Recent Movies
Showing posts with label Drama ဇာတ်ကားများ. Show all posts
Showing posts with label Drama ဇာတ်ကားများ. Show all posts

Synopsis of Descendants of the Sun (2016) မြန်မာစာတန်းထိုး Series



Another Parting ( 2014 ) - မြန်မာစာတန်းထိုး



2014 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Korea Drama , Romance Web Drama အမျိုးအစားလေးပါ ...

Main Actor အနေဖြင့် 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ '' Shopping King Louis '' ဇာတ်လမ်းတွဲထဲက Main Role အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Seo In Guk နဲ့ Main Actress အဖြစ် မင်းသမီး Wang Ji Won တို့ က ပါဝင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်လေးကတော့ -

လူသားတွေဘာကြောင့်ငိုရသလဲဆိုတဲ့အကြောင်းပြချက်ကိုရှာဖို့ တာဝန်ပေးခံရတဲ့ ဂြိုဟ်သား၁ယောက် (Seo In Guk) ဟာ သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အချိန်၁ရက်မျှသာကျန်တော့တဲ့အခါ ... လူ့လောကကြီးနဲ့မရင်းနှီးတော့ တာဝန်ကိုပြီးအောင်လုပ်ဖို့ ဘယ်ကိုသွားရမှန်းမသိဖြစ်နေချိန် ... ...

တက်သစ်စအဆိုတော်မလေးဟန်နာ က သူမရဲ့အချစ်နဲ့အောင်မြင်မှု့ကို သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်မလေးဆီမှ လုယူခံလိုက်ရတဲ့အခါ ဘဝကို အရှုံးပေးဖို့ဆုံးဖြတ်လိုက်ချိန် ...

သူတို့ နှစ်ယောက် ဆုံတွေ့ဖို့ ကံကြမ္မာ က အကြောင်းဖန်လာသောအခါ ... ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ '' Another Parting '' ဆိုတဲ့ Web Drama လေးမှာ ဆက်လက် ခံစားကြည့်ရှုလိုက်ကြပါဦးနော် ...

Rating အရ MyDramaList မှာ 7.1/10 ရ ရှိထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်ပါတယ် ...


Translator - May Myat Maw
Encoder - Anonymous X
Quality - 720p

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 

I Belonged to You ( 2016 ) - မြန်မာစာတန်းထိုး



" လူတစ်ယောက်ချစ်မိတဲ့အခါ အဲဒီလူကလွဲပြီး ဘာကိုမှမမြင်တတ်ကြတော့ဘူး "

DJ ချန်မိုဟာ သူ့ချစ်သူနဲ့လမ်းခွဲလိုက်ရပြီးနောက် ပျက်ဆီးသွားတဲ့အချိန်မှာ ငှက်ကလေးလို့ခေါ်တဲ့မိန်းကလေး သူ့ဘဝထဲကိုဝင်လာခဲ့ပါတယ် ...

ချန်မိုရဲ့သူငယ်ချင်းဝတုတ်ကတော့ သူ့တစ်ဘဝလုံးကိုပုံပြီး သူ့ချစ်သူကိုချစ်ခဲ့ပါတယ် ...

ဖြူစင်ရိုးသားတဲ့ချန်မိုရဲ့ညီလေး မော်ရှီဘ ကတော့ ရဲမေကလေး တစ်ယောက်ရဲ့အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သူပါ ...

ပေးဆပ်တဲ့အချစ် ... ဝမ်းနည်းကြေကွဲစရာအချစ် ... ဖြူစင်လှပတဲ့အချစ်တွေနဲ့ သူတို့ ...
ပုံသေသတ်မှတ်ထားလို့မရတဲ့ဘဝမှာ သူတို့အချစ်တွေ ဘယ်လိုဖြစ်သွားကြမှာလဲ ...?

အခြားသူတွေရဲ့ပြဿနာကိုအမြဲဖြေရှင်းပေးတတ်တဲ့ ချန်မိုရဲ့ ဘဝကို ငှက်ကလေးက ဘယ်လိုဖြေရှင်းပေးသွားမလဲ ...?

ချန်မို …
ငှက်ကလေး …
မော်ရှီဘ …
ဝတုတ် …
တို့ရဲ့ခမ်းနားလှပတဲ့အချစ်တွေကို ဒီဇာတ်လမ်းလေးထဲမှာ ကြေကွဲဆွတ်ပျံ့ဖွယ်ခံစားရမှာပါ ...

"I belong to you"ဟာ Chinese Romantic Drama Film တစ်ခု ဖြစ်ပါတယ် ...
Zhang Jiajia ရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုကို ဒါရိုက်တာZhang Yibai က ပြန်လည်ရိုက်ကူးထားတာပါ ...

Deng Chao , Yang Yang , Bai Baihe , Zhang Tianai ,Yue Yun Peng , Du Juan နဲ့ Liu Yan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...

Rating အရ IMDb မှာ 5.2/10 နှင့် MyDramaList မှာ 7.8/10 အသီးသီးရရှိထားပါတယ် ...


Translator - Eaindray
Encoder - Anonymous X
Quality  - 720p
File Size - 593.1 MB


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

An Unforgettable Day in Korea ( 2010 ) - မြန်မာစာတန်းထိုး


ဒီဇာတ်လမ်းလေးကတော့ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့  mini movie လေး တစ်ခုပါ ... 
cast တွေကတော့ နောက်လို့မရဘူးနော် ... သေသွားမယ် ရှင်သွားမယ် မသေမရှင်ဖြစ်သွားမယ် 😜😜
Main Actor တွေအနေနဲ့ F4 ဇာတ်ကားနဲ့ လူသိများခဲ့တဲ့ ဆိုရီဂျောင် ( Kim Bum ) , TVXQ အဖွဲ့မှ Jung Yun-ho , Park Shi-woo နှင့် Big Bang အဖွဲ့မှ G-Dragon , T.O.P , Taeyang , Seungri & Daesung တို့က ပါဝင်ထားကြပါတယ် ...
Main Actress တွေ အနေနဲ့ကတော့ Lee Da Hae နဲ့ Han Chae Young တို့က ပါဝင်ထားပါတယ် ...
ဇာတ်လမ်းပုံစံလေးကတော့ ကားနာမည်လေးအတိုင်း " မမေ့နိုင်တဲ့ နေ့တစ်နေ့ " ပေါ့ ... မေ့လို့မရနိုင်အောင် ဘယ်လို ပုံဖော်ကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော် ...
Rating အရ IMDb မှာ 6.9/10 ရရှိထားပါတယ် ...
Translator - Anonymous X
Encoder - Anonymous X
Quality - 720p
File Size - 319 MB
 
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Sorry , I Love You ( 2015 ) - မြန်မာစာတန်းထိုး



The Lost Tomb နဲ့ Buzzer Beat လေး ပြီးသွားပြီဆိုတော့ နောက်ထပ် series လေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ ...

ဒီဇတ်ကားလေးဟာ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Taiwan Series လေး တစ်ခုဖြစ်ပြီး အပိုင်းရေ ၁၃ ပိုင်း ပါဝင်ထားပါတယ် ...

Jasper Liu , Bryant Chang & Andrea Chen တို့က အဓိက Main Cast တွေ အနေဖြင့် ပါဝင်ထားပါတယ် ... ဇာတ်လမ်းအမျိုးအစားလေးကတော့ Fantasy , Romance လေးပါ ....

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဟန်​စီရီ ( Andrea Chen ) ဆိုတဲ့​ကောင်​မ​လေးဟာ သူချစ်​သူ​ကောင်​​လေး ​ပေးခဲ့တဲ့နာရီလေးဟာ အခြေအနေတစ်ရပ်ကြောင့် ပျက်ဆီးခဲ့ရပါတယ် ... ဘယ်​ဆိုင်​မှာလိုက်​ပြင်၍မရတော့ပဲ ... ​နောက်​​တော့ သူ့သူငယ်​ချင်း တန်​ကျန့်​နန်​ က ၀န်​ရှုဟိုင်​ ( Bryant Channel ) ဆိုတဲ့အင်​ဂျင်​နီယာ​လေးကိုသွားပြင်​ခိုင်းပါတယ်​ ...

ကံ​ကောင်း​ထောက်​မစွာနဲ့ပဲ ၀န်​ရှုဟိုင်​ကပြင်​လို့ရသွားပြီး ... သူအဲ့နာရီကို စမ်းဝတ်​ကြည့်​လိုက်​တဲ့အခါမှာ​တော့ နာရီ ထဲက​နေ ၀ိဥာဉ်​တစ်​ခ ဝုန်းခနဲ ထွက်ပေါ်လာပါတယ် ...

ဟန်​စီရီ (Andrea Chen ) နှင့်​ ၀ိဥာဉ်​ နှင့်​ဘယ်​လိုပတ်​သက်​မှုရှိလဲ ?
ဘာလို့ ၀န်​ရှုဟိုင်​ နာရီဝတ်​လိုက်​​တော့မှ ၀ိဥာဉ်​ ကထွက်​ပေါ်လာရတာလဲ ?
ဆိုတာကိုတော့ " I Am Sorry , I Love You " ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ဆက်ပြီး အဖြေရှာလိုက်ရအောင်နော် ...

Fantasy ဆန်ဆန် ဇာတ်လမ်းလေးကို Romance , Comedy လေးတွေနဲ့ ရောနှေပြသထားတာမို့ Fantasy ကြိုက်နှစ်သက်သူတွေအတွက်ရော ... Romance ဇာတ်လမ်းတွေကို ခုံမင်နှစ်သက်သူတွေ အတွက်ရော အကြိုက်တွေ့စေလိမ့်မယ်လို့ ရဲရဲကြီးကြီး အာမခံလိုက်ရပါတယ် ...

Rating အရ ကြည့်မယ်ဆိုရင်လဲ Viki မှာ 9.2/10 နှင့် MyDramaList မှာ 7.6/10 ရရှိထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးလို့ပဲ ထပ်ညွှန်းလိုက်ပါရစေနော် ...


Translator - Sandar Lwin
Encoder - Anonymous X
Quality - 720p

One Day ( 2017 ) - မြန်မာစာတန်းထိုး



ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2017 မှာ ထွက်ရှိခဲ့တဲ့ Fantasy , Drama Film တစ်ခုပါ ...

Main Cast တွေအနေနဲ့ကတော့ Kim Nam-gil နှင့် Chun Woo-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - မိန်းမသတ်သေသွားတာကိုမြင်ပြီး စိတ်ဒဏ်ရာရနေတဲ့ အမျိုးသားတစ်ယောက်ရဲ့စိတ်ဒဏ်ရာတွေကို ... ကိုမာဝင်ပြီး သတိလွင့်မေ့မျောနေတဲ့ အမျိုးသမီးတစ်ယောက်က ကုစားပေးထားတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပါ ...

ဂန်ဆူးဟာမိန်းမဖြစ်သူသေဆုံးသွားပြီးနောက် စိတ်ဒဏ်ရာအကြီးအကျယ်ရနေခဲ့ပါတယ် ...
အလုပ်ကိုလည်းမသွားတော့ပဲ ... အမျိုးသမီးတစ်ယောက်ရဲ့အမှုကိုလိုက်ဖို့လက်ခံလိုက်ရာကနေ ထိုအမျိုးသမီးရှိတဲ့ဆေးရုံကို သွားရောက်တွေ့ဆုံဖို့သွားခဲ့ပါတယ် ... ဆေးရုံရောက်သွားတဲ့အခါ ထိုအမျိုးသမီးနဲ့တွေ့လိုက်ရပေမယ့် သူတစ်ဦးတည်းသာ ထိုအမျိုးသမီးမြင်နိုင်ကြောင်းသိလိုက်ရတဲ့ အခါမှာတော့ ….

ဘာတွေဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကို One Day ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ပြီး အဖြေရှာလိုက်ကြရအောင်နော် ...

Rating အရ IMDb မှာ 7.1/10 ရရှိထားပြီး rating ကောင်း ၊ ဇာတ်လမ်းကောင်း တစ်ခုလို့ပဲ ညွှန်းလိုက်ပါရစေ ...

( ဇာတ်လမ်းအညွှန်းကို Channel Myanmar မှပဲ ကူးယူဖော်ပြသည် ။ )

Translator - Channel Myanmar
Encoder - Anonymous X
Quality - 720p
File Size - 540 MB

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Suspicious Partner ( 2017 ) - မြန်မာစာတန်းထိုး



အခု လတ်တလော နာမည်ကြီးနေတဲ့ ဇာတ်ကားလေးကို နာမည်လေးမြင်တာနဲ့ သိကြမှာပါနော် ...

K2 မင်းသား Ji Chang Wook နဲ့ Shopping King ထဲက မင်းသမီး Nam Ji Hyun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...

ဇာတ်လမ်းသဘောလေးကတော့ - အမှုစစ် နိုဂျီဝူ ( Ji Chang Wook ) နဲ့ အလုပ်သင်မလေး အွန်ဘုံဟီး ( Nam Ji Hyun ) တို့ နှစ်ယောက် ... အလုပ်အတူတူ လုပ်ကြရင်း နက်နဲ ရှုပ်ထွေးတဲ့ အမှုတွေကို ဖော်ထုတ်ကြခြင်းကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ...

Legal, Romance & Comedy ဇာတ်လမ်းအမျိုးအစားလေး တစ်ခုဖြစ်ပြီး SBS ( Seoul Broadcasting System ) ရပ်သံလိုင်းမှ 11.5.2017 တွင် စတင်ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ် ...

Rating အရ Viki မှာ 9.7/10 နှင့် MyDramaList မှာ 8.5/10 အသီးသီး ရရှိထားပြီး နောက်ထပ် rating မြင့် ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်လို့ ပြောကြားရင်း ထပ်မံမိတ်ဆက်လိုက်ရပါတယ် ...



Translator - Sakura Hene | Elvis
Encoder - Anonymous X
Quality - 720p

 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Love Arumi Like ( 2015 ) မြန်မာစာတန်းထိုး


Movie တွေမတင်ဆက်ဖြစ်တာကြာပီဖြစ်တဲ့အတွက် MMATV ရဲ့ချစ်လှစွာသောပရိတ်သတ်ကြီးကို 2015 ခုနှစ်ထွက် "Love Arumirai" ဆိုတဲ့ထိုင်းကားလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ရှင်။
×××××××××××××××××××××××××××××××××××
Geng နဲ့ Bella လို့ခေါ်တဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲရှိပါတယ်။
Geng ကတော့ရဲတစ်ယောက်ဖြစ်ပီး Bellaကတော့ရုပ်ရည်လှပချောမောတဲ့ Fashionဆရာမကြီးတစ်ယောက်ပါ။
သူတို့နှစ်ယောက်က အလုပ်အမြဲရှုပ်တတ်ကြပီး တစ်ယောက်နဲ့တစ်ယောက်လည်း အဆင်သိပ်မပြေကြဘူး။
ဒီလို့နဲ့တစ်ညမှာု့နှစ်ယောက်သားစကားများပီး အိပ်ပျော်သွားတဲ့အခါ မနက်မိုးလင်းတော့ ကိုယ်ချင်းလွဲနေတာကို သိလိုက်ရပါတယ်။
ဒါပေမဲ့လည်းသူတို့ရဲ့အလုပ်ကိစ္စတွေက အရေးကြီးတဲ့အတွက်ဟန်ဆောင်ပီး အလုပ်သွားကြပါတယ်။
မင်းသမီးကိုယ်နဲ့(မင်းသား)က fashion ကိစ္စတွေအတွက်သွားရသလို မင်းသားကိုယ်နဲ့(မင်းသမီး)က လူဆိုးဖမ်းဖို့်လုပ်ကြရတာကြောင့် ဘယ်လိုပေါက်ကရတလွဲတွေလုပ်မလဲ ၊သူတို့နှစ်ယောက်ရောချစ်သွားကြမလား၊နဂိုခန္တာကိုယ်တွေပြန်ရမလားဆိုတာတော့ movieလေးမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ပါနော်။
ဟာသအမြူးလေးဖြစ်တာကြောင့် သဘောကျနှစ်သက်မယ်လို့ ယုံကြည်မိပါတယ်။
Translator : Khin July Moe
Encoder : MTK
Quality : 720p
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Fallen (2017) မြန်မာစာတန်းထိုး

       ကောင်းကင်ဘုံရဲ့ တမန်တော်စစ်ပွဲတွေကြားက Romatic ဆန်ဆန်အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို အရသာရှိရှိခံစားလိုက်ကြပါဦး..

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Crying Out in Love(2016) မြန်မာစာတန်းထိုး




မင်္ဂလာပါ Gold Channel ပရိတ်သတ်ကြီးရှင့် အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၁၆ခုနှစ် သြဂုတ်လမှာထွက်ရှိထားတဲ့ Crying Out In Love ဆိုတဲ့ တရုတ်အချစ် ဇာတ်ကားေ လး ပဲဖြစ်ပါတယ်ရှင့်၊ ဒီဇာတ်ကားလေးဟာ ၂၀၀၄ခုနှစ်က အရမ်းကိုကျော်ကြားခဲ့တဲ့ Socrates In Love ဆိုတဲ့ ဝတ္ထုလေးကိုပြန်လည် ဆန်းသစ်ထားတဲ့ဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်ရှင့် ဒီဇာတ်ကားလေးထဲမှာ ခီဒါဆိုတဲ့ အရှက်ကြီးတဲ့ အထက်တန်းကျောင်းသားလေးဟာ လှပပြီး ရေကူးကျွမ်းကျင်တဲ့ အတန်းဖော် ကောင်မလေး ရှောင်ရီကို မေတ္တာသက်ဝင်နေပါ တယ်၊ ခီဒါဟာ ရှောင်ရီလေးအတွက် အသံသွင်း ကတ်ဆက်လေး လက်ဆောင်ပေးချင်တဲ့အတွက် ရေဒီယို အစီစဉ် တစ်ခုမှာ ဝတ္ထုရေးခဲ့ပါတယ်၊ ဝတ္ထုထဲက အတိုင်း ရှောင်ရီလေးဟာ ကင်ဆာ ရောဂါနဲ့ဆေးရုံတတ်တဲ့အချိန်မှာ နာမည်တူ ရောဂါတူတဲ့ အခြားရှောင်ရီတစ်ယောက် ပေါ် လာတဲ့အချိန်မှာ  ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်....
Review & Translate by Theint Thazin Naing
Encoded by Hein Min Htet
Hd 720p 680mb
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Love and Other Drugs (2010) မြန်မာစာတန်းထိုး





မင်းသား Jake Gyllenhaal နဲ့ မင်းသမီး အမ်းဟက်သာဝေး တို့ပါဝင်ထားပါတယ်။
IMDb Rating (6.7/10) ရရှိထားတဲ့ Comedy, Drama, Romance အမျိုးအစားဇာတ်ကားပါ။
Rating တွေကောင်းသလို ကြည့်ရှုပြီးသူများမှ သိပ်ကောင်းတဲ့ အချစ်ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်။ ဇာတ်လမ်းကို အပြည့်အဝခံစားစေချင်လို့ ဇာတ်ညွှန်းကိုမပေးတော့ပါဘူး။
အချစ်ဇာတ်ကားကောင်း ကြိုက်နှစ်သက်သူတွေ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ပါ။
File size…(700MB) 
Quality…BR-Rip 720p
Format…mp4
Duration….01:52:21
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Keeping Mum (2005) မြန်မာစာတန်းထိုး






Keeping Mum သည် ဇာတ် ကား လေးကို ကိုပြည် ဟိန်းစိုးရဲ့ တိုက် တွန်းမှု့ ကြောင့်  ဘာသာပြန် ဖြစ် သွားခဲ့တာပါIMDb 6.8 ရရှိပြီး Rotten Tomatoes မှာ တော့ 5.9 rating ရရှိခဲ့ပါတယ် သည် ဇာတ် ကားထဲမှာဆိုရင် မစ္စတာဘင်းန် ကို ကျ နော် တို့မြင် တွေ့ နေကျ ပုံစံမျိုးနဲ့မဟုတ် ပဲ မတူကွဲပြားတဲ့ ဇာတ် ကောင် စရိုက် နဲ့ တွေ့မြင် ရမှာပါ ပြီး တော့ သည် ဇာတ် ကားဟာရသမျိုးစုံကိုလည်း ပေးစွမ်းနိုင် မှာပါလူသားတစ် ယောက် ရဲ့ စိတ္တဇဆန် တဲ့ အချစ် မေတ္တာ ခင် ပွန်းသည် တစ် ယောက် ရဲ့ ဇနီးအ ပေါ်ထားသင့် တဲ့ ဝတ္တရား ဇနီးတစ် ယောက် ရဲ့ခင် ပွန်းသည် အ ပေါ် ထားရှိသင့် တဲ့ သစ္စာတရား မိဘတစ် ဦးရဲ့ သားသမီးအ ပေါ်ထားတတ် တဲ့ စေတနာ တွေ နောက် လောက ကြီးမှာ နေထိုင် အသက် ရှင် တော့မယ် ဆိုရင် ဘာ တွေလိုအပ် တယ် ဘာ တွေကို တော့လစ် လျှုရှု့သင့် တယ် ဆိုတာ တွေကိုပါ အားလုံးခြုံငုံသုံးသပ် ပြထားခဲ့ပါတယ် ဇာတ် လမ်းက ဒရာမာ ဇာတ် လမ်းဆို တော့ အစပိုင်း အေးတယ် ထင် ရ ပေမယ့်  နောက် ဆုံးပိုင်း ရောက် အောင် ဆွဲ ခေါ်သွားနိုင် မှာပါတစ် ခု တော့ကြိုတင် သတိ ပေးလိုက် ပါရ စေ 18+အခန်း အနည်းငယ် ပါဝင် တာ ကြောင့် ………….ဟဲဟဲ your own risk ပါလို့………File Size : 740 MB
Quality : Blu ray 720P
Running Time : 1hr 39 minute
Format : Mp4
Genre : Comedy, Crime, Thriller
Encoder : Joker.phs


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

The Dreamer (2003) မြန်မာစာတန်းထိုး 21+




ပရိတ်သတ်တွေအတွက်
ဒီတစ်ခါအပြောင်းအလဲလေဖြစ်အောင်18+ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်
18+ဆိုပေမဲ့IMDbမှာ7.2ထိရထားတာကြောင့်
ဇာတ်ကားကောင်းတစ်ကားဆိုတာပြောစရာလိုမယ်မထင်ပါဘူး
    ဒီဇာတ်ကားလေးကိုအမေရိကန်ကနေပြင်သစ်ကို
ပညာတော်သင်ရောက်ရှိနေတဲ့မက်သယူးဆိုတဲ့
ကျောင်းသားလေးကနေအစပြုထားပါတယ်
1965၀န်းကျင်လောက်ကိုအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ပြင်သစ်နိုင်ငံရဲ့ခေတ်ပြောင်းတော်
လှန်ရေးကိုလဲမြင်တွေ့ရဦးမှာပါ
ရုပ်ရှင်တွေစပြီးပေါ်ပေါက်လာတဲ့အဲ့ဒီခေတ်မှာ
ရုပ်ရှင်တွေကိုအရမ်းကြိုက်တဲ့မက်သယူးနဲ့
ရုပ်ရှင်တိုင်းကိုမလွတ်တမ်းကြည့်လေ့ရှိတဲ့
သီယိုနဲ့အစ္စဘဲလ်ဆိုတဲ့အမြွှာမောင်နှမတို့တွေ့ပြီး
သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်တစ်ရက်တော့
မက်သယူးကိုသီအိုတို့ကညစာစားဖို့ဖိတ်ခဲ့ပါတယ်.သီအို့မိဘတွေခရီးထွက်ဖို့ရှိတာကြောင့်
မက်သယူးကိုအိမ်မှာလာအိပ်ဖို့ခေါ်ရာကသီအိုတို့နဲ့အတူနေဖို့ဖြစ်လာခဲ့ပါတယ်.အဲ့လိုနဲ့အတူနေကြရင်း
ထူးဆန်းတဲ့အမြွှာနှစ်ယောက်အကြောင်းကို
မက်သရူးကသိရှိပြီးနောက်ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းကိုရသမျိုစုံနဲ့ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်
18+ဆိုပေမဲ့21+ထက်တောင်ကြမ်းတဲ့Nudeတွေပါဝင်တာမို့မိသားစုနဲ့အတူမကြည့်ဖို့သတိပေးပါရစေ

Dramaဇာတ်ကားကောင်းတွေကိုမှကြိုက်တယ်ဆိုရင်တော့ဒီဇာတ်ကားလေးကိုလက်လွတ်မခံဖို့တိုက်တွန်း
လိုက်ပါတယ်

ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ကျွန်တော်Ye_Min_Thantဖြစ်ပါတယ်

Credit To : www.goldchannelmovies.com
Ecode by: Hein Min Htet
Quality -720P HD
Size - 900MB


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

The Evil Twin(2007) (ကိုးရီးယားသရဲကား)


ကိုရီးယားမင်းသမီးချောPark Shi-hyeငယ်ငယ်ကသရုပ်ဆောင်ထားတဲ့သရဲကားကောင်းလေးပါ
ဇာတ်လမ်းအကျဉ်းကတော့.....
ဆိုဟွန်(park shin-hye)ဟာရေနစ်ပြီး ၁၀နှစ်ကြာသတိမေ့သွားခဲ့ပါတယ် သူနဲ့အတူရေနစ်ခဲ့တဲ့အမြွှာ ဟိုဂျင် ကတော့ရေနစ်ပြီးသေဆုံးသွားခဲ့ပါတယ်
၁၀နှစ်ကြာပြီးတဲ့နောက်မှာ ဆိုဟွန်ဟာသတိပြန်ရလာပါတယ် ဒါပေမယ့်အတိတ်မေ့သွားခဲ့ပါတယ် သူနဲ့သူ့ညီမအတူရေနစ်တယ်ဆိုတာလောက်ပဲမှတ်မိပါတော့တယ် သူနေပြန်ကောင်းလာတဲ့အချိန်ကနေစပြီး ထူးဆန်းစွာနဲ့လူတွေတစ်ယောက်ပြီးတစ်ယောက်သေကြပါတယ် လူတွေကလည်းဆိုဟွန်က မကောင်းဆိုးဝါးပေါ့ ဟိုဂျင်ကိုသတ်တာလည်းသူပဲလို့ပြောကြပါတယ်
ဆိုဟွန်နဲ့ဟိုဂျင် ကလည်းသူတို့မှာလူမှုရေးပြဿနာတချို့ရှိနေတယ်လေ
 

                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
 

Ma Boy (ကိုးရီးယား ကျောင်းသား fancy ဇာတ်လမ်း)

ဇာတ်လမ်းအကျဉ်း....
ပေါ့ပ်​အဆို​တော်​တစ်​​ယောက်​ဖြစ်​ချင်​တဲ့ ဂျန်းဂူရင်​(Kim So Hyun)ဟာ ဆိုးလ်​ကနာမည်​ကြီးအနုပညာ​အထက်​တန်း​ကျောင်းကို ​ပြောင်းလာခဲ့ပါတယ်​  သူ့ရဲ့အခန်း​ဖော်​က​တော့ ​ကြော်​ငြာစတား အိုင်​ရီနီ(Kim Sun Woo)ဖြစ်​ပါတယ်​  အိုင်​ရီနီဟာ သူ့မှာလူသိမခံချင်​တဲ့လျို့ဝှက်​ချက်​ရှိ​နေတာ​ကြောင့်​ ဘယ်​သူနဲ့မှအ​ရောမ၀င်​ပါဘူး ဒါဆို သူနဲ့အခန်း​ဖော်​ဖြစ်​လာတဲ့ စပ်စုတတ်​တဲ့ ဂျန်းဂူရင်​နဲ့​ရော အဆင်​​ပြေပါ့မလား?

ကျောင်းသားဖန်​စီ​ပေါ့​ပေါ့ပါးပါး​လေးမို့ သိပ်​မညွှန်း​တော့ဘူး​နော်​...
ကဲအခုပဲ ဒေါင်းလွတ်ပြီးကြည့်ရှူ ခံစားလိုက်ပါ။



                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                    အပိုင်း(၁)
                                                                                    အပိုင်း(၂)
                                                                                    အပိုင်း ၃ (ဇာတ်သိမ်း)
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Love,Lies (Haeuhhwa) (2016) မြန်မာစာတန်းထိုး




2016 ထဲမှာထွက်ရှိထားပြီး W မင်သမီးလေးပါဝင်တဲ့ Romance Drama ကားကောင်းကောင်းလေး နဲ့ မိတ်ဆက်ပေးပါရစေ...ဒီဇာတ်ကားလေးဟာ Director Heung-sik Park ရိုက်ကူးပြီး IMDB 7.3/10 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ..
ဇာတ်လမ်းအကျဉ်းလေးကတော့..
၁၉၉၂ခုနှစ်က မြေကြီးတူးရာကနေ ၁၉၄၄ က အယ်လဘမ်တစ်ခုကို တွေ့ရှိခဲ့ရာကနေ အစပြုထားပါတယ်။ အဲ့ကအစပြုလို့ အယ်လဘမ်လေးရဲ့နောက်ကြောင်းဟာ အစပြန်လည်လို့လာခဲ့ပါတယ်။ အရမ်းချစ်ကြတဲ့ ဆိုယောင်းနဲ့ ယွန်းဟီးတို့ဟာ ဆိုးလ်မှာ နာမည်ကြီးအဆိုတော် အတူတူုဖြစ်ရမယ်ဆိုတဲ့ အိပ်မက်တွေနဲ့ စားသောက်ဆိုင်မှာ ရိုးရာသီချင်းတွေသီဆိုရင်း ရှင်သန်နေကြတဲ့သူတွေပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဆိုယောင်းရဲ့ ပထမဆုံးအချစ်ဦးဖြစ်လာတဲ့ သီချင်းရေးဆရာ ယွန်ဝူးကြောင့် သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးဟာ မခိုင်မြဲတော့ပါဘူး...အကြောင်းကတော့ ယွန်ဝူးဟာ ယွန်ဟီးနဲ့ သူမရဲ့အသံကြောင့် သူမဆီမှာ သူ့အချစ်တွေ ကျရှုံးခဲ့ရပါတော့တယ်။ ယွန်ဝူးဟာ ယွန်းဟီးကို အခွေထုတ်ပေးဖို့ ကြိုးစားပါတော့တယ်။ ချစ်သူနှစ်ဦး ချစ်လေလေ ဆိုယောင်းဟာ တစ်နေ့ထက်တစ်နေ့ ယွန်းဟီးအပေါ်မှာ မနာလိုဝန်တိုမှုတွေ တနေ့တခြား ကြီးထွားလာပြီး ချစ်သူနှစ်ဦးကြား ဘယ်လို ယုတ်မာကောက်ကျစ်မှုတွေနဲ့ ဖျက်ဆီးပစ်မလဲဆိုတာ ..ကြည့်ရှု့ရမှာပါ
အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ ဒီကားလေး ထဲမှာ အသေအချာ မြင်တွေ့ရမှာပါ။
ထူးဆန်းတာကတော့ အမြဲတမ်း အပြုံးချိုချို အမူအရာအေးအေးလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ W မင်းသမီးလေးက ဒီကားထဲမှာတော့ အချစ်ကြီးသူမိန်းကလေး အဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင် ထားပါတယ်...
အချစ်ဆိုတာ....တကယ်တော့...
အချစ်ကြီး ချစ်မိတဲ့အခါ...ဘာကိုမဆို လုပ်ရဲတယ်ဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားကြပါဦးဗျာ😃
Review by: May Satt Thu
Translate by: Ni Ni Shein
Encode by: Hein Min Htet
Size 850MB
Quality HD-RIp 720P


                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Romeo and Juliet 2013(မြန်မာစာတန်းထိုး)


Romeo and Juliet 2013
ကျွန်တော်တို့ကြည့်ဖူး ကြားဖူးနေကြ ရုပ်ရှင်ကားလေးတစ်ကားပါပဲ အသစ်ပြန်ရိုက်ထားတာပါ။
ဘယ်တော့ ဘယ်အချိန်ကြည့်ကြည့် ကမ္ဘာကျော် ရိုးမသွားနိုင်တဲ့ အချစ်ဇာတ်လမ်းလေးကို ဇာတ်ကောင်အသစ်တွေနဲ့ ပြန်ရိုက်ထားတာပါ။
ဒါပေမယ့် ဇာတ်ဆောင်တွေနေရာမှာ ဟိုအရှေ့ ကျွန်တော်ကြည့်ဖူးတဲ့ သရုပ်ဆောင်မှုတွေကို မမှီတာတော့ အမှန်ပါ။ ဗားရှင်းအသစ်နဲ့ ပြန်ကြည့်ချင်သူအတွက်တော့ ကြည့်စရာတစ်ခုတိုးတာပေါ့။

IMDB Ratings: 5.7/10 ရရှိထားပြီး Juliet အဖြစ်သရုပ်ဆောင်ထားတဲ့ Hailee Steinfeld က အခုမှ ၁၈ နှစ်ပဲ ရှိပါသေးတယ်။(mmmovieguide.com)


                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Synopsis of The Innocent Man (2012) မြန်မာစာတန်းထိုး


Descendants of the Sun ရဲ့မင်းသား Song Joong‑ki အဓိကပါဝင်ထားတဲ့ ကိုရီးယားစီးရီးပါ။မင်းသမီး Moon Chae‑won နဲ့ Park Si‑yeon တို့မှအားပြိုင်သရုပ်ဆောင်ထားပါတယ်။Episode အပိုင်း (၂၀)ရိုက်ကူးခဲ့ပြီး KBS2 ရုပ်သံလိုင်းကထုတ်လွှင့်ပြသခဲ့ပါတယ်။ IMDb Rating (8.1/10) နဲ့ Viki (9.4/10) ထိရရှိထားတဲ့ကိုရီးယားဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအညွှန်းကိုမပေးတော့ပါဘူး။ချစ်ခြင်းတွေကြားထဲ ငွေကြေးဓနဥစ္စာတွေ ဝင်ရောက်လာတဲ့အခါ ဘယ်သူကအနိုင်ယူသွားမလဲ။ဘယ်လိုချစ်ခြင်းတွေက ခိုင်မြဲစွာ တည်တံ့နေခဲ့လဲ။ဘယ်လိုရှင်သန်ခြင်းတွေနဲ့ဘဝကို လင်းလက်စေမလဲ။ဒါတွေကို မင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ဆောင်များစွာနဲ့ အပြိုင်အဆိုင်သရုပ်ဆောင် ပုံဖော်သွားကြမှာပါ။မင်းသား Song Joong Ki ကိုတော့ ကန်မာယူအဖြစ် သနားစရာ.. လေးစားစရာ… စွန့်လွှတ်အနစ်နာခံသူအဖြစ် ဒီဇာတ်ကားထဲမှာ မြင်တွေ့ခံစားရမှာပါ။
DOTS ရဲ့ Big Boss ပရိတ်သတ်တွေ Big Boss ကိုအားရပါးရ တစ်ဝကြီးပြန်လည်ခံစားကြည့်ရှုနိုင်စေဖို့ ဟောင်းနေတဲ့စီးရီးဇာတ်ကားလေးကို ရုပ်ထွက်ကောင်းကောင်း HD Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။

Quality….HDTV-Rip 360p
Format…mp4
Total Episode…20 Episode
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
     ဒေါင်းလုပ်ဆွဲကြည့်နည်း
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

     တိုက်ရိုက်ကြည့်ရန်          
================                                                                                                 
Episode 1 play watch   
Episode 2 play watch   
Episode 3 play watch    
Episode 4 play watch   
Episode 5 play watch    
Episode 6 play watch  
Episode 7 play watch   
Episode 8 play watch   
Episode 9 play watch   
Episode 10 play watch 
Episode 11 play watch   
Episode 12 play watch   
Episode 13 play watch  
Episode 14 play watch   
Episode 15 play watch  
Episode 16 play watch  
Episode 17 play watch  
Episode 18 play watch       
Episode 19 play watch         
Episode 20 play watch(ဇာတ်သိမ်းပိုင်း)                  

Snow Queen (2006) TV Series မြန်မာစာတန်းထိုး


ဆင်းရဲသားရပ်ကွက်ကမွေးဖွားခဲ့တဲ့ကောင်လေးတစ်ယောက်ရှိပါတယ် သူက
စိတ်သဘောထားလည်းဖြူစင်သလို မွေးရာပါ ပါရမီရှင် သင်္ချာအရမ်းတော်တဲ့
ကောင်လေးတစ်ယောက်ပါ ဒီလိုနဲ့ကိုရီးယားအထက်တန်းကိုရောက်လာတော့
သူငယ်ချင်းတွေအများကြီးရခဲ့တာပေါ့

ပထမရတဲ့သူကိုပဲလူတွေကအမှတ်ရတာပါဆိုတဲ့အယူအဆကိုလက်ကိုင်ထားတဲ့
သူဌေးသား သင်္ချာတော်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့အတန်းထဲမှာဆုံကြတယ်
လိုတရသူဌေးသား ဖြစ်တဲ့အပြင်သင်္ချာအရာမှာလည်းပြိုင်ဘက်ကင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ
ဆင်းရဲသားကျောင်းသားသစ်လေးရောက်လာတော့ သူ့ဂုဏ်ပုဒ်ဟာမှေးမှိန်ခဲ့ရတယ်
တစ်ယောက်နဲ့တစ်ယောက် ပညာရပ်ဆိုင်ရာတွေငြင်းခုန်ရင်းနဲ့ပဲ မခွဲနိုင်မခွာနိုင်အခင်ဆုံး
သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်

ဒီလိုနဲ့ကမ္ဘာ့အိုလံပစ်သင်္ချာအိုလံပစ်ပြိုင်ပွဲရောက်လာရော
အများသူငှာမျှော်လင့်ထားသလိုသူဌေးသားလေးကပထမဆုမရခဲ့ပဲ ဒုတိယဆုနဲ့ပဲကျေနပ်ခဲ့ရတယ်
ဆင်းရဲသားလူငယ်လေးကတော့ပထမရသွားတယ်
အရမ်းခံစားနေရတဲ့သူငယ်ချင်းကိုဆင်းရဲသားလေးကနှစ်သိမ့်ပေးခဲ့ပါတယ် ဒီမှာပဲကံကြမ္မာအလှည့်အပြောင်း
ကစတော့တာပဲ သူနှစ်သိမ့်ဖို့သုံးတဲ့စကားလုံးအသုံးအနှုန်းကပဲ သူဌေးသားလေးကိုသေဆုံးသွားဖို့အကြောင်း
ဖန်လာခဲ့တယ်

ဆင်းရဲသားကောင်လေးက ကိုယ့်ကိုကိုယ်ယူကြုံးမရဖြစ် နောင်တတွေတပွေ့တပိုက်နဲ့ပေါ့
ရည်မှန်းချက်တွေလည်းပျောက်ကျောင်းကထွက်တဲ့အပြင်သိပ်ချစ်ရတဲ့အမေကိုတောင်ထားပြီးထွက်ပြေးသွားတယ်
ဒီလိုနဲ့ နာမည်တွေလည်းပြောင်း လက်ဝှေ့လည်းထိုးရင်းနဲ့
သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကိုမမျှော်လင့်ပဲတွေ့ခဲ့မိတယ်
အရမ်းချစ်စရာကောင်းတဲ့ကောင်မလေး ဟာ ဘယ်လိုအသိုင်းအ၀ိုင်းလည်း ဘယ်မိသားစုကလည်း
ဆင်းရဲသားကောင်လေးကရော သူ့ဘ၀ကိုဘယ်လိုအဖတ်ဆယ်မလဲ
အတိတ်ဆိုးဆိုကရောထွက်ပြေးရုံနဲ့လွတ်မှာလား

အရမ်းကောင်းတဲ့ဇတ်ကားလေးပါ ကြည့်ရှုသူအနေနဲ့ မချီးကျူးပဲမနေနိုင်အောင်ဖြစ်သလို
မီးပြတ်သွားမှာစိုးရိမ်ရတဲ့ဇတ်ကားမျိုးပါ
မိတ်ကပ်အပြင်အဆင် editor ပိုင်း သရုပ်ဆောင်ချက်တွေ အားလုံးကောင်းလွန်းပါတယ်
ကဲပရိတ်သတ်ကြီးရေ ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်
IMDb rating 8.3 အထိရရှိထားတဲ့ ဒရမ်မာဇာတ်ကားကောင်းတကားဖြစ်ပါတယ်။
ဇာတ်လမ်း အညွှန်းကိုတော့ ကို ဖြိုးပြည့် ကရေးသားပေးခဲ့တာပါ။

Total Episodes …. 16 Episodes
Quality…HDTV Rip 720p
Format…mp4
Subtitle….Myanmar Subtitle (Hardsub)
Encoder….Aung Pyay

                                                                                  ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ


Episode 1 play watch                                             
Episode 2 play watch                                                
Episode 4 play watch                                              
Episode 5 play watch                                              
Episode 6 play watch                                              
Episode 7 play watch                                             
Episode 8 play watch                                              
Episode 9 play watch                                             

Episode 10 play watch                                            
Episode 11 play watch       
Episode 12 play watch     
Episode 13 play watch      
Episode 14 play watch      
Episode 15 play watch       
Episode 16 play watch  (ဇတ်သိမ်းပိုင်း)

IRIS : Deo mubi(2010)-စာတန်းထိုး



2010တုန်းက နာမည်ကြီးခဲ့တဲ့ ကိုရီးယားအက်ရှင်စီးရီးတွေထဲက ကားကောင်းတလက် ဖြစ်တဲ့ IRIS စပိုင် ဇာတ်ကားကို တင်ပေးလိုက်ပါတယ်။ မင်းသားလီဗျောင်ဟွန်းအပြင် နာမည်ကြီးမင်းသား BigBang က အဆိုတော် Hyun Choi (TOP) လည်းပါဝင်တဲ့ အက်ရှင်ကားဟာ အက်ရှင်ဆိုပေမယ့် အချစ်အလွမ်းအကြမ်းရသတွေကို တခါတည်းခံစားရမယ့် ဇာတ်ကားကောင်းလေးပါ။

ကိုညီထွဋ် မှဘာသာပြန်ပေးထားတာဖြစ်ပြီး သူကိုယ်တိုင် upload တင်ပေးထားခြင်းဖြစ်ပါတယ်။

IMDB 6.2 ရရှိထားတဲ့ဇာတ်ကားဟာ 2h:5mins ကြာမြင့်ပါတယ်။
                                                                                ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD .ဆိုဒ်အကြီး
 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger