါ။
captain-america-the-winter-soldier-review-3c2278a9-956d-46ef-89bb-23cadaefa432
IMDb မှာ Rating 8.2 ရရှိထားပြီး Rotten Tomatoes မှာလည်း Tomatometer 89% ရရှိထားတာမို့ အတော်လေးကောင်းတဲ့ ဇာတ်ကားလို့ ပြောနိုင်ပါတယ်။ လက်နက်ဆန်းမျိုးစုံကို မြင်ရမှာ ဖြစ်သလို အရင်က စူပါဟီးရိုးဇာတ်လမ်းတွေလို အသားလွတ်ကြီး အစွမ်းထက်နေတာမျိုးမဟုတ်ပဲ ထက်မြက်ကျွမ်းကျင်မှုနဲ့ စွန့်စားမှုတွေကြောင့် လူစွမ်းကောင်းအဖြစ် ထိုက်တန်ကြောင်း ထည့်သွင်းပြသထားပါတယ်။ Falcon ရဲ့ တိုက်ခန်း ခိုက်ခန်း အချို့ကလွဲရင် ကျန်တဲ့ ဇာတ်ကွက်တွေကို တတ်နိုင်သရွေ့ အထူးပြုလုပ်ချက် မသုံးပဲ ဖန်တီးထားတာ တွေ့ရပါတယ်။ Captain America ရဲ့ အဓိက လက်နက်ဖြစ်တဲ့ ဒိုင်းကြီးကိုလည်း ကာကွယ်ဖို့ထက် တိုက်ပွဲဝင်ဖို့ ပိုမိုအသုံးပြုသွားတာကို တွေ့ရမှာပါ။ ရုပ်ရှင်ဝေဖန်သူတွေက Batman ရဲ့ The Dark Knight ဇာတ်ကားကို ယှဉ်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ မှတ်ချက်ပြုထားကြပါတယ်။
 
 
 
                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger