Fantastic Beasts and Where to Find Them (2016) - မြန်မာစာတန်းထိုး


လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး cam version ကို တင်ဆက်လိုက်ပါပြီ။ ဒေါင်းသင့်မဒေါင်းသင့် ကြည့်ရှုရန် ScreenShots များတင်ပြပေးလိုက်ရပါတယ်။
r@bp!G
အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။
ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p HDCam MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 572 MB
[RESOLUTION]:………………….:[ 720x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger