Phantom of the theatre (2016) မြန်မာစာတန်းထိုး
Imdb - 6.5/10
မင်္ဂလာပါ ခင်ဗျာ၊ တကယ့်ခြောက်ခြားစရာ Horror ကားကောင်းကောင်းလေး တောင့်တနေသူများအတွက်
Chinese Horror movie လေးတစ်ခုကို ရွေးချယ်ထားပါတယ်။ ခပ်ညံ့ညံ့ သရဲတစ္ဆေဇါတ်ကားတွေလို ရွံ့ရှာဖွယ်၊ အမြင်မတော်ဖွယ်ရာတွေမပါပဲ Horror ရဲ့ အရသာကို သန့်သန့်လေး ရိုက်ကူးထားတာဖြစ်လို့ .. မိသားစုနဲ့ အတူကြည့်လို့ အဆင်ပြေမယ့် ဇါတ်ကားမျိုးဖြစ်တယ်ဆိုတာလဲ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ။
Ip Man Movies တွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Director Wan Mai Yip ရဲ့ ကွဲပြားခြားနားတဲ့ ဖန်တီးမှု အသစ်တစ်ခုကို Phantom of the theatre မှာတွေ့ရှိရမှာဖြစ်ပါတယ်။ ၁၉၃၀ ခေတ်ဟောင်းကာလကို အခြေခံရိုက်ကူးထားပြီး ဇါတ်ရုံကြီးတစ်ခုအတွင်းမှာအစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းပြီး အသတ်ခံခဲ့ရတဲ့.. ပြဇါတ်အဖွဲ့တစ်ဖွဲ့ ရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကြောင့် ကဇါတ်ရုံကြီးကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ နောင် ၁၃ နှစ်အကြာမှာ.... အချိန်အတန်ကြာ ချိတ်ပိတ်ထားခဲ့တဲ့ ဇါတ်ရုံကြီးကို အသစ်ပြန်လည်ပြင်ဆင်မွမ်းမံပြီး ဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့ကြရာက... တပြိုင်နက်တည်းမှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့.. လူတွေရဲ့ မကျွတ်မလွတ်တဲ့ ၀ိဥာဉ်တွေကလဲ သူတို့ ကပ်ငြိနေရတဲ့ ဇါတ်ရုံကြီးထဲမှာ သူတို့ကိုယ်စားအစားထိုးစရာ ဓါးစာခံတွေကို ရှာဖွေဖို့ ဖြစ်လာတဲ့အခါ... Chinese Horror တွေရဲ့ ထုံးစံအတိုင်း.. မိတ်ကပ်ပိုင်းဆိုင်ရာ Lighting ပိုင်းဆိုင်ရာတွေ နဲ့ ပြုပြင်မွမ်းမံထားတဲ့... ခြောက်ခြားစရာ Horrow scene တွေက အသည်းတလှပ်လှပ်နဲ့ ပရိသတ်ကြီးကိုဖမ်းစားထားမှာ ဖြစ်တဲ့အကြောင်း ... ဇါတ်ကြောင်း ခင်းလိုက်ရပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Translated by: ဆလတ်ရွက်
Encoded by: Sinn Sinn
Rating: Imdb 6.5/10
Quality: 720P
Related movie you might like to see :

I Belonged to You ( 2016 ) - မြန်မာ...

Doctor Strange(2016) မြန်မာစာတန်း...

Son of the Mask (2005) (မြန်မာစာတန်...

Emergency Couple TV Series (2014)ြ...

Legend Of Ravaging Dynasties (2016)...

The Golden Compass (2007) မြန်မာစာတ...

Fantastic Beasts and Where to Find ...

The Pirate Fairy 2014(မြန်မာစာတန်...
Post a Comment