ဇာတ်လမ်းကတော့ သီချင်းနဲ့ အကကို အခြေခံထားတဲ့
လူငယ်ဇာတ်လမ်းဖြစ်ပါတယ်။ စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေ တချိန်လုံး
ကြားနေရမှာဖြစ်ပါတယ်။ ဇာတ်ကားထဲက B-Boy ဖြစ်တဲ့ မင်းသား Jae Bum
ရဲ့ဘဝပုံစံနဲ့ ဒီဇာတ်ကားဟာ အင်မတန်လိုက်ဖက်တယ်လို့ပြောလို့ရပါတယ်။
Jae Bum ကိုတော်တော်များများသိကြမှာပါ။
Jae Bum ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး
(အဖိုး US နိုင်ငံသား မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds,
Washington, USA တွင်မွေးဖွား ကြီးပြင်း ခဲ့ပါတယ်။ ကိုးရီးယား JYP
Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ မှာအောင်မြင် ခဲ့ပြီး ၄နှစ်
trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင် အဖြစ် ကျော်ကြား
လာခဲ့ ပါတယ်။ US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့
ကိုးရီးယား စစ်စစ် တို့ရဲ့ တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက်
ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။
သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့
Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September 4,
2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ်
ခဲ့ပါတယ်။
ကိုးရီးယား လူမျိုး တွေဟာ သူတို့ အကြောင်း မကောင်း ပြောရင်
အတော် စိတ်နု ကြပါတယ် (ကျွန်တော့ တစ်ဦးတည်း အမြင်ပါ)။ အများက ကျီးကန်း
တွေလို ဝိုင်းအာ ကြတော့ Jae Bum လည်း မခံနိုင် တော့ပဲ 2009 September လမှာ
2PM အဖွဲ့က နှုတ်ထွက်ပြီး US ပြန်သွား ပါတယ်။
ကိုးရီးယား နဲ့ တစ်ကမ္ဘာ လုံးမှာပါ ရှိနေတဲ့ များပြား လှတဲ့
Jae Bum ရဲ့ ပရိသတ် ဟာ JYP Entertainment agency ကို မကြေမနပ် ဖြစ်ပြီး
ဝိုင်အပြစ် တင်ကြ ပါတယ်။ Jae Bum မပါ တော့တဲ့ 2PM အဖွဲ့ ဟာလည်း တော်တော်
နာမည် ကျသွားပါတယ်။ US ပြန်ရောက် ပြီး နောက်မှာ Jaebeom ဟာ သူ့ရဲ့ အနုပညာ
လှုပ်ရှား မှုတွေကို မပြတ် လုပ်ခဲ့ ပါတယ်။ Jae Bum ရဲ့ အနုပညာ လှုပ်ရှားမှု
သတင်း တွေဟာ media တွေမှာရော youtube ထဲမှာပါ မပြတ် ပါခဲ့ ပါတယ်။
ဒီဇာတ်ကားကိုရိုက်ဖို့အတွက် ကိုရီးယားကို ပထမဆုံးပြန်လာဖြစ်ပါတယ်.....
RaNia အဆို အဖွဲ့မှ အဆိုတော် T-ae မှ မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။
IMDB 5.1 ရထားတဲ့ ဇာတ်ကားဟာ 1h:24mins ကြာမြင့်ပါတယ်။ 393 MB
Post a Comment