Recent Movies
Showing posts with label Boxing ဇာတ်ကားများ. Show all posts
Showing posts with label Boxing ဇာတ်ကားများ. Show all posts

Gong Shou Dao (2017 မြန်မာစာတန်းထိုး)

အလီဘာဘာရဲ့ Founder ကြီး ဂျက်မားဆို မသိသူ မရှိသလောက်ပါပဲ….
သူ့ဘဝဇာတ်ကြောင်းက စိတ်ဝင်းစားဖို့လည်း ကောင်းတာကိုးဗျ..
တရုတ်ပြည်ကနေ ကမ္ဘာကို စီးပွားရေးဈေးကွက်ထိုးဖောက်လာအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့တာတွေက ရုပ်ရှင်ရိုက်မယ်ဆို တော်တော်လေး ကြည့်ကောင်းမှာပါ။ (ဖြစ်စေချင်တာ ပြောပါတယ်၊ Biography

Real Steel - 2011 မြန်မာစာတန်းထိုး



ဒီနေ့မှာတော့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးနဲ့ 
မိတ်ဆက်ပေးချင်ပါတယ် ။ 

စက်ရုပ်တွကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ .....
ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။

သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို 
ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။
စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ

နာမည် ကြီးလာတဲ့ အက်ပ်တန် ဟာ Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး 
ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာကို အောက်က link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။

တကယ်ကောင်းတဲ့ကားလေးပါ ။




 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Lady Bloodfight (2016) မြန်မာစာတန်းထိုး



2016 ထွက်ဖိုက်တင်းဇာတ်လမ်းတပုဒ်၊ မင်းသမီးက  Deadpool (2016), Captain America: The Winter Soldier (2014) နဲ့ Suicide Squad (2016) တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Amy Johnson.. ဆိုရင် စိတ်ဝင်စားမလားပဲ၊

အနောက်တိုင်းသူ ရွှေရောင်ဆံပင်နဲ့ မိန်းမချောလေးဟာ အာရှကိုရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို လူဆိုးတဖွဲ့ရဲ့ အလိမ်မိပြီး သူ့ပိုက်ဆံအိပ်ကို လုယူဖို့ကြိုးစားတော့ သူကပြန်လည်ခုခံရင်း တုတ်နဲ့အရိုက်ခံရပြီး သတိမေ့သွားပါတော့တယ်။ သူသတိရတော့ ကိုယ်ခံပညာ ဆရာမကြီးတဦးဆီကို ရောက်နေပြီး ဆရာမကြီးဆီမှာ ကိုယ်ခံပညာသင်ဖို့၊ တပည့်ခံဖို့ တောင်းဆိုပါတော့တယ်။ သူမရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ကိုယ်ခံပညာ တံခွန်စိုက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ပါပဲ။ ဒီပြိုင်ပွဲဟာ အနယ်နယ်အရပ်ရပ်က အမျိုးသမီးဖိုက်တာတွေပြိုင်ကြတဲ့ ပွဲဖြစ်ပါတယ်။

ကဲ ဖိုက်တင်ကားကောင်းကောင်းလေးကိုလည်း အားပေးလိုက်ပါဦးလို့စ်...

[FORMAT]:………………………….:) 720p DvdRip x264
[GENRE]:……………………….… .:) Action, Crime, Drama
[FILE SIZE]:…………………….….:) 739 MB
[RESOLUTION]:……………….….:) 720x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 40 mins

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

The Big Boss (1971) မြန်မာစာတန်းထိုး



  Chinese Martial Art movie တွေက များသောအားဖြင့် တစ်ခုနဲ့ တစ်ခု အချိတ်အဆက်ကလေးတွေ ရှိနေတတ်ပါတယ်။ ဒီခါ ကျွန်တော်တို့ မြောက်များစွာသော Martial Art အသားပေး Movie တွေထဲက Legend တစ်ဦးဖြစ်တဲ့ Bruce Lee ရဲ့ ပွဲဦးထွက် ရုပ်ရှင်
တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဘယ်တော့ ကြည့်ကြည့် မရိုးနိုင်မယ့် ဇါတ်ကားမျိုးတွေကိုသာ ရွေးချယ်တင်ဆက်ပေးတတ်တာ GoldChannel ရဲ့ စေတနာအရင်းခံပါ :)
ဒီ ရုပ်ရှင်ဇါတ်ကားကြီးရဲ့ နောက်ကွယ်က တချို့အကြောင်းအရာတွေက
နည်းနည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မူလ ခေါင်းဆောင်မင်းသားအဖြစ်
ရွေးချယ်ထားတဲ့ James Tien က ဇါတ်ပို့ ဖြစ်သွားခဲ့ပြီး.. ဇါတ်ပို့နေရာမှာ
သရုပ်ဆောင်ဖို့ လျာထားတဲ့ Bruce Lee ဟာ သူ့ရဲ့ လူသတိပြုမိစရာ
Martial Art skill တွေကြောင့် ဇါတ်လမ်းရိုက်ကူးလက်စ တစ်ဝက်မကျိုးခင်မှာဘဲ ခေါင်းဆောင်မင်းသားအဖြစ် မရွယ်ဘဲ စော်ကဲ မင်းဖြစ်ခဲ့တယ်ဆိုတာပါပဲ။
နောက်ပိုင်း Lee ရဲ့ ဆက်လက်ထွက်ရှိခဲ့တဲ့ Chinese Connection နဲ့
Game of Death တွေမှာလဲ... Tien က ဇါတ်ပို့အဖြစ် ဆက်လက် ပံ့ပိုးကူညီပေးခဲ့ပါတယ်။
ရေခဲစက်ရုံတစ်ခုက ချစ်ဆုံးသူငယ်ချင်းနှစ်ယောက်... ရေခဲစက်ရုံလုပ်ငန်းနောက်ကွယ်က.. .ဒုစရိုက်မှု လုပ်ငန်းတွေ ဥပဒေမဲ့ လုပ်ရပ်တွေ
အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့ မဟုတ်မခံ ဇတ်ဇတ်ကြဲ...
Cheng Chao An အဖြစ် Bruce Lee က ခေါင်းဆောင်ပါဝင်ရိုက်ကူးထားတာ
ဖြစ်ပါတယ်။ ဇါတ်သိမ်းခန်းတစ်ခန်းနဲ့တင် Kung Fu tricks တွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီး စိတ်ကျေနပ်မှု ရမှာလို့ အာမခံပါတယ်။
ဘာကြောင့်များ Lee ကို ခေါင်းဆောင်နေရာအဖြစ် ယုံယုံကြည်ကြည်အပ်နှင်း
ခဲ့တယ်ဆိုတာ.. Lee ရဲ့ skill တွေက ပရိသတ်ကြီးကို ကောင်းကောင်း
သက်သေပြသွားမယ့် movie တစ်ခုပါ။ ...
Translator Ko Nay Myo က အထူးကြိုးစား ဘာသာပြန်တင်ဆက်ထားပေးပြီး.. အရုပ်အသံပိုင်းဆိုင်ရာ ကြည်ကြည်လင်လင်
ခံစားနိုင်စေဖို့ Encoder ကြီး Invoker မှ.ပံ့ပိုးကူညီထားခြင်းဖြစ်ပါတယ်။
ရွင်လန်းချမ်းမြေ့ကြပါစေ. .။

Quality 720P HD



ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
  သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Kickboxer Vengeance 2016 စာတန်းထိုး



ကယ်လီဖိုးနီးယားပြည်နယ် က ကမ်းခြေမြို့လေးဖြစ်တဲ့
ဗင်း နစ်မှာနေထိုင်တဲ့ အဲရစ်နဲ့ ကက်က လုန်းညီအစ်ကိုဟာ
ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီး တစ်ရက် မှာတော့
အဲရစ်က ကရာတေး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်း ဘက်မှာသွားပြိုင်ဖို့
သွေးဆောင်တာကို ကက်က အတန်တန်တားနေတဲ့
ကြားက အဲရစ်ကသွားဖို့ လက်ခံခဲ့ပါတယ်။

ထိုင်းကိုရောက်တဲ့အခါမှာ အဲရစ်နဲ့ မွေ့ထိုင်းချန်ပီယံ
တောင်ပိုးတို့ဟာ တရားမ၀င် လက်ဝှေ့ပွဲတစ်ခုမှာ
ယှဉ်ပြိုင်ခဲ့ကြရာမှာ တိုက်ခိုက်ကြရင်း အဲရစ်သေဆုံး
သွားခဲ့ပါတယ်။ တရားမ၀င်လက်ဝှေ့ပွဲတွေရဲ့ ရည်ရွယ်
ချက်ကိုက အလောင်းအစားတွေဖြစ်တာမို့ ပြိုင်ပွဲဝင်
တွေကို အသေထွက်သဘောမျိုးနဲ့ ကျင်းပကြရာမှာ
အဲရစ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အရင်ဇာတ်ကားကို
မီတဲ့ပရိသတ်ဆိုရင်တော့ တောင်ပိုးဆိုတဲ့ထိုင်း
လက်ဝှေ့သမားကြီးကို မျက်စိထဲပြေးမြင်မိကြမှာဖြစ်ပြီး
အမြင်ကတ်စရာ၊ မုန်းစရာကောင်းတဲ့ ပုံရိပ်ကြီးကိုပါ
တစ်ခါတည်း သတိရမိဦးမှာပါ။

အဲဒါနဲ့ အစ်ကို့အတွက် လက်တုံ့ပြန်ချင်တဲ့ ကက်ဟာ သူ့
အစ်ကိုရဲ့ ဆရာဖြစ်တဲ့ မာစတာဒူ ရန်းကိုသွားရှာခဲ့ပြီး
တောင်ပိုးနဲ့ လက်ရည်ယှဉ်နိုင်ဖို့အတွက် ကြိုး စားခဲ့ပါ
တော့တယ်။ ကက်တစ် ယောက်ရေကုန်ရေခန်း လေ့ကျင့်
မှုတွေယူရင်း တောင်ပိုးနဲ့တိုက် ခိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။

ကက်နေရာမှာ အရင်တုန်း က ဗန်ဒမ်းသရုပ်ဆောင်ထားတာ
နဲ့ အခုဇာတ်ကားက သရုပ်ဆောင် နဲ့က ပုံစံမတူပေမယ့်လည်း
မတူ ညီတဲ့ ရသတစ်ခုစီနဲ့ ပရိသတ်ကိုဆွဲ ဆောင်နိုင်လိမ့်ဦး
မယ်လို့ ထင်ပါ တယ်။ မွေ့ထိုင်းသမားကြီးတောင် ပိုးနဲ့ ကက်
ထိပ်တိုက်တွေ့တဲ့ အခါ ကက်က အလဲထိုးသတ်နိုင် မှာလား။
လက်ဝှေ့ကြိုးဝိုင်းတွေ နောက်ကွယ်က အလောင်းအစား
တွေကြားမှာ ဘယ်လိုဇာတ်ကွက် တွေနဲ့ အဆုံးသတ်မလဲဆိုတာ
တော့ ကိုယ်တိုင်ပဲကြည့်ရှုဖို့ ဖော် ပြလိုက်ပါတယ်။

အခု  ဇာတ်ကားမှာတော့ ကက်အဖြစ် အလိန်းမူဆီ၊
မာစ တာဒူရန်းအဖြစ် ဂျင်းန်ကလော့ဒ် ဗန်ဒမ်း၊
တောင်ပိုးအဖြစ် ဒေ့ဗ်ဘာ တစ္စတာ၊ အဲရစ်အဖြစ်
ဒါရန်ရှာ လာဗီစတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။         ။
မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။

                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                             DOWNLOAD .ဆိုဒ်အကြီး


                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Fighter In The Wind(2004) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးကတော့ပရိတ်သတ်တွေအတော်လေး နစ်သက်မယ့်ဇာတ်ကားတစ်ကားလို့ပြောပါရစေ

ဇာတ် ကားလေးကဒုတိယကမ္ဘာစစ်အတောအတွင်းမှာ ရိုက်ထားတဲ့ဇာတ်ကားလေးပါကိုရီးယားနဲ့ဂျပန်နစ် နိင်ငံဖက်စပ်ရိုက်ကူးထားလို့ပရိတ်သတ်တွေသဘော ကျမှာအသေအချာပါပဲကျွန်တော်ငယ်ငယ်ကအရမ်း ကြိုက်မိလို့ဘာသာပြန်မိတာလည်းပါပါတယ်ဇာတ်လမ်း အစမှာဂျပန်နိင်ငံမှာရှိတဲ့လေယာဉ်မောင်းသင်တန်း ကျောင်းတက်ချင်တဲ့လူငယ်လေးတစ်ယောက်အခက် အခဲတွေနဲ့ဂျပန်ပြည်လာပြီးလေယာဉ်မှုးဖြစ်အောင် ကြိုးစားပုံအခက်အခဲတွေအများကြီးကြားကနေကိုး ရီးယားလူမျိုးတစ်ယောက်အနေနဲ့ခက်ခက်ခဲခဲရပ် တည်ရပုံအနိပ်အစက်အညှင်းပန်းခံပြီးကြိုးစား ရုန်းကန်ရပုံကိုတခမ်းတနားရိုက်ကူးပြထားပါတယ်

၂၀၀၄ခုနစ်ကကိုရီးယားစံချိန်တင်ဝင်ငွေရခဲ့တဲ့ဇတ် ကားလေးလည်းဖြစ်ပါတယ်လေယာဉ်မှုးဖြစ်ချင်ခဲ့ပေ မယ့်ဘဝကံကြမ္မာလက်စားချေချင်တဲ့စိတ်ကြောင့်ဂျ ပန်ပြည်မှကမ္ဘာကျော်သိုင်းအကျော်အမော်ဖြစ်လာ အောင်ကြိုးစားပုံကလည်းလူငယ်လေးတွေအတုယူ စရာပါအကြမ်းချည်းသတ်သတ်မဟုတ်ပဲဂျပန်မလေး နင့်ချစ်ကြိုက်လွမ်းဆွေးရပုံစသဖြင့်ပြောင်မြောက် အောင်ရိုက်ကူးထားနိင်တဲ့ဒီဇတ်ကားကိုကျွန်တော် ကြိုက်မိသွားတာလည်းအပြစ်မဆိုသာပါဘူး

ဒီဇာတ်ကား လေးမှာကြိုက်မိတဲ့စကားလေးတစ်ခွန်းလည်းရှိပါတယ် (မင်းဆင်းရဲချင်ဆင်းရဲနေနိင်တယ်ဒါပေမဲ့မင်းရဲ့ကြိုး စားမှုကြောင့်အောင်မြင်မှုတစ်ခုမင်းရလာနိင်တယ်) အရမ်းကောင်းမွန်တဲ့စကားလေးပါဒီဇာတ်ကားလေးကို ဖုန်းဘေကုန်ကျမယ့်ငွေကြေးကိုဂရုမစိုက်ပဲဒေါင်းလိုက် ပါလို့ပြောပါရစေသိမ်းထားသင့်တဲ့ဇာတ်ကားလေးတစ် ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၁ကားမြောက်ဘာသာ ပြန်လေးအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်

File Size         : 780 MB
Quality           : Blu ray 720P
Running Time : 2hr
Format           : Mp4
Genre             : Action, Drama, Biography
Encoder         : Than Htike Zaw

Download And watch With Pcloud Link Full HD
 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger