Left Behind (2014) - မြန်မာစာတန်းထိုး


မင်းသားကြီး Nicolas Cage ရဲ့ 2014 တုန်းကထွက်တဲ့ အက်ရှင်ကားဖြစ်ပြီး New York Times ရဲ့ အရောင်းရ ဆုံး ဝတ္ထု တစ်ခု ဖြစ်ခဲ့တဲ့ Left Behind(Series) စာအုပ်ကို ပြန်လည် ရိုက်ကူး ထားသော ရုပ်ရှင်ဖြစ်ပါတယ်။ Action-Thriller Movie အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာ ကြီးရဲ့  နောက်ဆုံး အချိန်၊အားလုံး ပျက်စီး သွားပြီးနောက် အသက်ရှင်ကျန်ခဲ့တဲ့ လူတစ်စုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူသား တွေဟာ အစအန လိုက်ရှာလို့မရအောင် ပျောက်သွားကျပြီး သူတို့ ရဲ့ အဝတ်အစား တွေ နဲ့ အသုံးအဆောင်တွေသာ ကျန်ခဲ့ ပြီး ကမာ တစ်ခုလုံး မှာ တိုက်ခိုက်မှု တွေ ဖျက်စီး မှု တွေ ဆက်တိုက် ဖြစ်ပေါ် နေတဲ့ အချိန် စြဖ်ပါတယ်။ ယဉ်တွေ အချင်းချင်း တိုက်ခတ်မိပြီး မီးလောင်မှုတွေ ဖြစ်ပွားကာ ၊ နေရာတိုင်းမှာ အရေး ပေါ်အခြေအနေ ဖြစ်သည် အထိ တိုက်ခိုက်ခံနေရပါတယ်။ ဒီ အခြေအနေ ကို ဖြေရှင်းပေးနိုင်မယ့် သူ၊ အဖြေထုတ်ပေးနိုင်မယ့် သူ တစ်ယောက်မှ မရှိနေပါဘူး။ ထိုအချိန်မှာပဲ ကမ္ဘာ ကြီးတစ်ခုလုံး လုံးဝ အမှောင်ကျ သွားခဲ့ပါတယ်။
ထိုအချိန်မှာပဲ Pilot တစ်ဦးဖြစ်တဲ့ Ray Steele နဲ့ သူရဲ့မိသားစု က အသက်ရှင် ကျန်ရစ်ပြီး ၊ သူက တော့ လေယာဉ်ပေါ်မှာ သူ့ ခရီးသည်တွေနဲ့ အတူ ပိတ်မိနေခဲ့ပါတယ်။ သူဟာ သူ့ လေယာဉ်ပေါ်ပါလာတဲ့ ခရီး သည်တွေ ကို များစွာသော အခက်အခဲတွေကြားက ဘယ်လိုကြိုးစားခဲ့ ရတယ်ဆို တာကို တွေ့ရမှာဖြစ်ပါတယ်။
သူ လေယာဉ်ပေါ်မှာ သက်စွန့် စံ ဖျား အသက်ရှင်ဖို့ ကြိုးစားနေရချိန်မှာ မြေပြင်ပေါ်မှာ ကျန်ခဲ့တဲ့ သူ့ သမီးက ထူးဆန်းတဲ့ လူတွေ ပျောက်ဆုံးမှုမှာပါသွားတဲ့ သူ့ အမေနဲ့ သူ့မောင်လေးကို ပြန်တွေ့ဖို့ အပြင်အထန် လိုက်ရှာ နေခဲ့ ရပါတယ်။
ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - Movie Update HD
 
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger