Dawn of the Planet of the Apes (2014) မြန်မာစာတမ်းထိုး


ဒီကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။

လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။ အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ ၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။

ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေ လွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီး လူတော်တော်များများ သေကုန်ကြပါတယ်။ Caesar ဦးဆောင်တဲ့ မျောက်တွေကတော့ San Francisco မြို့နားကတောထဲမှာ အေးအေးဆေးဆေးနေနေ ကြပါတယ်။ ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသား Malcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊ မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားပါတယ်။ ဒါပေမယ့် လည်း Caesar က လူတွေကို သံယောစဉ်ရှိတာကြောင့် မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအခါမှာ သူ့နောက်လိုက်ထဲက Kobe ဆိုတဲ့ မျောက်က မကြေနပ်ပဲ လူတွေကို တိုက်ခိုက်ဖို့ပြောပါတယ်။ Kobe က လူတွေရဲ့အစမ်းသပ်ခံမျောက်ဖြစ်ပြီး၊ လူတွေကို စိတ်နာနေတာဖြစ်ပါတယ်။ ဒါပေမယ့် Caesar က လူတွေကို မတိုက်ခိုက်ပဲ သူ့ရဲ့မျောက်တွေနဲ့ လူတွေဆီကိုအင်အားသွားပြပြီး၊ တောထဲကိုမလာဖို့ သတိပေးခဲ့ပါတယ်။

ဒါပေမယ့် လူတွေက တောထဲက ရေအားလျှပ်စစ်ပေးတဲ့ စက်ရုံကို ပြန်ပြင်ဖို့ ကြိုးစားနေတာကြောင့် မင်းသား Jason Clark (Zero Dark Thirty) က Caesar နဲ့သွားပြီး ညှိနှိုင်းဖို့ကြိုးစားပါတော့တယ်။ တောထဲမှာ သူ့ကို မသတ်ပဲလွှတ်ပေးလိုက်ကတည်းက Caesar ကို အသိဥာဏ်ရှိမှန်း ရိပ်မိတဲ့ Malcolm က မျောက်တွေနဲ့ ငြိမ်းချမ်းစွာနေချင်ပေမယ့်၊ လူတွေကိုမုန်းတဲ့မျောက်တစ်နဲ့၊ မျောက်လောက်မှ အသိဥာဏ်မရှိတဲ့လူတစ်ချို့ကြောင့် ထင်သလိုမဖြစ်လာတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။

အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊ အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကို ထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကြိုးနဲ့ သဘောတရားကို လည်း လူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားက မိသားစုတူတူကြည့်လို့ရသလို၊ No Sex, No Nudity ပါ။
ရုပ်ရှင်အညွှန်း - #Sololay (ရုပ်ရှင်မိတ်ဆက်)
IMDB 7.6 အထိရရှိနေဆဲ ဇာတ်ကားကောင်းဟာ 2h:10mins ကြာမြင့်ပါတယ်။ 511 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။
 
  ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger