Recent Movies
Showing posts with label 2015 မြန်မာစာတန်းထိုး. Show all posts
Showing posts with label 2015 မြန်မာစာတန်းထိုး. Show all posts

The Final Master(2015) မြန်မာစာတန်းထိုး

IP Man ရဲ့ ၀င်းချွန်း သိုင်းအပြင် နာမည်ကြီးခဲ့တဲ့ ယုံချွန်း သိုင်းပညာ အကြောင်းကို
ဒီရုပ်ရှင်မှာ ပြသထားပါတယ်…
ယုံချွန်း သိုင်းပညာဟာ တောင်ပိုင်း က စတင်လာတဲ့ သိုင်းပညာဖြစ်ပြီး
အစစ်အမှန်ကိုတော့ တက်သူ နည်းပါးခဲ့ပြီး ဆရာတွေ ဆိုတာလဲ
ခေတ်မကောင်းလို့ သိုင်းပညာကို အစစ်အမှန် မသင်ကြတဲ့ အချိန်ပါ
၁၉၀၀ ခုနှစ်တွေ အကျော်မှာ တရုတ်နိုင်ငံရဲ့ သိုင်းလောက ဟာ မှေးမှိန်ပျောက်ကွယ်စ

Ant-Man (2015) မြန်မာစာတန်းထိုး

Hero တိုင်းက ကမ္ဘာမှာနာမည်ကြီး ထင်ပေါ်ကျော်
ကြားခဲ့သလိုပဲ အခုလည်း Ant-man ကလည်းနောက်ထပ်နာမည်ကျော်မယ့်
heroတစ်ယောက်ဖြစ်လာမယ်ထင်ပါတယ်။
ဇာတ်လမ်းအစကနေ စပြောရရင် Howard StarkကPym
Particle Formula ကိုတီထွင်ထားပြီး
သူ့ရဲ့ နည်းပညာကိုပုံတူပွားပြီးထုတ်လုပ်ဖို့ ခံခဲ့ရတဲ့အတွက်

10000 years later 2015 မြန်​မာစာတန်းထိုး


ဟိုး​ရှေး​ရှေးတုန်းက​ပေါ့ အ​နောက်​တိုင်း​ဒေသလို့​ခေါ်တဲ့ မျိုးနွယ်​စုအများပြား​နေထိုင်​တဲ့ ​ဒေသတစ်​ခုမှာ မိစ္ဆာဝူလို့
ခေါ်တဲ့မိစ္ဆာကြီးဟာ ကမ္ဘာကြီးကိုအုပ်​စိုးချင်​တာ​ကြောင့်​ အရပ်​ရပ်​မှာရှိကြတဲ့ မျိုးနွယ်​စု​တွေကို မတရား
အနိုင်​ကျင့်​ပြီးသက်​ဖျတ်​ ​​နေရာလု့​သောင်းကြမ်းခဲ့သတဲ့ အဲလိုနဲ့နတ်​ဘုရားမဖြစ်​သူ ​ခေ​ဆောင်​ဟာ
လူ့ပြည်​ကိုဆင်းသက်​လာပြီးမိစ္ဆာဝူကို နှစ်​တစ်​​သောင်း​လောက်​​တောင်​​အောင်​မှာချုပ်​​နှောင်​ထားပြီး​တော့

Mr. Six (2015) မြန်မာစာတန်းထိုး

EXO-M အဖွဲ့ဝင် Kris Wu ,မင်းသား Li Yifeng နဲ့မင်းသားကြီး Feng Xiaogang တို့အဓိကပါဝင်ထားတဲ့ ဒီတရုတ်ဇာတ်ကားဟာ Crime/Drama အမျိုးအစားဖြစ်ပြီး IMDb Rating (7.1) ,Rotten Tomatoes (80%) ထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့…..
တစ်ချိန်က အရှိန်အ၀ါရှိခဲ့ တဲ့၊ လူဆိုးလူတေတစ်ယောက်ဖြစ် ခဲ့တဲ့ လျူယဲ့ခေါ်လောင်ပေါင်အာ

Sharknado 3: Oh Hell No! (2015) မြန်မာစာတမ်းထိုး

မုန်တိုင်းက ရပ်တန့်သွားခြင်းမရှိဘဲနဲ့ဒီတစ်ခေါက်မှာတော့ လော့စ်အိန်ဂျလိစ့် နဲ့ L.A ပြီးတော့ အမေရိကန်နိုင်ငံကိုပါ
ငါးမန်းမုန်တိုင်းက ဆက်လက် တိုက်ခတ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာရော Fin တစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ငါးမန်း

Wolf Warriors 1 (2015) မြန်မာစာတန်းထိုး

အတိုက် အခိုက်၊ အပစ်အခတ်နဲ့ ခပ်သွက် သွက် အက်ရှင်ကားကြည့် ပရိ သတ်အတွက် တရုတ်အက်ရှင် ကားလေးဖြစ်ပါတယ်။
အထူး ရဲတပ်ဖွဲ့က တပ်ကြပ် ကြီး လန်ဖန် ဟာ လက်ဖြောင့်သေနတ် သမား တစ်ဦးဖြစ်ပြီး တစ်ရက် မှာ သူတို့ တပ်ဖွဲ့တရားမ၀င် ဘိန်း ထုတ်တဲ့ စက်ရုံကို ၀င်ရောက်နှိမ်နင်းရင်း ဘိန်းရာဇာ တစ်ယောက် နဲ့ ထိပ်တိုက်

The Sand(2015)မြန်မာစာတန်းထိုး


Sorry , I Love You ( 2015 ) - မြန်မာစာတန်းထိုး



The Lost Tomb နဲ့ Buzzer Beat လေး ပြီးသွားပြီဆိုတော့ နောက်ထပ် series လေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ ...

ဒီဇတ်ကားလေးဟာ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Taiwan Series လေး တစ်ခုဖြစ်ပြီး အပိုင်းရေ ၁၃ ပိုင်း ပါဝင်ထားပါတယ် ...

Jasper Liu , Bryant Chang & Andrea Chen တို့က အဓိက Main Cast တွေ အနေဖြင့် ပါဝင်ထားပါတယ် ... ဇာတ်လမ်းအမျိုးအစားလေးကတော့ Fantasy , Romance လေးပါ ....

ဇာတ်လမ်းအကျဉ်းလေးကတော့ - ဟန်​စီရီ ( Andrea Chen ) ဆိုတဲ့​ကောင်​မ​လေးဟာ သူချစ်​သူ​ကောင်​​လေး ​ပေးခဲ့တဲ့နာရီလေးဟာ အခြေအနေတစ်ရပ်ကြောင့် ပျက်ဆီးခဲ့ရပါတယ် ... ဘယ်​ဆိုင်​မှာလိုက်​ပြင်၍မရတော့ပဲ ... ​နောက်​​တော့ သူ့သူငယ်​ချင်း တန်​ကျန့်​နန်​ က ၀န်​ရှုဟိုင်​ ( Bryant Channel ) ဆိုတဲ့အင်​ဂျင်​နီယာ​လေးကိုသွားပြင်​ခိုင်းပါတယ်​ ...

ကံ​ကောင်း​ထောက်​မစွာနဲ့ပဲ ၀န်​ရှုဟိုင်​ကပြင်​လို့ရသွားပြီး ... သူအဲ့နာရီကို စမ်းဝတ်​ကြည့်​လိုက်​တဲ့အခါမှာ​တော့ နာရီ ထဲက​နေ ၀ိဥာဉ်​တစ်​ခ ဝုန်းခနဲ ထွက်ပေါ်လာပါတယ် ...

ဟန်​စီရီ (Andrea Chen ) နှင့်​ ၀ိဥာဉ်​ နှင့်​ဘယ်​လိုပတ်​သက်​မှုရှိလဲ ?
ဘာလို့ ၀န်​ရှုဟိုင်​ နာရီဝတ်​လိုက်​​တော့မှ ၀ိဥာဉ်​ ကထွက်​ပေါ်လာရတာလဲ ?
ဆိုတာကိုတော့ " I Am Sorry , I Love You " ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ဆက်ပြီး အဖြေရှာလိုက်ရအောင်နော် ...

Fantasy ဆန်ဆန် ဇာတ်လမ်းလေးကို Romance , Comedy လေးတွေနဲ့ ရောနှေပြသထားတာမို့ Fantasy ကြိုက်နှစ်သက်သူတွေအတွက်ရော ... Romance ဇာတ်လမ်းတွေကို ခုံမင်နှစ်သက်သူတွေ အတွက်ရော အကြိုက်တွေ့စေလိမ့်မယ်လို့ ရဲရဲကြီးကြီး အာမခံလိုက်ရပါတယ် ...

Rating အရ ကြည့်မယ်ဆိုရင်လဲ Viki မှာ 9.2/10 နှင့် MyDramaList မှာ 7.6/10 ရရှိထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးလို့ပဲ ထပ်ညွှန်းလိုက်ပါရစေနော် ...


Translator - Sandar Lwin
Encoder - Anonymous X
Quality - 720p

Love Arumi Like ( 2015 ) မြန်မာစာတန်းထိုး


Movie တွေမတင်ဆက်ဖြစ်တာကြာပီဖြစ်တဲ့အတွက် MMATV ရဲ့ချစ်လှစွာသောပရိတ်သတ်ကြီးကို 2015 ခုနှစ်ထွက် "Love Arumirai" ဆိုတဲ့ထိုင်းကားလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ရှင်။
×××××××××××××××××××××××××××××××××××
Geng နဲ့ Bella လို့ခေါ်တဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲရှိပါတယ်။
Geng ကတော့ရဲတစ်ယောက်ဖြစ်ပီး Bellaကတော့ရုပ်ရည်လှပချောမောတဲ့ Fashionဆရာမကြီးတစ်ယောက်ပါ။
သူတို့နှစ်ယောက်က အလုပ်အမြဲရှုပ်တတ်ကြပီး တစ်ယောက်နဲ့တစ်ယောက်လည်း အဆင်သိပ်မပြေကြဘူး။
ဒီလို့နဲ့တစ်ညမှာု့နှစ်ယောက်သားစကားများပီး အိပ်ပျော်သွားတဲ့အခါ မနက်မိုးလင်းတော့ ကိုယ်ချင်းလွဲနေတာကို သိလိုက်ရပါတယ်။
ဒါပေမဲ့လည်းသူတို့ရဲ့အလုပ်ကိစ္စတွေက အရေးကြီးတဲ့အတွက်ဟန်ဆောင်ပီး အလုပ်သွားကြပါတယ်။
မင်းသမီးကိုယ်နဲ့(မင်းသား)က fashion ကိစ္စတွေအတွက်သွားရသလို မင်းသားကိုယ်နဲ့(မင်းသမီး)က လူဆိုးဖမ်းဖို့်လုပ်ကြရတာကြောင့် ဘယ်လိုပေါက်ကရတလွဲတွေလုပ်မလဲ ၊သူတို့နှစ်ယောက်ရောချစ်သွားကြမလား၊နဂိုခန္တာကိုယ်တွေပြန်ရမလားဆိုတာတော့ movieလေးမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ပါနော်။
ဟာသအမြူးလေးဖြစ်တာကြောင့် သဘောကျနှစ်သက်မယ်လို့ ယုံကြည်မိပါတယ်။
Translator : Khin July Moe
Encoder : MTK
Quality : 720p
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Corpse Party (2015) Movie မြန်​မာစာတန်းထိုး




Corpse Party anime video game ကိုအခြေခံထားတဲ့ movie လေးပါ

Kisaragi Academy မှာ ဘွဲ့နှင်းသဘင်အခမ်းအနားပြီးတဲ့ ညတစ်ည
Naomi , Satoshi , Seiko , Yoshiki , Sakutaro , Mayu နဲ့ အတန်းဖော်သူငယ်ချင်းတစ်သိုက် အခမ်းအနားပြီး သန့်ရှင်းရေးလုပ်နေကြပါတယ်
အတန်းခေါင်းဆောင် Ayumi က သူငယ်ချင်းတွေ အမြဲတမ်း ချစ်ခင်စေဖို့အတွက် "Sachiko Ever After" အစီ အရင်​ကို လုပ်ဖို့ ပြောတဲ့အခါ အတန်းဖော်များနဲ့ ဆရာမ Yui ,Satoshi ရဲ့ညီမလေး Yuka ပါ ပါဝင်ကြတယ်
အစီအရင်​ လုပ်ပြီးတဲ့အခါ သူတို့အားလုံး သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ Tenjin Elementary School ရောက်သွားကြပါတယ်
အမည်မသိလူတစ်ယောက်က တူဖြင့် တစ်ယောက်ပြီး တစ်ယောက်သတ်ဖြတ်လာသောအခါ
 ကြောက်ရွံ့တုန်လှုပ်ဖွယ် ကျောင်းပျက်ကြီးထဲက ဘယ်လိုပြန်လာကြမလဲ
 ကျောင်းပေါ်မှာကျရောက်နေတဲ့ ကျိန်စာဆိုးကြီးကို ဘယ်လို ပဟေဠိဆန်ဆန် ဖြေရှင်းကြရမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှု့ကြပါစို့
end credit scene လေးလဲပါသေးတယ်ခင်ဗျ

Review by Chaw Su Han Thwe
Translated by Phoo Phoo
Encoded by Hein Min Htet
Quality : Bluray
Size : 680MB
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

The Sand(2015)မြန်မာစာတန်းထိုး



နွေရာသီကျောင်းပိတ်ရက် တစ်ခုမှာ Kaylee တို့  သူငယ်ချင်းတစ်စုလူငယ်ပီပီ ညဘက် ကမ်းခြေမှာ ပါတီပွဲလုပ်ကြတယ်။  game တွေဆော့ သီချင်းတွေ အရက်တွေသောက်ပီး အိပ်ပျော်သွားကြတယ်။ မနက်ရောက်တဲ့ အခါမှာ တခြားသူတွေကပြန်သွားကြပီး  Kaylee. Mitch. Jonah. Chanda. Vance. Rannie. Marsha. Gilbert တို့ ပဲ ကမ်းခြေမှာကျန်ခဲ့ပါတယ်။ ထူးဆန်းတာက Marsah ဟာ အိပ်ရာနိုးလို့  သူ ကမ်းခြေပေါ်မတ်တက်ရပ်လိုက်တဲ့အချိန်မှာ သူ့ ခြေထောက်တွေက ပြန်ဆွဲထုတ်လို့ မရတော့ပါဘူး။ ဒါကိုမြင်တဲ့ အခါ ကားပေါ်မှာရှိနေတဲ့ Vance သွားကယ်ဖို့ လုပ်တဲ့အချိန်မှာလဲ သဲတွေထဲမှာ ကပ်နေရင်းနဲ့ သေဆုံးသွားပါတယ်။ ကျန်တဲ့သူတွေဟာ ဒီလိုအဖြစ်ပျက်ကိုမြင်လိုက်ရတဲ့ အချိန်မှာ သူတို့ တွေ သဲတွေကိုထိလို့ မရဘူးဆိုတာ သဘောပေါက်လိုက်ပါတယ်။ ဒါဆို အဲ့ဒီသဲတွေ ဒါဆို အဲ့ဒီသဲတွေထဲမှာ ဘာတွေရှိနေလို့ လဲ ?
သူတို့ ကို ဘယ်သူကလာကယ်မှာလဲ ?
ညတုန်းက partyလုပ်နေတဲ့အချိန်က အကောင်းကြီးဖြစ်နေပီးတော့ မနက်ကျမှရုတ်တရက် လူစားတဲ့သဲတွေဖြစ်သွားရတာလဲ ဆိုတာကိုတော့ The Sand မှာပဲ ဆက်လက်ကြည့်ရှုအားပေးကြပါလို့ 
(ဘာသာပြန်နဲ့အညွှန်းကိုတော့ Gcမှာအမြဲကားကောင်းတွေ ပြန်ပေးနေတဲ့ မစိမ့်သက်ထားအောင်မှတင်ဆက်ပေးထားပါတယ်။)
Encode by Hein Min Htet
Quality-Bluray 720p
Size-578mb/360mb

