2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို
စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်
အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး
တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံ အစိုးရအဖွဲ့မှ
နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။ တည်ထောင်သူအသစ်များ
အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ
တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6
နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ
Showing posts with label 2014 မြန်မာစာတန်းထိုး. Show all posts
Showing posts with label 2014 မြန်မာစာတန်းထိုး. Show all posts
The Raid 2 (2014) မြန်မာစာတန်းထိုး
ဒီဇာတ်ကားက အင်ဒိုနီးရှား သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။
အံ့သြစရာကောင်းတာကတော့ Rating တွေ အများကြီးရရှိထားတာပါပဲ။
အံ့သြစရာကောင်းတာကတော့ Rating တွေ အများကြီးရရှိထားတာပါပဲ။
Labels:
2014 မြန်မာစာတန်းထိုး,
Action ဇာတ်ကားများ
Sharknado 2: The Second One (2014) မြန်မာစာတမ်းထိုး
Sharknado 2 ထဲမှာတော့ April နဲ့ Fin တို့ နှစ်ယောက် နယူးရော့ခ်မြို့ကို စာအုပ်မိတ်ဆက်ပွဲသွားတဲ့ခရီးစဉ်နဲ့
ဇာတ်လမ်းကိုအစပြုထားပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ လော့စ်အိန်ဂျလိစ့်ထက်
ဇာတ်လမ်းကိုအစပြုထားပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ လော့စ်အိန်ဂျလိစ့်ထက်
လောကကိုအလင်းဆောင်သူ-အိန္ဒိယ (မြန်မာစာတန်းထိုး) 2014
အပိုင်းများအားလုံးကိုပြန်လည်ရှာဖွေပြီးတင်ပေးခြင်းဖြစ်ပါတယ်..ကျနော် ဒီကားလေးကို ချမ်းငြိမ်းဆိုက်ကနေဟိုး အရင်ကဒေါင်းယူထားတာပါ
အခုပြန်လည်မျှဝေပေး လိုက်ပါတယ်မကြည့်ရသေးတဲ့သူတွေအတွက်ပါဗုဒ္ဓအကြောင်းကိုမြန်မာစာတန်းထိုးနဲ့ ကြည့်ရတာမို့ပိုပြီးတော့အဆင်ပြေပါတယ်..
Another Parting ( 2014 ) - မြန်မာစာတန်းထိုး
2014 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Korea Drama , Romance Web Drama အမျိုးအစားလေးပါ ...
Main Actor အနေဖြင့် 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ '' Shopping King Louis '' ဇာတ်လမ်းတွဲထဲက Main Role အဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Seo In Guk နဲ့ Main Actress အဖြစ် မင်းသမီး Wang Ji Won တို့ က ပါဝင်ထားပါတယ် ...
ဇာတ်လမ်းအကျဉ်လေးကတော့ -
လူသားတွေဘာကြောင့်ငိုရသလဲဆိုတဲ့အကြောင်းပြချက်ကိုရှာဖို့ တာဝန်ပေးခံရတဲ့ ဂြိုဟ်သား၁ယောက် (Seo In Guk) ဟာ သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အချိန်၁ရက်မျှသာကျန်တော့တဲ့အခါ ... လူ့လောကကြီးနဲ့မရင်းနှီးတော့ တာဝန်ကိုပြီးအောင်လုပ်ဖို့ ဘယ်ကိုသွားရမှန်းမသိဖြစ်နေချိန် ... ...
တက်သစ်စအဆိုတော်မလေးဟန်နာ က သူမရဲ့အချစ်နဲ့အောင်မြင်မှု့ကို သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်မလေးဆီမှ လုယူခံလိုက်ရတဲ့အခါ ဘဝကို အရှုံးပေးဖို့ဆုံးဖြတ်လိုက်ချိန် ...
သူတို့ နှစ်ယောက် ဆုံတွေ့ဖို့ ကံကြမ္မာ က အကြောင်းဖန်လာသောအခါ ... ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ '' Another Parting '' ဆိုတဲ့ Web Drama လေးမှာ ဆက်လက် ခံစားကြည့်ရှုလိုက်ကြပါဦးနော် ...
Rating အရ MyDramaList မှာ 7.1/10 ရ ရှိထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်ပါတယ် ...
Translator - May Myat Maw
Encoder - Anonymous X
Quality - 720p
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
Ghost Coin(2014)မြန်မာစာတန်းထိုး
Imbd 7.2/10
Ton နဲ့ Jack တို့သူငယ်ချင်းနစ်ယောက်ဟာ video clip လေးတွေရိုက်ကူးတာနဲ့ပတ်သတ်ပီး
နာမည်ကြီးကျပါတယ်သူတို့ဟာလူတွေရဲ့ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သတ်တဲ့အရာတွေကိုပါလှောင်ပြောင်ပီးတော့
video clip လေးလုပ်ခဲ့တာဟာအရမ်းကိုလူကြည့်များသွားခဲ့တယ် အဲ့အတွက်သူတို့တွေဟာအဲ့ထပ်ပိုကောင်းတဲ့
video လုပ်ဖို့ကြံစည်ခဲ့ကျတယ် Ton ရဲ့ညီ Tor ကိုပြန်ပေးဆွဲဖို့ကြံစည်ခဲ့တာဘဲသူ့ကို Jack ကြိုက်နေတဲ့
ကောင်မလေး Bee အပေါ်လုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုအတွက်အပြစ်ပေးတဲ့အနေနဲ့သချိုင်းခေါ်သွားဖို့ဘဲ
သူတို့ဟာ Tor ကိုသချိုင်းကအောင်းတစ်ခုနဲ့လက်ထိပ်ခတ်ဖို့လုပ်နေတုန်းမှာဘဲ
အဲ့လူသေအလောင်းရဲ့ပါးစပ်ထဲမှာတောက်ပနေတဲ့အကြွစေ့တစ်ခုကိုတွေ့လိုက်တယ်
Ton ကလောင်းဘကြီးပီးတော့အဲ့အကြွစေ့ကိုယူလာခဲ့တယ် အဲ့အချိန်မှာ အလောင်းကြီးကထလာခဲ့တယ်
Ton ကကြောက်လန့်ပီးထွက်ပြေးခဲ့တယ် ဒါပင်မဲ့သူကခြေချော်ပီးတော့လှဲခဲ့တယ် သူ့ညီဖြစ်တဲ့ Tor ကလဲကြောက်လန့်ပီးတော့
ပြေးခဲ့တယ် ဒါပင်မဲ့ Ton ကသူ့လက်နဲ့ Tor လက်ကိုလက်ထိပ်နဲ့ခတ်လိုက်နိုင်ခဲ့တယ် အဲ့နောက်သူတို့နစ်ယောက်ဟာ
အတူတကွထွက်ပြေးလာခဲ့ပီး သူတို့နောက်ကိုလက်စားချေချင်နေတဲ့သရဲကလိုက်လာခဲ့တယ် အဲ့နောက်ဘာတွေထပ်ဖြစ်လဲဆိုတာကိုတော့ ဆက်လက်ခံစားပါဦးဗိာ။
Review by Lwin Naung
Translate by Phoo Phoo
Encoded by Hein Min Htet
Quality-Bluray 720p
Size-680mb/390mb
Ton နဲ့ Jack တို့သူငယ်ချင်းနစ်ယောက်ဟာ video clip လေးတွေရိုက်ကူးတာနဲ့ပတ်သတ်ပီး
နာမည်ကြီးကျပါတယ်သူတို့ဟာလူတွေရဲ့ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သတ်တဲ့အရာတွေကိုပါလှောင်ပြောင်ပီးတော့
video clip လေးလုပ်ခဲ့တာဟာအရမ်းကိုလူကြည့်များသွားခဲ့တယ် အဲ့အတွက်သူတို့တွေဟာအဲ့ထပ်ပိုကောင်းတဲ့
video လုပ်ဖို့ကြံစည်ခဲ့ကျတယ် Ton ရဲ့ညီ Tor ကိုပြန်ပေးဆွဲဖို့ကြံစည်ခဲ့တာဘဲသူ့ကို Jack ကြိုက်နေတဲ့
ကောင်မလေး Bee အပေါ်လုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုအတွက်အပြစ်ပေးတဲ့အနေနဲ့သချိုင်းခေါ်သွားဖို့ဘဲ
သူတို့ဟာ Tor ကိုသချိုင်းကအောင်းတစ်ခုနဲ့လက်ထိပ်ခတ်ဖို့လုပ်နေတုန်းမှာဘဲ
အဲ့လူသေအလောင်းရဲ့ပါးစပ်ထဲမှာတောက်ပနေတဲ့အကြွစေ့တစ်ခုကိုတွေ့လိုက်တယ်
Ton ကလောင်းဘကြီးပီးတော့အဲ့အကြွစေ့ကိုယူလာခဲ့တယ် အဲ့အချိန်မှာ အလောင်းကြီးကထလာခဲ့တယ်
Ton ကကြောက်လန့်ပီးထွက်ပြေးခဲ့တယ် ဒါပင်မဲ့သူကခြေချော်ပီးတော့လှဲခဲ့တယ် သူ့ညီဖြစ်တဲ့ Tor ကလဲကြောက်လန့်ပီးတော့
ပြေးခဲ့တယ် ဒါပင်မဲ့ Ton ကသူ့လက်နဲ့ Tor လက်ကိုလက်ထိပ်နဲ့ခတ်လိုက်နိုင်ခဲ့တယ် အဲ့နောက်သူတို့နစ်ယောက်ဟာ
အတူတကွထွက်ပြေးလာခဲ့ပီး သူတို့နောက်ကိုလက်စားချေချင်နေတဲ့သရဲကလိုက်လာခဲ့တယ် အဲ့နောက်ဘာတွေထပ်ဖြစ်လဲဆိုတာကိုတော့ ဆက်လက်ခံစားပါဦးဗိာ။
Review by Lwin Naung
Translate by Phoo Phoo
Encoded by Hein Min Htet
Quality-Bluray 720p
Size-680mb/390mb
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
The Burma Conspiracy 2014 မြန်မာစာတန်းထိုး
လာဂိုဝင့်ခ်ျ … ကမ္ဘာ့ ပါဝါအကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ W လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ ….
သူအမွေဆက်ခံပြီးနောက် W လုပ်ငန်းစုကြီးကို ရောင်းချပြီး
လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းတည်ထောင်မယ်လို့ဆုံးဖြတ်ခဲ့သူ …
ဒါပေမယ့် W လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံအတွင်းက ကယန်းလူမျိုးစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့
လူသတ်ပွဲနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခံရတဲ့အခါ …
လာဂိုဝင့်ခ်ျဟာ W လုပ်ငန်းစုကြီးရဲ့နာမည်ကို ဘယ်လိုပြန်ပြီးအဖက်ဆယ်မလဲဆိုတာကို
စိတ်ဝင်စားဖွယ်ရာရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ …
2011 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating – 6.2 ရရှိထားတဲ့
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
ဂျာမန်မင်းသား Tomer Sisley နဲ့ နာမည်ကြီးမင်းသမီး Sharon Stone တို့ပါဝင်ပါတယ်။
ဒီကားဟာ လာဂိုဝင့်ခ်ျ ဇာတ်ကောင်အတွက်တော့ ဒုတိယမြောက်ကားပါ။
တစ်ဖက်မှာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ညစ်ကွက် လှည့်ကွက်တွေ ..
တစ်ဘက်မှာက ကယန်းလူမျိုးဒုက္ခသည်တွေနဲ့အကျင့်ပျက်အာဏာရှင်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့ အခြေအနေတွေကိုယှဉ်ထိုးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုလက်လွတ်မခံဘဲ
ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Labels:
2014 မြန်မာစာတန်းထိုး,
Action ဇာတ်ကားများ
Transformers:Age of Extinction(2014) မြန်မာစာတန်းထိုး
ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။
Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက
အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။
အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက
သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေ ရဲ့
ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့
Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက
Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့
ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့
ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့ အစိတ်အပိုင်းနဲ့
ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို
အသက်ပြန်သွင်း နေသလို ဖြစ်နေပြီး ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ…….။
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ
X-Men: Days of Future Past(2014) မြန်မာစာတန်းထိုး
ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future
Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့
ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင်
ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ
ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့
ဇာတ်လမ်းတွေသိပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းမပြောခင် Spoiler
အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine
ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel
တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖွဲ့က
Kitty Pryde ရဲ့ ပါဝါကိုသုံးပြီး သူတို့အဖွဲထဲက တစ်ယောက်ကို
အချိန်နောက်ပြန်ပို့ပြီး Sentinel တွေလာတော့မယ်ဆိုပြီး သတိပေးပြီး
နေရာပြောင်းခိုင်းပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ထွက်ပြေးနေရာကနေ၊ Professor
X, Logan (wolverine), Magneto, တို့က Sentinel Program စတင်ခဲ့တဲ့ ၁၉၇၀
ကျော် လွန်ခဲ့တဲ့နှစ် ၅၀ ကို ပြန်သွားပြီးတော့ အတိတ်ကို
ပြောင်းလဲဖို့ကြိုးစားပါတယ်။
ဒီအစီအစဉ်မှာ တစ်ခြားဘယ်သူ့ကိုမှ ဒီလောက်အဝေးကြီး ပြန်လွှတ်လို့မရဘဲ၊
Wolverine တစ်ယောက်သာလျှင် သူ့ရဲ့ Healing Power ကြောင့် ဒီ Mission
ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို တားဆီးမယ် ဘာကို
တားဆီးရမယ်ဆိုတာတော့ ပိတ်သားထက်မှာ ဆက်လက်ကြည့်ရှုကြတာ ပိုပြီး
အရသာရှိပါတယ်။
ဒါ့အပြင် X-Men ၃ကားက ကာရိုက်တာတွေနဲ့ X-Men First Class က
လူတွေပေါင်းရိုက်ထားတာလည်း ပညာသားပါပြီး၊ Mutant တစ်ယောက်တည်းကို
အခြေခံရိုက်ကူးထားတာမဟုတ်ပဲ၊ အားလုံး ညီတူညီမှ ပါဝင်အောင်
ရိုက်ကူးထားပါတယ်။ James McAvoy ရဲ့ Charles Xavier အငယ်နဲ့ Patrick
Stewart ရဲ့ Charles Xavier အကြီး တို့ စကားပြောခန်းလည်း ပါပါသေးတယ်။
Comic Fan တစ်ယောက်အနေနဲ့ အနည်းငယ်စိတ်မကျေနပ်စရာကတော့ Wolverine နဲ့
Sentinel တွေ ချတဲ့အခန်း၊ Wolverine ရဲ့ Adamantium claws တွေနဲ့ Sentinel
တွေကို ဖျက်ဆီးတဲ့ အခန်းတွေ လုံးဝမပါပါဘူး။ ဒါ့အပြင် ပရိတ်သတ် အချစ်တော်
တွေဖြစ်တဲ့ Colossus, Blink, Ice-Man, Bishop တိုလည်း အနည်းငယ်စီပဲ
ပါဝင်ရပါတယ်။ တကယ်ဆို အပိုင်းနှစ်ပိုင်းခွဲပြီး Part 1 & 2 ဆို
ခွဲရိုက်ရင် ပိုပြီး ကောင်း ကောင်း ကြည့်ရနိုင်ပါတယ်။
ဒါပေမယ့်လည်း ဇာတ်လမ်းအရ အရေးပါတဲ့ဇာတ်လမ်းဖြစ်ပြီး၊ X-Men Franchise နဲ့
Marvel Universe တို့အတွက် တော့ အရေးပါတဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။
ဘာလို့လည်းဆိုတော့ X-Men: Days Of Future Past ဇာတ်လမ်းကြောင့်၊ X-Men:The
Last Stand နဲ့ X-Men Origin Wolverine မှာဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေက
လုံးဝမရှိတော့ပါဘူး။ ဆိုလိုချင်တာက ဒီကားနှစ်ကားက အဖြစ်အပျက်တွေက လက်ရှိ
Timeline မှာမပါတော့ပါဘူး။ X-Men 1 & 2 နဲ့ The Wolverine
တို့အဖြစ်တွေကတော့ ရှိနေဦးမှာပါ။ X-Men: First Class ကတော့
ဒီအဖြစ်အပျက်တွေ အားလုံးရဲ့အစပါ။
အချုပ်ပြောရရင်တော့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားက ပရိတ်သတ် အမြင် အကပ်ဆုံး
ဇာတ်ကား နှစ်ကားဖြစ်တဲ့ X-Men:The Last Stand နဲ့ X-Men Origin Wolverine
တို့ ကို Erase လုပ်လိုက်သလို၊ ကာတွန်း က ဇာတ်လမ်းကိုလည်း တူနိုင်သမျှ
တူအောင် သွားနေပါတယ်။ အထူးသဖြင့် Wolverine သူ့ရဲ့ မှတ်ဥာဏ်တွေ ဘယ်လို
ပျောက်သွားတယ်၊ သူ့ကိုယ်ထဲကို Adamantium သတ္တု ဘယ်လို ရလည်းဆိုတာပါ
အမှန်ပြင်ပေးထားပါတယ်။ (Origin က ဇာတ်လမ်းက ကာတွန်းနဲ့ကွဲပါတယ်။) William
Stryker အငယ်ဘ၀က ဒီကားမှာပါပြီး၊ Wolverine နဲ့ ဘယ်လိုတွေ့သွားတယ်၊
Wolverine ရဲ့ မှတ်ဥာဏ် ဘယ်လိုပျောက်သွားမယ်ဆိုတာ လည်း ပြထားပါတယ်။
Action Scene တွေ သိပ်မများလို့ အားမရတဲ့သူတွေရှိပေမယ့် ဇာတ်လမ်းအရ
အရေးပါပြီး၊ ကြည့်ကိုကြည့်သင့်တဲ့ကားပါ။ ဇာတ်ရှိန်အတက်အကျကောင်းသလို
ပရိတ်သတ် အကြိုက်တွေ့မှာသေချာပါတယ်။
(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်……….)
File size…(999MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….02:02:53
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ
Apocalypse Pompeii (2014) မြန်မာစာတန်းထိုး
မင်္ဂလာပါ။ ပရိသတ်ကြီးအတွက် အပြောင်းအလဲလေးတစ်ခု အနေနဲ့..
Disaster Movie တစ်ခုကို စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။ သဘာဝဘေးအန္တရာယ် ကို
နောက်ခံထားပြီး ဇါတ်လမ်း ဇါတ်ညွှန်းတွေရေးဖွဲ့ရိုက်ကူးခဲ့ကြတဲ့အထဲက အထင်ကရ
Movie အတော်များများကိုလဲ နောက်ပိုင်းမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Apocalypse Pompeii ဟာ Title နဲ့ ကိုက်ညီစွာ.. အီတလီ နိုင်ငံ Pompeii
မီးတောင်ရဲ့... ဘေးအန္တရာယ်ကို ထင်ဟပ်ပြသထားတဲ့... အတွက်ကြောင့်...
ကျွန်တော်တို့ လို မီးတောင်ရှင်တွေနဲ့ ကင်းဝေးတဲ့အရပ်ဒေသက လူတွေအတွက်..
ဗဟုသုတတစ်ခု အနေဲ့... ကြည့်ရှုစရာ.. လေ့လာစရာ Movie တစ်ခုလို့ ဆိုရမှာပါပဲ။
2014 ခုနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ မင်းသမီး Emily Browning ရဲ့ Pompeii
လိုတော့ Romance နဲ့ Drama ဘက် ကို ယှက်နွယ်ထားခြင်းမရှိပါဘူးခင်ဗျ။
အဆိုပါ Pompeii က တကယ့် မူရင်းစာအုပ်ထဲက ခေတ်ကာလကို အခြေံထားတာဖြစ်ပြီး
ယခုလက်ရှိ Apocalypse Pompeii ဟာ.. မျက်မှောက်ခေတ်ကို
အခြေပြုရိုက်ကူးထားတဲ့တဲ့ Action, Adventure အမျိုးအစားဖြစ်ပါတယ်။
အထူးအေးဂျင့် အဖြစ်ကနေ အနားယူထားတဲ့ commando တစ်ယောက်ဟာ မိသားစု နဲအတူ
အီတလီကို အပျော်ခရီးထွက်လာရာက... Vesuvius တောင်ကြီးဟာ... ကြီးမားတဲ့
ပြတ်ရွေ့ကြောင်းတစ်ခုရဲ ဖိအားပေးမှုကြောင့် ပြိုလဲကျလာတာနဲ့
ထိပ်တိုက်ရင်ဆိုင်မိကြပုံကို... တန်ဆာဆင် ရိုက်ကူးထားခြင်းပါတယ်။
မိသားစုဝင်တွေနဲ့အတူ.. ပြင်းထန်တဲ့.. အပူလှိုင်းလုံးကြီးတွေ၊ မြင်မြင်ရာ
တိုက်စားပစ်နေတဲ့ ချော်ရည်ချော်ခဲတွေရဲ့... အန္တရာယ်က..နေ..
ကျွန်တော်တို့ရဲ့ ဇါတ်ဆောင်မိသားတစ်စု
ဘယ်လိုထွက်ပြေးလွတ်မြောက်လာကြမလဲဆိုတာ...
အနားယူချိန်အတွင်းမှာစိတ်အာရုံနစ်မြောစရာတစ်ခုအနေနဲ့..ကြည့်ရှုခံစားနိုင်ပါပြီခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Encoded by: Zaw Htet Naing
Quality & Size: HD 720p 900MB - Small 600MB
Credit : GoldChannel
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Encoded by: Zaw Htet Naing
Quality & Size: HD 720p 900MB - Small 600MB
Credit : GoldChannel
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Tekken 2, Kazuya’s Revenge(2014) မြန်မာစာတန်းထိုး
ဂျပန်ကာတွန်းတွေ(animation) ကားတွေမှာတော့နာမည်ကြီးပါပဲ။
ဒီဇာတ်ကားကိုတော့အက်ရှင်ကြိုက်တဲ့ပရိတ်သတ်တွေ
ကြိုက်နစ်သက်မယ်လို့ထင်ပါတယ်။
ဇာတ်လမ်းအကြောင်းလေး အနည်းငယ်ကိုပြောရရင်တော့
အတိတ်မေ့နေတဲ့ကောင်လေးတစ်ယောက် . . . ဒါပေမဲ့ မသိစိတ်က
တိုက်ချင်ခိုက်ချင်စိတ်ရှိနေသောအခါ ထိုကောင်လေးဘယ်ကလာ
တာလဲ၊ ဘယ်ကနေတိုက်ခိုက်တတ်လာတာလဲ၊ ကောင်လေးကိုအသုံးချမယ့်လူတစ်စု . . .
သူတို့ကကော ဘယ်သူတွေလဲစသဖြင့် . . . လှည့်ကွက်တွေနဲ့အတူ
အကောင်းဆုံးရိုက်ပြထားတဲ့ fighting ကားလေးတစ်ကားဖြစ်ပါတယ်။
ကဲ . . . ဒီနေ့မနက်ခင်းအတွက် ဇာတ်ကားလေး ဒေါင်းလုပ်ကြပါကုန်။
ဒီဇာတ်ကားကိုတော့အက်ရှင်ကြိုက်တဲ့ပရိတ်သတ်တွေ
ကြိုက်နစ်သက်မယ်လို့ထင်ပါတယ်။
ဇာတ်လမ်းအကြောင်းလေး အနည်းငယ်ကိုပြောရရင်တော့
အတိတ်မေ့နေတဲ့ကောင်လေးတစ်ယောက် . . . ဒါပေမဲ့ မသိစိတ်က
တိုက်ချင်ခိုက်ချင်စိတ်ရှိနေသောအခါ ထိုကောင်လေးဘယ်ကလာ
တာလဲ၊ ဘယ်ကနေတိုက်ခိုက်တတ်လာတာလဲ၊ ကောင်လေးကိုအသုံးချမယ့်လူတစ်စု . . .
သူတို့ကကော ဘယ်သူတွေလဲစသဖြင့် . . . လှည့်ကွက်တွေနဲ့အတူ
အကောင်းဆုံးရိုက်ပြထားတဲ့ fighting ကားလေးတစ်ကားဖြစ်ပါတယ်။
ကဲ . . . ဒီနေ့မနက်ခင်းအတွက် ဇာတ်ကားလေး ဒေါင်းလုပ်ကြပါကုန်။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Boarding House ( 1 ) HD
မတင်ဖြစ်တာကြာပြီဖြစ်တဲ့ 18+++ ဇာတ်ကားကောင်းလေးကို တင်ပေးလိုက်ပါပီ...
ကိုရီးယား ဇာတ်လမ်းလေးဖြစ်ပီတော့ ထွက်ရှိထားတာ ၁+၂ နှစ်ကားရှိပါသည်။
ကိုရီးယား ဇာတ်လမ်းလေးဖြစ်ပီတော့ ထွက်ရှိထားတာ ၁+၂ နှစ်ကားရှိပါသည်။
နံပါတ်၂ကို ဒီမှာ ဆက်သွားပါ
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
{ 18+ }
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
7500 (2014) မြန်မာစာတန်းထိုး
7500 ဆိုတဲ့ လေယာဉ်ကြီးအကြောင်း ကြောက်မက်ဖွယ် ရိုက်ကူးထားတဲ့ဇာတ်ကားပါ။
စိတ်ဝင်စားဖို့ကောင်းပေမယ့် ဘဝင်မကျနိုင်တာမျိုးတွေ ခံစားရတဲ့ဇာတ်ကားပါ။
အစကြည့်မိရင် အဆုံးကိုမြန်မြန်ရောက်စေချင်မိတဲ့ ဇာတ်ကားမျိုးဖြစ်တယ်လို့ ကျွန်တော်တော့ခံစားမိပါတယ်။
ဘာသာပြန်သူကတော့ Lotus Black ဖြစ်ပါတယ်။စိတ်လှုပ်ရှားမှုတွေကြိုက်တတ်ရင် ခံစားကြည့်ပါဦး။
စိတ်ဝင်စားဖို့ကောင်းပေမယ့် ဘဝင်မကျနိုင်တာမျိုးတွေ ခံစားရတဲ့ဇာတ်ကားပါ။
အစကြည့်မိရင် အဆုံးကိုမြန်မြန်ရောက်စေချင်မိတဲ့ ဇာတ်ကားမျိုးဖြစ်တယ်လို့ ကျွန်တော်တော့ခံစားမိပါတယ်။
ဘာသာပြန်သူကတော့ Lotus Black ဖြစ်ပါတယ်။စိတ်လှုပ်ရှားမှုတွေကြိုက်တတ်ရင် ခံစားကြည့်ပါဦး။
File size…(700MB)
Quality…Blu-ray Rip 720p
Format…mp4
Duration….01:19:49
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Quality…Blu-ray Rip 720p
Format…mp4
Duration….01:19:49
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
EVERLY (2014)- မြန်မာစာတန်းထိုး
အီဗာလီဟာ ကြမ်းကြုတ်တဲ့ ရာဇ၀တ်ဂိုဏ်းခေါင်းဆောင် တိုင်ကိုဆီမှာ အလုပ်လုပ်သလို သူနဲ့လည်း ပတ်သက်ခဲ့ဖူးတဲ့ မိန်းမပျက်တစ်ယောက်ပါ။ သူဟာ တိုင်ကိုရဲ့ အဖွဲ့အစည်းကို နှိမ်နင်းဖို့အတွက် ရဲဘက်ကို သတင်းပေးလိုက်တယ်ဆိုတာ သိရတဲ့နောက် မှာတော့ သူ့အဖွဲ့မှာ ရှိသမျှ တိုက်ခိုက်ရေး သမားတွေကို ကိုလွှတ်ပြီး အီဗာလီ ကို သတ်ခိုင်းခဲ့ပါတယ်။ တိုင်ကိုက သူ့လူတွေဟာ အီဗာလီကို နှိပ်စက်ပြီး လွယ်လွယ်နဲ့သတ်နိုင်မယ်လို့ ယူဆခဲ့ပေမယ့် သူ့အထင်မှားသွားတယ်။
ဒိအခြေအနေတွေကို ကြိုမြင်ခဲ့တဲ့ အီဗာလီက ကြိုဝှက်ထားတဲ့ သေနတ်ကိုထုတ်ပြီး အားလုံးကို ခုခံနိုင်ခဲ့တယ်။
တိုင်ကိုက ဒီအဆောက်အအုံထဲက လူတွေ အားလုံးကို အီဗာလီကို သတ်ဖို့ ဆုငွေထုတ်လိုက်ပါတော့တယ်..။
အဲ့ဒီအချိန်မှာ အီဗာလီက သူ့ မိခင်နဲ့ သမီးလေးဆီကို ဒီလူသတ်သမားတွေ ရောက်လာမှာစိုးရိမ်လို့ ဆက်သွယ်ပြီး ဒီအခြေအနေက ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလည်းဆိုတာကိုတော့
မိတ်ဆွေများဆက်လက်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Labels:
2014 မြန်မာစာတန်းထိုး,
Action ဇာတ်ကားများ
Emergency Couple TV Series (2014) မြန်မာစာတန်းထိုး
( Running Man အစီအစဉ်ကနေတဆင့် ပရိသတ်ရဲ့  ချစ်ခင်အားပေးမှုကို ပိုမို
ရရှိလာတဲ့ မင်းသမီးချော (Song Ji Hyo) နဲ့ အရပ်ရှည်ရှည် ရုပ်ဖြောင့်တဲ့
မင်းသား (Choi jin Hyuk) တို့အပြင် အခြား ဇာတ်ရံများစွာဟာလဲ ဒီဇာတ်လမ်းကို
ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် အားဖြည့်ထားကြပါတယ်။ အိမ်ထောင်ကွဲ
စုံတွဲ အလုပ်သင် ဆရာဝန်အဖြစ်နဲ့ အရေးပေါ်ဌာနမှာ ပြန်လည် ဆုံတွေ့ကြရင်း..
နိစ္စဓူဝ ဆေးရုံမှာ လူနာမျိုးစုံ ဇာတ်လမ်းစုံနဲ့ ဆရာဝန် သူနာပြုတွေရဲ့ 
အလုပ်သဘောသဘာဝကို စိတ်ဝင်စားဖွယ် သွက်သွက် လက်လက် ရိုက်ကူး တင်ပြထားတာမို့
ဆေးပညာ ဇာတ်လမ်းတွဲ (သို့) ရွှင်မြူးတဲ့ Romance ဇာတ်လမ်း နှစ်သက်သူများ
စကြည့်မိတာနဲ့ စွဲငြိသွားမယ့် ဇာတ်လမ်းတွဲတခုလို့ ညွှန်းချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဆေးကျောင်းနောက်ဆုံးနှစ် ကျောင်းသားနဲ့
အာဟာရဗေဒ အထူးပြုနဲ့ ဘွဲ့ရခါစ အလုပ်မရသေးတဲ့ ကောင်မလေး တို့ရဲ့ 
အချစ်ဇာတ်လမ်းလေးမှာ လူကြမ်းတွေကတော့ မင်းသားရဲ့  မိဘ အသိုင်းအဝိုင်းပါပဲ။
တမိသားစုလုံး ဆရာဝန်တွေ ဖြစ်တဲ့အပြင် ပိုက်ဆံရှိ ပညာတတ် မာနကြီးတဲ့
အသိုင်းအဝိုင်းမို့ ဆရာဝန်လဲ မဟုတ် သူဌေးသမီးလဲ မဟုတ်ရှာတဲ့ ကောင်မလေးကို
အပြင်းအထန် ကန့်ကွတ်ကြပါတော့တယ်။ ဘယ်လိုပဲ သဘောမတူမှုတွေ ရှိခဲ့ပေမယ့်..
ငယ်ရွယ်တဲ့ သူတို့နှစ်ဦးဟာ လက်တွဲထွက်ပြေးလို့ ဘုရားကျောင်းလေး တခုမှာ
သစ္စာဆို လက်ထပ် ခဲ့ကြပါတယ်။ အိမ်ရဲ့  ထောက်ပံ့မှု မရှိတော့တဲ့အတွက်
ဆေးကျောင်းသားလေးဟာ ကျောင်းထွက်ပြီး ဆေးကုမ္ပဏီ အရောင်းဝန်ထမ်းအဖြစ်
အလုပ်ဝင်လို့ အိမ်ထောင်တာဝန် ထမ်းဖို့ ဖြစ်လာပြီး ကောင်မလေးကတော့
အလုပ်ရှာရင်းနဲ့ အိမ်ထောင်ရှင်မ ဖြစ်လာခဲ့တယ်။
ငယ်ရွယ်ပြီး ပညာမစုံ အလုပ်အကိုင်မရှိတဲ့ သူတို့နှစ်ဦးရဲ့  အိမ်ထောင်ရေးဟာ
နှစ်ဦးကြားထဲ သည်းခံနိုင်စွမ်းနဲ့ နားလည်မှုပါ ချို့ တဲ့လာပြီး ... ၁
နှစ်အကြာမှာတော့ လမ်းခွဲဖို့ ဖြစ်လာပြီး ကွာရှင်းပြတ်စဲပြီးစီးခြင်းနဲ့
အဆုံးသတ်သွားပါတယ်။ ၆ နှစ်အကြာမှာတော့ မခံချင်စိတ်နဲ့ ဆေးပညာကို
သေလောက်အောင် ကြိုးစားသင်ယူလို့ အသက် ၃၃ နှစ်မှာ အလုပ်သင် ဆရာဝန်ဖြစ်လာတဲ့
မင်းသမီးနဲ့ .. အမေရိကန်မှာ ဆေးပညာနဲ့ ဘွဲ့ရလာခဲ့ပြီး အလုပ်သင်
ဆရာဝန်ဖြစ်လာတဲ့ မင်းသား .. ဆိုးမြို့  တက္ကသိုလ်ဆေးရုံတခုရဲ့ 
အရေးပေါ်ဌာနမှာ တဖွဲ့ တည်းအတူ လက်တွေ့ဆင်းရဖို့ ဖြစ်လာတဲ့ အခါမှာတော့ .....
ဘာတွေ ဆက်ဖြစ်ကြမှာလဲ ကြည့်လိုက်ကြပါဦး။ IMDB Rating 7.9 အထိ ရထားလို့
Viki Rating 9.2 အထိ ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ Channel
Myanmarကနေပြီးတော့ တစ်ရက် ၂ပိုင်း တင်ပေးသွားမှာ ဖြစ်ပါတယ်။
(ဘာသာပြန်သူကတော့ Starlet ဖြစ်ပြီး အညွန်းရေးသူကတော့ Allie Scarlett ဖြစ်ပါတယ်)
အောက်မှာတိုက်ရိုက်ကြည့်နိုင်သလိုDownload လုပ်နိုင်ပါတယ်။
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
Episode 21 watch and download (ဇတ်သိမ်းပိုင်း)
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Hype Nation 3D (2014)မြန်မာစာတန်းထိုး
ဇာတ်လမ်းကတော့ သီချင်းနဲ့ အကကို အခြေခံထားတဲ့
လူငယ်ဇာတ်လမ်းဖြစ်ပါတယ်။ စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေ တချိန်လုံး
ကြားနေရမှာဖြစ်ပါတယ်။ ဇာတ်ကားထဲက B-Boy ဖြစ်တဲ့ မင်းသား Jae Bum
ရဲ့ဘဝပုံစံနဲ့ ဒီဇာတ်ကားဟာ အင်မတန်လိုက်ဖက်တယ်လို့ပြောလို့ရပါတယ်။
Jae Bum ကိုတော်တော်များများသိကြမှာပါ။
Jae Bum ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး
(အဖိုး US နိုင်ငံသား မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds,
Washington, USA တွင်မွေးဖွား ကြီးပြင်း ခဲ့ပါတယ်။ ကိုးရီးယား JYP
Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ မှာအောင်မြင် ခဲ့ပြီး ၄နှစ်
trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင် အဖြစ် ကျော်ကြား
လာခဲ့ ပါတယ်။ US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့
ကိုးရီးယား စစ်စစ် တို့ရဲ့ တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက်
ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။
သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့
Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September 4,
2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ်
ခဲ့ပါတယ်။
ကိုးရီးယား လူမျိုး တွေဟာ သူတို့ အကြောင်း မကောင်း ပြောရင်
အတော် စိတ်နု ကြပါတယ် (ကျွန်တော့ တစ်ဦးတည်း အမြင်ပါ)။ အများက ကျီးကန်း
တွေလို ဝိုင်းအာ ကြတော့ Jae Bum လည်း မခံနိုင် တော့ပဲ 2009 September လမှာ
2PM အဖွဲ့က နှုတ်ထွက်ပြီး US ပြန်သွား ပါတယ်။
ကိုးရီးယား နဲ့ တစ်ကမ္ဘာ လုံးမှာပါ ရှိနေတဲ့ များပြား လှတဲ့
Jae Bum ရဲ့ ပရိသတ် ဟာ JYP Entertainment agency ကို မကြေမနပ် ဖြစ်ပြီး
ဝိုင်အပြစ် တင်ကြ ပါတယ်။ Jae Bum မပါ တော့တဲ့ 2PM အဖွဲ့ ဟာလည်း တော်တော်
နာမည် ကျသွားပါတယ်။ US ပြန်ရောက် ပြီး နောက်မှာ Jaebeom ဟာ သူ့ရဲ့ အနုပညာ
လှုပ်ရှား မှုတွေကို မပြတ် လုပ်ခဲ့ ပါတယ်။ Jae Bum ရဲ့ အနုပညာ လှုပ်ရှားမှု
သတင်း တွေဟာ media တွေမှာရော youtube ထဲမှာပါ မပြတ် ပါခဲ့ ပါတယ်။
ဒီဇာတ်ကားကိုရိုက်ဖို့အတွက် ကိုရီးယားကို ပထမဆုံးပြန်လာဖြစ်ပါတယ်.....
RaNia အဆို အဖွဲ့မှ အဆိုတော် T-ae မှ မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။
IMDB 5.1 ရထားတဲ့ ဇာတ်ကားဟာ 1h:24mins ကြာမြင့်ပါတယ်။ 393 MB
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Jarhead 2: Field of Fire (2014) - မြန်မာစာတန်းထိုး
Sharia Law (ရှာရီယာဥပဒေ) ကိုချိုးဖေါက်ပြီး ပညာသွားသင်တဲ့ ပါကစ္စတန် အမျိုးသမီး တစ်ယောက်ကို အသေရရ အရှင်ရရ လိုချင်နေတဲ့ တာလီဘန် စစ်သွေးကြွတွေ လက်ထဲက ကယ်ထုတ်ဖို့ကြိုးစားရင်း တိုင်းသားရင်း ဒေသခံတွေနဲ့ တာလီဘန်တွေ ကြားထဲမှာ ဗျာများခဲ့ရတဲ့ အမေရိကန် မရိန်းတပ်သားတစ်ဖွဲ့ရဲ့
စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ပုံကို .ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး။ မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Labels:
2014 မြန်မာစာတန်းထိုး,
စစ်ကားများ
Left Behind (2014) - မြန်မာစာတန်းထိုး
ကမ္ဘာပေါ်မှာ လူသား တွေဟာ အစအန လိုက်ရှာလို့မရအောင် ပျောက်သွားကျပြီး သူတို့ ရဲ့ အဝတ်အစား တွေ နဲ့ အသုံးအဆောင်တွေသာ ကျန်ခဲ့ ပြီး ကမာ တစ်ခုလုံး မှာ တိုက်ခိုက်မှု တွေ ဖျက်စီး မှု တွေ ဆက်တိုက် ဖြစ်ပေါ် နေတဲ့ အချိန် စြဖ်ပါတယ်။ ယဉ်တွေ အချင်းချင်း တိုက်ခတ်မိပြီး မီးလောင်မှုတွေ ဖြစ်ပွားကာ ၊ နေရာတိုင်းမှာ အရေး ပေါ်အခြေအနေ ဖြစ်သည် အထိ တိုက်ခိုက်ခံနေရပါတယ်။ ဒီ အခြေအနေ ကို ဖြေရှင်းပေးနိုင်မယ့် သူ၊ အဖြေထုတ်ပေးနိုင်မယ့် သူ တစ်ယောက်မှ မရှိနေပါဘူး။ ထိုအချိန်မှာပဲ ကမ္ဘာ ကြီးတစ်ခုလုံး လုံးဝ အမှောင်ကျ သွားခဲ့ပါတယ်။
ထိုအချိန်မှာပဲ Pilot တစ်ဦးဖြစ်တဲ့ Ray Steele နဲ့ သူရဲ့မိသားစု က အသက်ရှင် ကျန်ရစ်ပြီး ၊ သူက တော့ လေယာဉ်ပေါ်မှာ သူ့ ခရီးသည်တွေနဲ့ အတူ ပိတ်မိနေခဲ့ပါတယ်။ သူဟာ သူ့ လေယာဉ်ပေါ်ပါလာတဲ့ ခရီး သည်တွေ ကို များစွာသော အခက်အခဲတွေကြားက ဘယ်လိုကြိုးစားခဲ့ ရတယ်ဆို တာကို တွေ့ရမှာဖြစ်ပါတယ်။
သူ လေယာဉ်ပေါ်မှာ သက်စွန့် စံ ဖျား အသက်ရှင်ဖို့ ကြိုးစားနေရချိန်မှာ မြေပြင်ပေါ်မှာ ကျန်ခဲ့တဲ့ သူ့ သမီးက ထူးဆန်းတဲ့ လူတွေ ပျောက်ဆုံးမှုမှာပါသွားတဲ့ သူ့ အမေနဲ့ သူ့မောင်လေးကို ပြန်တွေ့ဖို့ အပြင်အထန် လိုက်ရှာ နေခဲ့ ရပါတယ်။
ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - Movie Update HD
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Man on High Heels (2014) - မြန်မာစာတန်းထိုး
အမှုလိုက်တော်၊ အသတ်အပုတ်ကြမ်း၊ ခန္ဒာကိုယ်ထွားကြိုင်း၊ အရပ်ရှည်ပြီး ယောက်ျားပီသတဲ့ စုံထောက်ကြီးတယောက်ရဲ့ ဘာကြောင့်ဒေါက်ဖိနပ်စီးချင်ရသလဲ....
ခက်ထန်ပေမယ့် သံယောဉ်ဇဉ်ကြီးမားပြီး ကြင်နာတတ်တဲ့ အတွင်းစိတ်ကို ဘယ်လိုဖေါ်ပြမလဲ...
သူ့ကိုစိတ်ဝင်စားနေတဲ့ မိန်းကလေးကိုလည်း ပြန်ချစ်နိုင်ပါ့မလား...
ဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှုကြပါကုန်....
ဒီဇာတ်ကားကိုဘာသာပြန်ပေးတာတော့ ညီငယ် Htoo Htoo Zaw ဖြစ်ပါတယ်။
Cretdit To : Flim2mm.com
IMDB 6.6 ရထားတဲ့ အက်ရှင်ဇာတ်ကား 2h:05mins ကြာမြင့်ပါတယ်။ 555MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်





















