Recent Movies
Showing posts with label Fantasy ဇာတ်ကားများ. Show all posts
Showing posts with label Fantasy ဇာတ်ကားများ. Show all posts

Doctor Strange(2016) မြန်​မာစာတန်းထိုး



Doctor Strange(2016) မြန်​မာစာတန်းထိုး
Fantasy/Science fiction film
1h 55m
Imdb..........................7.8/10
Rotten Tomatoes......90%

ဖီးအပြည့်​နဲ့ကြည့်​ရ​အောင်​လို့ 1080p bluray နဲ့တင်​​ပေးထားတယ်​​နော်

အမေရိကန်စူပါဟီးရိုးဇာတ်ကားသစ်လေးဖြစ်တဲ့ Doctor Strange ပါ။ မာဗယ်လ် စတူဒီယိုကနေ ထုတ်လုပ်ကာ ဝေါ့လ်ဒစ္စနေ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၈၇ ဒသမ ၇ သန်း ဝင်ငွေရရှိခဲ့သလို ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ကောင်းတဲ့မှတ်ချက်ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

စတီဗင်စရိန့်ခ်ျဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာ ဝန်တစ်ယောက်ဖြစ်ပြီး တစ်ရက် မှာတော့ ကားအက်ဆီးဒင့်ဖြစ် ကာ သူ့ရဲ့တန်ဖိုးရှိလှတဲ့ ခွဲစိတ်တဲ့ လက်တွေ လုံးဝအသုံးပြုလို့မရ အောင် ထိခိုက်ဒဏ်ရာရသွားခဲ့ပါ တယ်။ သူ့ရဲ့ချစ်သူဟောင်းလည်း ဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် တဲ့ ခရစ္စတင်းပယ်လ်မာက သူ့ကို အားပေးနှစ်သိမ့်ခဲ့ပေမယ့် စိတ် ကြီးတဲ့ ဒေါက်တာစရိန့်ခ်ျကတော့ သူ့လက်က ဒဏ်ရာကို ကုသဖို့ လုပ်ခဲ့ပါတယ်။

လက်တွေကို ကြိုးတွေနဲ့ ထိန်းပြီး ခွဲစိတ်ထားပေမယ့် အ ရင်လိုပြန်ပြန်မဖြစ်နိုင်တဲ့ အခြေ အနေမို့ စရိန့်ခ်ျတစ်ယောက် စိတ် ဓာတ် ကျခဲ့ပါတယ်။ ခွဲစိတ်ကုသပြီး တစ်လလောက်အကြာမှာ သူ့ရဲ့အဆက်အသွယ်တွေ လိုက် ချိတ်ရင်း ကိုယ်အောက်ပိုင်းသေ နေရာကနေ ထူးဆန်းစွာနဲ့ လမ်း ပြန်လျှောက်နိုင်လာတဲ့ ပါဒရက် ဝေဒနာရှင် ဂျိုနုသန်ပန်ဘွန်ဆိုသူ ကို လိုက်ရှာခဲ့ပါတယ်။

 အဲဒီလူဟာ တစ်ချိန်က စရိန့်ခ်ျဆီကို လာရှာဖူးတဲ့ လူနာ တစ်ယောက်ဖြစ်ပြီး စရိန့်ခ်ျက အဖက်မတန်သလို လုပ်ခဲ့ဖူးကာ အဲဒီလူက စရိန့်ခ်ျကို စကားဆက် မပြောချင်ပေမယ့် လက်ကိုအရင် လိုပြန်ကောင်းနေချင်တဲ့ စရိန့်ခ်ျ ကို Kamar-Taj ဆိုတဲ့ နေရာတစ် ခုကို လမ်းညွှန်ခဲ့ပါတယ်။ Ka-marTaj က နီပေါနိုင်ငံ ခတ္တဗန္ဒုမှာရှိတာကြောင့် စိတ်အားထက်သန်နေတဲ့ စရိန့်ခ်ျတစ်ယောက် အဲဒီကို ခရီးဆန့်ခဲ့ပြီး ခက်ခက်ခဲခဲ လိုက်ရှာခဲ့ရပါတယ်။

လမ်းမှာ မှော်ဆရာ တစ် ယောက်နဲ့ဆုံခဲ့ပြီး အဲဒီလူက စရိန့်ခ်ျကို မှော်ဆရာချုပ် AncientOne ဆီကို ခေါ်သွားခဲ့ပါတယ်။ စရိန့်ခ်ျက သူ့ကို ကူညီဖို့ပြောခဲ့ သလို အထက်စီးဆန်ဆန်ပြုမူခဲ့ တာကြောင့် ထူးဆန်းတဲ့ တုံ့ပြန်မှု တွေ လုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ စရိန့်ခ်ျတစ်ယောက် ထူးခြားဆန်း ကြယ်တဲ့ အခြေအနေတွေနဲ့ ကြုံ တွေ့ရပါတော့တယ်။

ကမ္ဘာကြီးကို Sanctums လို့ ခေါ်တဲ့ ပဉ္စလက်ဆန်ဆန် အ ဆောက်အအုံသုံးခုနဲ့ ကာကွယ် စောင့်ရှောက်ထားပြီး နယူး ယောက်၊ လန်ဒန်နဲ့ ဟောင် ကောင်တို့မှာ အခြေစိုက်တာဖြစ် ကာ မှော်ဆရာအဖွဲ့တွေက အဲဒီ Sanctums တွေကို စောင့်ရှောက် နေတာ ဖြစ်ပါတယ်။ နောက် တော့ မှော်ဆရာအဖွဲ့တွေနဲ့အတူ ဆန်းကြယ်တဲ့ ရှေးဟောင်းပညာ ရပ်တွေကို ဒေါက်တာ စရိန့်ခ်ျ လည်း လေ့လာသင်ယူခဲ့ပါတော့ တယ်။

လက်ပြန်ကောင်းချင်ရုံတစ် ခုတည်းနဲ့ Kamar-Taj ကို သွား ပြီး ရှေးဟောင်းပညာရပ်တွေ သင်ယူခဲ့တဲ့ ဒေါက်တာစရိန့်ခ်ျတစ် ယောက် သူမျှော်လင့်သလို လက် ပြန်ကောင်းနိုင်မှာလား၊ ဆန်း ကြယ်တဲ့ဖြစ်ရပ်ကြားကို ရောက် သွားတဲ့ စရိန့်ခ်ျတစ်ယောက် ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမှာလဲ ဆိုတာ ဆက်ကြည့်ဖို့အတွက် ညွှန်းပေးလိုက်ပါတယ်။

ဒီဇာတ်ကားမှာ ဘန်နီဒစ် ကမ်ဘာဘက်ခ်ျ၊ ရေချယ်မက်အ ဒမ်စ်၊ ဘန်နီဒစ်ဝမ်၊ ချီဝီတယ်အီ ဂျိုဝီဖော် စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ စူပါဟီးရိုးဇာတ်ကားဖြစ်တဲ့အတွက် အထူးပြုလုပ် ချက်တွေ အများကြီးနဲ့မို့ တချို့ ပရိသတ်တွေအတွက်တော့ မျက် စိနောက်စရာဖြစ်နိုင်ပေမယ့် စိတ် ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ပုံစံမို့ စိတ်ဝင်စားကြမယ်ထင်ပါ တယ်။         ။

Review credit to-7day Daily
Translate by: ဆလတ်ရွက်
Encode by: Zin Ko Htut
Quality................1080p bluray
Original Size.......1.1gb
Small size...........coming soon
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Son of the Mask (2005) (မြန်မာစာတန်းထိုး)


ဒီဇာတ်လမ်းမှာတော့ မျက်နှာဖုံးရဲ့ စွမ်းအင်နဲ့ တိုက်ဆိုင်ပြီး မွေးဖွားလာတဲ့ကလေး နဲ့ ကလေးကို မနာလိုတဲ့ ခွေးလေးက မျက်နှာဖုံးကို ခိုးပြီး တစ်ယောက်ကို တစ်ယောက် ချောက်ချကြတာတွေ….. မျက်နှာဖုံးရဲ့ မူလပိုင်ရှင် နတ်ဘုရား လိုကီဟာ သူ့ဖခင်ရဲ့ အတင်းခိုင်းစေမှုကြောင့် မျက်နှာဖုံးရှာပုံတော်ထွက်ရင်း ….. openload နှင့် pcloud လင့်နှစ်ခု ပြုလုပ်ပေးထားပါတယ် ကြိုက်နှစ်သက်ရာကနေ ကြည့်လိုက်ပါ

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
  


 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Emergency Couple TV Series (2014) မြန်မာစာတန်းထိုး


( Running Man အစီအစဉ်ကနေတဆင့် ပရိသတ်ရဲ့  ချစ်ခင်အားပေးမှုကို ပိုမို ရရှိလာတဲ့ မင်းသမီးချော (Song Ji Hyo) နဲ့ အရပ်ရှည်ရှည် ရုပ်ဖြောင့်တဲ့ မင်းသား (Choi jin Hyuk) တို့အပြင် အခြား ဇာတ်ရံများစွာဟာလဲ ဒီဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းအောင် အားဖြည့်ထားကြပါတယ်။ အိမ်ထောင်ကွဲ စုံတွဲ အလုပ်သင် ဆရာဝန်အဖြစ်နဲ့ အရေးပေါ်ဌာနမှာ ပြန်လည် ဆုံတွေ့ကြရင်း.. နိစ္စဓူဝ ဆေးရုံမှာ လူနာမျိုးစုံ ဇာတ်လမ်းစုံနဲ့ ဆရာဝန် သူနာပြုတွေရဲ့  အလုပ်သဘောသဘာဝကို စိတ်ဝင်စားဖွယ် သွက်သွက် လက်လက် ရိုက်ကူး တင်ပြထားတာမို့ ဆေးပညာ ဇာတ်လမ်းတွဲ (သို့) ရွှင်မြူးတဲ့ Romance ဇာတ်လမ်း နှစ်သက်သူများ စကြည့်မိတာနဲ့ စွဲငြိသွားမယ့် ဇာတ်လမ်းတွဲတခုလို့ ညွှန်းချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဆေးကျောင်းနောက်ဆုံးနှစ် ကျောင်းသားနဲ့ အာဟာရဗေဒ အထူးပြုနဲ့ ဘွဲ့ရခါစ အလုပ်မရသေးတဲ့ ကောင်မလေး တို့ရဲ့  အချစ်ဇာတ်လမ်းလေးမှာ လူကြမ်းတွေကတော့ မင်းသားရဲ့  မိဘ အသိုင်းအဝိုင်းပါပဲ။ တမိသားစုလုံး ဆရာဝန်တွေ ဖြစ်တဲ့အပြင် ပိုက်ဆံရှိ ပညာတတ် မာနကြီးတဲ့ အသိုင်းအဝိုင်းမို့ ဆရာဝန်လဲ မဟုတ် သူဌေးသမီးလဲ မဟုတ်ရှာတဲ့ ကောင်မလေးကို အပြင်းအထန် ကန့်ကွတ်ကြပါတော့တယ်။ ဘယ်လိုပဲ သဘောမတူမှုတွေ ရှိခဲ့ပေမယ့်.. ငယ်ရွယ်တဲ့ သူတို့နှစ်ဦးဟာ လက်တွဲထွက်ပြေးလို့ ဘုရားကျောင်းလေး တခုမှာ သစ္စာဆို လက်ထပ် ခဲ့ကြပါတယ်။ အိမ်ရဲ့  ထောက်ပံ့မှု မရှိတော့တဲ့အတွက် ဆေးကျောင်းသားလေးဟာ ကျောင်းထွက်ပြီး ဆေးကုမ္ပဏီ အရောင်းဝန်ထမ်းအဖြစ် အလုပ်ဝင်လို့ အိမ်ထောင်တာဝန် ထမ်းဖို့ ဖြစ်လာပြီး ကောင်မလေးကတော့ အလုပ်ရှာရင်းနဲ့ အိမ်ထောင်ရှင်မ ဖြစ်လာခဲ့တယ်။ 
ငယ်ရွယ်ပြီး ပညာမစုံ အလုပ်အကိုင်မရှိတဲ့ သူတို့နှစ်ဦးရဲ့  အိမ်ထောင်ရေးဟာ နှစ်ဦးကြားထဲ သည်းခံနိုင်စွမ်းနဲ့ နားလည်မှုပါ ချို့ တဲ့လာပြီး ... ၁ နှစ်အကြာမှာတော့ လမ်းခွဲဖို့ ဖြစ်လာပြီး ကွာရှင်းပြတ်စဲပြီးစီးခြင်းနဲ့ အဆုံးသတ်သွားပါတယ်။ ၆ နှစ်အကြာမှာတော့ မခံချင်စိတ်နဲ့ ဆေးပညာကို သေလောက်အောင် ကြိုးစားသင်ယူလို့ အသက် ၃၃ နှစ်မှာ အလုပ်သင် ဆရာဝန်ဖြစ်လာတဲ့ မင်းသမီးနဲ့ .. အမေရိကန်မှာ ဆေးပညာနဲ့ ဘွဲ့ရလာခဲ့ပြီး အလုပ်သင် ဆရာဝန်ဖြစ်လာတဲ့ မင်းသား .. ဆိုးမြို့  တက္ကသိုလ်ဆေးရုံတခုရဲ့  အရေးပေါ်ဌာနမှာ တဖွဲ့ တည်းအတူ လက်တွေ့ဆင်းရဖို့ ဖြစ်လာတဲ့ အခါမှာတော့ ..... ဘာတွေ ဆက်ဖြစ်ကြမှာလဲ ကြည့်လိုက်ကြပါဦး။ IMDB Rating 7.9 အထိ ရထားလို့ Viki Rating 9.2 အထိ ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ Channel Myanmarကနေပြီးတော့ တစ်ရက် ၂ပိုင်း တင်ပေးသွားမှာ ဖြစ်ပါတယ်။
(ဘာသာပြန်သူကတော့ Starlet ဖြစ်ပြီး အညွန်းရေးသူကတော့ Allie Scarlett ဖြစ်ပါတယ်)
အောက်မှာတိုက်ရိုက်ကြည့်နိုင်သလိုDownload လုပ်နိုင်ပါတယ်။
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                        Episode 21 watch and download (ဇတ်သိမ်းပိုင်း)
 
  သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Legend Of Ravaging Dynasties (2016) - မြန်မာစာတန်းထိုး



ဒီတစ်ခါတော့ပရိတ်သတ်တွေကိုအခုတလောနာမည် ကြီးနေတဲ့ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ပရိတ်သတ်တွေလည်းအတော်တောင်းဆိုထားတာများ တဲ့အတွက်အသစ်ကိုမှကြည့်ချင်သူတွေအတွက်တင် ဆက်ပေးလိုက်ပါတယ်ဇတ်ကားကတော့တရုတ်ကာ တွန်းကားလေးပုံစံပါပဲဒါပေမဲ့ဇတ်ကောင်တွေကိုလူနဲ့ တသွေမတိမ်းတူအောင်လုပ်ဆောင်ထားနိင်တာကဒီ ဇတ်ကားရဲ့ထူးခြားမှုလေးပါတရုတ်တွေရဲ့အရည်အချင်း ကောင်းတွေကိုလည်းမြင်တွေ့ရမယ့်
ဇတ်ကားကောင်းတစ်ကားပါပဲမိဘမဲ့လူငယ်လေးတစ်ယောက်နဲ့မထင် မှတ်ပဲတွေ့ဆုံခဲ့တဲ့မိန်းမလှလေးတစ်ဦးနဲ့ရဲမတ်တစ်ဦး ရဲမတ်လေးနောက်ကိုလိုက်ပြီးမှော်ပညာသင်ယူဖို့ကြိုး စားတဲ့လူငယ်လေးထာဝရကျွန်းကိုသွားပြီးမှော်လက် နက်သွားရှာတဲ့အခါဘယ်လိုလူမျိုးတွေသတ္တဝါဆန်းတွေ နဲ့တွေ့ရမလဲစသဖြင့်(animation)ပိုင်းကပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းကြိုက်တဲ့သူတွေ အတွက်ကတော့နောက်ထပ်အကောင်းပါပဲလို့ပြောကြား ရင်းအညွန်းသိပ်မပေးလိုတော့ပဲဇတ်ကားလေးသာ ဒေါင်းကြည့်ပါလို့အကြံပြုရင်း
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုစိုးထွေးဖြစ်ပါတယ်

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

The Golden Compass (2007) မြန်မာစာတန်းထိုး



ဝိဥာဉ်တွေက ခန္ဓာကိုယ်ထဲမှာ နေကြတယ်... ငါတို့ ကမ္ဘာမှာတော့... ငါတို့ဝိဥာဉ်တွေက ငါတို့ဘေးမှာလမ်းလျှောက်ပြီးနေကြတယ်လေ။
နိဒါန်းလေးကြည့်လိုက်ရုံနဲ့ အရမ်းစိတ်ဝင်စားမိမှာ ပဲဆိုတာမြေကြီးလက်ခတ်မလွဲပါပဲ.... လိုင်ရာ တစ်ယောက်ကလေးချင်းစကြနောက်ကြရင်းနဲ့ မထင်မှတ်ပဲ အရေးကြီးကိစ္စတစ်ခုထဲရောက်သွားပါတော့တယ် သူကိုယ်တိုင်ကလည်းအဖိုးတန်ရတနာလေးဖြစ်နေပါတယ်..
လိုင်ရာကတစ်ဦးတည်းသောအမှန်တရားကို ဖတ်နိုင်သူလေးဖြစ်နေတာပါ.. ကဲ လိုင်ရာတစ်ယောက် ဘယ်လိုအမှန်တရားတွေရှာမယ်.. ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ...အခုပဲကြည့်လိုက်ကြစို့ဗျား
** Update From www.channelmyanmar.com


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Fantastic Beasts and Where to Find Them (2016) - မြန်မာစာတန်းထိုး


လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး cam version ကို တင်ဆက်လိုက်ပါပြီ။ ဒေါင်းသင့်မဒေါင်းသင့် ကြည့်ရှုရန် ScreenShots များတင်ပြပေးလိုက်ရပါတယ်။
r@bp!G
အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။
ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p HDCam MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 572 MB
[RESOLUTION]:………………….:[ 720x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Phantom of the theatre (2016) မြန်မာစာတန်းထိုး


Imdb - 6.5/10
မင်္ဂလာပါ ခင်ဗျာ၊ တကယ့်ခြောက်ခြားစရာ Horror ကားကောင်းကောင်းလေး တောင့်တနေသူများအတွက်
Chinese Horror movie လေးတစ်ခုကို ရွေးချယ်ထားပါတယ်။ ခပ်ညံ့ညံ့  သရဲတစ္ဆေဇါတ်ကားတွေလို ရွံ့ရှာဖွယ်၊ အမြင်မတော်ဖွယ်ရာတွေမပါပဲ Horror ရဲ့ အရသာကို သန့်သန့်လေး ရိုက်ကူးထားတာဖြစ်လို့ ..  မိသားစုနဲ့ အတူကြည့်လို့ အဆင်ပြေမယ့် ဇါတ်ကားမျိုးဖြစ်တယ်ဆိုတာလဲ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ။

Ip Man Movies တွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Director Wan Mai Yip ရဲ့ ကွဲပြားခြားနားတဲ့ ဖန်တီးမှု အသစ်တစ်ခုကို Phantom of the theatre မှာတွေ့ရှိရမှာဖြစ်ပါတယ်။ ၁၉၃၀ ခေတ်ဟောင်းကာလကို အခြေခံရိုက်ကူးထားပြီး ဇါတ်ရုံကြီးတစ်ခုအတွင်းမှာအစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းပြီး အသတ်ခံခဲ့ရတဲ့..  ပြဇါတ်အဖွဲ့တစ်ဖွဲ့ ရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကြောင့် ကဇါတ်ရုံကြီးကို ပိတ်ဆို့ထားခဲ့ကြပါတယ်။  နောင် ၁၃ နှစ်အကြာမှာ.... အချိန်အတန်ကြာ ချိတ်ပိတ်ထားခဲ့တဲ့ ဇါတ်ရုံကြီးကို အသစ်ပြန်လည်ပြင်ဆင်မွမ်းမံပြီး ဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့ကြရာက... တပြိုင်နက်တည်းမှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့.. လူတွေရဲ့ မကျွတ်မလွတ်တဲ့ ၀ိဥာဉ်တွေကလဲ သူတို့ ကပ်ငြိနေရတဲ့ ဇါတ်ရုံကြီးထဲမှာ သူတို့ကိုယ်စားအစားထိုးစရာ ဓါးစာခံတွေကို ရှာဖွေဖို့ ဖြစ်လာတဲ့အခါ... Chinese Horror တွေရဲ့ ထုံးစံအတိုင်း.. မိတ်ကပ်ပိုင်းဆိုင်ရာ Lighting ပိုင်းဆိုင်ရာတွေ နဲ့ ပြုပြင်မွမ်းမံထားတဲ့... ခြောက်ခြားစရာ Horrow scene တွေက အသည်းတလှပ်လှပ်နဲ့ ပရိသတ်ကြီးကိုဖမ်းစားထားမှာ ဖြစ်တဲ့အကြောင်း ... ဇါတ်ကြောင်း ခင်းလိုက်ရပါတယ်ခင်ဗျာ။

[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Reviewed by: Sugar
Translated by: ဆလတ်ရွက်
Encoded by: Sinn Sinn
Rating: Imdb 6.5/10
Quality: 720P


                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

The Pirate Fairy 2014(မြန်​မာစာတန်းထိုး)


Animation movies ကြိုက်​သူများအတွက်​​တော့အကြိုက်​​တွေ့​စေမယ့်​ကာတွန်းကား​လေးပါ
၂၀၁၄ ဒီနှစ်​မှထွက်​ထားတာပါ
လိုချင်​ရင်​​အောက်​မှာယူနိုင်​ပါပြီ
Movie Quality:720p HD
Run time         :78min
File size           :730mb
Type                  :              Animation,Fantasy,Adventure


                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

League of Gods 2016 Bluray 1080P 1 GB (မြန်မာစာတန်းထိုး)


16 ရာစုနှစ်က တရုတ်ဝတ္တုရှည် Feng Shen Yan Yi
(The Investiture of the Gods) ကို အခြေပြုပြီးတော့
ဟောင်ကောင်ဒေါ်လာ သန်း 300 နီးပါး အကုန်အကျ
ခံပြီး  ဒါရိုက်တာ Koan Hui လက်စွမ်းပြ ရိုက်ကူးထားတဲ့
ဒီဇတ်ကားမှာ နာမည်ကြီး ကွန်ဖူး မင်းသားကြီး ဂျက်လီ
ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ CGI effect
တွေ များလွန်းတဲ့ ဒီဇတ်ကားကတော့ ရုပ်ရှင်ဝေဖန်ရေး
သမားတော်တော်ကတော့ God of Egypt လို Bump
ဖြစ်မယ့် ဇတ်ကားလို့ ဝေဖန်ထားကြပေမယ့် ဇတ်လမ်း
ကတော့ ကိုယ်တိုင် ခံစားပြီးမှသာ ဆုံးဖြတ်ကြပါလို့
တိုက်တွန်းချင်ပါတယ်။ ကျနော်ကတော့ ဒီဇတ်ကားကို
မကြည့်ရသေးတာကြောင့် အထွေအထူး အညွှန်းမပေး
လိုပါဘူး။ torrent ဆိုဒ်တွေမှတောင် မရှိသေးတာမို့
movie7plus ပရိတ်သတ်တွေ ဦးဦးဖျားဖျား ကြည့်စေ
ချင်တာကြောင့် chinese ဆိုဒ်ကနေ ဖိုင်ဆိုဒ် 4 GB ကျော်
နဲ့ ခက်ခက်ခဲခဲ ဒေါင်းလော့ချပြီး HD 1080P ကို ဖိုင်ဆိုဒ်
1 GB လောက်နဲ့ re-encode လုပ်ပြီး တင်ပေးထားပါတယ်။
720P ကို 600 MB လောက်နဲ့လင့်ထပ်ပြီး ဖြည့်ပေးဖို့
ရှိပါတယ်။ တရုတ် နဲ့ အင်္ဂလိပ် hardsub အသေထိုးပြီးသား
ပါ။ ပုံမှန်အတိုင်း Openload ကနေ တင်ပေးထားပါတယ်။
မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်
                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                             DOWNLOAD .ဆိုဒ်အကြီး

                                                                             DOWNLOAD .ဆိုဒ်အသေး
                                             သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Elephant Kingdom (2016) မြန်မာစာတန်းထိုး




နန်းတွင်းထဲမှ ဘုရင့်စီးတော်ဆင် မိသားစုရဲ့ စွန့်စားခန်း အက်ရှင်တွေ ဟာသတွေနဲ့ ပြည့်နှက်နေတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်..။ Rock လို့ခေါ်တဲ့ စွယ်စုံဆင်ကြီးဦးဆောင်တဲ့ စီးတော်ဆင်မိသားစုရဲ့ အရှင်သခင် လူသားဘုရင်ကြီး Patrick ရန်သူတွေရဲ့ အကောက်ကြံခြင်းခံရကာ ဓားစာခံအဖြစ်ဖမ်းဆီခံထားရပြီး လူသားတွေက ဘုရင်မရှိတဲ့ အချိန်မှာ ထီးနန်းလုဖို့ အတွက်ပဲ အာရုံတက်မက်နေကြပြီး ဘုရင်ကိုပြန်လည်ကယ်တင်ဖို့ အတွက် အာရုံသိပ်မထားကြပါဘူး.။ ဘုရင်ကြီးလမ်းဆုံးရောက်တော့မယ်အချိန်မှာပဲ လူသားတွေကို နှိုးကြားစေဖို့ သစ္စာဆိုတာကိုသတိရလာစေဖို့အတွက် ဆင်မိသားစုလေးဟာ အသက်ကို ပဓာနမထားပဲ ဘုရင်ကြီးကို ကယ်တင်ဖို့ အတွက် ကြိုးပန်းကြတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ.။ ချစ်စရာဆင်မိသားစုကို ကြည့်ရှု့ပျော်ရွှင်ရင်း ဟာသတွေ စွန့်စားခန်းအက်ရှင်တွေ အပြည့်နဲ့ ဇာတ်လမ်းမို့ Goldchannel ပရိတ်သတ်ကြီးအတွက် ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ရပါတယ်.။
Translate by: Pyi Ent Kyaw
Encode by: Eric Min Khant
Quality 720P HD

                                                                                ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD .ဆိုဒ်အကြီး
                                                                           
                                                                             DOWNLOAD .ဆိုဒ်အသေး

The BFG (2016) မြန်မာစာတန်းထိုး


ဒါရိုက်တာစတီဗင် စပီးလ်ဘာ့ဂ်ရဲ့ လက်ရာစိတ်ကူးယဉ်စွန့်စားခန်းဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဆယ်နှစ်သမီးမိဘမဲ့လေး ဆိုဖီနဲ့ သဘောကောင်းတဲ့ လူ့ဘီလူးကြီးတို့ရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကလေးပရိသတ်တွေရော၊ လူကြီးပရိသတ်တွေပါ သဘောကျမှာ သေချာပါတယ်။
 လူကောင်ကြီးပေမယ့် စိတ်သဘောထားကောင်းတဲ့ လူဘီလူးကြီး (Big Friendly Giant) ဟာ အခြားသော လူဘီလူးကြီးတွေလို ကြမ်းကြမ်းတမ်းတမ်း ပုံစံမျိုး မဟုတ်တဲ့ ထူးခြားသူတစ်ယောက်ပါ။ အရပ်အမြင့် ၂၄ ပေရှိပြီး နားရွက်အကြီးကြီးတွေလည်းရှိကာ အနံ့ခံစွမ်းရည်လည်း အရမ်းကောင်းတဲ့ BFG ဟာ ရိုးရိုးအအကြီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
ပေ ၅၀  အရပ်အမြင့်ရှိတဲ့ လူ သားစားဘီလူးခေါင်းဆောင် Fleshlumpeaten၊ ဒုတိယခေါင်း ဆောင် Bloodbottler တို့ကတော့ အရမ်းကိုကြောက်စရာကောင်းသလို လူသားလည်းစားတဲ့ ဘီလူးကြီးတွေမို့ BFG နဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။
လန်ဒန်မြို့က မိဘမဲ့ဂေဟာ က ကလေးမလေးဆိုဖီဟာ တစ်ရက်မှာတော့ ညဘက်အိပ်နေတုန်း လက်အကြီးကြီးတစ်ခု ပြတင်းပေါက်က၀င်လာပြီး လူဘီလူးနိုင်ငံကို ခေါ်ဆောင်သွားကာ လှောင် အိမ်တစ်ခုထဲမှာ ထည့်ထားခံရပါတယ်။ လူဘီလူးကြီးရဲ့ ဖမ်းခေါ်ခြင်းခံရတဲ့ ဆိုဖီဟာကြောက်ရွံ့ ထိတ်လန့်ပေမယ့် သူ့ကိုဖမ်းခေါ်သွားတာက BFG ဖြစ်နေတာမို့ စိတ်သဘောထားကောင်းပြီး ကြင်နာတတ်တာကိုသိရှိပြီးတဲ့နောက် မိတ်ဆွေဖြစ်သွားခဲ့ကြပါတယ်။
BFG က ဆိုဖီကို သူ့အိပ်မက် တွေ စုဆောင်းထားတဲ့ အိပ်မက် နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပြီး ပဉ္စ လက်ပညာတွေနဲ့ အိပ်မက်တွေရဲ့ ထူးဆန်းအံ့ဖွယ်ရာတွေကို သင် ကြားပေးခဲ့ပါတယ။် ဆိုဖီနဲ့ BFG တို့ဟာ ကိုယ်ပိုင်ကမ္ဘာလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပေမယ့် တစ်ရက်မှာတော့ အဖျက် အမှောင့်တွေက ပေါ်လာပါတော့တယ်။ အဲဒါကတော့ လူဘီလူးနိုင်ငံမှာ ဆိုဖီရှိနေတာကို သဘောမကျသူတွေက ဒုက္ခပေးကြတာ ဖြစ်ပါတယ်။
နောက်ပြီး လူဘီလူးကြီးတွေ ဟာ အိပ်နေတဲ့ ကလေးတွေကို စားသောက်ဖို့ အစီအစဉ်တွေရှိ တာကို အိပ်မက်မက်တဲ့အတွက် အဲလိဇဘတ် II ဘုရင်မကြီးဆီကို သွားပြီး သူတို့ရဲ့ အိပ်မက်ဆိုးကို ပြောပြအကူအညီတောင်းဖို့ ဆိုဖီ ကအကြံရခဲ့ပါတယ်။ အိပ်မက်ဆို ပေမယ့် အပြင်မှာတကယ်ဖြစ်လာ ဖို့ အခြေအနေရှိနေတာကြောင့် အဲလိဇဘတ်ဘုရင်မကြီးက ဘယ်လိုကာကွယ်သွားမှာလဲ။ ဆိုဖီနဲ့ BFG တို့ကော ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်းမှာလဲဆိုတာ တော့ ကိုယ်တိုင်ကြည့်ကြဖို့ ညွှန်း ပေးလိုက်ပါတယ်။
ဒီဇာတ်ကားမှာ BFG အဖြစ် မာ့ခ်ရိုင်လန့်စ်၊ ဆိုဖီအဖြစ် ရူဘီ ဘန်းဟစ်လ်၊ အဲလိဇဘတ် II ဘုရင်မကြီးအဖြစ် ပန်နီလိုပ်ဝီလ် တန်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ ဝေါ့ဒစ္စနေရုပ် ရှင်ထုတ်လုပ်ရေးကနေ ဇွန်လကုန် က ဖြန့်ချိပေးထားတဲ့ ဒီဇာတ်ကား လေးဟာ ရုပ်ရှင်ဝေဖန်ရေးသမား တွေရဲ့ သုံးသပ်ချက်ရလဒ်ကောင်း တွေလည်း ရထားပါတယ်။
Review Credti to 7day Daily
Translated by: Chue Thinzar Naing
Encode by: Eric Min Khant
Quality HDTS Version
Size 900MB
                                                                     ဒေါင်းလုပ်ဆွဲကြည့်နည်း 
                                                      ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ  
                                                              Watch & Donwload Here HD                                                                             

Beasts of No Nation (2015) မြန်မာစာတန်းထိုး



ဇာတ်ကားကောင်းတကား တင်ပေးလိုက်ပါတယ်။ အာဇရိကအနောက်ပိုင်းရှိ နိုင်ငံတနိုင်ငံမှ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် အားဂူဆိုသော ကောင်လေးမှ မိသားစုနှင့် ကွဲကွာပြီး ကြေးစားလက်နက်ကိုင်အဖွဲ့တခုမှာ ကလေးစစ်သားအဖြစ်ရောက်ရှိခဲ့ပြီး အရွယ်နှင့်မလိုက်အောင် အနိဌာရုံတွေကို ကြုံ့တွေ့ရသော ဇာတ်လမ်းဖြစ်ပါတယ်။ အစိုးရစစ်တပ်က သူ့အဖေနှင့် အစ်ကိုကို သူရှိုဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့ကာ သူတယောက်တည်း ကိုယ်လွတ်ရုံးခဲ့ရတဲ့ ကောင်းလေးအတွက် အသက်ရှင်သန်ရေးအတွက် သူပုန်အဖွဲ့သို ရောက်ရှိခဲ့ရပြီး ....

Netflix ကုမ္ပဏီက ပြသဖြန့်ချိမည့် ရုပ်ရှင်ဖြစ်သည့် “Beasts of No Nation” ဖြစ်ကာ ဗြိတိသျှ ရုပ်ရှင်မင်းသား Idris Elba ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ Cary Fukunaga က ရိုက်ကူးဖန်တီးထားသော ဇာတ်ကားဖြစ်သည်။ အနောက်အာဖရိက မှ ကောင်လေးတစ်ဦးသည် သူ၏ မိသားစုဝင်များ သေဆုံးသွားခဲ့ပြီးနောက် ကလေးစစ်သားအဖြစ်ဖြင့် ကြေးစားတပ်ဖွဲ့တစ်ခုထဲ သွတ်သွင်းခံခဲ့ရပုံကို ရိုက်ကူးထားသော ဇာတ်ကား ဖြစ်သည်။ စာရေးဆရာ Uzodinma Iweala ၏ “Beasts of No Nation” ဝတ္ထုကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။

IMDB 7.8 ထိရထားတဲ့ ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။ 619 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
                                                                             DOWNLOAD

The Physician 2013 HD(မြန်​မာစာတန်းထိုး)


၁၁ ရာစုလောက်မှာ Rob Cole ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိပြီး သူ့အမေကတော့ အူအတက်ပေါက်တဲ့ရောဂါနဲ့ ကွယ်လွန်သွားခဲ့ရပြီး သူ့ညီမနှစ်ယောက်ဟာလည်း တစ်ခြားဆီကိုရောက်ကုန်ပြီး ဝေးကွာခဲ့ရပါတယ်။ Rob Cole တစ်ယောက် သွားစရာနေစရာမဲ့နေတုန်းသူတို့ရှိတဲ့နေရာဆီမှာ ဆေးလာကုတဲ့ Barber ဆိုတဲ့သူနောက်ကို လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
Rob Cole ဟာ Barber နောက်ကိုလိုက်ရင်း ကူညီပေးကာ ဆေးပညာနဲ့ပတ်သတ်ပြီးတော့လည်း လေ့လာသင်ယူနေပါတော့တယ်။ သူအဖြစ်ချင်ဆုံးဆန္ဒကတော့ အူအတက်ပေါက်တဲ့ရောဂါကို ပျောက်အောင်ကုချင်တာပါပဲ။ သူတိုနှစ်ယောက် တစ်ရွာဝင်တစ်ရွာထက် ဆေးလိုက်ကုရင်း Barber ဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အတူ မျက်စိတိမ်ရောဂါဆွဲကပ်လာပါတော့တယ်။ Barber ရဲ့မျက်စိရောဂါကို ကုသဖို့အတွက် ဂျုးလူမျိုးမျက်စိကုသတဲ့ဆီကို ရောက်သွားပါတော့တယ်။ Barber ရဲ့ မျက်စိတိမ်ရောဂါ ပျောက်ကင်းသွားတဲ့အတွက် Rob Cole တစ်ယောက် အင်မတန်မှ ၀မ်းသာသွားပြီး သူလည်း ထိုကဲ့သို့ အဆင်မြင့်တဲ့ကုသမှုမျိုးသင်ယူလိုစိတ်ပြင်းပြလာပါတဲ့အတွက် ဂျုးလူမျိုးမျက်စိကုသပေးတဲ့လူတွေကိုမေးပြီး ဆေးပညာသင်ယူဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။
သူဆေးပညာသင်ယူဖို့သွားရမယ့်နေရာဟာ  Ispahan မြို့မှာဖြစ်ပြီး သူနေထိုင်ရင် လန်ဒန်မြို့နဲ့ အင်မတန်မှ ဝေးကွာလှပြီး ခရီးသွားဖို့အချိန် ၁ နှစ်လောက်ကြာပါတယ်။ Rob Cole တစ်ယောက် ထိုအရပ်မှာ အဆင်ပြေပြေ ပညာဆက်လက်သင်ယူဖို့အတွက် နာမည်ကို Jesse Ben Benjamin လို့ပြောင်းပြီး ဂျုးလူမျိုးတစ်ယောက်အဖြစ်ဟန်ဆောင်ကာသွားရောက်ခဲ့ပါတယ်။  Ispahanမြို့မရောက်ခင် သဲကန္တာရတစ်ခုကို ခရီးဖော်တွေနဲ့အတူ ဖြတ်သန်းသွားလာရင်း Rebecca လို့ခေါ်တဲ့ မိန်းမချောလေးနဲ့ ခင်မင်ရင်းနှီးခဲ့ပြီး သူတို့အဖွဲ့ဟာ သဲမုန်တိုင်းကြောင့် တစ်ယောက်တစ်နေရာဆီကွဲကွာကုန်ကြပါတော့တယ်။
 Ispahan မြို့မှာ ဆေးပညာတွေကို သင်ကြားပေးနေတဲ့ Ibn Sina ဆီမှာ Benjamin အဖြစ်ပညာသင်ကြားနေပြီး ဆေးပညာတွေကို ကြိုးစားပန်းစားလေ့လာနေပါတော့တယ်။  Ispahan မြို့မှာ မူလင်တွေအများဆုံးရှိတဲ့မြို့ဖြစ်ပြီး မူစလင်ဘာသာရေးဆိုင်ရာထုံးတမ်းတွေနဲ့ ပြည့်နှက်လို့နေပါတော့တယ်။ ထိုမြို့လေးမှာ အမှတ်မထင် Rebecca နဲ့ ပြန်ဆုံတွေ့ဖြစ်ပြီး Rebecca ကတော့ ထိုမြို့ကလူတစ်ယောက်နဲ့ လက်ထပ်တော့မှာပါ။
သူအင်မတန်မှကုသခြင်လွန်းလှသော အူအတက်ပေါက်ရောဂါဟာခွဲစိတ်ရမှာဖြစ်တဲ့အတွက် အခက်အခဲတွေနဲ့ တွေ့နေပါတော့တယ်။ လူတစ်ယောက်ကိုခွဲစိတ်ဖို့ရာ ဘာသာရေးဆိုင်ရင်အမြင်များနဲ့ ကန့်ကွက်မှုတွေရှိနေပြီး လူ့ခန္ဓာကိုယ်အတွင်းပိုင်းကို ဘယ်သူကမှ သေသေချာချာတွေ့ဖူး လော့ဖူးခြင်းမရှိသေးပါဘူး။ တစ်ရက်တော့ Ispahan မြို့မှာ ပလိပ်ရောဂါကျရောက်လာပြီး လူအများအပြားသေကြေပျက်စီးကြကာ လူပေါင်းများစွာလည်း နေရပ်ကိုထွက်ပြေးပုန်းရှောင်နေကြပါတော့တယ်။

သူအရမ်းကုသချင်တဲ့ အူအတက်ပေါက်စသည့် ခန္ဓာကိုယ်ခွဲစိတ်ပြီး ကုသရတဲ့ဟာ ဖြစ်မြောက်လာနိုင်ပါ့မလား။ သူနဲ့ Rebecca ကြားက သံယောဇဉ်က ဘယ်လိုမျိုးရှေ့ဆက်ပြီး ဘယ်လိုအဆုံးသတ်သွားမှာလား . . . . . . . 
ခုတစ်လောကြည့်မိတဲ့ဇာတ်ကားတွေထဲ အကြိုက်ဆုံးလို့ပြောရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ဇာတ်လမ်းဇတ်ကွက်ကောင်းမွန်လှပြီး နောက်ခံတေးဂီတတွေက အစ လိုက်ဖက်လွန်းလှပါတယ်။ ပြသချိန် မိနစ် ၁၅၀ ရှိပြီး IMDB Ratings: 7.3/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ Tom Payne, Stellan Skarsgård, Emma Rigby တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဂျာမနီအခြေစိုက်က ရိုက်ကူးတင်ဆက်ထားတာပါ။ (mmmovieguide.comမှကူးယူ​ဖော်​ပြပါတယ်​)


Sharkboy and Lavagirl (2005) မြန်မာစာတန်းထိုး




Admin နုစဉ်အခါက အရမ်းကိုကြိုက်ခဲ့တဲ့ ကားလေးပေါ့. အခုထိလိုက်ကြိုက်နေဆဲပါပဲ.Rating အနည်းငယ်ရခဲ့ပေမဲ့လဲ ကြည့်လို့ကောင်းဆဲကားလေးပါ.. ဒီကားလေးက ကောင်လေးတစ်ယောက် အိမ်မက် မက်နေတာလား တကယ်ဖြစ်နေတာလား ဝေခွဲမရဖြစ်စေတဲ့ကားလေးပါ.ကျောင်းမှာအနိုင်ကျင့်ခံရတဲ့ကောင်လေးတစ်ယောက်က သူဖြစ်ချင်တာတွေကို စာအုပ်လေးတစ်အုပ်မှာချရေးထားပါတယ်. သူကျောင်းပြန်တတ်တော့အတန်းကိုဖတ်ပြတဲ့အခါမှာဘယ်သူမှ မယုံကြပါဘူး. ဒါပေမယ့် နောက်တစ်နေ့အိပ်ခါနီးမှာ သူဆုတောင်းလိုက်တော့ ဘယ်လိုတွေဖြစ်လာတယ် ဘာတွေဖြစ်မယ်ဆိုတာကို စောင့်ကြည့်ကြပါစို့...

3.5/10 IMDb
20% Rotten Tomato
Quality : 720P Bluray
Translated by : Ei Ei Aung
Encoded by : Invoker

Gods Of Egypt (2016) မြန်မာစာတန်းထိုး





အားလုံးတောင်းဆိုနေကြတဲ့ Gods Of Egypt လာပါပြီ...ဒီဇာတ်ကားလေးကတော့ ရုံတင်တာကြာပြီဖြစ်ပေမယ့် အကြည်ထွက်ဖို့တော့ တော်တော်လေး စောင့်လိုက်ရပါတယ်။ရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့ ဒီကားလေးရဲ့ review တွေ
အကြောင်းကို ကြားတော့ ကြားမိကြမှာပါ။ Deadpool နဲ့ ယှဉ်ဖိုက်ခဲ့ရတာ မို့ အမြတ်ငွေပိုင်းဆိုင်ရာမှာ မကိုက်ခဲ့ပေမယ့် visual effectကို ကြိုက်တဲ့ ပရိသတ်တွေရယ် ရှေးဟောင်းအီဂျစ်တွေရဲ့ နေထိုင်မှုပုံစံတွေရယ်ကို စိတ်ဝင်စားတဲ့သူတွေ
အတွက်ကတော့ ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေဦးမှာပါ။



နတ်တွေနဲ့ လူသားတွေ ရောနှောနေထိုင်ကြတဲ့ အီဂျစ်အယူတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။တူဖြစ်သူ Horusကို နတ်ဘုရားတွေရဲ့ ဘုရင်အဖြစ် နန်းတက်မယ့် ပွဲမှာပဲ ထီးနန်းလုခဲ့တဲ့ Set ကတော့ ဒီဇာတ်ကားရဲ့ အဓိက ဗီလိန်ပါ။ အဓိက
ဇာတ်ဆောင်ကိုတော့Horus လို့ ထင်ထားခဲ့ပေမယ့် သာမန်လူသားတစ်ယောက်ဖြစ်တဲ့ Bekက ပိုပြီး လုပ်ဆောင်ချက်တွေ များနေတာတွေ့ရတော့ အံ့သြမိပါတယ်။ချစ်သူကောင်မလေးအတွက် နတ်ဘုရားတွေရဲ့တိုက်ပွဲတွေ အကြား တိုးဝင်
လာခဲ့တဲ့ Bek ရဲ့ ချစ်ခြင်းတရား...နတ်ဘုရားကိုတောင် အာခံဝံ့တဲ့ သူရသတ္တိ တွေနဲ့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက သံယောဇဉ်တွေ ပိုပါ အချိုးကျကျ ထည့်ပြီး ဇာတ်ကို အရှိန်မြှင့်ထားပါတယ်။
IMDb ကတော့ 5.6 ပါ။ ကျွန်တော့်အတွက်တော့ အရမ်း underrated ဖြစ်တယ်လို့ ခံစားရပါတယ်။
(ဇာတ်ကားအညွှန်းကိုတော့ ကောင်းမြတ်သူကရေးသားပေးခဲ့တာပါ)


File size...(900MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Aung Pyay 



 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger