Looney Tunes : Back in action(2003) မြန်မာစာတန်းထိုး



ဒီကားဟာ Live-Action ဟာသရုပ်ရှင်ပဲဖြစ်ပါတယ် ဒီထဲမှာဆိုရင်ဖြင့် Looney Tunesဇာတ်ကောင်တွေနဲ့အတူ MUMMYဇာတ်ကားတွေနဲ့နာမည်ရလာတဲ့ ဝါရင့်မင်းသားကြီး Brenda Fraserလဲ ပါဝင် သရုပ်ဆောင်ထားပါသေးတယ် ဇာတ်လမ်းအကျဉ်းကိုဆိုရတော့မယ်ဆိုရင် Warner Brosရဲ့အဓိကလာဘ်ကောင် ဖြစ်သလို သရုပ်ဆောင်လည်းဖြစ်တဲ့ ဖိုးရွှေယုန် Bugs Bunnyကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်ဖြစ်တဲ့ ဘဲနက် Daffy Duckက မနာလိုဖြစ်နေတဲ့အတွက်ကြောင့် Daffyဟာ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးကို Bugsအား ဖယ်ရှား၍ မိမိကိုသာ အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်ရန် ပြောခဲ့ပေမယ့် Warner Brosက လက်မခံတဲ့အပြင် Daffyကိုပါ သရုပ်ဆောင်အဖြစ်က ရုတ်သိမ်းပစ်လိုက်ပါတယ် ဒါနဲ့Warner Brosရဲ့ဒုဥက္ကဌ Kateက နာမည်ကြီး မင်းသား Damian Drakeရဲ့သားဖြစ်သူ လုံခြုံရေးအစောင့် DJ Drakeကို Daffyအား နှင်ထုတ်ဖို့တာဝန်ပေးခဲ့ပါတယ် ဒါပေမဲ့လည်း Daffyလုပ်တဲ့အရှုပ်ထုတ်တွေကြောင့် DJခင်မျာ အလုပ်တောင်ပြုတ်သွားရှာပါတယ် ဒီလိုနဲ့Daffyနဲ့DJ တို့ အိးမ်ပြန်လာခိုက်မှာ DJအဖေ Damianရဲ့video clipsကို တွေ့ရှိခဲ့ရာမှ DJအဖေက ရုပ်ရှင်မင်းသားတင် မဟုတ်ပဲ စပိုင်အစစ်ဖြစ်နေတာကိုပါ သိရှိခဲ့ပြီး DJကို Blue Monkeyဆိုတဲ့စိန်ပွင့်ကို ရှာဖို့ တာဝန်ပေးအပ်ခဲ့ပါတယ် အကြောင်းမှာမူ ထိုစိန်ပွင့်သည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်လောက်အောင် ခွန်အားကြီးမားသောကြောင့် မကောင်းတဲ့သူတွေ လက်ထဲမရောက်အောင် ကာကွယ်လိုခြင်းဖြစ်သည် ACMEဆိုတဲ့Cooperativeရဲ့ဥက္ကဌကလည်း ထိုစိန်ပွင့်ကို ယူ၍ ကမ္ဘာကို ချုပ်ကိုင်လိုပြန်သည် တစ်ဖက်မှာလည်း Warner Brosက Daffyကို ပြန်ခေါ်ဖို့ Bugs Bunnyနဲ့Kateကို လွှတ်လိုက်လေရာ နောက်ပိုင်းမှာDJ,Daffy Duck,Bugs Bunnyနဲ့Kateတို့ တစ်ဖွဲ့တည်းပေါင်းမိပြီး Blue Monkeyကို ဒုစရိုက်သမားတွေ ထံမရောက်အောင် အရယူနိုင်ပါ့မလားဆိုတာ ဟာသနှော ရိုက်ကူးထားတာပါ
Translated by : Aund Sid Thway
Encoded by : Invoker
Quality : 720p Bluray

facebook ပေါ်မှာ share သွားလိုက်အုံးနော် :

+ comments + 1 comments

31 March 2022 at 06:53

ဒေါင်းလို့မရဘူး

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger