Central Intelligence (2016) မြန်မာစာတမ်းထိုး



ပရိသတ် ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ် ကားလေးက ရယ်ရင်းမောရင်း ကြည့်ရမယ့် အက်ရှင်ဇာတ်ကား Central Intelligence ပါ။ ဒီဇာတ်ကားထဲက အဓိက သရုပ် ဆောင်က ဗလတောင့်တဲ့ အက် ရှင်းမင်းသားကြီး ဒွိန်းဂျွန်ဆင်ဆို ကတည်းက ပရိသတ်စိတ်ဝင်စား မယ်ဆိုတာ သေချာသလောက်ပါ ပဲ။ ကယ်လ်ဗင်ဂျွိုင်နာဟာ အ ထက်တန်းကျောင်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲတွေမှာ အကောင်းဆုံးပွဲထိန်းနိုင်သူတစ်ယောက်အဖြစ်လူသိများသူဖြစ်ပြီး ရော်ဘီဝီယာ့ခ်ျကတော့ အပေါင်းအသင်း မရှိတဲ့ အ၀လွန်ကောင်လေးတစ် ယောက်ပါ။ တစ်ရက်မှာတော့ ခပ် ဆိုးဆိုးကျောင်းသားလေးတွေရဲ့ လက်ချက်ကြောင့် ရော်ဘီဟာရေ ချိုးနေရင်း တန်းလန်းနဲ့ လူပုံအ လယ်ကိုဆွဲခေါ်သွားခံရပြီး အရှက် ကွဲမယ့်အခြေအနေမှာ ကယ်လ် ဗင်က သူ့အင်္ကျီချွတ်ပေးပြီး ကူညီပေးခဲ့ပါတယ်။

နှစ် ၂၀ လောက်ကြာပြီးတဲ့ အခါမှာ ကယ်လ်ဗင်ဟာ စာရင်း ကိုင်တစ်ယောက်ဖြစ်ခဲ့ပြီး အထက် တန်းကျောင်းတုန်းက ချစ်သူမက် ဂီနဲ့ လက်ထပ်ခဲ့ပါတယ်။ ငယ် ငယ်တုန်းက အောင်မြင်ခဲ့သ လောက် အရွယ်ရောက်လာတဲ့ အခါ မျှော်မှန်းသလောက်မဖြစ်ခဲ့ တဲ့အတွက် ကယ်လ်ဗင်ဟာ ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျခဲ့ပါဘူး။တစ်ရက်မှာတော့ ကယ်လ်ဗင်ကို ဘော့ဘ်စတုန်းဆိုသူတစ်ယောက် က ဖေ့စ်ဘွတ်ခ်အကောင့်မှာ လာ အပ်ခဲ့ပြီး အဲဒီလူက ရော်ဘီပါ။ ဘော့ဘ်က ကျောင်းသားဟောင်း တွေ့ဆုံပွဲသွားချင်ပေမယ့် ကယ်လ်ဗင်ကတော့ သွားဖို့စိတ်မပါဘူး ဖြစ်နေပါတယ်။

ဘော့ဘ်က ကယ်လ်ဗင်ကို အိမ်လိုက်ပို့ပြီး စာရင်းကိုင်မှတ် တမ်းတစ်ခုကိုကြည့်ပေးဖို့ အကူ အညီတောင်းခဲ့တာကြောင့် ကယ်လ်ဗင်တစ်ယောက် ညလုံးပေါက်ကူ ညီပေးခဲ့ပါတယ်။ နောက်နေ့မနက် မှာတော့ စီအိုင်အေအဖွဲ့ရောက် လာပြီး ဘော့ဘ်နဲ့ ပတ်သက်ပြီး စုံစမ်းပါတော့တယ်။ ကယ်လ်ဗင် က ဘော့ဘ်ရှိနေတယ်လို့ ထင်ပြီး ဧည့်ခန်းထဲ ခေါ်သွားပေမယ့် ဘော့ဘ်ကတော့ မရှိတော့ပါဘူး။

စီအိုင်အေအဖွဲ့ကေ ဘာ့ဘ် ဟာ အန္တရာယ်ရှိကြေးစားလူဆိုး တစ်ယောက်ဖြစ်ပြီး အမေရိကန် နိုင်ငံရဲ့ ဂြိုဟ်တုစနစ်လျှို့ဝှက် သင်္ကေတတွေကိုရယူဖို့ လုပ်နေတာလို့ ကယ်လ်ဗင်ကို သတိပေးခဲ့ပါတယ်။ စီအိုင်အေအေးဂျင့်တွေက ဘော့ဘ်ရဲ့ သတင်းအစအနရလိုရငြား ကယ်လ်ဗင်ကို မျက်စိဒေါက်ထောက် ကြည့်နေကြပေမယ့် ဘော့ဘ်က ပါးပါးနပ်နပ်နဲ့ ကယ်လ်ဗင်ကို ခေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဘာမှန်းမသိတဲ့ ဘော့ဘ်ရဲ့ အရှုပ်ထဲကို ကယ်လ်ဗင်ရောက်လာပြီးတဲ့နောက် ဘယ်လိုပြဿနာတွေရင်ဆိုင်ရမှာလဲ၊ ဘော့ဘ်ကကော စီအိုင်အေ ပြောသလို အန္တရာယ်ရှိ လူဆိုးတစ်ယောက်ဖြစ်နေတာလားဆိုတာတော့ ရယ်ရယ်မောမောနဲ့သာ ဆက်ကြည့်လိုက်ပါဦးလို့...။

ဘော့ဘ်စတုန်း (သို့) ရော်ဘီဝီယာ့ခ်ျအဖြစ် ဒွိန်းဂျွန်ဆင်၊ ကယ်လ်ဗင်ဂျွိုင်နာအဖြစ် ကီဗင်ဟာ့တ်တို့ က အဓိက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
ရုပ်ရှင်အညွှန်း - 7 Daily News

IMDB 6.6 ရနေတဲ့ ဇာတ်ကားဟာ 1h:47mins ကြာမြင့်ပါတယ်။ 500 MB နဲ့   အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger