Foxcatcher (2014) မြန်မာစာတမ်းထိုး



Mark Schultz နဲ့ Dave Schultz တို့ဟာ 1984 အိုလံပစ်ပွဲတော်မှာ နှစ်ယောက်စလုံး ရွှေတံဆိပ်ဆုရထားတဲ့ ရှားရှားပါးပါး ညီအစ်ကိုပါ။ သူတို့ ညီအစ်ကို နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရင်းနီးဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်လို ချစ်ကြတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့လို့ တစ်မြို့ကနေ တစ်မြို့ပြောင်းရွေ့နေထိုင်ပြီး တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ခဲ့ တယ်။ နှစ်ယောက်စ လုံး လေလွင့်ပျက်စီးမသွားဘဲ အားကစားမှာ ထူးချွန်ခဲ့ပြီး ထူးထူးခြားခြား အိုလံပစ်မှာ ရွှေရတဲ့ပထမဆုံးစုံတွဲညီအစ်ကိုဖြစ်ခဲ့တယ်။

အစ်ကို Dave မှာချစ်ရတဲ့ဇနီး Nancy နဲ့ကလေးနှစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့မိသားစုလေး ရှိတယ်။ ညီ Mark ကတစ်ယောက်တည်းသမား အခန်းအိုလေးထဲမှာနေထိုင်တယ်။ အိုလံပစ်ရွှေတံဆိပ် ချန်ပီယံတွေဆိုပေမဲ့ ရွှေဖြစ်နေတဲ့ တစ်ခြားသော အားကစားတွေနဲ့ အကွာကြီးကွာပါတယ်။ သူတို့ကစားတဲ့ အသင်းဖြစ်တဲ့ အမေရိကန် နပန်းအဖွဲ့ ကအဖွဲ့သားတွေကိုလစာငွေမပေးပါဘူး။အလုပ်မရှိ လို့ဝင်ငွေမရှိတဲ့ Mark တစ်ယောက် .. တစ်နေ့.... John Du Pont ဆိုတဲ့ မီလျံနာ တစ်ယောက်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ထူးခြားကြီးကျယ်တဲ့ သူအိမ်ကို ရောက်သွားခဲ့တယ်။ ရှေးရိုးအစဉ်အလာကြီးမားပြီး အမေရိကန်ရဲ့ အချမ်းသာဆုံး မိသားစုထဲမှာပါဝင်တဲ့ (အဲဒီအချိန်တုန်းက အမေရိကန်စစ်တပ်ရဲ့အကြီးမားဆုံး တင်သွင်းတဲ့လက်နက်စက်ရုံ အပါအ၀င် အခြားသောလုပ်ငန်းတွေကို ပိုင်ဆိုင်တဲ့) မိသားစုအမွေဆက်ခံသူ John Du Pont ဟာ နပန်းအားကစားကို ထူးထူးခြားခြား စိတ်ဝင်စားသူဖြစ်ပြီး Mark ကိုနောက်လာမယ့် အိုလံပစ်မှာ ရွှေတံဆိပ်ဆုအရယူပေးဖို့နဲ့ သူ့ရဲ့ Foxcatcher အသင်းမှာ ကစားဖို့ Mark တောင်းသလောက် အမြင့်မားဆုံး ကြေးနဲ့ကမ်းလှမ်းခဲ့တယ်။

သူ့အစ်ကို Dave ကိုပါ Foxcatcher ကိုလာဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ မိသားစုနဲ့ အခြေကျနေတဲ့ Dave ကငြင်းဆိုခဲ့ပါတယ်။ Mark က Foxcatcher Farm ဆိုတဲ့ Du Pont မိသားစုပိုင် အိမ်ရာဝင်းထဲက အိမ်ကို ပြောင်းရွေ့နေထိုင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့တယ်။ Du Pont ရဲ့အားပေးမှုနဲ့ ရင်းနှီးချစ်ခင်မှုတွေကြောင့် Mark က Du Pont ကို သူငယ်ချင်းအရင်းတစ်ယောာက်လို ယုံကြည်အားကိုးခဲ့တယ်။ Du Pont ကမြောက်စားခဲ့သလို Mark ကလည်း ကြိုးစားခဲ့တာတွေကြောင့် အောင်မြင်မှုတွေ ဆက်တိုက်ရခဲ့တယ်။ ဒါပေမဲ့ အချိန်တွေကြာလာတော့မှ Du Pont ဆိုတာ ဘယ်လိုပုံမျိုးလဲဆိုတာ တဖြည်းဖြည်း ပိုပီပြင်လာခဲ့တယ်။ သူ့ရဲ့ထူးခြားတဲ့ အပြုအမူတွေ၊ အထက်စီးဆန်တဲ့ အာဏာရှင် ပုံစံတွေနဲ့ ပိုက်ဆံနဲ့ဘာမဆို ကိုင်ပေါက်ချင်တဲ့ သူစိတ်တွေကို Mark တစ်ယောက် သိလိုက်တဲ့အချိန်ကစပြီး သူတို့ရဲ့ဆက်ဆံရေးအက်ကြောင်းစတင်ခဲ့တယ်။

သူငယ်ချင်းကောင်းလို့ ထင်မှတ်ထားခဲ့တဲ့ Mark တစ်ယောက်လည်းအမှားကြီးမှားခဲ့တယ်။ အိုလံပစ်ပြိုင်ပွဲနီးကပ်လာချိန်မှာ မထင်မှတ်ဘဲ Foxcatcher ကို Dave နည်းပြအနေနဲ့ပြောင်းရွှေ့လာချိန်မှာတော့ Mark နဲ့ Dupont တို့ သဘောထားမတိုက်ဆိုင်မှုက ရေချိန်အမြင့်ဆုံးရောက်နေခဲ့တယ်။ Dave က နည်းပြကောင်းပီသစွာ၊ အစ်ကိုတစ်ယောက် ပီသစွာနဲ့ Mark နဲ့ Du Pont တို့ကြားထဲ အဆင်ပြေပြေနေထိုင်စေခဲ့တယ်။

ဒါပေမဲ့လည်း ဇာတ်လမ်းက တကယ့်အဖြစ်အပျက်ကို အခြေခံထားပါတယ်။ Mark, Dave, John Du Pont တို့ဟာ တကယ့်ဘ၀ထဲက လူသားတွေဖြစ်ပြီး အဲဒါတွေကို အခြေခံရိုက်ကူးထားတာမို့လို့ သာမာန် ရုပ်ရှင်ကားတွေလို Drama တွေနဲ့ ရှုပ်ထွေးမနေပါဘူး။ ရိုးရှင်းတဲ့ လူ့သဘာဝလေးတွေနဲ့ လူ့စိတ်ဆန်းကြယ်မှုတွေကို ပြသထားပါတယ်။ အပြင် ကအဖြစ်အပျက် တွေဟာရုပ်ရှင် ဇာတ်ကားတွေထက် အဆပေါင်းများစွာ ဆန်းကြယ်တတ်တယ်ဆိုပြီး ပြောစမှတ်ရှိကြတယ်။
Du Pont ဆိုတာ ငယ်စဉ်ကတည်းက ထူးဆန်းတဲ့ စိတ်သဘောထားရှိတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အမေရဲ့လွှမ်းမို့းမှုအောက်မှာ ကြီးပြင်းလာခဲ့ပါတယ်။ ငယ်စဉ်က သူ့ဟာ အဖော်အပေါင်းတွေနဲ့ နေထိုင်လေ့မရှိပါဘူး။ အလွန်ခင်မင်ရတဲ့ တစ်ယောက်တည်းသော သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ ဒါပေမဲ့ သူ့ကို သူငယ်ချင်းလုပ်ဖို့ အတွက် အဲဒီကောင်လေးကို သူ့အမေက ငွေပေးပြီး ခိုင်းစေခဲ့တယ်ဆိုတာ နောက်မှသူသိလိုက်ရတယ်။ အဲဒီကနေ စပြီးသူ့စိတ်ထဲမှာစွဲသွားတာက ငွေဟာ ဘာမဆို ၀ယ်လို့ရတယ်ဆိုတာပဲ။ ငယ်စဉ်ကနပန်းကစားကို ၀ါသနာပါခဲ့ပေမဲ့ သူ့အမေ သဘောမတူတာကြောင့် ကစားခွင့်မရခဲ့တဲ့သူဟာ အမွေဆက်ခံပြီးနောက်ပိုင်း သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ပါတယ်။ နပန်းကစားသမားတစ်ယောက် မဖြစ်ခဲ့လို့ နပန်းအသင်းတစ်သင်းလုံးဝယ်၊ နပန်းအားကစားကို ငွေကြေးထောက်ပံ့ပေးရုံသာမကဘဲနောက်ပိုင်း နပန်းပညာနားမလည်ဘဲ နပန်းနည်းပြလုပ်၊ သူဟာ နပန်းသမားတွေရဲ့ရှေ့ဆောင် ပညာရှင်ကြီးဆိုပြီးတော့ Du Pont ဟာ ငွေနဲ့အရာအားလုံးကို သိမ်းပိုက်ပါတယ်။ တခါတလေ သူ့လုပ်ဆောင်ချက်တွေက သနားစရာကောင်းပြီး တခါတလေ ရွံမုန်းစရာ တခါတလေ ဒေါသထွက်စရာကောင်းလှပါတယ်။
Dave က မိသားစုကို အလွန်ချစ်ခင်တတ်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့လက်ဖမိုးပေါ်မှာ KIDS ဆိုတာ တကယ့်လက်တွေ့က Dave ရဲ့လက်မှာလည်း အဲဒီလို ရေးထားပါတယ်။ သူ့ကလေးတွေကိုေ ကျာင်းကြိုဖို့မေ့နေမှာစိုးလို့ ထိုးထားတားပါ။

အဲဒီရုပ်ရှင် ဟာ Mark ရဲ့ကိုယ်တိုင်ရေး Autobiography ကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်တွေ့နဲ့ အနည်းငယ်ကွဲလွဲမှုရှိပေမဲ့ လူ့သဘာဝကို ရိုးရိုးရှင်းရှင်းသရုပ်ဖော်ထားလို့ Rating ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ Academy မှာ Steve Carrell နဲ့ Mark Ruffaloတို့နှစ်ယောက် စလုံး Nominee ပါဝင်ခဲ့ပါတယ်။ ခါတိုင်း Date Night တို့မှာတုန်းက ဟာသ ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားလို့ သူ့မြင်တာနဲ့ ဟာသကားမှန်းသိနေပြီဆိုတဲ့ အစဉ်အလာကို ချိုးဖောက်ပြီးတော့ လုံးဝကွဲပြားအောင်သရုပ်ဆောင်ထားပါတယ်။ Mark Ruffalo ရဲ့သရုပ်ဆောင်မှုကိုတော့အကြိုက်ဆုံးပါ။ မိသားစုကို အလေးထားတဲ့ အဖေတစ်ယောက်ပုံစံ ဇနီးကို နားလည်တဲ့ ယောကျာ်းပုံစံ ညီကို ချစ်ခင်ရင်းနှီး ပြီးစဉ်းစားပေးတဲ့ အစ်ကို တစ်ယောက်ပုံစံကို အပီပြင်ဆုံးလုပ်ဆောင်သွားပါတယ်။
Mark ကအခုဆိုရင် 1988 အိုလံပစ်ပွဲတော်နောက်ပိုင်း နပန်းအားကစားကနေ အငြိမ်းစားယူခဲ့ပြီး တက္ကသိုလ်နပန်းနည်းပြတစ်ယောက်ဖြစ်နေပါပြီ။



 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger