သူ့ဘဝဇာတ်ကြောင်းက စိတ်ဝင်းစားဖို့လည်း ကောင်းတာကိုးဗျ..
တရုတ်ပြည်ကနေ ကမ္ဘာကို စီးပွားရေးဈေးကွက်ထိုးဖောက်လာအောင်
ခက်ခက်ခဲခဲ ကြိုးစားခဲ့တာတွေက ရုပ်ရှင်ရိုက်မယ်ဆို တော်တော်လေး
ကြည့်ကောင်းမှာပါ။ (ဖြစ်စေချင်တာ ပြောပါတယ်၊ Biography ကားတစ်ကားတော့
ရိုက်သင့်ပါတယ်ကွာ)
သူ့ဘဝမှာ ကျရှုံးခဲ့တာတွေ
အများကြီးပါပဲ။ လျှောက်သမျှ အလုပ်မှန်သမျှ အကုန် ငြင်းခံရတယ်….ဒါပေမယ့် သူ့
အလျော့မပေးဘူး၊ လက်မမြှောက်ခဲ့ဘူး။
ဟားဗတ်တက္ကသိုလ်ဝင်ဖို့…..ဆယ်ကြိမ်လျောက်တာ
ဆယ်ကြိမ်လုံး အငြင်းခံခဲ့ရတယ်….KFC ကြက်ကြော်ဆိုင်မှာ အလုပ်ခေါ်လို့
သွားလျောက်တယ်၊ သူက လွဲရင် ကျန်တဲ့သူတွေ အကုန် အလုပ်ရကြတယ်။ သူတစ်ယောက်ပဲ
အငြင်းခံခဲ့ရတယ်။အဲလိုပဲ ရဲဝန်ထမ်းအလုပ် ဝင်လျောက်တုန်းကလည်း သူတစ်ယောက်ပဲ
အငြင်းခံခဲ့ရတယ်…
သူ့ဟာ အကြိမ်ကြိမ်အခါခါကျရှုံးခဲ့လည်း သူ ယုံကြည်တာတွေကို မစွန့်လွှတ်ခဲ့တဲ့သူပါ။
ဒီအချက်တွေကတော့ ကျွန်တော်တို့ ဂျက်မားဆီက အတုယူ/သင်ယူရမယ့် အရာတွေပေါ့ဗျာ….
နောက်ပိုင်း အလီဘာဘာဂရုထောင်ပြီး
ဘီလျံနာဖြစ်လာပုံ အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ စာအုပ်သာ ရှာဖတ်ကြည့်လိုက်ပါတော့ ခဗျာ…
လက်ရှိမှာ သူ့ရဲ့ ပိုင်ဆိုင်မှုက 28.3 ဘီလျံ ရှိပြီး တရုတ်ပြည်ရဲ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါတွေကတော့ လမ်းကြုံလို့ သူ့အကြောင်း သိသလောက် ပြောပြတာပါ။ အခုမှ ဇာတ်လမ်းကြောင်း စပြောမလို့….
ဂျက်မားဟာ ငယ်စဉ်က
တရုတ်သိုင်းဝတ္ထုတွေကို ဖတ်ပြီး တရုတ်သိုင်းပညာဖြစ်တဲ့ တိုင်ချီကစားတာကို
စိတ်ဝင်စားခဲ့တယ်။ သူဟာ အသက် ၇၀ အရွယ် တရုတ်အဖွားကြီး ချင်ဝေးဆီက
တိုင်ချီသိုင်းပညာကို သင်ယူခဲ့တယ်။ (ချင်ဝေးဟာ အသက် ၇၀ အရွယ်မှာ ယောက်ျား ၂
ယောက် ၃ ယောက်ကို အသာလေး တိုက်ခိုက်အနိုင်ယူနိုင်ပါသေးတယ်)။
လူအတော်များများ မသိကြတာက အလီဘာဘာကုမ္ပဏီကြီး အောင်မြင်သွားသလို သူလည်း ဘီလျံနာသူဌေးဖြစ်သွားပြီးချိန်မှာ
ဂျက်မားဟာ စီးပွားရေးသမားတွေကို တိုင်ချီသိုင်းပညာရဲ့ သဘောတရားတွေကို
စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လို အသုံးချရမယ်ဆိုတာတွေကို
သင်တန်းပေးပို့ချပေးနေခဲ့တယ်။ သူငယ်ချင်း သိုင်းရုပ်ရှင်မင်းသား Jet Li
(ဂျက်လီ) နဲ့ တွဲပြီး တိုင်ချီသိုင်းသင်တန်းကျောင်းတစ်ခုကို သူ့ဇာတိဖြစ်တဲ့ ဟန်ဂျိုမြို့လေးမှာ ဖွင့်ထားခဲ့တယ်။
ဂျက်မားဟာ ဘယ်လောက်ပဲ
အလုပ်များနေပါစေ ညနေပိုင်းတွေမှာ တိုင်ချီသိုင်းကို မပျက်မကွက်
ကစားလေ့ရှိနေခဲ့တယ်။ သူ့ရဲ့အိပ်မက်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး
အင်တာနက်ကုမ္ပဏီကြီးထူထောင်ဖို့အပြင် တရုတ်သိုင်းကားတစ်ခုမှာ
ကိုယ်တိုင်သရုပ်ဆောင်ဖို့ပါ။ သူရဲ့ ပထမအိပ်မက်ဟာ ဘီလီယံပေါင်းများစွာတန်တဲ့
အလီဘာဘာကုမ္ပဏီကြီးကို ထူထောင်ခဲ့လို့ ပြည့်ဝသွားခဲ့ပါပြီ။ အခု သူ့ရဲ့
ဒုတိယအိပ်မက်ဖြစ်တဲ့ သိုင်းရုပ်ရှင်ကားမှာ သရုပ်ဆောင်ခွင့်လည်း
ပြည့်ဝခဲ့ရပြီပေါ့ဗျာ….
ဂျက်မား (၅၃ နှစ်) ဟာ Jet Li
ထုတ်လုပ်တဲ့ Gong Shou Dao” – The Art of Attack and Defence
ရုပ်ရှင်ကားမှာ ထင်ရှားကျော်ကြားတဲ့ ကွန်ဖူးသိုင်းရုပ်ရှင်မင်းသားတွေ
ဖြစ်ကြတဲ့ Jet Li; Sammo Hung; Donnie Yen (Ip Man); Yuen Woo Ping တို့အတူ
ပါဝင်သရုပ်ဆောင်ထားတာမို့ လက်မလွှတ်တမ်း ကြည့်ရမယ့် short film
လေးဖြစ်ပါကြောင်း……
နိဂုံးချုပ်အနေနဲ့
ပြောချင်တာက အလီဘာဘာရဲ့ Founder ကြီး ဂျက်မားဆီကနေ အတုယူစရာ၊ သင်ယူစရာတွေ
အများကြီးပါ။ ဒီ short film ကြည့်ပြီးသွားရင်တော့ သူ့ဆီက
တိုင်ချီသိုင်းလည်း သင်ချင်စိတ် ပေါက်သွားမယ်ဆိုတာ အာမခံပါတယ်ဗျာ…
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Post a Comment