Showing posts with label Bollywood ဇာတ်ကားများ. Show all posts
Showing posts with label Bollywood ဇာတ်ကားများ. Show all posts
Hisss (2010)
2010ကထွက်ရှိခဲ့တဲ့အိန္ဒိယမြွေကားတစ်ကားပါစာတန်းထိုးနဲ့ရှာမရလို့ဒီအတိုင်းပဲတင်ပေးလိုက်ပါတယ်
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Rab Ne Bana Di Jodi (2008) မြန်မာစာတန်းထိုး
သတို့သားနဲ့ သေကွဲကွဲခဲ့ရလို့အချစ်ကိုအမုန်းကြီးမုန်းနေတဲ့သူကို မြင်မြင်ချင်းချစ်ခဲ့မိလို့ အသည်းနင့်အောင်နာကျင်ခဲ့ပါတယ်။ အချစ်စစ်မှန် ရင်နောက်ဆုံးဖူးစာစုံမှာပဲလို့ယုံကြည်ချက်နဲ့ မင်းသမီး အချစ်ကိုရဖို့ခက်ခက်ခဲခဲကြိုးစားပုံကို ဟာသတစ်လှည့် ဒရာမာတစ်လှည့်ကြည့်ရမှာပါ။ အရမ်းကောင်းတဲ့ကားဖြစ်လို့ငယ်တုန်းကခွေတောင်ပြန်မအပ်ခဲ့ပါဘူးဗျာ..
:D
Myanmar Subtitles Foundations
[GENRE]:……………………….… .:) Comedy, Drama, Romance
[FILE SIZE]:…………………….….:) 1.2 GB
[RESOLUTION]:……………….….:) 1280x540
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 47 mins
[Translate By]:……………………..:) Kyaw Kyaw (Myanmar Subtitles Foundations)
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
DON 1 (2006) မြန်မာစာတန်းထိုး
ဒီတစ်ခါတော့ နာမည်ကျော်
ဘောလိဝုဒ် မင်းသားကြီး ရှာရွတ်ခန်းရဲ့
ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ ဘိန်းမှောင်ခို
ဂိုဏ်းခေါင်းဆောင် Don ကိုဖမ်းဆီးဖို့ အိန္ဒိယ ရဲဌာနမှ ရဲအုပ် De Silva
DON 2-2011( မြန်မာစာတန်းထိုး)
နာမည်ကျော် ဘောလီးဝုဒ်
မင်းသားကြီး ရှာရွတ်ခန်းပါဝင်ရိုက်ကူးထားတဲ့ Don 1
ရဲ.အဆက်ပါ။ဒီဇာတ်ကားမှာတော့မင်းသားကြီး ရှရွတ်ခန်း နဲ့ မင်းသမီး Priyanka
Chopra တို့အဓိက ပါဝင်ထားပြီး
အခြားသရုပ်ဆောင်များစွာ အားဖြည့်ထားတဲ့ Bollywood Action ဇာတ်ကားပါ။
Action ချည်းသက်သက်မဟုတ်ဘဲ ဇာတ်လမ်းသဘောအရလဲ ဖမ်းစားထားနိုင်တာကြောင့်
ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
IMDb Rating (7.1/10) ရရှိထားပါတယ်။
File size…(1.2GB) and (450MB)
Quality…BR-Ray 720p
Format…mp4
Duration….02:28:08
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
DON (2) ကိုအောက်လင့်မှာဆက်ကြည့်ပါခင်ဗျာ
Raees(2017)မြန်မာစာတန်းထိုး
Raees ဟာ 2017 မှာ ထွက်ရှိလာတဲ့ အက်ရှင်၊ မူခင်း သည်းထိတ်ရင်ဖိုအမျိုးအစား ဘောလီးဝုဒ်ရုပ်ရှင်ပါ မင်းသား ရှာရွတ်ခန်း အဓိကပါဝင်ပါတယ် ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တွေက အိန္ဒိယပြည်နယ်တစ်ခုဖြစ်တဲ့ Gujarat ပြည်နယ်မှာ ကြီးမားတဲ့ မှောင်ခိုဈေးကွက် တည်ထောင်ခဲ့သူရဲ့ ဥပဒေဘောင်မဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ ကြိုးစားခဲ့သူ ရဲအရာရှိ နဲ့ သူတို့တွေရဲ့ ထိပ်တိုက်ရင်ဆိုင်ရခြင်းတွေကို ဒရာမာ အဖြစ်ရိုက်ကူးထားတာပါ
မင်းသားကြီးရှရွတ်ခန်းက ဒီရုပ်ရှင်မှာ Raees ဆိုတဲ့ ဇာတ်ကောင်ကနေ ပါဝင်ထားပါတယ် Raees ဟာ ဂိုဏ်းစတားတစ်ယောက် ဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့သူတစ်ယောက် ဥပဒေနဲ့မကင်းတာတွေကို လုပ်တယ် သူ့လူတွေကိုတော့ ဂရုစိုက်မပျက်ဘူး အရက်ပုန်းရောင်း ပိုက်ဆံရှာပြီး ရတဲ့ငွေတွေကို သူပညာသင်ခဲ့တဲ့ကျောင်းကို စာရေးကိရိယာလှုတယ် အိမ်တွေဆောက်တယ် ဆေးရုံတွေဆောက်တယ် ကုလားကားတွေရဲ့ ထုံးစံအတိုင်း သီချင်းနဲ့ အကကတော့ မပါမဖြစ်ပေါ့ဗျာ
ရုပ်ရှင်ကိုတော့ Raees ၏ ငယ်ဘ၀နဲ့ စဖွင့်ပါတယ် ငယ်ရွယ်တဲ့ Raees လေးဟာ မကောင်းမှုတွေကို စတင်ပြုလုပ်နေတဲ့ လမ်းပေါ်က ခပ်သွက်သွက်ကောင်လေးတစ်ယောက်ပေါ့ နောက်ပြီး သူဟာ နွမ်းပါးတဲ့မိသားစုက မွေးဖွားလာသူတစ်ယောက် ဘယ်အလုပ်မဆို မသေးငယ်ဘူးဆိုတဲ့ မိခင်ဖြစ်သူ၏စကားနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ Raees ဟာ မယုံသင့်တဲ့သူတွေကို ယုံကြည်ခဲ့တယ် ငွေကြေးရှာဖွေဖို့ ရုန်းကန်ခဲ့ရတယ် စော်ကားမှုတွေအတွက် မကြာခဏ ရန်ပွဲတွေရင်ဆိုင်ခဲ့ရတယ် ဒါတွေကပဲ အမှောင်လောကထဲ ခြေစုံပစ်ဝင်ရောက်သွားဖို့ တွန်းအားတွေ ဖြစ်လာခဲ့တယ်
Raees ဟာ အရွယ်ရောက်လာတာနဲ့အတူ ဒုစရိုက်လောကရဲ့ ဖျံတစ်ကောင်ဖြစ်လာခဲ့တယ် Mahira ဟာ Raees ချစ်ရတဲ့ အမျိုးသမီးဖြစ်လာမယ့် ရဲအရာရှိတစ်ယောက်အနေနဲ့ပါဝင်ထားပြီး ရှရွတ်ခန်း နဲ့ အပြိုင်သရုပ်ဆောင်ရမယ့် Nawaz နဲ့စတင် ဆုံမိပါတော့တယ်
မင်းသားကြီး Nawazuddin Siddiqui က ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့စောင့်ကြည့်နေတဲ့ ရဲအရာရှိနေရာကနေ ပါဝင်ခဲ့ပြီး ရှရွတ်ခန်း နဲ့အပြိုင် သရုပ်ဆောင်ရပါတယ်
အိန္ဒိယဟာ နိုင်ငံရေး အရူပ်အထွေးတွေနဲ့ ဌာနဆိုင်ရာခြစားမှုလည်း အင်မတန်းများပြားတဲ့နိုင်ငံပါ Raees ဟာ ပြည်နယ်ကြီးတစ်ခုရဲ့မြေအောက်လောကကို ပိုင်ဆိုင်ထားတဲ့ အထင်ကရဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ရဲ့စီးပွားရေး၊ သူ့လောကအတွက် အစိုးရဌာနတွေကို ငွေနဲ့ပေါက်ပြီး ချဉ်းကပ်တယ် လိုအပ်လာရင် ဘယ်လိုရာဇ၀တ်မှုတွေကိုမဆို ကျူးလွန်ဖို့ဝင်မလေးတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပေါ့
Raees တို့ရဲ့မှောင်ခိုလုပ်ငန်းဟာ အာဏာပိုင်အဖွဲ့အစည်းတွေကို လာဘ်ထိုးမှုတွေ အပါအ၀င် အကျင့်ပျက်ချစားမှုတွေ အပြည့်လို့ ဆိုခဲ့တဲ့အတိုင်း သူ့ရဲ့အာဏာစက်အတွင်းမှာ လူသတ်ဖို့ပါ ၀န်မလေးတဲ့ အမှောင်လောကရဲ့ ဆရာတစ်ပါး Raees နဲ့ အမှန်တရားဘက်တော်သား ရဲအရာရှိလေး Majmudar တို့ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ ဖြစ်လာတော့တယ် Raees ရဲ့သိမ်းသွင်းမှုကို ဂရုမစိုက် အမှန်တရားအတွက်ပဲ အလုပ်လုပ်တဲ့ တရားဥပဒေသား Majmudar.. သူကြိုးစားဖို့ ဦးတည်ခဲ့တာက Gujarat ၏ ဥပဒေမဲ့ မှောင်ခိုလုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ Raees ကလည်း စောင့်ကြည့်ဖမ်းဆီးခံရမှုတွေကမှ ကွက်ကျော်ရိုက်ကာ သူ့ရဲ့မှောင်ခိုလုပ်ငန်းကို ဆက်လက်ကြီးထွားနိုင်ဖို့ အားထုတ်ခဲ့တာပါ
ကဲ ဒီလောက်ဆို ကြည့်ရမယ့် ပရိတ်သတ်ကြီး ရင်ခုန်နေလောက်ရောပေါ့...ရှာရွတ်ခန်းကားဆိုတာနဲ့ပဲ လက်မလွှတ်သင့်တော့ဘူးနော်....
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
Review by MoringStar Naing Lin
Translate by Lwin Naung & HtaG
Encoded by Hein Min Htet
Quality-Webrip 1080p
Size -0.9G/500mb
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Aranmanai 2 (2016) မြန်မာစာတန်းထိုး
ရွာကို မကောင်းဆိုးဝါးနဲ့ အောက်လမ်းမရောက်အောင်ကာကွယ်
ပေးတဲ့ Ammanရုပ်တုကို ဘုရားကျောင်းပြင်ဆင်မှာဖြစ်လို့
မြေအောက်ခန်းကို ခေတ္တ ပြောင်းရွှေ့ခဲ့ကြပါတယ်ရာကနေ
ဇာတ်ကားကိုစပြုထားပါတယ်။ထိုရုပ်ထုမရှိရာကနေ တဖက်မှာလည်း
အောက်လမ်းပညာကိုသုံးဖို့ မကောင်းဆိုးဝါးကိုနိုးထစေဖို့ရာဘုရားကျောင်း
အနီးနားက သင်္ချိုင်းမှာနေကြတဲ့ အောက်လမ်းဆရာအဖွဲ့အတွက် အခွင်အခါအကောင်းတခုအဖြစ်ဖန်တီးသွားကြတယ်။👻👻👻
ပွဲတော်အရက်အတွင်းမှာလွှတ်လိုက်တဲ့မကောင်းဆိုးဝါးက တိမ်အဖြစ်
ဖန်ဆင်ပြီး ရွာထဲကိုဝင်လာခဲ့ကြတယ်။ ရွာထဲကမြင့်မြတ်တဲ့သူတော်
ကောင်ကြီးက မကောင်းဆိုးဝါးကို သတိထားမိသွားလို့ လိုက်ဖမ်းပေမယ့်
ရဲတိုက်ထဲဝင်ရောက်သွားတာကို မတားနိုင်ခဲ့ဘူး။ဒီလိုနဲသူတော်ကောင်း
ကြီးက မကောင်းဆိုးဝါးဝင်ရောက်သွားတဲ့အကြောင်းရဲတိုက်ပိုင်ရှင်ကို
သတိပေးခဲ့ပေမယ့် လျစ်လျူရှုခံခဲ့ရတယ်အဲ့ဒီညမှာ မကောင်းဆိုးဝါးကြောင့်
ရဲတိုက်ပိုင်ရှင်က သတိလစ်မေ့မြောသွားခဲ့တယ်😯😯ရဲတိုက်ပိုင်ရှင်ရဲ့
သားကြီးတို့ဇနီးမောင်နှံRameshနဲ့ Sandhyaတို့ဟာ သူတို့ရဲ့သား
Sureshနဲ့အတူ ရဲတိုက်ဆီကိုရောက်လာခဲ့တယ် ထို့ပြင် ညီငယ်ဖြစ်တဲ့
Muraliနဲ့ချစ်သူAnithaတို့လည်ူရောက်လာခဲ့တယ် ဖခင်ကလည်း
မေ့မြောနေတဲ့အခြေအနေဖြစ်တဲ့အပြင် မိသားစုရဲ့ကားဒရိုင်ဘာက
အသတ်ခံလိုက်ရတဲ့အခါ....အဲ့ဒီနောက်ပိုင်းမှာ မိသားစုဝင်တွေ
ဘယ်လိုကြောက်လန့်ဖွယ်ရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရမလဲ..👹👹👹
အဖြစ်ဆိုးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့...
ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါလို့💀💀💀
Review by Winnie Ngoon
Translate by သူတစ်ယောက်အတွက်
Encoded by Hein Min Htet
Size & quality Hdrip 720p 830
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Kabali (2016) 720p HD ( English Subtitles )
ကျွန်တော်ရဲ့ မိတ်ဆွေတွေအတွက် 22/July/2016 မှာထွက်ရှိထားတဲ့ { India } ဂိုဏ်စတာ
ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါပီ...
ဒီကားကတော့ မလေးရှားနိုင်ငံမှာရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပီတော့ india ဘာသာစကားကို
အဓိက အသုံပြုထားပါပီ မလေး/တရုတ် ဘာသာစကားကိုလဲ အနည်းငယ် အသုံးပြုထားပါသည်.
အရင်က မလေးရှား လူမိုက်ဇာတ်ကားတွေ ဖြစ်တဲ့ KL ဂိုဏ်စတား ကားတွေဆိုလဲ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေပါပဲ ယခု ဒီကားမှာလဲ လက်ရှိ IMDb ( 7.0 ) ရရှိထားပါတယ်...
ကြည့်ချင်သူများ အောက်က Download Here မှာ ( 473.0 MB ) သာရှိတဲ့ ဖိုင်လ်ကို ဒေါင်းယူနိုင်ပါပီ...
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Madras Cafe (2013) မြန်မာစာတန်းထိုး
IMDb Rating (7.8/10) Rotten Tomatoes (74%) ထိရရှိထားတဲ့ Action, Drama, History အမျိုးအစား
Bollywood ဇာတ်ကားဖြစ်ပါတယ်။
မင်းသားကြီး John Abraham ရဲ့ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ့် Agent ဇာတ်ကားမျိုးပါ။
Bollywood ဇာတ်ကားဖြစ်ပါတယ်။
မင်းသားကြီး John Abraham ရဲ့ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ့် Agent ဇာတ်ကားမျိုးပါ။
File size…(1GB)
Quality…Blu-ray Rip 720p
Format…mp4
Duration….02:10:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Quality…Blu-ray Rip 720p
Format…mp4
Duration….02:10:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Ghajini မြန်မာစာတန်းထိုး
Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝပြီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။
ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း
ရှိပါတယ်။ တစ်နေ့မှာတော့ Ghajini လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။
အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။ ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Ghajini လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၇.၁ မီလီယံအသုံးပြုပြီး ရိုက်ကူးထားတာဖြစ်သလို ပြန်ရတာကလည်း ၃၀ မီလီယံဖြစ်တာကြောင့် အလွန်အောင်မြင်တဲ့ကားလို့ဆိုရမှာပါ။
3 Idiots မတိုင်ခင် Aimar Khan ဇာတ်ကားတွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုရမယ်လို့ ညွှန်းထားပါတယ်။
IMDb rating (7.3/10) ထိရရှိထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Ko Nyi Nyi Kyaw Myint မှရေးသားပေးထားပါသည်။)File size…(1.4GB)
Quality…DVD-Rip 720p
Format…mp4
Duration….03:05:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Mohenjo Daro (2016) မြန်မာစာတန်းထိုး
– ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။ တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။
တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။
မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။ ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ သမီးဖြစ်တဲ့ ချာနီဆို တဲ့ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။
အာဏာရှင်မာဟမ်ရဲ့ အခွန်အကောက်သစ်တွေကို ဆန့်ကျင်ကြတဲ့ ဘယ်သမားအဖွဲ့တွေကို မာဟမ်ရဲ့ စစ်သားတွေက အပြတ်ရှင်းပစ်ရာမှာ ဆာမန်းက ဝင်ကူခဲ့ပါတယ်။ ချာနီကိုလည်း မြင်းတွေကြားထဲက ကယ်တင်ခဲ့ပြီးတဲ့နောက် နှစ်ဦးသား ချစ်သွားခဲ့ကြပါတယ်။ ချာနီဟာ ကောက်ကျစ်တဲ့မွန်းဂျာနဲ့ လက်ထပ်ဖို့အတွက် အတင်းအဓမ္မစေ့စပ်ခံထားရတာပါ။ နောက်တော့ ဆာမန်းဟာ မာဟမ်ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး မာဟမ်က ဆာမန်းကို သတ်ပစ်ချင်ပေမယ့်လည်း အလောင်းအစားတိုက်ပွဲတစ်ခု စိန်ခေါ်ခဲ့ပြီး ဆာမန်းနိုင်ခဲ့ရင် ချာနီကို လွတ်လပ်ခွင့်ပေးမယ့်အကြောင်း သဘောတူခဲ့ပါတယ်။
မကောင်းဆိုးဝါးမာဟမ်က ဆာမန်းကို ဘယ်လိုစိန်ခေါ်မှုတွေလုပ်ခဲ့တာလဲ၊ ဆာမန်းနဲ့ မိုဟန်ဂျို ဒါရိုက ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ၊ ချစ်သူနှစ်ဦးကော ပေါင်းစည်းခွင့်ရကြမှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦး။ ရှေး ဟောင်းနောက်ခံ အချစ်ဇာတ်ကားလို့ဆိုပေမယ့်လည်း အက်ရှင်ဇာတ်ကွက်လေးတွေပါတာမို့ ပရိသတ်တွေသဘောကျမှာပါ။
(ရုပ်ရှင်အညွှန်းကို 7Daydaily.com မှကူးယူဖော်ပြပါသည်။)
မင်းသားကတော့ လက်ပွားမင်းသား (Hrithik Roshan) ဖြစ်ပြီး မင်းသမီး Pooja Hegde နှင့်အခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ IMDB (6.3/10) ပါ။
(ဒီဇာတ်ကားကို Nyi Thanlwin Phyo Pyae မှဘာသာပြန်တင်ဆက်ထားတာပါ။)
File size…(1.2GB)
Quality…HD-Rip 720p
Format…mp4
Duration….02:35:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Fever (2016)မြန်မာစာတန်းထိုး
မင်္ဂလာပါ ပရိတ်သတ်ကြီး အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ Fever ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် Gauhar Khan နဲ့ Rajeev Khandelwal တို့ အဓိကပါဝင်သရုပ်ဆောင်ပါတယ်၊ ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက်ရိုက်ကူထားတဲ့
Bollywoodကားလေးဟာဆိုရင်ဖြင့် ရင်တထိတ်ထိတ်ဖြင့်ကြည့်ရမည့်ကားလေးပါ စာရေးဆရာတစ်ယောက်အနေနဲ့ ဝတ္ထုရေးရာမှာကုန်ကြမ်းကို တကယ့်ဘဝကရှာဖွေပြီးရေးပါတယ် မတော်တဆမှုတစ်ခုဖြစ်ပြီး ဦးခေါင်းထိသွားတဲ့အခါ သူ့ဘဝသူ စာအုပ်ထဲကဘဝနှင့် ထင်ယောင်ထင်ယောင်တွေဖြစ်သွားခဲ့တယ် သူ့ကိုသူဇာတ်လမ်းထဲက ဇာတ်ကောင်အဖြစ်ထင်နေပြီး စာအုပ်ထဲကလူသတ်မှုကိုသူကျူးလွန်ထားသလိုခံစားရလာတယ် ထိုအရာတွေရှင်းရှင်းလင်းလင်းသိရအောင် လိုက်စုံစမ်းရင်း ရင်တထိတ်ထိတ်ဇာတ်ဝင်ခန်းလေးတွေကို ဇာတ်ကားလေးမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်.။
Credit To : goldchannelmovies.com
Translate by: Wai Mar Kyaw
Quality -HD Rip
Size 900MB
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Te3n (2016) မြန်မာစာတမ်းထိုး
ဒီဇာတ်ကားတော့ Amitabh Bachchan ရဲ့
၂၀၁၆ ထွက်ဇာတ်ကားသစ်လေးပဲဖြစ်ပါတ
ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံရတဲ့ ၈ နှစ်အရွယ်မြေးမလေးအတွက် ၈ နှစ်တိုင်တိုင်
ပူဆွေးသောကရောက်နေတဲ့ ဂျွန် ဟာ တနေ့မှာတော့ မိဘမဲ့ ဂေဟာက ကလေးမလေးတယောက်ရဲ့
ဦးထုပ်ကနေ တဆင့် ပြန်ပေးသမားကိုခြေရာခံမိတယ်
အဲဒီ အချိန်မှာပဲ နောက်ထက် ၈ နှစ်အရွယ်ကလေးတယောက် ပြန်ပေးဆွဲခံရပြန်တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့တဲ့ ၈ နှစ်ကပြန်ပေးမှုနဲ့ တူညီနေတာပါပဲ....
ဇာတ်လမ်းမှာ ဂျွန်ဟာ သူတယောက်တည်းပြန်ပေးသမားကို
ရဲ တွေကရော ဒီပြန်ပေးအမှုနဲ့ ပတ်သတ်ပြီး ဂျွန် ရဲ့ဖော်ထုတ်မှုကို လက်ခံရဲ့လား...။
နောက်ဆုံး ဒီပြန်ပေး ၂ မှုလုံးကိုဖော်ထုတ်နိုင်ရဲ့လ
ဘောလီဝုဒ် ဇာတ်ကားတွေမှာထူးထူးခြားခြာ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Chak de! Inida 2007 (မြန်မာစာတန်းထိုး)
ကျွန်တော်တို့ gc team ကြီးကပရိသတ်ကြီးတွေ ဘာကြိုက်တက်တာလဲဆိုတာ ဗေဒင်မေးစရာမလိုပဲ သိနေတယ်လေ ဒါကြောင့်လည်း up to dateကားများhot seriesများကိုအချိန်နဲတပြေးညီတင်ဆက်ပေးပြီး bollywoodကားများကိုလည်း ကားကောင်းလေးများရွေးပြီးပြန်တင်ပေးနေတာ ပရိသတ်ကြီးလည်း အသိဖြစ်မှာပါ။
ခုပရိသတ်ကြီး လုံးဝကြိုက်စေမယ် bollyကားကောင်းတခု တင်ဆက်ပေးလိုက်ပြန်ပါပြီ။ imbd8.4 rotten 92%ထိရထားပြီး bollywoodဘုရင်လိုတင်စားခေါ်ရလောက်တဲ့ မင်းသားကြီး shah Rukh Khanမို့ ကားကောင်းတခုဖြစ်တယ်ဆိုတာပြောစရာလိုလောက်ပါဘူးနော်။
ဇာတ်လမ်းအဖွင့်မှာတော့ အိန္ဒိယအသင်းနဲ့ပါကစ္စတန်အသင်းတို့ ကမ္ဘာ့ဟော်ကီချန်ပီယံရှစ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေကြပုံများနဲ့စတင်ထားပါတယ်
ပါကစ္စတန်အသင်းဟာ အိန္ဒိယအသင်းကို ၁ ဂိုးနဲ့အနိုင်ရနေပြီး ကစားနေရင်းဖောင်းဖြစ်သွားလို့ အိန္ဒိယအသင်းအတွက် ပယ်နတီရသွားပါတယ်
ဒီပယ်နတီဘောကို အသင်းခေါင်းဆောင်ကဘီးခန်းကသွင်းယူခဲ့ရာမှာ လွဲချော်ခဲ့ပါတယ်။
ပါကစ္စတန်ကိုရှုံးခဲ့တာကြောင့် အိန္ဒိယပြည်သူတွေဟာ ကဘီးခန်းကို ဒေါသတွေထွက် စိတ်နာခဲ့ကြတယ်။
အဲဒီမှာပဲ ကဘီးခန်းဟာ ဟော်ကီလောကကနေ ၇ နှစ်ကြာ ပျောက်သွားခဲ့တယ်။
၇ နှစ်ကြာပြီးတဲ့အခါမှာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့
အိန္ဒိယအမျိုးသမီးဟော်ကီအသင်းအတွက်နည်းပြလုပ်ဖို့ပြန်ရောက်လာခဲ့တယ်။
မတူညီတဲ့ဒေသ မတူညီတဲ့စိတ်ထားအမျိုးမျိုးနဲ့ လက်ရွေးစင် ၁၆ ယောက်ကို နည်းပြကဘီးခန်းတစ်ယောက်
ဘယ်လိုလေ့ကျင့်ပေးမလဲ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ဘယ်လိုတွန်းအားပေးမလိုဆိုတာကိုတော့ Chak De ဇာတ်ကားလေးမှာစောင့်ကြည့်ကြပါလိုပ တိုက်တွန်းလိုက်ရပါတယ်။
[ရွှင်လမ်းချမ်းမြေကြပါစေ]
Quality : 720p HD
Quality : 720p HD
Review: Hein Min Htet & Phyo Thant
Translated by: Phyo Thant
Encoded by: Hein Min Htet
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
India Pakistan (2015) မြန်မာစာတန်းထိုး
အိန္ဒိယ တာမီးရုပ်ရှင် အချစ်ဟာသတကားတင်ဆက်ပေးလိုက်
IMDB 5.7 ရထားတဲ့ တာမီးဇာတ်ကားဟာ 2h:37mins ကြာမြင့်ပါတယ်။ 850 MB နဲ့ ဒေါင်းလုပ်ယူနိုင်ပါပြီ။
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Pink (2016) မြန်မာစာတန်းထိုး
Imdb - 8.6/10
မင်္ဂလာပါ၊ 2016 ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီ ဖြစ်သလို ဆန်ကာတင်စာရင်းဝင်မယ့် ရုပ်ရှင်တွေကလဲ အပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ up-to-date တွေ မပြတ်ရှာဖွေတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Admin ကလေး Bro Hein Min Htet မှ အပျံစား Bollywood movie လေးတစ်ခုကို GC ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါပြီခင်ဗျ။ အဓိပ္ပါယ်ပြည့်ဝတဲ့ Movie တစ်ခု ဖြစ်တဲ့အတွက်ကြောင့်.
ရုပ်ရှင်တစ်ကားရဲ့ အနှစ်သာရကို ပိုမိုတန်ဖိုးထားကြည့်ရှုလိုသူများအတွက်တော့.. ကျေနပ်အားရစရာ ရှုစားကြရမှာဖြစ်ပါတယ်။
ရုပ်ရှင်ဇါတ်ကားတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် Director ရဲ့ ဇါတ်ကားအပေါ်မှာ အာရုံစိုက်ကြိုးပမ်းမှု အတော်လေးကို ထင်သာမြင်သာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို မူလ ပင်မ ဇါတ်လမ်းကျောရိုးပေါ်ကနေ သွေဖည်ခြင်းမရှိစေရဘဲ.. မလိုအပ်တဲ့ ပြကွက် ရိုက်ချက်တွေ ထည့်သွင်းထားခြင်းမရှိတာကိုက ဒီ ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုရမှာအမှန်ပါပဲ။ Pink မှာ မင်းသားကြီး Amitabh-Bachchan အနေနဲ့ သူ့ရဲ့ အနုပညာစွမ်းရည်ကို သမာသမတ်ကျတဲ့ ရှေ့နေတစ်ယောက်အသွင်နဲ့... အကောင်းဆုံးထုတ်ဖေါ်ပြသနိုင်ခဲ့ပါတယ်။ မျက်နှာအမူအရာ၊ စကားလုံး တိကျပြတ်သားမှုတွေနဲ့ .. မှတ်သားလောက်စရာ Diaogue အတော်များများကို ချက်ကျလက်ကျ ရွတ်ပြသွားနိုင်တာတွေကိုကြည့်ခြင်းအားဖြင့် bollywood ရဲ့ ငွေကြယ်ဖြူတစ်ပွင့် ဟာ ခုထိ အရောင်အဆင်းတောက်ပနေဆဲ လို့ သက်သေပြနေသယောင်ယောင်ပါပဲ။ ကျွန်တော်တို့ ခုလက်ရှိခေတ်အနေအထားနဲ့ လိုက်လျောညီထွေစွာပဲ ရေပေါ်ဆီလူ့အတန်းအစားအချို့ရဲ့ စရိုက်တွေ၊ မင်းစိုးရာဇာတွေနဲ့ ပလဲနံပသင့်အောင်ပေါင်းပြီးအခွင့်အရေးကို အမိအရဆုပ်ကိုင်တတ်သူတွေ နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထား စရိုက်လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ခင်းကျင်းထားတဲ့ ဇါတ်ညွှန်းကြောင့်လဲ ရုပ်ရှင်ဟာ ပိုပိုပြီး ကြွတက်လာပါတယ်။ မှောင်မိုက်တဲ့ ညကာလ အချိန်မှာ.. အမျိုးသမီးငယ်သုံးယောက်ဟာ... ဆိုးသွမ်းလူငယ်တစ်စုရဲ့.. အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရတဲ့နောက်.... သူမတို့အတွက် တရားမျှတမှု ဥပဒေဟာ အခြေယိုင်နဲ့စရာတွေဖြစ်လာခဲ့ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတာကတော့ အဲဒီ ဆိုးသွမ်းလူငယ်တစ်စုဟာ . နှယ်နှယ်ရရ မဟုတ်ဘဲ သူတို့ရဲ့.. ကျောထောက်နောက်ခံမိဘများဟာ.. အာဏာပိုင်တွေကို ခါးပိုက်ထောင်ထဲထည့်ထားနိုင်တဲ့... အတန်းအစား တွေ ဖြစ်တဲ့အပြင် တရားခွင်မှာ... သူခိုးက လူပြန်ဟစ်သလို မတရားတင်းဆိုလာတဲ့အကြောင်းရင်းတွေကြောင့်ပါပဲ။ Deepak ဟာ.. အပြစ်မဲ့ အမျိုးသမီးငယ်လေး သုံးယောက်ရဲ့ မတရားမှုပပျောက်ဖို့ နဲ့ တရားမျှတဖို့အတွက်. အဆိုပါ အသိုင်းအ၀ိုင်းကို ဆန့်ကျင်ချေပကာကွယ်ပေးရမယ့်... ရှေ့နေတစ်ယောက်အဖြစ်နဲ့ တရားရုံးလေကထဲကို တကျော့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တရားခွင်မှာ အဖက်ဖက်က အားသာနေတဲ့ လူချမ်းသာတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ့် Deepak အတွက် ဘယ်လို အချက်အလက်တွေ သက်သေသာဓက တွေ၊ လျှောက်လဲချက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ... Pink ရဲ့ အမြင့်မားဆုံး ဇါတ်ရှိန်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဇါတ်ဝင်ခန်းတွေက.. GC ပရိသတ်ကြီးကို အဖြေဖေါ်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေရဲ့ လုံခြုံရေး၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် တန်းတူအခွင့်အရေးတွေကို ပညာသားပါပါ ထည့်သွင်းထားတဲ့ ဒီ Movie ကို မှတ်မှတ်ရရ Internation Women day မှာ စတင် အခြေတည်ရိုက်ကူးခဲ့တယ်ဆိုတာကလဲ... ဒီဇါတ်ကားရဲ့ အမှတ်တရဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဆိုတာ အသိပေးပြောကြားရင်း... ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။

Creature (2014)
ဘောလီးဝုဒ် ထိတ်လန့်သဲဖိုဇာတ်လမ်းတပုဒ်တင်ပေးလိုက်ပါတယ်။ ထူးဆန်းတဲ့ တောထဲက သတ္တဝါကြီးက လူတွေကို ဒုက္ခလိုက်ပေးနေပါတယ်။ ကောင်မလေးတယောက်ကတော့ တောထဲမှာ ဟိုတယ်စတင်ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ပေါ့။ အသက်အန္ဒရာယ်အထိဒုက္ခပေးနေတဲ့ ဒီသတ္တဝါရဲ့ ဇစ်မြစ်ကဘာလဲ၊ ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့.....
2h:14mins ကြာမြင့်ပါတယ်။ အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ဖိုင်ဆိုဒ်အကြီး - 952 MB
ဖိုင်ဆိုဒ်အသေး - 300 MB
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်