Recent Movies
Showing posts with label Funny ဇာတ်ကားများ. Show all posts
Showing posts with label Funny ဇာတ်ကားများ. Show all posts
Johnny English 3 :Strikes Again 2018 မြန်မာစာတန်းထိုး
ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။
လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။
မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲ ကြည့်လိုက်ရအောင်။
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
 ကျန်တဲ့အပိုင်းတွေကိုကြည့်ရန်အောက်လင့်မှာဆက်သွားပါခင်ဗျာ
  1.  Johnny English 1 (2003) မြန်မာစာတန်းထိုး
  2.  Johnny English 2 (2011) မြန်မာစာတန်းထိုး
  3.  Johnny English 3 (2018) မြန်မာစာတန်းထိုး
Johnny English 2: Reborn (2011) မြန်မာစာတန်းထိုး
၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English ရဲ့အဆက်ကို တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။
Johnny English 1 (2003) မြန်မာစာတန်းထိုး
 2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ Johnny English ဇာတ်ကားကို ဒါရိုက်တာ Peter Howitt က ရိုက်ကူးထားပြီး
ကမ္ဘာကျော်ဟာသမင်းသားကြီး မစ္စတာဘင်းန် လို့ လူသိများတဲ့Rowan Atkinson က မင်းသားအဖြစ်
ရိုက်ကူးတင်ဆက်ထားပါတယ်..ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး.ဟာသအဖြစ်အပျက်
တွေကြားထဲက အေးဂျင့်တစ်ယောက်ရဲ့ အမှုထောက်လှမ်းပုံ…အမြဲတမ်းအလွဲတွေနဲ့ ကြုံနေရပုံ..စသည့်
အရာတွေကိုတော့ မစ္စတာဘင်းန် ရဲ့ ထုံးစံအတိုင်းပေါ့..ပြောင်မြောက်စွာဟာသတွေနဲ့ရိုက်ကူးတင်
ဆက်ထားပါတယ်.အားရပါးရရယ်မောနိုင်ပါစေဗျို့ 😀
Going in Style (2017) မြန်မာစာတန်းထိုး
1979 မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကို reboot လုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ် အရွယ်လွန်နေတဲ့ အဖိုးကြီ3းယောက်က ကျပ်တည်းလှတဲ့လူနေမှုကို တွန်းလှန်ဖို့ ကြံမိကြံရာအတွေးအရ ဒမြတိုက်ဖို့ ကြိုးစားမိတဲ့အကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ် အဖိုးကြီ3းယောက်ရဲ့ ဒသနတွေ ဟာသတွေကို မရိုးနိုင်အောင်ကြည့်ရမှာပါ မင်းသားကြီး Morgan Freeman
Shaolin Soccer 2001 မြန်မာစာတန်းထိုး
အာရှရဲ့အမြဲတမ်း အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့
Shaolin Soccer ဆိုတဲ့  ဇာတ်ကားထဲက မင်းသား Stephen Chow ကိုသဘောကျလို့ဖြစ်သလို
ဘောလုံးအားကစားနည်းကို အားပေးတဲ့ပရိသတ်တစ်ယောက်အနေနဲ့
ဒီဇာတ်ကားကို ဘာသာပြန်ဖြစ်သွားပါတယ်…
once upon a time in venice (2017) မြန်မာစာတန်းထိုး
တစ်ကားလုံး ရယ်နေရစေမယ် ဆိုတာ အာမခံပါတယ်….
မင်းသားကြီး Bruce Willis ရဲ့ ရုပ်ပြောင်တဲ့ ကားမျိုးကို ကြည့်ရခဲလို့စကားလုံး ခပ်ရိုင်းရိုင်းလေးတွေနဲ့ သုံးနှုန်းပြီး ဟာသ သရုပ်ကို ပိုပေါ်လွင်အောင်ပုံပေါ်ထားပါတယ်….
ဒီဇာတ်ကားထဲမှာ မင်းသားကြီး Bruce Willis က စုံထောက်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်
Love Arumi Like ( 2015 ) မြန်မာစာတန်းထိုး
Movie တွေမတင်ဆက်ဖြစ်တာကြာပီဖြစ်တဲ့အတွက် MMATV ရဲ့ချစ်လှစွာသောပရိတ်သတ်ကြီးကို 2015 ခုနှစ်ထွက် "Love Arumirai" ဆိုတဲ့ထိုင်းကားလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ရှင်။
×××××××××××××××××××××××××××××××××××
Geng နဲ့ Bella လို့ခေါ်တဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲရှိပါတယ်။
Geng ကတော့ရဲတစ်ယောက်ဖြစ်ပီး Bellaကတော့ရုပ်ရည်လှပချောမောတဲ့ Fashionဆရာမကြီးတစ်ယောက်ပါ။
သူတို့နှစ်ယောက်က အလုပ်အမြဲရှုပ်တတ်ကြပီး တစ်ယောက်နဲ့တစ်ယောက်လည်း အဆင်သိပ်မပြေကြဘူး။
ဒီလို့နဲ့တစ်ညမှာု့နှစ်ယောက်သားစကားများပီး အိပ်ပျော်သွားတဲ့အခါ မနက်မိုးလင်းတော့ ကိုယ်ချင်းလွဲနေတာကို သိလိုက်ရပါတယ်။
ဒါပေမဲ့လည်းသူတို့ရဲ့အလုပ်ကိစ္စတွေက အရေးကြီးတဲ့အတွက်ဟန်ဆောင်ပီး အလုပ်သွားကြပါတယ်။
မင်းသမီးကိုယ်နဲ့(မင်းသား)က fashion ကိစ္စတွေအတွက်သွားရသလို မင်းသားကိုယ်နဲ့(မင်းသမီး)က လူဆိုးဖမ်းဖို့်လုပ်ကြရတာကြောင့် ဘယ်လိုပေါက်ကရတလွဲတွေလုပ်မလဲ ၊သူတို့နှစ်ယောက်ရောချစ်သွားကြမလား၊နဂိုခန္တာကိုယ်တွေပြန်ရမလားဆိုတာတော့ movieလေးမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ပါနော်။
ဟာသအမြူးလေးဖြစ်တာကြောင့် သဘောကျနှစ်သက်မယ်လို့ ယုံကြည်မိပါတယ်။
Translator : Khin July Moe
Encoder : MTK
Quality : 720p
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
The Gods Must Be Crazy (1980)
ပုလင်းဟာသကားလို့ မြန်မာနိုင်ငံမှာလူသိများပါတယ်၊ ဗီဒီယိုရုံတွေမှာဒီကားပြနေပြီဆို လူတိုင်းမျက်နှာ်မှာ ပြုံးရွှင်ပြီး တဝါးဝါးပွဲကျတာကို မြင်ရလေ့ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ တော်တော်များများသိပြီးလို့ အညွှန်းမရေးပေးတော့ပါဘူး။ ဒါပေမယ့် အဲ့ဒီကားထဲက အဓိကဇာတ်ဆောင်တယောက်ဖြစ်တဲ့ တောင်အာဖရိက လူရိုင်း မင်းသား Nixau အကြောင်းကို ရိုးရာလေးမှ ကူးယူဖေါ်ပြလိုက်ပါရစေ။ ဇာတ်ကားကိုတော့ SD ဆိုဒ်အသေး 485 MB နဲ့ပဲ တင်ပေးထားပါတယ်။
god mudNixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။
တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာ
ကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။
ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။
ဟောင်ကောင်မှာ ရုပ်ရှင်အားလုံးရိုက်ကူးပြီးတော့ နမီးဘီးယားက သူ့ရဲ့ ဇာတိမြေကိုသာ ပြန် သွားပါတယ်။
ငွေကြေးများစွာ ပိုင်ဆိုင်သည့်တိုင် ဘယ်လို သုံးစွဲရမယ်ဆိုတာတောင် မသိပါဘူး။
သင်္ချာဂဏန်းအားဖြင့်လည်း ၂၀ အထိသာ ရေတွက်နိုင်တယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါ တယ်။ ငွေတွေကို စီမံခန့်ခွဲ သုံးစွဲဖို့ဆိုတာ ဝေလာဝေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင် မရိုက်ကူးမှီကဆိုရင် လူဖြူ သုံးဦးတိတိသာ မြင်ဖူးသူ ဖြစ်ပါတယ်။
၁၉၉၆ ရုပ်ရှင်ရိုက်ကူးပြီး သူ့ဇာတိရွာမှာပဲ လယ်အလုပ် အမဲလိုက် အလုပ်ကို ပြန်လုပ်ပါတယ်။ ငှက်ဖျား ရောဂါ တစ်မျိုးနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ N!xau ဟာ သူ့အသက်သူတောင်သိတဲ့သူ မဟုတ်ပါဘူး။ ဒေသခံများ ခန့်မှန်းချက်အရတော့ အသက် ၅၉ နှစ်မှာ ကွယ်လွန်တာလို့ ဆိုပါတယ်။နမီးဘီးယားနဲ့ တောင်အာဖရိကရဲ့  လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်ကို ကမ္ဘာသိအောင် ဖန်တီးပေးနိုင်တဲ့ ဟာသမင်းသား N!xau ဟာ ယနေ့တိုင် ကမ္ဘာ့ ဟာသရုပ်ရှင်အနုပညာသမိုင်းမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အောင်ခမ်း ( ရိုးရာလေး )
[FORMAT]:………………………….:[ 480p WebRip SD MP4
[GENRE]:………………………… .:[ Comedy
[FILE SIZE]:……………………….:[ 485 MB
[RESOLUTION]:………………….:[ 640 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 49mins
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Honey,I Shrunk the Kids (1989) မြန်မာစာတန်းထိုး
ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလေးများကို
ခုအချိန်မှာ ပြန်ကြည့်ရင် အမြင်သစ်တစ်မျိုးနဲ့ သုံးသပ်နိုင်ပြီး...အသိပညာတစ်ခုခုရရှိစေတဲ့ဇာတ်ကားတွေ ထဲမှာ ဒီကားလေးလည်း ပါဝင်ပါတယ်။ သိပံ္ပပညာနဲ့ပတ်သက်ရင် စိတ်ဝင်စားစရာသိပ်မရှိတဲ့ ဖွံဖြိုးဆဲ နိုင်ငံက ကလေးတွေကို လေ့လာချင်စိတ်ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒီဇာတ်ကားလေးက သိပံ္ပပညာရှင်ဖခင်ဖြစ်သူရဲ့စမ်းသပ်မှုကို ကလေးတွေက ဝင်ဆော့တဲ့အခါ ဖြစ်လာတဲ့
အကျိုးဆက်တွေကို ပြန်ဖြေရှင်းရတာပါ။ နေ့စဉ်ဘဝမှာ ဘာမှမဟုတ်လို့ထင်ထားခဲ့တာတွေက အရေးပါတဲ့
ကြီးမားတဲ့ အခက်အခဲပြဿနာတွေဖြစ်လာတဲ့ အခါမှာ ဘယ်ပုံဘယ်နည်း ဖြေရှင်းခဲ့လည်းဆိုတာကို ဖော်ပြထားပါတယ်။
၁၉၉၁ ခုနှစ်မှာ BAFTA Film Award ဆုပေးပွဲက ပေးတဲ့ အကောင်းဆုံး Visual Effects ဆုကို ရရှိခဲ့ပြီး 
IMDB မှာ 6.3 ရရှိထားပါတယ်။ ကွန်ပြူတာနဲ့ အထူးပြုလုပ်ချက်တွေကို သပ်သပ်ရပ်ရပ်လုပ်ထားတာကိုလည်း တွေ့မြင်ရမှာပါ။
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Adventure, Comedy, Family
[FILE SIZE]:…………………….….:) 883 MB / 467 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 33 mins
[Translate By]:……………………..:) Kyaw Myo Thu
[Encoded By]:...........................:) Nyi Htut
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
My Lucky Stars (1985)
ရုပ်ရှင်အညွှန်း - Rockie Chan
Rockie Chan က ဘာသာပြန်ပေးထားပြီး Nyi Htut (အလွမ်းသံစဉ်) က blueray quality ရအောင် စေတနာပါပါနဲ့ ကုတ်ထားပေးပါတယ်။ ဇာတ်ကားကောင်း တလက်ကို ကြည်ကြည့်လင်လင် စာတန်းထိုးအမှန် ကြည့်ချင်တဲ့သူတွေအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပါကြောင်း...
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Adventure, Comedy,
[FILE SIZE]:…………………….….:) 816 MB / 399 MB
[RESOLUTION]:……………….….:) 720x536 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 36 mins
[Translate By]:……………………..:) Rockie Chan
[Encoded By]:...........................:) Nyi Htut (အလွမ်းသံစဉ်)
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Office Christmas Party (2016)
ဟာသကားပါ။ ခရစ်စမတ်ဆိုတာ တစ်နှစ်မှာတစ်ညပဲရှိတာပါ။
နိုင်ငံတကာပိတ်ရက်တစ်ရက်ဖြစ်တဲ့အတွက်အလုပ်တွေလည်းပိတ်သွားတဲ့အချိန်မှာ ရုံးတစ်ရုံးက လုပ်ဖော်ကိုင်ဖက်တွေစုပြီး
ခရစ်စမတ်ညပါတီလုပ်ကြတဲ့အကြောင်းကို ပျော်ရွှင်စရာဟာသဇာတ်ကားတစ်ကားအဖြစ်နဲ့ဖန်တီးလိုက်တဲ့အခါမှာတော့
ပရိသတ်တွေရဲ့ဘဝအမောတွေကိုပြေပျောက်စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လာပါတော့တယ်။
File Size : 800 MB/330MB
Quality : 1080P Bluray
Running Time : 1hr 45minutes
Format : Mp4
Genre : Comedy
Encoder :Thanhtike Zaw
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Rob-B-Hood(2006) မြန်မာစာတန်းထိုး
ဂျက်ကီချန်းရဲ့ အောင်မြင်တဲ့ကားတွေထဲက တစ်ကားဆိုလည်းမမှားပါဘူး..
ဂျက်ကီချန်းရဲ့ကားတွေထုံးစံအတိုင်း အက်ရှင်ခန်းတွေဝေဝေဆာဆာနဲ့
ကြည့်ရင်းနဲ့လည်း ရယ်ရတဲ့အခိုက်အတန့်ဖြစ်လာရသလို သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့မလွယ်ဘူးဆိုတာကို
ကလေးတယောက်ကို ချစ်တဲ့ သူခိုးကြီး၂ယောက်အသွင် သရုပ်ဆောင်ပြသွားပါတယ်..
.
Thongs (ဂျက်ကီချန်း)နဲ့ Octopus(Louis Koo)တို့က Professional သူခိုးတွေပါ… ဒါမေယ့် သူတို့သူခိုးမှာလည်း ထားတဲ့ သစ္စာဆိုတာရှိပါတယ်… သူခိုးပေမဲ့ လူမသတ်ဘူး.. သူများသားမယားမဖျက်စီးဘူး. .ပြီးတော့ သက်မဲ့ပစ္စည်းပဲ ခိုးကြတာပေါ့ ..
.
တစ်နေ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတို့၂ယောက် နူးညံ့တဲ့ကလေးတယောက်ကို ရုတ်တရက်ကြီး ပြန်ပေးဆွဲဖြစ်သွားတဲ့ အခါ………
.
သံယောဇဉ်နဲ့မေတ္တတရားရယ်လို့ မသိခဲ့တဲ့ လူကြမ်းကြီးနှစ်ယောက် လသားအရွယ်ကလေးလေးကိုထိန်းရင်း ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို ဟာသနှောပြီး ရိုက်ပြထားသလို … ကလေးလေးနဲ့ ခွဲရမယ့်အခါမှာလဲ မျက်ရည်လည်လောက်အောင် ဇာတ်လမ်းဆင်ပေးထားပါတယ်..
.
IMDb rating 6.7 ရရှိထားပြီး 2006 ခုနှစ်ရဲ့ Chinese Box Office မှာ ထိပ်ဆုံးအဆင့်ကရပ်တည်ခဲ့တဲ့ကားဖြစ်ပါတယ်…
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 
Johnny English (2003)
ဒီကားလေးကတော့ လူတိုင်နီးပါ ကြည့်ပြီးသား ဖြစ်မှာပါ ပြန်ကြည့်ချင်သူများနဲ့ မကြည့်ရသေးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ် ဟာသကား ကြည့်ချင်သပါ့ဆိုတဲ့ ပရိတ်သတ်တွေအတွက်ပါဖိုင်ဆိုဒ် 220MB နဲ့ တင်ပေးလိုက်ပါတယ်ဗျာ
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
  DOWNLOAD ဆွဲရန်
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Son of the Mask (2005) (မြန်မာစာတန်းထိုး)
ဒီဇာတ်လမ်းမှာတော့ မျက်နှာဖုံးရဲ့ စွမ်းအင်နဲ့ တိုက်ဆိုင်ပြီး မွေးဖွားလာတဲ့ကလေး နဲ့ ကလေးကို မနာလိုတဲ့ ခွေးလေးက မျက်နှာဖုံးကို ခိုးပြီး တစ်ယောက်ကို တစ်ယောက် ချောက်ချကြတာတွေ….. မျက်နှာဖုံးရဲ့ မူလပိုင်ရှင် နတ်ဘုရား လိုကီဟာ သူ့ဖခင်ရဲ့ အတင်းခိုင်းစေမှုကြောင့် မျက်နှာဖုံးရှာပုံတော်ထွက်ရင်း ….. openload နှင့် pcloud လင့်နှစ်ခု ပြုလုပ်ပေးထားပါတယ် ကြိုက်နှစ်သက်ရာကနေ ကြည့်လိုက်ပါ
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
One for the Money (2012) - မြန်မာစာတန်းထိုး
စတက်ဖန်နီ ပလမ် ဆိုတဲ့ အမျိုးသမီးတယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အခြေအနေမှာ အရေးပေါ်အလုပ်လုပ်ရတော့မယ့်အခြေအနေဖြစ်နေပါပြီ။ သူ့အစ်ကိုဝမ်းကွဲဆီမှာ အလုပ်လုပ်ဖို့ကြိုးစားပါတော့တယ်။ ဝရမ်းထုတ်ထားတဲ့လူတွေကို လိုက်ဖမ်းရတဲ့အလုပ်ပါ။ သူပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လူသတ်မှုတခုအတွက် ထွက်ပြေးနေတဲ့ ရဲအရာရှိဟောင်းကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ သူဖမ်းရမယ့်သူကတော့ တခြားသူမဟုတ်ပါဘူး။ လူငယ်ဘဝတုန်းက ရည်းစားဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းဟောင်းလေးပါပဲ။ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့....
မြန်မာစာတန်းထိုးဇာတ်ကားများ ဘလော့မှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 647 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 31mins
[iMDB RATING]:……………………..:[ 5.3/10
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Working Girl (2015) 18+ မြန်မာစာတန်းထိုး
Translator ကို Scarlet ဘာသာပြန်ပေးထားတဲ့ ၁၈+ ဟာသဇာတ်ကားကောင်းလေးတစ်ခုပါ.။
  လင်မယားချင်း လိင်ကိစ္စကို အချိန်မပေးနိုင်ပဲ အလုပ်ကိုသာ အမြဲလုပ်နေတတ်တဲ့ မိန်းမချောလေးကို ယောကျာ်းဖြစ်သူက စိတ်ပျက်ပြီး စွန့်ပစ်သွားခဲ့ပါတယ်.။ ဒါကိုတောင် ဂရုမစိုက်ပဲ အလုပ်ကိုသာ ကျုံးလုပ်နေရင်းက တစ်နေ့မှာ ဟာသဆန်ဆန်ဖြစ်ရပ်တစ်ခုကြောင့် သူမ ရုတ်တရက်အလုပ်ပြုတ်သွားပါတယ်.။ အလုပ်ပြုတ်ရခြင်းအကြောင်းရင်းက သူမဖန်တီးထားတဲ့ ကုန်ပစ္စည်းတွေကို အစည်းဝေးစားပွဲပေါ် သို့ကျဲချရန်ဖန်တီးထားရာကနေ တကယ်ကျဲချလိုက်မိတဲ့အခါမှာ အခန်းနားနီးချင်းဆီက မှားပါလာတဲ့ လိင်တံအတုတွေဖြစ်နေတာကြောင့်ပါ.။ အလုပ်ပြုတ်သွားတဲ့ သူမဟာ အခန်းနားနီးချင်းခပ်ဟော့ဟော့ မိန်းမချောကို သွားရောက်ပြဿနာရှာရာကနေ လူတိုင်းစိတ်ဝင်စားတဲ့ လိင်ကိစ္စကို အသုံးပြုပြီး ကြီးမားတဲ့ အမြတ်အစွန်းရနိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ လူမှု့ပတ်ဝန်းကျင်တစ်ခုလုံးကို လိင်နှင့်ဆိုင်သော ထုတ်ကုန်ပစ္စည်းများ ၀န်ဆောင်မှု့များတရားဝင်စတင်ဆောင်ရွက်ပေးရန် လုပ်ကိုင်ကြပါတော့တယ်.။ ရယ်လဲရယ်ရ အာခေါင်ခြောက်လောက်အောင် ရင်သပ်ရှု့မောရတဲ့ ခံစားမှု့မျိုးလဲ ရရှိစေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.။ အိမ်ထောင်ရေးပြဿနာတွေလဲ ဟာသဆန်ဆန်ထည့်သွင်းထားတာမို့ လူငယ်များကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ကြောင့် လက်တို့လိုက်ရပါတယ်..။
Translated by: Scarlet
Encoded by: Mg Moe Tain
                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း
                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
The Mask (1994)
1994 ခုနှစ်
မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘ၀လေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ်
IMDB: 6.9/10
Metacritic : 56%
Rotten Tomatoes : 77%
Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်…
The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ
Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ
                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း
                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Barbershop : the next cut ( 2016) မြန်မာစာတန်းထိုး
၂၀၁၆ ထုတ် ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့ Barbershop ဟာ ဟာသဇာတ်ကားအမျိုးအစားဖြစ်ပြီးတော်ရုံဟာသကားတွေ သရဲကားတွေကို Rating ကောင်းကောင်းပေးလေ့မရှိတဲ့ အဝေဖန်ကြမ်းတဲ့ Rotten Tomatoes မှာ 92% ထောက်ခံမှုရရှိထားပြီး IMDB 5.9 ရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
လူမှုကျင့်ဝတ်တွေဖောက်ပြန်ပြီး မကောင်းမှုတွေများပြားလာတဲ့ Chicago မြို့ရဲ့ စီးပွားရေးကျဆင်းလာချိန်ကို အန်တုဖို့ Angie ဟာ ကိုယ်ပိုင် ဆံသဆိုင်နဲ့ အလှပြင်ဆိုင်ကိုတွဲဖက်ဖွင့်လှစ်ပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ်လုပ်ဆောင်ပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးအလုပ်သမားတစ်ဦးနဲ့ တွဲဖက်လုပ်ကိုင်ရာကနေ ဇာတ်လမ်းအချိုးအကွေ့တွေဖြစ်လာခဲ့ပြီး မြို့ကြီးဟာလည်း တဖြည်းဖြည်း ပိုပိုဆိုးရွားလာတဲ့အခါမှာတော့ သူ့သားလေးအတွက်ပါ ဆံသဆိုင်ပိုင်ရှင်ကြီးဟာ စိတ်ပူလာရပါတော့တယ်။ ရှုပ်ယှက်ခတ်နေတဲ့မြို့၊ လူမိုက်လူရမ်းကားတွေများပြားတဲ့နေရာမှာ ဒီဆံသဆိုင်လေးနဲ့ သူတို့သားအဖတွေ မိတ်ဆွေသူငယ်ချင်းတွေ ဘယ်လိုနေထိုင်လာကြသလဲဆိုတာကို သဘောကျစရာဟာသဇာတ်ဝင်ခန်းများစွာနဲ့ ရယ်မောခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားသစ်လေးလည်းဖြစ်ပြီး Nicky Minaj တို့ Tyga တို့လိုအဆိုတော်တွေ ပါဝင်ထားပြီး လက်တလောအမေရိကရဲ့ နိုင်ငံရေးအခြေအနေတွေကိုပါ သရော်လှောင်ပြောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် Gold Channel ပရိသတ်တွေ ရယ်မောပျော်ရွှင်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
Review by: Scarlet Phoenix
Enocde by: Mg Moe Tain
                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း
                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Ma Boy (ကိုးရီးယား ကျောင်းသား fancy ဇာတ်လမ်း)
ဇာတ်လမ်းအကျဉ်း....
ပေါ့ပ်​အဆို​တော်​တစ်​​ယောက်​ဖြစ်​ချင်​တဲ့ ဂျန်းဂူရင်​(Kim So Hyun)ဟာ ဆိုးလ်​ကနာမည်​ကြီးအနုပညာ​အထက်​တန်း​ကျောင်းကို ​ပြောင်းလာခဲ့ပါတယ်​  သူ့ရဲ့အခန်း​ဖော်​က​တော့ ​ကြော်​ငြာစတား အိုင်​ရီနီ(Kim Sun Woo)ဖြစ်​ပါတယ်​  အိုင်​ရီနီဟာ သူ့မှာလူသိမခံချင်​တဲ့လျို့ဝှက်​ချက်​ရှိ​နေတာ​ကြောင့်​ ဘယ်​သူနဲ့မှအ​ရောမ၀င်​ပါဘူး ဒါဆို သူနဲ့အခန်း​ဖော်​ဖြစ်​လာတဲ့ စပ်စုတတ်​တဲ့ ဂျန်းဂူရင်​နဲ့​ရော အဆင်​​ပြေပါ့မလား?
ကျောင်းသားဖန်​စီ​ပေါ့​ပေါ့ပါးပါး​လေးမို့ သိပ်​မညွှန်း​တော့ဘူး​နော်​...
ကဲအခုပဲ ဒေါင်းလွတ်ပြီးကြည့်ရှူ ခံစားလိုက်ပါ။
                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း
                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                                                                                    အပိုင်း(၁)
                                                                                    အပိုင်း(၂)
                                                                                    အပိုင်း ၃ (ဇာတ်သိမ်း)
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Seondal:The man who sells the river (2016) မြန်မာစာတန်းထိုး
ချောင်မင်းဆက်ခေတ်ကာလမှာ ဂျိုဆွန်းပြည်သူတွေဟာ ချောင်နိုင်ငံကိုရောင်းစားခြင်းခံခဲ့ရပြီးတော့ တိုက်ပွဲဝင်ဖို့အတွက် အသုံးချခြင်းခံရပါတယ်။ အင်ဟုန်လည်း စစ်သားစုဆောင်းရေးမှာပါဝင်ခဲ့ပြီး   စစ်ပွဲမှာ ဘိုဝမ်နဲ့ ဂျောင်း ဆိုသူ နှစ် ယောက်နဲ့ဆုံခဲ့ပါတယ်။ သူတို့သုံးဦး ဂျိုဆွန်းကို ပြန်ရောက်တဲ့အခါ ဘယ်လို ရှာဖွေစားသောက်ရမယ်မသိတာကြောင့် ကလိမ်ကကျစ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်ဟုန်ရဲ့ အလိမ်အညာဇာတ်လမ်းတွေစခဲ့ကြပါတယ်။ ပထမဆုံးအနေနဲ့ ကြက် တစ်ကောင်ကို မီးငှက်ပုံစံပြင်ဆင်ပြီး လိမ်လည်ရောင်းချသလို သာမန်ဓားတစ်ချောင်းကိုလည်း ကျော်ကြားတဲ့စစ်သူကြီးတစ်ယောက်ရဲ့ ဓားဆိုပြီးတော့လည်း ရောင်းချပြန်ပါတော့တယ်။ သိပ်မကြာခင်ကာလမှာပဲ နန်းတွင်းထောက်လှမ်းရေးအဖွဲ့က အလိုရှိပါတော့တယ်။ဒါပေမဲ့လည်း သူတို့အဖွဲ့ကတော့က လိမ်ဆင်ဇာတ်လမ်းတွေ ဆက်ခဲ့ပါတယ်။ အင်ဟုန်ကတော့ ရုပ်ပြောင်းရုပ်လွှဲဆရာ ဘိုဝန်၊ နတ်ကတော်ယွန်းနဲ့တပည့်လေး ဂျောင်းတို့နဲ့အတူ လှုပ်ရှားခဲ့ကြတာပါ။
နောက်ဆုံးမှာတော့ အရှိန်အ၀ါကြီးတဲ့ ဆောင်ဒယ်ယောင်းကို အကွက်ရွှေ့ဖို့လုပ်ခဲ့ကြပါတယ်။
အဲဒါကတော့ ဒယ်ဒုံမြစ် ထဲမှာ ရွှေရှိတယ်ဆိုတဲ့ ကောလာဟလ သတင်းလွှင့် မြစ်ရေကိုရောင်းစားကာ ဆောင်ဒယ်ယောင်းကို ဘယ်လိုမလိမ့်တပတ်လုပ်ကြမလဲ မထင်မှတ်ထားတဲ့ကိစ္စတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ... ရယ်ရယ်မောမောနဲ့ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။
                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း
                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                                                                             DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger