အားလုံးမျော်လင့်စောင့်စားနေတဲ့ ဇာတ်ကားလေးတစ်ကားတော့ ပရိသတ်ရှေ့မှောက်ကို ပို့ပေးလိုက်ပါပြီ။ မက္ကင်းနစ်လို့ဆိုလိုက်တာနဲ့ ဂျေဆန်စတေသန်ကို အားလုံးပြေးမြင်မိကြမှာပါ။ အပိုင်း၁ကတော့ ထွက်ထားတာ နစ်အနည်းငယ်ကြာခဲ့ပါပြီ။ ကြေးစားလူသတ်သမားတစ်ဦးရဲ့ စွန့်စားမှု၊ ဥာဏ်ကိုလွာသုံးတတ်မှု၊ အကွက်မြင်တတ်မှုကို အတိအကျရိုက်ကူးနိင်ခဲ့တာကြောင့် အပိုင်း၁ဟာ ပရိတ်သတ်တွေအားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ ခုတော့ပရိတ်သတ်တွေမျှော်လင့်နေတဲ့ မက္ကင်းနစ်အပိုင်း၂ကို ပရိတ်သတ်တွေဆီ အရောက်ပို့ပေးလိုက်ပါပြီ။ ဘယ်လောက်ပဲသွေးအေးတဲ့ လူသတ်သမားဖြစ်လင့်ကစား အချစ်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဇာတ်ကောင်ဘစ်ရှော့အဖြစ် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီးကိုမြင်တွေ့ရမှာပါ။ မိမိချစ်တဲ့မိန်းကလေးကို ဓါးစားခံလုပ်ပြီး အလွန်ပင်အာဏာကြီးမားတဲ့ ဒုစရိုက်ခေါင်းခေါင်းဆောင်၃ဦးကို လုပ်ကြံခိုင်းတဲ့အခါမှာ ဘစ်ရှော့ဘာတွေလုပ်မလဲ? ထိုဂိုဏ်းခေါင်းဆောင်၃ဦးကို လုပ်ကြံဖို့ ဘာတွေကြံစည်မလဲ? တစ်ကျွန်းကျနေသည့် ဂိုဏ်းခေါင်းဆောင်ကိုတစ်ကျွန်းထိလိုက်လံ လုပ်ကြံသည့်ဘစ်ရှော့ရဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရအုံးမှာပါ။ သေချာပါတယ် ပရိတ်သတ်တွေလက်မလွတ်သင့်တဲ့ ဇတ်ကားကောင်းတစ်ကားလို့ ခိုင်ခိုင်မာမာပြောရဲပါတယ်။
Quality : HDrip
Duration : 1hr 40 min
Translator : Soe Htwe
Encoder : Nyein Saeyar Aung
Post a Comment