ယန် ဂျီအန်
ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက်
အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ
တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်
Showing posts with label Animation ဇာတ်ကားများ. Show all posts
Showing posts with label Animation ဇာတ်ကားများ. Show all posts
The BFG (2016) မြန်မာစာတန်းထိုး
Car 3 (2017) မြန်မာစာတန်းထိုး
ဇတ်လမ်းပုံစံကတော့ မက်စ်ကွင်းစ် ရဲ့ ခြေကျချိန် ကို ရောက်လာပြီ ဆိုတဲ့ သတိပေးချက်နဲ့ အတူ ပြိုင်ကွင်းမှာပဲ
လူငယ် မုန်တိုင်းဂျက်ဆင် ကို ပိုးစိုးပက်စက် ရှုံးနိမ့်သွားခဲ့တာနဲ့ ဇတ်လမ်းကို ဇတ်ရှိန်စမြင့်ပေးလိုက်ပါတယ်
မက်စ်ကွင်း ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာကြောင့်ရှုံးနိမ့်ခဲ့တာ ဖြစ်သလို နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်တင်မှုတွေ
လိုအပ်နေတဲ့အတွက် သူ့ကို လေ့ကျင့်ပေးဖို့ အတွက် တဖန် ပြန်လည်ပြင်ဆင်ရာတွင် လေ့ကျင့်ပေးသူ
ခရူးစ် နဲ့ စတင်တွေ့ဆုံခဲ့ရပြီး ခရူးစ် ရဲ့ စိတ်ဓါတ်မြင့်တင်ပေးမှု တွေနဲ့ မက်စ်ကွင်းစ် ဟာ
လူငယ်လေးတွေကြား ကားပြိုင်ကွင်းအတွင်း အပြေးလှမ်းဖို့ ရောက်ရှိလာတဲ့အခါမှာတော့…
ဒီ Animation Movie ကို ဘာသာပြန်ပေးထားသူကတော့ CM Translator ကိုဝေယံမောင် ဖြစ်ပြီး
အညွှန်းရေးတာကတော့ ကျနော် သစ်ဆန်းခန့် ဖြစ်ပါတယ်
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
ဆိုက်အကြီး
The Boss Baby(2017)မြန်မာစာတန်းထိုး
မြောက်အမေရိကရဲ့ တစ်ပတ်တာ ဝင်ငွေအကောင်းဆုံး Box Office စာရင်းမှာ Animation ဇာတ်ကားသစ် The Boss Babyက ထိပ်ဆုံးနေရာ ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်နဲ့ ကနေဒါက ရုံဝင်ကြေးတွေကို တွက်ချက်တဲ့ စာရင်းအရ Disneyက ဖန်တီးတဲ့ ဒီဇာတ်ကားဟာ တစ်ပတ်အတွင်း ဒေါ်လာ ၄၉ သန်းလောက် ဝင်ငွေ ရရှိခဲ့တယ်။ Boss Babyဟာ မိသားစု တစ်ခုကို ရုတ်တရက် ရောက်ရှိလာတဲ့ ကလေးငယ် တစ်ယောက်အကြောင်း စိတ်ကူးဖန်တီးထားတာ ဖြစ်ပါတယ်။ Boss Babyက ထိပ်ဆုံးနေရာကို ရောက်သွားတဲ့အတွက် Disneyရဲ့ တခြား ဇာတ်ကားတစ်ခုဖြစ်တဲ့ Beauty and the Beastက ဒုတိယ နေရာကို ဆင်းပေးလိုက်ရပါတယ်။ Beauty and the Beastကတော့ တစ်ပတ်အတွင်း ရုံဝင်ကြေး ဒေါ်လာ ၄၇.၅ သန်းလောက် ရရှိခဲ့ပါတယ်။ သီတင်းလေးပတ်ကြာ ရုံတင်ပြီး ဖြစ်ပေမယ့် ကင်းကောင် ဇာတ်ကားသစ် Kong: Skull Islandကတော့ ဒေါ်လာ ၈.၈ သန်း ရုံဝင်ကြေး ရရှိခဲ့ပြီး Box Officeရဲ့ ထိပ်ဆုံး ဇာတ်ကား ၅ ခုစာရင်းမှာ ဆက်လက် ပါဝင်နေဆဲလို့လည်း သိရပါတယ်
#credit 7Dailynew
Translate by Min Thwin Khant
Encoded by Hein Min Htet
Quality-Web Dl 720p
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Moana (2016) မြန်မာစာတန်းထိုး
IMBd rating 8.4
မကြာခင်ကမှ ထွက်ရှိ ထားတဲ့ စိတ်ကူးယဉ်စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့ Moanaကားလေး အကြောင်း ညွှန်း ပေးလိုက်ပါတယ်။ Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animationဇာတ်ကား အဖြစ် နိုဝင်ဘာ ၂၃ ရက်ကမှ ထွက်ရှိထားတာပါ။
#တီဖီတီ ဟာ ကျွန်းကို စောင့် ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်း ထားသူဖြစ်ပါတယ်။ #တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံး လေးတစ်ခုအနေနဲ့ရှိပြီး အသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ #မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့် တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့ အသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး #တီခါ နဲ့ ဆုံပြီးတဲ့နောက် တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီး ရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။
ထောင်စုနှစ် တစ်ခုကြာအ ပြီးမှာတော့ #တီဖီတီ ဖန်ဆင်းထား တဲ့ မိုတန်နူဝီ ကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး #မိုအာနာ အပါအဝင် ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ပုံပြင်ပြောပြလေ့ ရှိပါတယ်။
တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက် ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို့ တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။
တစ်ရက်မှာ မိုအာနာဟာ ကမ်း တင်နေတဲ့ လိပ်လေးတစ်ကောင် ကို တွေ့ခဲ့ပြီး စင်ရော်တွေဝိုင်းနေ တာကြောင့် ရေထဲပြန်မဆင်းရဲ ဖြစ်နေတာကို မိုအာနာကယ်ဆယ်ခဲ့ တာကို သမုဒ္ဒရာကြီးက အသိအ မှတ်ပြုတဲ့အနေနဲ့ တီဖီတီရဲ့ နှလုံး သားကို ပေးခဲ့ပါတယ်။
မိုအာနာ့လက်ထဲက ကျောက် စိမ်းတုံးကို သူ့အဖေက သိမ်းသွား ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိုအာနာရဲ့ အဘွားတာလာက ယူခဲ့ပြီး အဲဒီ အရာဟာ ကျွန်းသခင်မတီဖီတီရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသားဖြစ် တယ်လို့ မိုအာနာကိုပြောပြခဲ့ပါတယ်။ နောက်တော့ မိုအာနာတို့ကျွန်းမှာ အုန်းပင်တွေပျက်စီး၊ ငါးတွေဖမ်း မမိနဲ့ တစ်ကျွန်းလုံး ဒုက္ခရောက် နေတာမို့ ကျွန်းကိုကျော်ပြီး အစာ ရှာထွက်ဖို့ မိုအာနာစိတ်ကူးခဲ့ပေမယ့် ဒေါသကြီး၊ စည်းကမ်းကြီးတဲ့ သူ့ အဖေက လက်မခံခဲ့ပါဘူး။
နောက်တော့ မရတော့တဲ့အ ဆုံး မိုအာနာဟာ သူ့အချစ်တော် ဝက် ပေါက်လေး ပူးဝါးကိုခေါ်ပြီး သူ့အဘွားတာလာညွှန်ကြားတဲ့အတိုင်း လူသားနတ်ဘုရား မာဝီကိုရှာဖို့ သမုဒ္ဒရာထဲကို ထွက်သွားခဲ့ပါတော့တယ်။ လမ်းခရီးမှာ မုန် တိုင်းမိပြီး တခြားကျွန်းတစ်ကျွန်း ကို ရောက်သွားခဲ့ကာ အဲဒီမှာ မာဝီနဲ့ တွေ့ခဲ့ပါတယ်။ အဲဒီအခါမှာ မိုအာနာက တီဖီတီရဲ့ နှလုံးကို နေရာ မှန်မှာ ထိန်းသိမ်းနိုင်မှ တစ်ကျွန်း လုံးအန္တရာယ်ကင်းမှာမို့ မာဝီကူညီမှဖြစ်မယ့်အကြောင်း ပြောပြခဲ့ ပါတယ်။
အဲဒီမှာလည်း တီဖီတီရဲ့ နှလုံးသားကိုလုမယ့် ပင်လယ်ဓားပြ အဖွဲ့နဲ့လည်း ရင်ဆိုင်ခဲ့ကြရပြန်ပါ တယ်။ စွမ်းအားကြီးတဲ့ မာဝီဟာ ငှက်အသွင်လည်းပြောင်းလို့ရပြီး သူ့ရဲ့မှော်ငါးမျှားချိတ်ကြီး ပျောက်ဆုံးနေတဲ့အတွက် မိုအာနာကူရှာပေး ခဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့ကြတော့ တယ်။
မိုအာနာတစ်ယောက် မာဝီနဲ့ အတူ သူတို့ကျွန်းမှာ ရောက်နေ တဲ့ မကောင်းဆိုးဝါးတွေကို ဘယ် လိုနှိမ်နင်းမှာလဲ။ နတ်ဘုရားမ တီဖီတီရဲ့ နှလုံးသားကိုကော မူလနေရာရောက်အောင် ပြန်ထားခွင့်ရမှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဦးနော်.........
အထူးပြုလုပ်ချက်တွေကောင်းလွန်တဲ့ Animation ဇာတ်ကားမို့ ကလေး၊ လူကြီး မရွေး သဘောကျမှာ သေချာသလောက်ပါပဲ။
အသံသရုပ်ဆောင်ထားသူတွေက မိုအာနာအဖြစ် အော်လီအိုင်ခရက်ဗယ်ဟို၊ မာဝီအဖြစ် ဒွိန်းဂျွန်ဆင်၊ တာလာအဖြစ် ရေချယ်ဟောက်စ် စသူတွေပဲ ဖြစ်ပါတယ်။ ။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Kubo and the Two Strings ( 2016 ) မြန်မာစာတန်းထိုး

ဇာတ်လမ်းသွားကိုတော့ ရှေးခေတ်ဂျပန်စတိုင်ဇာတ်အိမ်ဖွဲ့ထားပြီး သူ့အမေဘက်က သဘာဝလွန်အစွမ်းတွေရှိတဲ့အဘိုးနဲ့ မိသားစုကို ရင်ဆိုင်ဖို့အတွက် အဖေ့အမွေ ပစ္စည်း ၃ မျိုးကို လိုက်လံရှာဖွေရတဲ့ Kubo ဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ရိုက်ကူးထားပါတယ်.. Kubo မှာ မကြာခဏ အတိတ်မေ့သလိုဖြစ်နေတဲ့အမေနဲ့အတူ တောင်ပေါ်ဂူတစ်ဂူမှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်တဲ့ ၃ ကြိုးတပ်တူရိယာလေးနဲ့ စက္ကူရုပ်တွေကို ပုံပြင်တစ်ခုပမာ လှုပ်ရှားဖန်တီးစေရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်.. သူ့အမေဟာ ကူဘိုလေးကို ညဘက်တွေ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့် နေ၀င်ချိန်အမီ ရောက်ရာအရပ်က အမေ့ဆီပြန်ရတယ်.. .ညဘက်တွေမှာ အသိစိတ်ကပ်နေတတ်တဲ့အမေ့ဆီကတဆင့် အဖေဖြစ်သူ ဆာမူရိုင်းဟန်ဇိုအကြောင်းကို နားထောင်ပြီး မမြင်ဖူးလိုက်တဲ့အဖေ့ကို အားကျနေတတ်တယ်.. သူ့မှာမျက်လုံးတစ်ဖက်ပဲပါပြီး တစ်ဖက်ကိုတော့ အဘိုးဖြစ်သူက ထုတ်ယူထားတာလို့ တစွန်းတစပြောဖူးပေမယ့် အကြောင်းရင်းကို သေချာမသိရှာပါဘူး…
ဒါပေမယ့် တစ်ရက်မှာတော့ ကူဘိုတစ်ယောက်အပြင်နောက်ကျခဲ့ပါပြီ… ညမှောင်လာတဲ့အခါမှာ သူ့အမေစိုးရိမ်ခဲ့သလို ကြောက်စရာအဖြစ်အပျက်ဆိုးတွေ သူ့ဆီရောက်ရှိလာပါတော့တယ်… ဒီအဖြစ်တွေကြောင့် သူ့အမေကိုလဲ ဆုံးရှုံးခဲ့ရပြီး သူလဲ အဝေးကို လွင့်ပါးခဲ့ရပါတော့တယ်… အဖော်အဖြစ် သူ့အမေပေးထားတဲ့ မျောက်ရုပ်လေးရယ် အမေ့ဆီက ဆံပင်တစ်ချောင်းရယ် တီးခတ်နေကျတူရိယာလေးရယ်ပဲ သူ့နဲ့အတူပါလာပါတယ်.. သူသတိရချိန်မှာတော့ မျောက်ရုပ်လေးဟာ ထူးဆန်းစွာပဲ မျောက်တစ်ကောင်ဖြစ်နေပြီး သူ့ကို အဖေ့ပစ္စည်း ၃ မျိုးကို လိုက်ရှာနိုင်မှ ဒါတွေကို အောင်နိုင်မယ်လို့ပြောပြီး ပစ္စည်းမျိုးရှာဖို့တိုက်တွန်းပါတော့တယ် … လမ်းမှာ ဆာမူရိုင်းဝတ်စုံဝတ်ထားတဲ့ ပိုးကောင်တစ်ကောင်နဲ့တွေ့ပြီး အဲဒီပိုးကောင်ဟာလူအဖြစ်ကနေ ကျိန်စာမိထားသူဖြစ်ကာ အတိတ်မေ့နေသူပါ..
တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ… ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ.. သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ… ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့ အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့………..
2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်… ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ ဘာသာပြန်တင်ဆက်ပေးထားလိုက်ပါတယ်။
File Size : 800/ 350 Mb
Duration : 01 : 41 : 35
Quality : 1080p Blu-ray
Format : MP4
Genre : Animation, Adventure
Translator : Nyi Thanlwin
Encoder : Kyaw Ye Aung
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
COLD WAR 2 (2016) မြန်မာစာတန်းထိုး
ဟောင်ကောင်အက်ရှင်ကားတွေ သဘောကျတဲ့ ပရိသတ်တွေ အတွက် သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ကား အသစ်လေး အကြောင်း ဖော်ပြပေးလိုက်ပါ တယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ Cold War ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပါတယ်။
ဇာတ်လမ်းကို Cold War စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲမှူး ဟောင်း အဲလ်ဘတ်ကွမ်ရဲ့ အသု ဘအခမ်းအနားနဲ့ စထားပြီး အ ခမ်းအနားအပြီးမှာ အထူးရဲကော် မရှင်အကြီးအကဲ ရှောင်လျူဆီကို ဖုန်းဝင်လာခဲ့ပါ တယ်။ အရာရှိလျူရဲ့ဇနီးကို ပြန်ပေးဆွဲသွားတာဖြစ် ပြီး ဇနီးကို ပြန်ခေါ်ချင်ရင် အကျဉ်းသမား ဂျိုးလီနဲ့ အလဲအလှယ်လုပ် ဖို့ ပြန်ပေးသမားက တောင်းဆို ခဲ့ပါတယ်။
ရှောင်လျူဟာရဲဌာနချုပ်ကို သတင်းမပို့ဘဲ အရေးပေါ်ဆုံးဖြတ် ချက်ချကာ အကျဉ်းသားကိုထောင်က လွှတ်ပေးဖို့လုပ်ခဲ့ပါတယ်။ ဟောင်ကောင်မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ရဲဌာနရဲ့ အခုလိုအရေးပေါ် ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ တက်လာတာကြောင့် အရာရှိလျူဟာ ဘီလီချွန်းဆိုတဲ့ စုံထောက်ကို တရားခံနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းစေခဲ့ပါတယ်။
ဂျိုးလီထောင်က လွတ်လာ တဲ့အခါ သူ့ဖခင် အမ်ဘီလီ၊ အထူးရဲ ကော်မရှင်အကြီးအကဲဟောင်း ချွဲယန်ကေးတို့ တွေ့ဆုံခဲ့ကြပြီးဂျိုးကို အရာရှိလျူရဲ့ နေရာမှာအစားထိုးနိုင်ဖို့ စီစဉ်ကြပါတော့တယ်။ Cold War စစ်ဆင်ရေးရဲ့လစ်ဟာမှုတွေ၊အရာရှိလျူရဲ့လုပ်ရပ်တွေအတွက်လူထုကိုဖြေရှင်းပေးဖို့ဥပဒေပြုလွှတ်တော် တရားသူကြီး နိုဝေကန်က ဦးဆောင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အရှုပ်အထွေးများစွာဖြစ်ပြီးတဲ့ နောက်မှာတော့ လျူဟာ အလုပ်ကနေ တရားဝင်နုတ်ထွက်ခဲ့ပြီး ကိစ္စရပ်တွေအားလုံးကို ထုတ်ဖော်ပြောကြားခဲ့တယ်။ ပြဿနာတွေရဲ့ နောက်ကွယ်မှာ ရဲဌာနအကြီးအကဲတွေ ဆက်နွှယ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ၊ အရာရှိလျူတစ်ယောက် ဘယ်လိုဖော်ထုတ်သွားမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဒီဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးက ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်ကြီးတွေပဲဖြစ်တဲ့အပြင် အမှန်အကန်အက်ရှင်ကားဖြစ်တာမို့ ပရိသတ်တွေ အကြိုက်တွေ့မယ် ထင်ပါတယ်။ အရာရှိရှောင်လျူအဖြစ် အေရွန်ကွတ်က ခေါင်းဆောင်ပါဝင်ထားပြီး တိုနီလျန်ခါ ဖေ၊ ချောင်ယွန်ဖတ်၊ ချာလီ ယောင်းစသူတွေ ပါဝင်ထားကြပါတယ်။
Credit To : www.goldchannelmovies.com
Review Credit to-7day Daily
Translate by: Htar Inzali and Scarlet Speedster
Quality - 720P HD
Size - 790MB
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Labels:
Action ဇာတ်ကားများ,
Animation ဇာတ်ကားများ
Brave 2012(မြန်မာစာတန်းထိုး)

ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းအစကိုတော့ ကလေးငယ်လေး Merida ကို သူ့အဖေက
မွေးနေ့လက်ဆောင်အဖြစ် မြှားတစ်လက် လက်ဆောင်ပေးပြီး
မြှားပစ်သင်ပေးတာကနေစထားပါတယ်။ မြှားပစ်ကြည့်ရင်း အဝေးရောက်သွားတဲ့
မြှားတံကို လိုက်ရှာရင်း Will-o'-the-wisp လို့ဆိုတဲ့ မှော်ဆန်တဲ့
အရာလေးတွေနဲ့ ကြုံခဲ့မိပါတယ်။ မြှားတံကို လိုက်ရှာပြီး ပြန်အလာ သူနဲ့
သူ့အမေကို ၀က်ဝံတစ်ကောင်က လာတိုက်ခိုက်တော့ သူ့အဖေက ပြန်လည်တိုက်ခိုက်တာကနေ
ဇတ်လမ်းကို စထားပါတယ်။
နောင်နှစ်အနည်းငယ်ကြာတဲ့အခါမှာတဲ့ Merida ဟာ
ငယ်ရွယ်တက်ကြွပြီး မြှားပစ်တော်တဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်နေပါပြီ။ Merida
ရဲ့အမေကတော့ သူမကို မင်းသမီးတစ်ယောက်မှာ ရှိသင့်တဲ့အချက်အလက်တွေသင်ပေးပြီ
သိမ်မွေ့နူးညံစွာ ရှိနေစေချင်ပါတယ်။ တစ်ရက်မှာတော့ Merida လေးကို
ထိမ်းမြှားလက်ထပ်ပေးဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် Merida ကတော့
စိတ်မ၀င်စားပဲ လွတ်လပ်စွာပဲ နေထိုင်ချင်ပါတယ်။
ဒါနဲ့ သူဖခင်ဘုရင်ကြီးရဲ့ ပြိုင်ဘက် ၃ နိုင်ငံက လူတွေ
ရောက်ရှိလာပြီး Merida လေးနဲ့ ထိမ်းမြှားပေးဖို့အတွက် မင်းသားငယ်လေးတွေပါ
ပါလာခဲ့ပါတယ်။ ထိုပြိုင်ဘက် ၃ နိုင်ငံက မင်းသားငယ်တွေကို စွမ်းရည်ပြ
ပြိုင်ပွဲလေး ပြုလုပ်ပေးပြီး အနိုင်ရရှိသူက Merida လေးနဲ့
လက်ထပ်ထိမ်းမြှားပေးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ မြှားပစ်ပြိုင်ပွဲလည်း
ပါဝင်ပြီး မင်းသားတွေ မြှားပစ်ပြိုင်နေတာကိုစိတ်ပျက်စွာ ကြည့်နေတဲ့ Merida
လေးက ရုတ်တရက်သူ့ မြှားပစ်စွမ်းရည်ကိုပြသလိုက်ပါတော့တယ်။
ထိုအဖြစ်အပျက်လေးကြောင့် သူ့အမေက ဆူပူတဲ့အတွက် Merida ဟာ
စိတ်ကောက်ပြီး အပြင်ကိုမြင်းတစ်စီးနဲ့ ထွက်သွားပါတော့တယ်။
လမ်းတစ်နေရာအရောက်မှာတော့ ထူးခြားစွာ
ကျောက်တုံးကြီးတွေစိုက်ထူးထားတဲ့နေရာရောက်ရှိပြီး ထိုမှတစ်ဆင့်
သူငယ်ငယ်တုန်းက တွေ့ခဲ့ဖူးတဲ့ wisp လေးတွေ့နဲ့ တွေ့မိပါတော့တယ်။ ထို wisp
လေးတွေရဲ့ ခေါ်ဆောင်ရောင်နောက်လိုက်ပြီး စုန်းမ တစ်ယောက်နဲ့ ဆုံမိပါတော့တယ်။
ထိုစုန်းမကြီးဆီကနေပြီးတော့ သူ့အမေရဲ့ စိတ်ကို
ပြောင်းသွားစေမယ့်ဆေးဖော်ခိုင်းပြီး ၀ယ်လာခဲ့ပါတော့တယ်။
နန်းတော်ပြန်အရောက် စုန်းမကြီးပေးလိုက်တဲ့ ဆေးကို
မုန့်ထဲထည့်ပြီး သူ့အမေကို ကျွေးလိုက်ပါတော့တယ်။ ထိုအခါမှာတော့
သူထင်သလိုဖြစ်မလာတော့ပဲ ကောက်ကျစ်တဲ့ စုန်းမကြီးကြောင့် သူ့အမေဟာ
ဝက်ဝံကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်။
ဝက်ဝံကြီးအဖြစ်ပြောင်းလဲသွားတဲ့ သူ့အမေကို Merida လေးက
ဘယ်လိုဘယ်ပုံနည်း ကြိုးစားပြီး သူ့အမေနဂိုဘ၀ပြန်ရောက်အောင်
လုပ်ခဲ့သလည်းဆိုတာကတော့ . . . . .
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Epic 2013 Animation Movie(မြန်မာစာတန်းထိုး)
ဒီတစ်ခါကာတွန်းကားလေးတင်ပေးလိုက်ပါတယ်
မကြည့်ရသေးရင်ဒေါင်းပြီးကြည့်နိုင်ပါပြီ
Qualityကအကြည်ပါ
သဘာဝကျကျရိုက်ထားတဲ့animationအမျိုးအစားဇာတ်ကားလေးပါ
ကြည့်မယ်ဆိုရင်အောက်မှာရယူနိုင်ပါပြီ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
The Pirate Fairy 2014(မြန်မာစာတန်းထိုး)

Animation movies ကြိုက်သူများအတွက်တော့အကြိုက်တွေ့စေမယ့်ကာတွန်းကားလေးပါ
၂၀၁၄ ဒီနှစ်မှထွက်ထားတာပါ
လိုချင်ရင်အောက်မှာယူနိုင်ပါပြီ
၂၀၁၄ ဒီနှစ်မှထွက်ထားတာပါ
လိုချင်ရင်အောက်မှာယူနိုင်ပါပြီ
Movie Quality:720p HD
Run time :78min
File size :730mb
Type : Animation,Fantasy,Adventure
Run time :78min
File size :730mb
Type : Animation,Fantasy,Adventure
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Jungle Book (2016) မြန်မာစာတန်းထိုး
Jungle Book ဟာ Rudyard Kipling ရဲ့ နာမည်ကျော်စာအုပ်နဲ့ 1967 ကထွက်ခဲ့တဲ့
နာမည်ကျော် Jungle Book ကာတွန်းကားတို့ကို လူနဲ့ Visual effect တွေသုံးပြီး
အသက်ပြန်သွင်းထားတာဖြစ်ပါတယ်။ Jungle Book ရဲ့ ဇာတ်လမ်းကိုတော့
ပိတ်သတ်ကြီးက သိပြီးသားမို့လို့ အထွေအထူးတော့ ပြောပြစရာမရှိပါဘူး။ ဆိုတော့
ရိုက်ထားတဲ့အကြောင်း အရင်ပြောပါ့မယ်။
Iron Man ဒါရိုက်တာ Jon Favreau ရဲ့လက်ရာဖြစ်တဲ့ Jungle Book ဟာ ဒီနှစ်ရဲ့
အကောင်းဆုံးကားတွေထဲမှာပါပါတယ်။ တော်တော်များများအတွက်လည်း
အကောင်းဆုံးဆိုတဲ့ကားဖြစ်နေမယ်ထင်ပါတယ်။ ဇာတ်လမ်းစစချင်း Jungle Book
ဆိုတဲ့စာတန်းထိုးကတည်းက ဇာတ်လမ်းဆုံးတဲ့အထိ ကြည့်နေသူကို
တောကြီးမျက်မည်းထဲရောက်သွားသလိုဖြစ်အောင် လုပ်ထားနိုင်ပါတယ်။
Cinematography ကိုလည်း အရမ်းသဘောကျပါတယ်။ Mowgli နဲ့ eye-level လောက်မှာပဲ
အများဆုံးရှိပြီး ရိုက်ထားတဲ့အတွက် ကိုယ်ဟာ သူ့နေရာမရောက်ရင်တောင်
သူဘယ်လိုမြင်နေခံစားနေရသလဲဆိုတာ ခံစားရတယ်။ Overhead shot တွေဆို
မပါသလောက်ပါပဲ။ နောက် အခန်းတစ်ခန်းမှာဆို တော်ရုံလူ ငိုချင်စိတ်ပေါက်အောင်
feel တွေပေးပါသေးတယ်။
ကလေးကလွဲလို့ အားလုံးနီးပါး CGI တွေချည်းဆိုပေမဲ့ ဘယ်ဟာအတုမှန်း
ခွဲမရလောက်အောင် CGI နဲ့ Animation တွေက ကောင်းလွန်းအားကြီးပါတယ်။
Animation မှာတော့ Disney ကို လုံးဝလက်လန်တယ်လို့ ပြောချင်ပါတယ်။
တိရိစ္ဆာန်တွေကို animation တွေသုံးပြီးဆွဲ၊ စကားပြောခိုင်း
သရုပ်ဆောင်ခိုင်းတာ တော်ရုံလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူတို့ရဲ့
လှုပ်ပုံရှားပုံတွေ ဟန်ပန်အမူအရာတွေ အကုန်လုံးတူအောင်
လိုက်လုပ်ဖို့ဆိုပိုဆိုး။ JB မှာတော့ အားလုံးက perfect လို့ပြောလို့ရအောင်
အသက်ဝင်လွန်းပါတယ်။ နောက် သူတို့ပြချင်တဲ့ အကြောင်းကို သေချာပြနိုင်တာ
သဘောကျတယ်။ ဥပမာ ကြီးကျယ်မြင့်မြတ်လှတဲ့ ဆင်တွေဆိုရင် မြင်ကတည်းက
အဲလိုပုံစံကို မပြောဘဲလဲ ခံစားရတယ်။ အသံနဲ့သရုပ်ဆောင်ထားတဲ့ Bill Murray,
Ben Kingsley, Idris Elba တို့ကလည်း အသံနဲ့ ဇာတ်ကောင်၊ စကားပြောတာ
လိုက်လွန်းအားကြီးတယ်။ Cast အရွေးတော်တယ်။ Mowgli လုပ်တဲ့ Neel Sethi လည်း
တော်တော်လေး အပင်ပမ်းခံထားပါတယ်။ တစ်ချက်တစ်ချက် စကားပြောတာနည်းနည်း
ဟာနေတာလေးရှိတာကလွဲလို့ တော်တော်လေး သရုပ်ဆောင်ကောင်းတယ်ဗျ။
Jungle Book ဟာ အဘက်ဘက်က ပြည့်စုံနေတဲ့ကားတစ်ကားပါ။ သို့ပေမဲ့ တစ်ခုရှိတာက
သူ့ဇာတ်လမ်းကို နဂိုတည်းက သိပြီးမို့လို့ တချို့အတွက်တော့ ဇာတ်လမ်းပိုင်း
နည်းနည်းအားမရတာတွေဖြစ်နိုင်ပါတယ်။ မှန်းလို့ရတာတွေလည်း ပါတာကိုး။
သို့ပေမဲ့ Baloo ဇာတ်ကောင်ကြောင့် ပိတ်သတ်ကြီးက
တစ်ကားလုံးပျင်းရမှာမဟုတ်ပါဘူး။ သူက ပွဲဆူအောင် လုပ်နေတာကိုး။ ထားပါတော့။
Jungle Book ဟာ ကလေးရော လူကြီးရော ကြိုက်ကြမဲ့ကားပါ။ သို့ပေမဲ့ နည်းနည်း
ကြမ်းတဲ့ ကလေးငယ်တွေအတွက် မသင့်တော်လောက်တဲ့ ကြောက်စရာ
စိတ်လှုပ်ရှားစရာအခန်းတွေပါလို့ Age Rating က PG ပါ။ G မဟုတ်ပါဘူး။ အဲဒီလို
ကလေးလိုမျိုးမဟုတ်ဘဲ လူကြီးလည်းကြည့်လို့ရအောင် အရမ်း
ပုံပြင်မဆန်အောင်ပီပီပြင်ပြင်ရိုက်ထားတာကို အဓိကသဘောကျမိပါတယ်။ အခုဆို
တော်တော်များများကြည့်ပြီးကြပြီထင်ပါတယ်။ မကြည့်ရသေးရင်လည်း သွားကြည့်ကြပါ။
ကျော်ကတော့ ကိစ္စရှိလို့ ကြည့်တာ နှစ်ခေါက်ရှိပီ 😀 (သို့ပေမဲ့
ဒုတိယတစ်ခေါက်ကျတော့ နည်းနည်းပျင်းဖို့ကောင်းသွားတယ်ဗျ)ကဲ ကြည့်ပြီးတဲ့
ပိတ်သတ်ကြီးလည်း Jungle Book ကိုဘယ်လိုမြင်ပါသလဲ။ ဘယ်အခန်း (သို့မဟုတ်)
ဇာတ်ကောင်ကို အကြိုက်ဆုံးပါလဲ။ မန့်သွားကြပါဦးလို့။
ဘာသာပြန်သူကတော့ ကိုMyatMinSoe ဖြစ်ပါတယ်ဗျ။ရုပ်ရှင်အညွှန်းကိုတော့ www.datshin.com မှ ကူးယူဖော်ပြပါတယ်။
Quality :360p HD
Format :Mp4
Encode : Thanhtike Zaw
Running Time : 1hr 45 minute
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
the secret life of pets (2016)
Jack Russell Terrier အမျိုးအစား ခွေးလေး
Max ဟာ သူ့ရဲ့ပိုင်ရှင် ကေတီနဲ့အတူ မန်ဟက်
တန်မြို့မှာ ပျော်ရွှင်စွာနေထိုင်နေရင်းက တစ်နေ့
မှာတော့ ပိုင်ရှင် ကေတီဟာ ပိုင်ရှင်မဲ့ စုတ်ဖွား
အမွှေးပွ ခွေးကြီး Duke ကို အိမ်ကိုခေါ်လာခဲ့ပါ
တယ်။ Duke က max ရဲ့ အိမ်ယာတွေကို အပိုင်
စီး၊ အစာခွက်တွေကိုပါ အကုန်လုံးစားလိုက်တဲ့အခါ
max ကတော့သူ့ရဲ့ဗိမာန်လေး ပျက်ပါပြီဆိုပြီး
စိတ်တွေညစ်နေရင်းက သူ့ရဲ့အိမ်နီးနားက
သူငယ်ချင်း ကြောင်ဝတုတ်လေးကို အကူအညီသွား
တောင်းပါတယ်။ ဒီလိုနဲ့ max ဟာ Duke အပေါ်
နိုင်ကွက်ရသွားပြီးတော့ duke ကို ထိန်းနိုင်ခဲ့တယ်။
တစ်နေ့ပန်းခြံထဲကို ထွက်ရင်းနဲ့ duke က maxကို
မလိမ့်တပတ်နဲ့တခြား တစ်နေရာကို ပစ်ထုတ်ဖို့
ကြိုးစားရင်းက ………..max နဲ့ duke ဟာ လူတွေ
ရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးရဲ့
ခေါင်းဆောင် ယုန်လေး Snowball နဲ့ အမှတ်မထင်
တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး
အဲဒီအချိန်မှာပဲ Max ကို တစ်ဖက်သတ်ကြိုက်နေတဲ့
အဖြူရောင် Pomeranian ခွေးမလေး Gidget ကလည်း
Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့
ချီတက်လာတဲ့အခါမှာတော့……IMDb rating 6.8
ရရှိထားတဲ့ ဒီကားလေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ
အိမ်မှာ ကျန်နေခဲ့တဲ့အခါ သူတို့ ဘာလုပ်နေကြမယ်
သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတောနေ
ကြမယ်ဆိုတာကို ဒီ Animation လေးထဲမှာ ကြည့်ကြ
ပါစို့။…………ပုံမှန်အတိုင်း pcloud ကနေ HD 720P
ကို 600 MB နဲ့ တင်ပေးထားပါတယ်။
မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။
Max ဟာ သူ့ရဲ့ပိုင်ရှင် ကေတီနဲ့အတူ မန်ဟက်
တန်မြို့မှာ ပျော်ရွှင်စွာနေထိုင်နေရင်းက တစ်နေ့
မှာတော့ ပိုင်ရှင် ကေတီဟာ ပိုင်ရှင်မဲ့ စုတ်ဖွား
အမွှေးပွ ခွေးကြီး Duke ကို အိမ်ကိုခေါ်လာခဲ့ပါ
တယ်။ Duke က max ရဲ့ အိမ်ယာတွေကို အပိုင်
စီး၊ အစာခွက်တွေကိုပါ အကုန်လုံးစားလိုက်တဲ့အခါ
max ကတော့သူ့ရဲ့ဗိမာန်လေး ပျက်ပါပြီဆိုပြီး
စိတ်တွေညစ်နေရင်းက သူ့ရဲ့အိမ်နီးနားက
သူငယ်ချင်း ကြောင်ဝတုတ်လေးကို အကူအညီသွား
တောင်းပါတယ်။ ဒီလိုနဲ့ max ဟာ Duke အပေါ်
နိုင်ကွက်ရသွားပြီးတော့ duke ကို ထိန်းနိုင်ခဲ့တယ်။
တစ်နေ့ပန်းခြံထဲကို ထွက်ရင်းနဲ့ duke က maxကို
မလိမ့်တပတ်နဲ့တခြား တစ်နေရာကို ပစ်ထုတ်ဖို့
ကြိုးစားရင်းက ………..max နဲ့ duke ဟာ လူတွေ
ရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးရဲ့
ခေါင်းဆောင် ယုန်လေး Snowball နဲ့ အမှတ်မထင်
တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး
အဲဒီအချိန်မှာပဲ Max ကို တစ်ဖက်သတ်ကြိုက်နေတဲ့
အဖြူရောင် Pomeranian ခွေးမလေး Gidget ကလည်း
Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့
ချီတက်လာတဲ့အခါမှာတော့……IMDb rating 6.8
ရရှိထားတဲ့ ဒီကားလေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ
အိမ်မှာ ကျန်နေခဲ့တဲ့အခါ သူတို့ ဘာလုပ်နေကြမယ်
သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတောနေ
ကြမယ်ဆိုတာကို ဒီ Animation လေးထဲမှာ ကြည့်ကြ
ပါစို့။…………ပုံမှန်အတိုင်း pcloud ကနေ HD 720P
ကို 600 MB နဲ့ တင်ပေးထားပါတယ်။
မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Robinson Crusoe (The Wild Life) 2016 မြန်မာစာတန်းထိုး
ဒီနေ့အတွက် 9 September 2016 ရက်နေ့က (USA) မှာရုံတင်တဲ့ ဘယ်လ်ဂျီယံ – ပြင်သစ် သရီးဒီအန်နီမေးရှင်း စွန့် စားခန်းဟာသဇာတ်ကားသစ်လေး ကိုတင်ပေးလိုက် ပါတယ်။ ဇာတ်ကားနာမည်နှစ်ခုနဲ့ ထွက်ရှိ လာတာဖြစ်ပြီး နာမည်ကို မြင်တာ နဲ့ ပရိသတ်တွေ ရင်းနှီးပြီးသား အ ကြောင်းအရာဖြစ်တာမို့ စိတ်ဝင် စားကြမယ် ထင်ပါတယ်။ ဇတ်ကားအညွှန်း အပြည့်အစုံကိုတော့ လင့်ထဲမှာဘဲ ၀င်ဖတ်လိုက်ပါနော်။ FB ပေါ်မှာဆိုရင် အရှည်ကြီး ဖြစ်နေ တာမို့ပါ။ ပုံမှန်အတိုင်း Pcloud ကနေ HD 720P bluray ကိုတင်ပေးထားပါတယ်။ တောင်ပစိဖိတ်ပင်လယ်ထဲ က ကျွန်းလေးတစ်ကျွန်းမှာ ကြက်တူရွေးလေး မက်နဲ့ သူ့မိတ်ဆွေ တွေ အတူနေထိုင်ကြပြီး ပြာလဲ့လဲ့ ကောင်းကင်၊ ကြည် လင်လှပတဲ့ ပင်လယ်ရေ၊ လတ်ဆတ်တဲ့သီးနှံ တွေ၊ ကြွပ်ရွတဲ့ အင်းဆက်တွေ လည်း ရှိတာမို့ လောကနိဗ္ဗာန်ဖြစ် ပေမယ့်လည်း နေ့တိုင်းဒီလိုမြင် ကွင်းမျိုး တွေချည်းပဲမို့ မက်တော် တော်ကြီးကို ပျင်းနေခဲ့ပါတယ်။ ဒါ ကြောင့်မို့ အကြောင်းအရာသစ် တွေကို စူးစမ်းလေ့လာရအောင်လို့ အရာရာပြည့်စုံတဲ့ ကျွန်းလေးက နေ ထွက်သွားဖို့ မက်ကစိတ်ကူး ထားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရော်ဘင် ဆင်ခရူးဆိုးနဲ့ သူ့ရဲ့ခွေးလေး အန် စလေ တို့ဟာ ကျွန်းတွေကိုစူးစမ်း လေ့လာဖို့ဆိုပြီး သင်္ဘောနဲ့ လိုက် ပါလာကြ ရင်း မုန်တိုင်းမိပြီး မက် တို့နေတဲ့ ကျွန်းပေါ်ကိုရောက်သွား ခဲ့ပါတယ်။ ခရူးဆိုး၊ အန်စလေတို့ နဲ့အတူ သင်္ဘောပေါ်က ကြောင် နှစ်ကောင်လည်း ကျွန်းပေါ်တင်ခဲ့ တာဖြစ်ပြီး မက်ကတော့ သူတို့နေရာကို ရောက်လာတဲ့ ထူးထူးဆန်းဆန်းသူစိမ်းတွေကို မျက်စိအောက်က အပျောက်မခံစောင့် ကြည့်နေ ခဲ့ပါတယ်။ အဲဒီအခါမှာ မက်နဲ့ကြောင် နှစ်ကောင်ဆုံပြီး မက်တိုက်ခိုက်ခံ ရတာကို အန်စလေက၀င်ကူပေး ခဲ့ပြီး ဒဏ်ရာရသွားတဲ့မက်ကို ခရူး ဆိုးက ဆေးကုပေးခဲ့ပါတယ်။ မက်ကို ခရူးဆိုးက ကျူးစ်ဒေးလို့ အမည်ပေးခဲ့ပြီး ခရူးဆိုးက လူ ကောင်းတစ်ယောက်ဖြစ်တဲ့အ ကြောင်း အန်စလေက မက်ကို ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ နေလာကြရင်း ကြောင်နှစ်ကောင်ဟာ ကျွန်းပေါ် မှာရှိတဲ့ တခြားတိရစ္ဆာန်တွေကို ခရူးဆိုးက မက်ကိုစားပစ်ဖို့ အကြံ အစည်ရှိတယ်ဆိုပြီး လိမ်လည် ပြောကြားခဲ့ကြတာမို့ မက်နဲ့အန် စလေမရှိတုန်း ခရူးဆိုးကို ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့အ ခြေအနေတွေ ရုတ်ရုတ်သဲသဲဖြစ် ကာ မီးလောင်ပေါက်ကွဲမှုဖြစ်ရင်း အန်စလေသေသွားခဲ့ပါတယ်။ ၀မ်းနည်းပူဆွေးနေတဲ့ ခရူး ဆိုးကို မက်နဲ့တခြားတိရစ္ဆာန်တွေ က အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဆိုးသွမ်းတဲ့ကြောင်တွေက ကျွန်းပေါ် မှာရှိနေတုန်းမို့ ခရူးဆိုးနဲ့ မက်တို့ ကို ဒုက္ခပေးဖို့ ထပ်မံကြံစည်ခဲ့ကြ ပါတယ်။ ခရူးဆိုးတို့တွေ ကျွန်းပေါ် မှာ ဘယ်လိုအဖြစ်အပျက်တွေ ဆက်ကြုံရဦးမှာလဲ။ ကျွန်းကခွာပြီး စူးစမ်းချင်တဲ့ မက်ကော ဘယ်လို ရှေ့ဆက်မှာလဲဆိုတာတော့ ကိုယ် တိုင်ပဲ ဆက်ကြည့်လိုက်ဦးနော်။ မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Aladdin (1992) မြန်မာစာတန်းထိုး
အာလာဒင်ဆိုတဲ့ လမ်းသရဲကောင်လေးတစ်ယောက်က သူ၏မိတ်ဆွေအဘူးဟုခေါ်သော မျောက်ကလေးနှင့်အတူ အက်ဂဘာမြို့တွင်နေထိုင်သည် ။
တစ်နေ့တွင်နန်းတော်မှ ထွက်ပြေးလာသော မင်းသမီးဂျက်စမင်နှင့် ဈေးထဲတွင်တွေ့ဆုံခဲ့သည် ။
သို့ရာတွင် လူယုတ်မာအမတ်ကြီးဂျက်ဖာ၏ ကြံစည်မှုကြောင့် အက်ဂဘာ အကျဉ်းထောင်တွင်အဖမ်းခံခဲ့ရသည်။
ဂျက်ဖာမှ ထူးဆန်းသောမီးခွက်ကို ရှာဖွေရန်အာလာဒင်အားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုမီးခွက်ရှိရာအံ့ဖွယ်ဂူထဲသို့ ၀င်ရောက်နိုင်သူမှာ အာလာဒင်တစ်ဦးတည်းသာဖြစ်ပြီး အာလာဒင်မှထူးဆန်းသောမီးခွက်ကို ရှိသွားသောအခါ....
မင်းသမီးအားမြင်မြင်ချင်းဆွဲလန်းခဲ့သောအာလာဒင် မင်းသမီးနှင့်ဖူးစာဆုံနိုင်မလား.......
လူယုတ်မာ ဂျက်ဖာလက်မှ အက်ဂဘာနန်းတော်ကို ဘယ်လိုကယ်တင်မလဲ..........
ဒေါင်းလုပ်ဆွဲကြည့်နည်း
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
DOWNLOAD .ဆိုဒ်အကြီး
Elephant Kingdom (2016) မြန်မာစာတန်းထိုး
နန်းတွင်းထဲမှ ဘုရင့်စီးတော်ဆင်
မိသားစုရဲ့ စွန့်စားခန်း အက်ရှင်တွေ ဟာသတွေနဲ့ ပြည့်နှက်နေတဲ့
ကာတွန်းဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်..။ Rock လို့ခေါ်တဲ့
စွယ်စုံဆင်ကြီးဦးဆောင်တဲ့ စီးတော်ဆင်မိသားစုရဲ့ အရှင်သခင် လူသားဘုရင်ကြီး
Patrick ရန်သူတွေရဲ့ အကောက်ကြံခြင်းခံရကာ ဓားစာခံအဖြစ်ဖမ်းဆီခံထားရပြီး
လူသားတွေက ဘုရင်မရှိတဲ့ အချိန်မှာ ထီးနန်းလုဖို့ အတွက်ပဲ
အာရုံတက်မက်နေကြပြီး ဘုရင်ကိုပြန်လည်ကယ်တင်ဖို့ အတွက်
အာရုံသိပ်မထားကြပါဘူး.။ ဘုရင်ကြီးလမ်းဆုံးရောက်တော့မယ်အချိန်မှာပဲ
လူသားတွေကို နှိုးကြားစေဖို့ သစ္စာဆိုတာကိုသတိရလာစေဖို့အတွက် ဆင်မိသားစုလေးဟာ
အသက်ကို ပဓာနမထားပဲ ဘုရင်ကြီးကို ကယ်တင်ဖို့ အတွက် ကြိုးပန်းကြတဲ့
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ.။ ချစ်စရာဆင်မိသားစုကို ကြည့်ရှု့ပျော်ရွှင်ရင်း
ဟာသတွေ စွန့်စားခန်းအက်ရှင်တွေ အပြည့်နဲ့ ဇာတ်လမ်းမို့ Goldchannel
ပရိတ်သတ်ကြီးအတွက် ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ရပါတယ်.။
Translate by: Pyi Ent Kyaw
Encode by: Eric Min Khant
Quality 720P HD
ဒေါင်းလုပ်ဆွဲကြည့်နည်း
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
DOWNLOAD .ဆိုဒ်အကြီး
DOWNLOAD .ဆိုဒ်အသေး
Batman Unlimited: Mechs vs. Mutants (2016) မြန်မာစာတန်းထိုး
Batman Unlimited: Mechs vs. Mutants (2016) မြန်မာစာတန်းထိုး
Gotham မြို့က သူရဲကောင်းကြီး Batman ရဲ့ 2016 ထုတ်နောက်ဆုံးစွန့်စားခန်းတွေထဲက တစ်ခုဖြစ်တဲ့ mechs vs mutants လာပါပြီခင်ဗျာ။ Batman Unlimited series ရဲ့နောက်ဆက်တွဲ ဒီကားမှာ Mr.Freeze ဟာ Gotham ရဲ့ အဓိကရန်သူတွေထဲအပါအဝင်ဖြစ်တဲ့ Killer Croc နဲ့ Chemo တို့ကို သူ့ရဲ့တီထွင်မှုတစ်ခု စမ်းသပ်လိုက်တဲ့အခါမှာတော့ အန္တရာယ်အရမ်းများတဲ့ villain တွေဖြစ်လာပါတော့တယ်။ အနက်ရောင်သူရဲကောင်းကြီး Batman အနေနဲ့ ဘယ်လိုနည်းပညာတွေ၊ ဘယ်လိုစွန့်စားမှုမျိုးတွေနဲ့ ဒီGotham မြို့ကြီးကို ကာကွယ်ပေးဦးမလဲဆိုတာ ရှုမြင်ခံစားကြရမှာပါ။ Penguin နဲ့ Clayface ဆိုတဲ့ villain နှစ်ယောက်အပါအဝင် DC universe ထဲက လူဆိုးတော်တော်များများကိုပါ ပွဲထုတ်ပြထားပြီး DC animation တွေကို ရုံတင်movie တွေထက်ပိုစွဲလမ်းတတ်ကြတဲ့ DC hardcore fan တွေရော၊ animation မှန်သမျှကို စိတ်ဝင်တစားစောင့်ကြည့်တတ်ကြတဲ့ပရိသတ်တွေအားလုံးပါ ကြည့်ရှုနိုင်စေဖို့ gold channel က တင်ဆက်ပေးလိုက်ပါတယ်။
Review by: Scarlet Phoenix
Translate by: Chit Mee
Encode by: Eric Min Khant
Size - 500MB
Quality -720P HD
ဒေါင်းလုပ်ဆွဲကြည့်နည်း
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
Watch & Donwload Here HD ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
Big Hero 6 (2014) မြန်မာစာတန်းထိုး
Marvel Comic Book ကို Disney က ဘာလို့ ရိုက်ကူးလို့ရတာလည်း လို့ တွေးနေတဲ့သူတွေ အတွက်ကတော့ Marvel ကုမ္ပဏီက Disney ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တာကြောင့် ရိုက်ကူးလို့ရတာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းပြောရရင်တော့ Trailer မှာပါခဲ့သလိုပဲ Hiro က အရမ်းဥာဏ်ကောင်းတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး သူ့အကို Tadashi ကလည်း စက်ရုပ်တီထွင်သူတစ်ဦးဖြစ်ပါတယ်။ Hiro က လမ်းဘေးက Robot fight တွေမှာပဲ အချိန်ဖြုန်းနေလို့ သူ့အကို ဖြစ်သူက သူနဲ့အတူ Lab မှာ လုပ်ဖို့ ခေါ်ခဲ့ရာက အခြား ဇာတ်ကောင်တွေဖြစ်တဲ့ GoGo Tomago (Jamie Chung), Wasabi (Damon Wayans, Jr.), Honey Lemon (Génesis Rodríguez), and Fred (T.J. Miller) နဲ့ Baymax (Scott Adsit) တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်ကံဆိုးစွာနဲ့ University Lab မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Tadashi က မီးထဲမှာသေဆုံးသွားပါတယ်။
တစ်နေ့မှာတော့ Hiro တီထွင်ထားတဲ့ Micro-Bots တွေကို ခိုသွားတဲ့သူကို အမှတ်မထင်ပဲ တွေ့လိုက်ရပြီး နောက် Baymax ကို Super robot ဖြစ်အောင် Upgrade လုပ်ပြီး ရန်သူကို ရင်ဆိုင်ကြပုံကို စိတ်ဝင်စား စွာ ကြည့်ရှုရမှာပါ။
Disney ရဲ့ Big Hero 6 မှာ စိတ်ဝင်စားစရာ နှစ်ခုသွားတွေ့ပါတယ်။ ပထမတစ်ခုက Wasabi ဆိုတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ကာတွန်းစာအုပ်ထဲမှာ မပါတဲ့ ဇာတ်ကောင်ဖြစ်ပြီး ဒီကားထဲမှာ African American ဇာတ်ကောင် အဖြစ် ပါဝင်ထားပါတယ်။
နောက်တစ်ခုက ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် ဖြစ်တဲ့ Hiro က Asian American ဇာတ်ကောင် ဖြစ်ပြီး Disney အနေနဲ့ ပထမဆုံး အာရှသား ဇာတ်ကောင်ကို ခေါင်းဆောင်အနေနဲ့ ရိုက်ကူးတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်နေတာကြောင့် လူနည်းစုဖြစ်တဲ့ လူမျိုးတွေကို ရုပ်ရှင်တွေမှာ တွေ့ရခဲပါတယ်။ ဒါ့အပြင် Disney ရဲ့ ကာတွန်းအများစုက White Character တွေဖြစ်တာကြောင့် သူတို့အနေနဲ့ လူမျိုးစုံပါအောင် ရိုက်ကူး နိုင်တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
ဒီကားက ကလေးတွေ အကြိုက်တွေ့စေမယ့် ကာတွန်းကား မျိုးဖြစ်သလို လူကြီးတွေလည်း မပျင်းစေရပါဘူး။ မိသားစုကြည့်လို့ရပါတယ်။
ရုပ်ရှင်အညွှန်း - ရုပ်ရှင်မိတ်ဆက်
IMDB 7.9 အထိရထားတဲ့ animation ကားဟာ 1h:42mins ကြာမြင့်ပါတယ်။ 646 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ဒေါင်းလုပ်ဆွဲကြည့်နည်း
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
DOWNLOAD
TARZAN 2013(မြန်မာစာတန်းထိုး)

ဇာတ်လမ်းအကျဉ်း
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၀ ကျော်က ကမ္ဘာကြီးပေါ်မှာ
ဒိုင်နိုဆောတွေ ကြီးစိုးခဲ့ပါတယ်။ အဲဒီကမ္ဘာလောကကြီးကို အဆုံးသတ်သွားစေမယ့်
ဥက္ကာခဲကြီးတစ်ခုဟာ အာဖရိက တောနက်ကြီး တစ်ခုထဲကို ပြုကျပြီး ရေခဲတစ်ခေတ်
စတင်စေခဲ့ပါတယ်။ အဲဒီဥက္ကာခဲကြီးမှာ ထူးခြားတဲ့ စွမ်းအင်တွေ ပါနေပြီး
မြောက်များလှတဲ့ သက်ရှိတွေ အညွန့်တုံးသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ
ကြာပြီးနောက် ၂၀ ရာစု နှောင်းပိုင်းကာလမှာ John Greystoke ဟာ
စွမ်းအင်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒဏ္ဍာရီထဲက ဥက္ကာခဲကြီးကို
လာရောက်ရှာဖွေပါတယ်။ ဒါပေမယ့် သံလိုက်လှိုင်းတွေ နှောင့်ယှက်မှုကြောင့်
တောနက်ထဲကို ၀င်ရောက်ရှာဖွေနိုင်ခြင်း မရှိပဲ နယူးယောက်ကို ပြန်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။ သူ့သူငယ်ချင်း James Porter ကတော့ သဘာဝတောနက်ကြီးမှာပဲ
ပျော်မွေ့နေပြီး မပြန်ဖြစ်ခဲ့ပါဘူး။ John Greystoke ဟာ မိသားစုနဲ့အတူ
နယူးယောက်ကို ပြန်ဖို့ ကြိုးစားရင်း အဲဒီဥက္ကာခဲကြီးကို
ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရဟတ်ယာဉ်ဟာ
တောနက်ကြီးထဲ ပျက်ကျသွားပြီး သားဖြစ်တဲ့ John Junior လေးပဲ
အသက်ရှင်ကျန်ခဲ့ပါတယ်။

မိသားစုမရှိတော့တဲ့ မျောက်ဝံကြီး Tublat ဟာ
တခြားမျောက်ဝံအုပ်စုတစ်ခုရဲ့ ခေါင်းဆောင် Kerchak ကို အနိုင်တိုက်ခိုက်ပြီး
မျောက်ဝံအုပ်စုကို ထိန်းချုပ်လိုက်ပါတယ်။ Kerchak ရဲ့ အဖော် Kala ဟာ
Tublat ရဲ့ ရန်စမှုကို တုံ့ပြန်နေတုန်း သူ့ရဲ့ သားငယ်ဟာ ချောက်ထဲကျပြီး
သေဆုံးသွားခဲ့ပါတယ်။ Kala ဟာ ရဟတ်ယာဉ်ပျက်ကျတုန်းက အသက်ရှင်နေခဲ့တဲ့ John
Junior လေး တာဇံကို သားအရင်းလိုပဲ မွေးမြူထားခဲ့ပါတယ်။

တာဇံဟာ မျောက်တွေနဲ့ ကျားသစ်တွေရဲ့ စွမ်းရည်ကို အတုယူရင်း
ကြီးထွားလာခဲ့ပါတယ်။ ဆယ်ကျော်သက် တာဇံဟာ တောနက်ထဲမှာ နေရင်း James Porter
ဆီ အလည်လာတဲ့ Jane ကို တွေ့သွားပါတယ်။ မတော်တဆ မြွေကိုက်ခံရတဲ့ Jane ကို
ကူညီရင်း တာဇံဟာ Jane ကို စွဲလမ်းသွားပါတယ်။ ဒါပေမယ့် Jane ဟာ မြို့ကို
ပြန်သွားပြီး တာဇံအတွက် ပုဝါလေး ထားရစ်ခဲ့ပါတယ်။

လူတွေနဲ့ တွေ့လိုက်ရပြီး နောက်မှာတော့ တာဇံဟာ သူ့မိဘတွေ
ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ နေရာကို ပြန်သွားခဲ့ပါတယ်။ လူစိတ်အနည်းငယ်
ပြန်ဝင်လာပေမယ့် အတိတ်ဆိုးကို မမှတ်မိချင်တဲ့ တာဇံဟာ တောထဲမှာပဲ
ကြီးပြင်းလာခဲ့ပါတယ်။ နှစ်တွေ ကြာခဲ့ပြီးနောက်မှာတော့ Jane ဟာ Greystone
ကုမ္ပဏီရဲ့ အထောက်အပံ့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဖို့
ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် Greystone ကုမ္ပဏီရဲ့ CEO အသစ် Clayton ဟာ
ဒီဒေသမှာ John Greystone တွေ့ခဲ့တယ်လို့ ယူဆရတဲ့ ဥက္ကာခဲကို
လာရောက်ရှာဖွေဖို့ ရည်ရွယ်ထားတာပါ။

တာဇံရဲ့ မိသားစု သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ်ပေါ်ကို မျောက်ဝံကြီး
Tublat က လာရောက်မွှေနှောက်ပါတယ်။ မွှေနှောက်ရင်း ရဟတ်ယာဉ်ရဲ့ အချက်ပြ
ဆက်သွယ်ရေးစက်က အလုပ်လုပ်သွားတာကြောင့် Clayton ဟာ ရဟတ်ယာဉ် ပျက်ကျရာ
နေရာကို သိသွားပါတယ်။ တာဇံဟာ ဒီအန္တရာယ်ရှိတဲ့ Clayton ကို ဘယ်လို ခုခံမလဲ။
မကောင်းတဲ့ စွမ်းအားတွေ ရှိနေတယ်လို့ ယူဆရတဲ့ ဥက္ကာခဲကို လူတွေ မရောက်အောင်
ဘယ်လို ကာကွယ်မလဲ။ Jane ကိုရော အန္တရာယ်ကင်းအောင် ဘယ်လို စောင့်ရှောက်မလဲ။
Tublat နဲ့ ရန်ကြွေးကိုရော ဘယ်လို ရှင်းမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။

ဂျာမန်ဒါရိုက်တာ Reinhard Klooss ရိုက်ကူးပြီး 3D
ကာတွန်းအဖြစ် အသက်သွင်းထားတဲ့ Tarzan ဇာတ်ကားဟာ Edgar Rice Burroughs
ရေးသားတဲ့ Tarzan of the Apes ၀တ္ထုကို အခြေခံထားတာ ဖြစ်ပါတယ်။ တာဇံအဖြစ်
Kellan Lutz က အသံသရုပ်ဆောင်ထားပြီး Spencer Locke ၊ Joe Cappelletti ၊
Mark Deklin နဲ့ Jaime Ray Newman တို့ ပါဝင်သရုပ်ထားကြပါတယ်။ IMDb မှာ
Rating 4.6 ပဲ ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 20% ပဲ
ရရှိထားပါတယ်။

တာဇံရဲ့ ဇာတ်အိမ်ကို ပြောင်းပစ်လိုက်တဲ့အပြင်
ခေတ်သစ်အယူအဆတွေကို ထည့်သွင်းထားပေမယ့် ဇာတ်လမ်းအဆုံးသတ်
အလွန်ညံ့ဖျင်းပါတယ်။ တချို့အခန်းတွေမှာ မလိုအပ်ပဲ ဇာတ်ကွက်တွေ
ရှည်ထားတာမို့ ပျင်းစရာ ကောင်းလှပါတယ်။ ဇာတ်လမ်းအစပိုင်းမှာ စိတ်ဝင်စားဖို့
ကောင်းအောင် ဇာတ်အိမ်တည်ထားပေမယ့် နောက်ပိုင်းရောက်လာလေလေ စိတ်ပျက်ဖို့
ကောင်းလာလေလေပါပဲ။ 3D နဲ့ ဖန်တီးမှုအပိုင်းမှာ ကောင်းသလောက် ဇာတ်လမ်းရဲ့
တချို့အပိုင်းတွေမှာ ရှုခင်းလေးတွေ အရမ်းလှတာကလွဲရင် ကြည့်ရတဲ့သူ
စိတ်ပျက်မယ့် ဇာတ်ကားပါပဲ။ ကလေးကြိုက်သာသာ လောက်ပဲ ရှိတာမို့ ကလေးတွေ
အပျင်းပြေ ကြည့်ဖို့လောက်သာ သင့်တော်တဲ့
ရုပ်ရှင်ကားပါ။(mmmovieguide.comမှကူးယူဖော်ပြပါတယ်)
လိုချင်ရင်အောက်မှာဒေါင်းပါ
The Croods 2013(မြန်မာစာတန်းထိုး)
ကမ္ဘာဦးခေတ်က မိသားစုလေးအကြောင်းကို ရိုက်ပြထားတဲ့
ဇာတ်ကားကောင်းလေးတစ်ခုပါ။ ကမ္ဘာကြီးဆင့်ကဲပြောင်းလဲမှုကြောင့်
သူတို့နေထိုင်ရာ ကျောက်ဂူလေးပျက်စီးသွားပြီးနောက်
အပြင်လောကထဲလျောက်သွားရင်း မိသားစုပြင်ပမှ တီထွင်စဉ်းစားတတ်သော
ကောင်လေးနှင့် ဆုံစည်းဖြစ်ခဲ့ပါတယ်။ ထူးခြားဆန်းပြားလှသော အပြင်လောကထဲ
လျောက်သွားရင်း သာယာလှပသော ကမ္ဘာသစ်တစ်ခုစီ အမှတ်မထင် ရောက်သွားခဲ့ပုံလေးကို
စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားသော ဇာတ်လမ်းကောင်းလေးတစ်ခုပါ။
(mmmovieguide.com)
(mmmovieguide.com)
Imdbမှာ rating 7.1ရထားတဲ့ animationကားလေးပါ မကြည့်ရသေးရင်ကြည့်နိုင်ပါပြီ
အဆင်ပြေပါစေ
အဆင်ပြေပါစေ
Bridge to Terabithia (2007) မြန်မာစာတန်းထိုး
Imdb Rating 7.2/10 ဂျက်ဆီနှင့် လက်ဆီလီဆိုတဲ့ အဖော်မဲံကောင်လေးနှင့်
ကောင်မလေးတို့ ၂ ယောက်ဟာ မွန်းကျပ်လှတဲ့ သူတို့ ဘ၀ကြီမှာ
စိတ်ထွက်ပေါက်ရှာကြရင်းတဲ့ စိတ်ကူးယဉ် မှော်ကမ္ဘာဖြစ်တဲ့ Terabithia ဆိုတဲ့
ကမ္ဘာတစ်ခုကို ဖန်တီးမိခဲ့ကြပါတယ်.။ သူတို့ နှစ်ယောက်အုပ်စိုးနိုင်တဲ့
လောကကြီတစ်ခုကိုပေါ့.။ မှော်ကမ္ဘာ Terabithia မှာ တွေ့ရတဲ့ အခက်အခဲတွေကို
တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီကြရင်နဲ့ ရရှိလာတဲ့ ဘ၀သင်ခန်းစာအသစ်တွေက
သူတို့ရဲ့ ပြင်ပလောက ဘ၀မှာလဲ အသုံးဝင်နိုင်မယ့် အရာတွေဖြစ်တာမို့
စိတ်ကူးယဉ်ကမ္ဘာက သင်ခန်းစာတွေနဲ့ လက်ရှိဘ၀ကို ဘယ်လို ဖန်တီးပြီး
ကောင်းမွန်အောင်လုပ်ယူကြမယ်ဆိုတာ မြင်တွေ့ကြရမယ့်
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ရဲ့
ကြီးကောင်ဝင်စမှာဖြစ်တတ်တဲ့ စိတ်ဓာတ်မျိုးကို ဖြေရှင်းနိုင်ဖို့
သင်ခန်စာပါးပါးလေးပေးသွားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း
တင်ဆက်ပေးလိုက်ရပါတယ်။
Translated by : Htet Myat OO
Encoded by : Invoker