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Mission Impossible 5 – Rogue Nation (2015)


ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Mission Impossible က ပထမသုံးကားက ဆင်တူ ယိုးမှားဇာတ်လမ်းတွေပဲဖြစ်ပြီး၊ စတုတ္ထကား Ghost Protocol ကနေစပြီး Spy Action ကားကောင်း တစ်ကား အသွင်ဖြစ်လာပါတယ်။ ပထမသုံးကားက တစ်ကားနဲ့ တစ်ကား အဆက်အစပ်မရှိသလို သုံးကားလုံးမှာ Luther နဲ့ Hunt ကလွဲရင် ပါတဲ့ သရုပ်ဆောင်တွေ လည်း မတူပါဘူး။ ဒါပေမယ့်ဒီကားမှာ တော့ အရင် တုန်းကနဲ့ မတူပဲ Ghost Protocol အဆုံးကနေ ပြန်ဆက်ထားပါတယ်။ Ghost Protocol အဆုံးသတ်မှာ Ethan Hunt က The Syndicate ဆိုတဲ့အဖွဲ့အစည်းကို ခြေရာခံဖို့ တာဝန်ပေးခံရပါတယ်။
ဒီဇာတ်ကားအစမှာ Ethan Hunt က Nerve Gas တွေကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်အောင် လုပ်ရင်းက The Syndicate ဆိုတဲ့အဖွဲ့အစည်း အကြောင်းကို စုံစမ်းဖို့ လုပ်ပါတယ်။ ဒီအချိန်မှာပဲ London မှာ သူ့ရဲ့ နောက်ထပ် Mission အကြောင်းအရာကို နားထောင်နေတုန်းမှာပဲ Syndicate ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF အဖွဲကို ဖျက်သိမ်းလိုက်ပြီး CIA ရဲ့ လက်အောက်ကို ပေါင်းထည့်လိုက်ပါတယ်။ IMF Chief Analyst ဖြစ်တဲ့ William Brandt (Jeremy Renner) က လည်း CIA အရာရှိ Alan Hunley (Alec Baldwin) လက်အောက်ကို ရောက်သွားပါတယ်။
ဒါကြောင့် Hunt ကိုလည်းမကူညီနိုင်တော့သလို သူတို့ IMF အဖွဲ့လည်း ပျက်သွားပြီဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ Hunt က Syndicate ရဲ့ လက်ထဲကနေ MI6 (British Intelligence) Secret Agent မလေး ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီးနောက် Syndicate ရဲ့ အဓိက ခေါင်းဆောင် Solomon Lane ကို ရအောင် ရှာဖွေပြီး သူရဲ့ အကြံအစည်တွေ အထမမြောက်အောင် တားဆီးရမှာဖြစ်ပါတယ်။
The Syndicate ဆိုတာ British တွေ ရဲ့ Black Ops အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်က အခြား နိုင်ငံတွေက Spy တွေကို Recruit လုပ်ပြီး Black Ops Mission တွေလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Prime Minister က အတည်မပြုပေမယ့် သူတို့ က တရားမ၀င်လုပ်နေရင်းက Solomon Lane က သစ္စာဖောက်ပြီး သူ့ပါသူ ခွဲထွက်သွားတာဖြစ်ပါတယ်။
ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး James Bond ဇာတ်ကားတွေ ကြည့်ရသလိုပဲ Spy ကားဆန်ဆန် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် James Bond ဇာတ်ကားတော်တော်များများထက်ကောင်းပြီး အက်ရှင် ကောင်းကောင်းတွေလည်းပါပါတယ်။ MI6 Agent အဖြစ် သရုပ်ဆောင်ထားတဲ့ Rebecca Ferguson က သရုပ်ဆောင်ကောင်းပြီး အက်ရှင် စတားတစ်ဦးအဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ Tom Cruise နဲ့ အတူ Jeremy Renner, Simon Pegg နဲ့ Ving Rhames (Luther Stickell) တို့ကလည်း ပြန်လည်ပါဝင်ထားကြပါတယ်။
ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Spy ကားကောင်း တစ်ကား ဖြစ်တာနဲ့အညီ ဇာတ်လမ်းကလည်း ပရိတ်သတ်ကို လှည့်စား ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Rebbeca ကို ရေကူးဝတ်စုံနဲ့ တစ်ခန်းတွေ့ရပေမယ့် No Sex, No Nudity ဖြစ်လို့ မိသားစု တူတူကြည့်နိုင်ပါတယ်။ ရုံမှာသွားကြည့်သင့်တဲ့ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။ IMAX နဲ့ ကြည့်ရင် အရမ်းကြည့်လို့ ကောင်းပါတယ်။
(ရုပ်ရှင်အညွှန်းကို Movies For Myanmar မှ တင်ဆက်ထားပါတယ်။)

File size…(1.1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:11:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Sai Zin Min

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ


Furious 7 (2015) မြန်မာစာတန်းထိုး

Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ၀င်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။
ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား 
ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေ လူစိတ်ဝင်စားလာအောင် ပုံစံပြောင်း ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

 ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ


Mom's Friend (2015) မြန်မာစာတန်းထိုး ၁၈+



၁၈+ ကို ဇါတ်လမ်းလေးနဲ့ မှ ကြည့်ရတာအရသာရှိတာလို့ ဆိုစမှတ်ပြုကြတဲ့ ညီအစ်ကိုတွေအတွက် နည်းနည်း ကြက်သီးမွှေးညင်းလေး ထရုံလေး ကောင်းမွန်တဲ့ Movie လေးတစ်ခု ရှာဖွေထားပါတယ်။ ၁၈+ အမာခံ ပရိသတ်တွေကြားမှာ တစ်ကားဆို ဆိုသလောက် ထိုးဖောက်အားကောင်းတဲ့ Korea ကားတွေရဲ့ ရိုက်ကွင်းရိုက်ကွက်တွေကတော့..   ဆွဲဆောင်မှုအပိုင်းမှာ ဆရာကျလွန်းပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မကောင်းမှု ဆိတ်ကွယ်ရာမှာဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ လူ့စိတ်သဘောမနောကို အခြေခံလေ့ရှိတဲ့ 18+ movie တွေရဲ့ ထုံးစံအတိုင်း ဇါတ်လမ်းတစ်လျှောက်မှာ...  လူငယ်လေးတစ်ယောက်နဲ့ အရွယ်တင်အမျိုးသမီးကြီး တစ်ဦးရဲ့ လူမှုရေးဖောက်ပြန်မှုတွေကို လှလှပပ ရိုက်ကူးပြသထားပါတယ်။ ရမ္မက်စိတ်ပြင်းထန်တဲ့... လူနှစ်ယောက်ရဲ့ ပေါင်းစည်းမှုမှာ... ဖြစ်ပေါ်လာတဲ့ ကိလေသာ အမှောင်ခန်းတွေကတော့. ဇါတ်ကား အစမှ အဆုံး... မှင်သက်ရလောက်အောင် ဖြစ်စေနိုင်တယ်လို့ ဆိုချင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကို အသားပေးရိုက်ကူးခံခဲ့တဲ့ မင်းသမီးကြီးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကိုတော့ ... ညီအစ်ကိုများ စိတ်ရောကိုယ်ပါ နှစ်ပြီး မကြည့်ကြဖို့ ကြိုပြီး တောင်းဆိုထားပါရစေ။ :P
 [ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Helios (2015) မြန်မာစာတန်းထိုး





သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ဇာတ်ကား နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဟောင်ကောင်အက်ရှင်လေးကို ဒီနေ့အတွက် ရွေးချယ်ထားပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်က ဟောင်ကောင်၊ တရုတ်ပြည်မကြီး၊ တိုင်ပေနဲ့ တောင်ကိုရီးယား သရုပ်ဆောင်တွေ တစုတစည်းတည်း ပါဝင်ထားတာပဲဖြစ်ပါ တယ်။တောင်ကိုရီးယားအစိုးရက အလိုရှိနေတဲ့ ထိပ်တန်းဒုစရိုက် ကောင် Helios ဆိုသူနဲ့ သူ့ လက်ထောက် Messenger တို့ဟာ တောင်ကိုရီးယားစစ်တပ်က လျှို့ဝှက်တီထွင်ထားတဲ့ နျူကလီးယား ဓာတုလက်နက်ငယ် DC 8 ကို အကြမ်းထည် ပစ္စည်း ၁၆ ခုနဲ့ အတူ အောင်မြင်စွာခိုးယူသွားခဲ့ပါ တယ်။ Helios ဟာ အဲဒီလက်နက် ကို ဟောင်ကောင်မှာ မှောင်ခို ရောင်းဝယ်မယ်ဆိုတဲ့သတင်း အရ ဟောင်ကောင်၊ တရုတ်ပြည် မကြီးနဲ့ တောင်ကိုရီးယားရဲဌာနချုပ်တွေ ဖြန့်ကြက်ရှာဖွေစုံစမ်းပါတော့တယ်။အဲဒီကိစ္စကို ဖြေရှင်းဖို့ အတွက် ဟောင်ကောင်မှာ အရေးပေါ်တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး အဖွဲ့ ထဲမှာ ဟောင်ကောင်မှုခင်းနှိမ်နင်း ရေးအဖွဲ့က စုံထောက်အကြီးအကဲ လီယင်းမင်၊ တရုတ်ပြည်မကြီးက အစိုးရအရာရှိ ဆောင်အန်း၊ တောင်ကိုရီးယားလက်နက်ကျွမ်း ကျင်ပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချွိုင်မင်ဟိုနဲ့ ပါ့ခ်ဝူချွဲတို့ပါဝင်ပြီး Helios ခိုးသွားတဲ့ လက်နက်ကို ခြေရာခံ စုံစမ်းခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးအတွက် အကြံပေး အဖြစ် ဟောင်ကောင်တက္ကသိုလ် က ရူပဗေဒပါမောက္ခ စွေ့ချီရန်ကို လည်း လီယင်းမင်က ဖိတ်ကြား ပါဝင်စေခဲ့ပါတယ်။လက်နက်ပညာရှင် ချွိုင်က Helios ကို အမြန်ဖမ်းမိပြီး DC 8 ကိုပြန်သိမ်းကာ တောင်ကိုရီးယား စစ်တပ်ရဲ့ လျှို့ဝှက်စမ်းသပ်မှုကို မပေါက်ကြားအောင်လုပ်ချင်သလို တရုတ်အစိုးရအရာရှိ ဆောင်အန်းကတော့ တရုတ်နိုင်ငံတစ်လွှားက ရာဇဝတ်မှုတွေချုပ် ငြိမ်းစေဖို့ ရည်ရွယ်ထားပြီးဟောင်ကောင်ဘက်ကစုံထောက်လီနဲ့ ပါမောက္ခစွေ့တို့ကတော့ ဟောင်ကောင်မှုခင်းနှိမ်နင်းရေးအဖွဲ့ရဲ့ ဖိအားပေးမှုကို ကျော်လွှားဖို့အတွက် ရည်ရွယ်ချက်ကိုယ်စီနဲ့ Helios ရှာဖွေမှုတွေ လုပ်ခဲ့ကြပါတယ်။အချိန်နဲ့မလပ် စုံစမ်းစစ်ဆေးခဲ့တာကြောင့် တစ်ရက်မှာတော့ Messenger ကိုဖမ်းမိခဲ့ပြီး DC 8 ဟာ ဟောင်ကောင်ရဲဌာန လက်ထဲမှာရောက်နေတာကြောင့် တရုတ်ပြည်မကြီးနဲ့ တောင်ကိုရီးယားတို့ကလည်း လက်နက်ရရှိ ရေးအတွက် အချင်းချင်းတိုက်ခိုက်တာမျိုးတွေဖြစ်လာပါတော့တယ်။ အဲဒါနဲ့ တခြားတစ်ဖက်မှာတော့ Helios ဟာ မကာအိုဘက်မှာပေါ်လာပြီး လက်တုံ့ပြန်ကာ DC 8 ကိုပြန်ခိုးယူနိုင်ဖို့ စီစဉ်နေတာကြောင့် နိုင်ငံစုံ အထူးတပ်ဖွဲ့နဲ့ Helios ဘယ်လိုရင်ဆိုင်ရဦးမှာလဲ။ DC 8 ထပ်ပြီးအခိုးခံရဦးမှာ လားဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါဦး။ ဒီဇာတ်ကားထဲမှာ ဂျက်ကီချွမ်၊ နစ်ခ်ချွမ်၊ ဝမ်ရွှယ်ချီ၊ ချန်ချန်း၊ ဂျီဂျင်ဟီး၊ ချွိုင်ဆီဝန် စတဲ့ သရုပ်ဆောင်တွေပါဝင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို 7Daydaily မှကူးယူဖော်ပြပါသည်။) File size…(1GB)
Quality…BR-Rip 720p
Format…mp4
Duration….01:58:55
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Pay the Ghost (2015) မြန်မာစာတန်းထိုး





မင်းသားကြီး နီကိုလပ်ကေ့ရဲ့အသစ်ထွက်ထားတဲ့ ဇာတ်ကားပါ။
Horror, Thriller အမျိုးအစားဖြစ်ပါတယ်။
IMDb Rating (5.2/10) ပဲရရှိထားတဲ့ ဇာတ်ကားပါ။
(မြန်မာစာတန်းထိုးကိုတော့ Ko Ha Des မှကိုယ်တိုင်ဘာသာပြန်ထားပေးပါတယ်။)File size…(700MB)
Quality…HDrip
Format…mp4
Duration….01:33:54
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

I Spit on Your Grave 3 (2015) မြန်မာစာတန်းထိုး




 

I spit on your grave ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အနိုင်ကျင့်ခံလိုက်ရတဲ့
မိန်းမသားများရဲ့ ရက်ရက်စက်စက်လက်စားချေမှုတွေကို ပြသထားပါတယ်။
Crime, Horror, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (5.2/10) ရရှိထားပါတယ်

 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးေ

Fast & Furious 7 2015 စာတန်းထိုး


အားလုံးဘဲ မျှော်နေကြတဲ့ ကားလေး ဖြစ်မှာပေါ့ ကြည့်ပြီးသား သူတွေရှိနေပါက ကျော်သွားပေါ့ :D တကားလုံးကို သဲတထိတ်ထိတ် ရင်တဖိုဖို ကြည့်ရမှာနော် ကြည့်ရတာ လုံးဝကို တန်စေရမဲ့ ကားလေးတစ်ကားပါ pCloud ကနေ ဖိုင် 321 MB နဲ့ ကြည်ကြည်လေး လုပ်ပေးထားပါတယ် အောက်မှာ ဒေါင်းလိုက်ပါဦး 


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Ex Machina 2015 (မြန်မာစာတန်းထိုး)


Ex Machina က 2015 တုန်းက ထွက်ရှိထားတဲ့ sci-fi ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.7 အထိရရှိထားတဲ့ ကားဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ် Programmer ကယ်လက်ဟာ CEO ဖြစ်သူ နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ
စွမ်းဆောင်ရည်မြင့် အသိဥာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန်
မဲနှိုက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်…..
စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ
အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက
ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး
စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင်
မကွဲပြားနိုင်တော့တဲ့အခါ……..
ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော
ရုပ်ရှင်ဖြစ်ပြီး nude scene အနည်းငယ်ပါဝင်သောကြောင့်
18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ်….

File size…( 980MB )

Quality…BluRay 1080p

Format…mp4

Duration….01:48:00

Subtitle….Myanmar Subtitle (Hardsub)

Translator…Asadi 

Encoder….Moe Myint Lwin

 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

 

 

Youth (2015) မြန်မာစာတန်းထိုး




ImDb: 7.4
Director: Paolo Sorrentino
Stars: Michael Caine, Harvey Keitel, Rachel Weisz
IMDb (7.4/10)….Rotten Tomatoes (73%)အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ……..
[Spoiler Alarm]
ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey Keitel ) က ရုပ်ရှင်ရိုက်ကူးရေးသမား။ သူတို့နှစ်ယောက်က အခင်ဆုံးမိတ်ဆွေတွေလည်း ဖြစ်ကြတယ်။ဆွစ်တောင်တန်းတွေပေါ်က အပန်းဖြေဟိုတယ်ကြီးမှာ အပန်းဖြေနေတဲ့ Fred ဆီ အယ်လိဇဘက်ဘုရင်မကြီးရဲ့သံတမန်အဖွဲ့ ရောက်လာပြီး ဖိလစ်မင်းသားရဲ့မွေးနေ့ဖျော်ဖြေပွဲမှာ သူ့နာမည်ကြီးလက်ရာ ‘ Simple Songs ‘ ကို တင်ဆက်ပေးဖို့ ကမ်းလှမ်းလာတယ်။ Fred က ငြင်းဆန်လိုက်တယ်။ နောက်ထပ်တစ်ကြိမ် သံတမန်အဖွဲ့ ထပ်ရောက်လာပြန်တယ်။ Fred က ငြင်းပြန်တယ်။ သူ ငြင်းရတာ အကြောင်းရှိတယ်လေ။ အဲဒါကိုတော့ ရုပ်ရှင်ထဲမှာပဲ ကြည့်ကြည့်ပါ။Mick က သူ ရိုက်တော့မယ့်ရုပ်ရှင်တစ်ကားအတွက် စာရေးဆရာတစ်စုနဲ့အတူ အပန်းဖြေရင်း ဇာတ်ညွှန်းရိုက်ကွက်တွေကို ပုံဖော်တည်ဆောက်နေတာ။Fred ရဲ့သမီးဖြစ်သူ Lena ကလည်း Fred နဲ့အတူ အပန်းဖြေဟိုတယ်ကြီးမှာ ရှိနေတယ်။ Lena က Mick ရဲ့သားနဲ့ လက်ထပ်ထားတာဖြစ်တယ်။ ခရီးတစ်ခုကို လင်မယားနှစ်ယောက် အတူထွက်ခါနီးမှ အဲဒီဟိုတယ်မှာပဲ သူ့ခင်ပွန်းက ကွာရှင်းခွင့်တောင်းတာကို Lena ကြုံတွေ့လိုက်ရတယ်။ မထင်မှတ်ဘဲ ကြုံလိုက်ရတာဆိုတော့ သေလုခမန်းပဲ။Fred နဲ့ Mick စားသောက်နေကြတုန်း Lena ယောက်ျား( Mick ရဲ့သားဖြစ်သူ ) ရောက်လာတယ်။ ဘာကြောင့်ကွာရှင်းရတာလဲဆိုတော့ Lena က အိပ်ရာပေါ်မှာ မကောင်းလို့တဲ့။ သူ လက်ထပ်မယ့်အဆိုတော်အမျိုးသမီးက ရုပ်ထွက် သိပ်မကောင်းဘူး။ အိပ်ရာပေါ်မှာ သိပ်ကောင်းတာကြောင့် သူ လက်ထပ်မှာလို့ ပြောတယ်။ဟိုတယ်ကြီးမှာ တည်းခိုအပန်းဖြေနေတဲ့လူတွေထဲ တမူထူးတဲ့လူတွေ ပါတယ်။ အဝလွန်နေတဲ့ မာရာဒိုနာ၊ ငယ်ရွယ်နုနယ်တဲ့အနှိပ်သည်မလေး၊ မယ်စကြဝဋ္ဌာ၊ ရိုက်ရတော့မယ့်ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ရတော့မယ့် ဝါရင့်သရုပ်ဆောင် Jimmy Tree ( သူက အပန်းဖြေနေရင်း၊ ဇာတ်ကောင်စရိုက်ဝင်လာအောင် လေ့လာစူးစမ်းရင်း နေနေတာ။ )ဘယ်တော့မှ စကားမပြောကြဘဲ စားသောက်နေရုံပဲစားသောက်ကြတဲ့ လင်မယားနှစ်ယောက်လည်း ရှိတယ်။ Fred နဲ့ Mick နဲ့က အဲဒီလင်မယားနှစ်ယောက် စကားတစ်ခွန်းပဲဖြစ်ဖြစ် ပြောမယ်၊ မပြောဘူး လောင်းကြတယ်။ Mick အမြဲ ရှုံးတယ်။Mick က သူ့ရိုက်ညွှန်းကို စိတ်ကျေနပ်စွာ အဆုံးသတ်ပြီးတဲ့အခါ သူ့ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Brenda Morel ( Jane Fonda ) က ဟိုတယ်ကြီးဆီ လာရောက်ပြီး သူ ပါဝင်သရုပ်ဆောင်မှုမပြုတော့ဘူးလို့ ငြင်းဆန်တယ်။Brenda က Mick ရိုက်ကူးတဲ့ရုပ်ရှင်နဲ့ မင်းသမီးတစ်ယောက် ဖြစ်လာတာပါ။ Mick ရဲ့ရုပ်ရှင်တွေထဲက ၁၁ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလာပြောတာက ရုပ်ရှင်ထက် တယ်လီဗစ်ရှင်းစီးရီးတစ်ခုကပေးတဲ့ငွေပမာဏက အဆမတန်များတာကြောင့် ငြင်းဆန်ရတာဖြစ်ကြောင်း၊ Mick အနေနဲ့လည်း ရုပ်ရှင်မရိုက်တော့သင့်ကြောင်း၊ အသက် ၈၁ နှစ်မှာ ရုပ်ရှင်လောကကနေထွက်ပြီး အနားယူသင့်နေပြီဖြစ်ကြောင်း၊ နောက်ပိုင်း Mick ရိုက်တဲ့ရုပ်ရှင်ကားတွေဟာ အလကားရုပ်ရှင်ကားတွေဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပြီး ထထွက်သွားတယ်။ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်တွေပျက်ကုန်တော့ စာရေးဆရာအဖွဲ့ ပြန်သွားကြတယ်။ မပြန်ခင် Brenda ကို သူတို့က အပြစ်တင်တော့ Mick က အဲဒီလိုအပြစ်မတင်ဖို့ တားမြစ်တယ်။ ရုပ်ရှင်ရိုက်တာနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကလေးတွေကို Mick က Fred ကို ပြောပြတယ်။ ပြောနေရင်းပဲ မျှော်လင့်ချက်တွေ ကုန်ပြီး အိုမင်းနေပြီဖြစ်တဲ့ Mick ဟာ စိတ်ပျက်အားလျော့စွာနဲ့ Fred ရှေ့မှာပဲ ဟိုတယ်ပေါ်ကနေ ခုန်ချပြီး သတ်သေသွားတယ်။လေယာဉ်ပေါ် ရောက်နေပြီဖြစ်တဲ့ Brenda ဟာ သတင်းကြားကြားချင်းပဲ ပျံသန်းနေတဲ့လေယာဉ်ပေါ်ကနေ ဆင်းမယ်ဆိုပြီး သောင်းကျန်းတာကြောင့် လေယာဉ်မယ်လေးတွေ အလုပ်များကုန်ကြတယ်။Fred က ဗင်းနစ်မြို့မှာရှိတဲ့ သူ့မိန်းမဆီ သွားရောက် စကားပြောဆိုတယ်။ ဆေးကုသခံနေရတဲ့သူ့မိန်းမကတော့ ပုံမှန်စိတ်လည်း မရှိ၊ စကားလည်း တစ်လုံးမှ မထွက်နိုင်၊ သူ့ဘက်လည်း လှည့်မကြည့်နိုင်တော့။ကြည့်ကြည့်လိုက်ပါ။
ငယ်ရွယ်နုပျိုမှုအကြောင်း ပိုသိလာစရာကောင်းပါရဲ့။
ဟောလိဝုဒ်ရဲ့အရိပ်ငွေ့တွေဆီကနေ ရုန်းထွက်ခံစားရတာမျိုးလည်း ကြုံရတာပေါ့။(ရုပ်ရှင်အညွှန်းကို စိတ်သစ်ပင် စာအုပ်စင်  FB’Page မှကူးယူဖော်ပြပါသည်။)





 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger