Recent Movies
Showing posts with label 2003 မြန်မာစာတန်းထိုး. Show all posts
Showing posts with label 2003 မြန်မာစာတန်းထိုး. Show all posts

Johnny English 1 (2003) မြန်မာစာတန်းထိုး


 2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ Johnny English ဇာတ်ကားကို ဒါရိုက်တာ Peter Howitt က ရိုက်ကူးထားပြီး
ကမ္ဘာကျော်ဟာသမင်းသားကြီး မစ္စတာဘင်းန် လို့ လူသိများတဲ့Rowan Atkinson က မင်းသားအဖြစ်
ရိုက်ကူးတင်ဆက်ထားပါတယ်..ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး.ဟာသအဖြစ်အပျက်
တွေကြားထဲက အေးဂျင့်တစ်ယောက်ရဲ့ အမှုထောက်လှမ်းပုံ…အမြဲတမ်းအလွဲတွေနဲ့ ကြုံနေရပုံ..စသည့်
အရာတွေကိုတော့ မစ္စတာဘင်းန် ရဲ့ ထုံးစံအတိုင်းပေါ့..ပြောင်မြောက်စွာဟာသတွေနဲ့ရိုက်ကူးတင်
ဆက်ထားပါတယ်.အားရပါးရရယ်မောနိုင်ပါစေဗျို့ 😀

Final Destination 2 (2003) မြန်မာစာတန်းထိုး

Final Destination ကားတွေရဲ့ ထုံးစံအတိုင်းပါပဲ။
ယုတ္တိရှိရှိကြောက်ဖို့ကောင်းတဲ့ဇာတ်လမ်းတွေပါ။

Pirates OF The Caribbean 1: The Curse Of Black Pearl(2003) မြန်မာစာတန်းထိုး


Pirates OF The Caribbean: The Curse Of Black Pearl ဇတ်ကားမှာတော့Elizabeth ဆိုတဲ့ကောင်မလေးဟာအင်္ဂလန်ကနေသင်္ဘောနဲ့ရွက်လွင့်လာနေတုန်းမှာWill Turnerဆိုတဲ့ကောင်လေးက..ရေထဲမှာမျှောလာခဲ့ပါတယ်..သူမက..ဒီကောင်လေးကိုကယ်ဆယ်လိုက်ပြီး
သူဆွဲထားတဲ့ရွှေပြားလေးကိုယူပြီးသိမ်းထားလိုက်ပါတယ်..သူပင်လယ်ဓားပြဆိုတာကိုတော့.ဖုံးကွယ်ထားလိုက်ပါတယ်Will Turnerကိုယ်တိုင်ကလဲသူပင်လယ်ဓားပြဆိုတာမသိခဲ့ပါဘူး…ဒီလိုနဲ့နောက်၉နှစ်ကြာတဲ့အခါမှာBrabossaဆိုတဲ့
လူကရွှေပြားလေးကိုယူဖို့ရောက်လာခဲ့ပါတယ်..ဒီရွှေပြားလေးကသူတို့နဲ့ဘယ်လိုပက်သတ်နေလဲဆိုတာတော့
..ဇတ်လမ်းထဲမှာဖော်ပြထားပါတယ်
ရွှေပြားလေးနဲ့အတူElizabethကိုပါဖမ်းယူသွားခဲ့ပါတယ်
ဒီလိုတွေဖြစ်လာတဲ့အခြေအနေမှာ..ကျွန်တော်တို့ရဲ့သူရဲကောင်းကြီး..ဂျက်စပဲရိုးလ်က Elizabethကိုကယ်ဖို့လမ်းပြရမဲ့သူဖြစ်လာပါပြီး…အဲ့ဒီရွှေပြားလေးက သူတို့အတွက်ဘယ်လိုအသုံးဝင်နေမှာလဲ..ဂျက်စပဲရိုးလ်ကရော….Elizabethကိုကယ်နိုင်မှာလားဆိုတာ
စွန့်စားပေါင်းများစွာနဲ့ကြည့်ရှု့ရမှာပါ

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ

2 Fast 2 Furious 2 (2003) မြန်မာစာတန်းထိုး

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

 ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ

 

X-Men 2 (2003) မြန်မာစာတန်းထိုး

ဒီဇာတ်ကားက ကျနော်ကြည့်ဖူးတဲ့ ဒုတိယမြောက်ကားပေါ့ ထုံးစံအတိုင်းဗျား IMDb 7.5 နဲ့ rotten tomatoes 7.5 တောင်ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း အနေနဲ့ကတော့ ဘယ်သူကမှန်းခိုင်းစေမှန်းမသိရတဲ့ သန္ဓေပြောင်းလူသားတစ်ယောက် နိုင်ငံတော်သမ္မကြီးကို ဝင်ရောက်လုပ်ကြံတဲ့အခန်းနဲ့ အစပျိုးထားပါတယ် နောက်ပလပ်စတစ် အကျဉ်းထောင်နဲ့ အချုပ်ခံထားရတဲ့ မက်ဂနီတိုတစ်ယောက် ဘာတွေများကြံစည်နေခဲ့လဲ လိုဂန်တစ်ယောက်ရော အတိတ်ကိုပြန်မှတ်မိနိုင်ပါ့မလား ကျနော်တို့ဖီးနစ်ငှက်မလေး ဂျင်းန်တစ်ယောက်ရော ဘယ်လိုဖြစ်လာမလဲ ဒါတွေအပြင် လိုဂန်ရဲ့ဘဝကို ကောင်းကောင်း မွှေနှောက်သွားခဲ့တဲ့ သူ့ရဲ့အချစ်တော် ဝီလီယမ်စရိုက်ကာကရော ဘာတွေကြံစည်နေခဲ့သလဲ..
ဒီဇာတ်ကားဟာလည်း ပထမကားလိုပဲ ဇာတ်အိမ်ကို အကျစ်လစ်ဆုံးနဲ့ အကောင်းဆုံးတင်ဆက် ပေးသွားခဲ့ပါတယ် ကဲ X-Men ဖန်များရော မကြည့်ရသေးသူ များပါကြည့်ရတာ တန်မယ့်ကား ဖြစ်ကြောင်း ဘာသာပြန်လိုအပ်ချက်များရှိပါက ကျနော့်အမှားသာဖြစ်ကြောင်းပြောကြားရင်း ကဲဆွဲလိုက်ကြပါဦးဗျာ


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 

 ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ



 
 
 
 

Underworld (2003) မြန်မာစာတန်းထိုး


2003 ခုနှစ်ကထွက်ရှိခဲ့ပြီး Underworld ဇာတ်ကားရဲ့
ပထမဆုံးပွဲဦးထွက်ဇာတ်ကားဆိုရင်လဲ မမှားပါဘူးဗျ
ဒီကားမှာပဲ Underworld ပရိတ်သတ်တွေက အသည်းခိုက် ကြိုက်နှစ်သက်ခဲ့
ကြပြီး နောက်ထပ်ရိုက်ကူးမဲ့ Underworld 2 , 3, 4, 5 တို့အတွက်
ပရိတ်သတ်အားပေးမှုက တွန်းအားတစ်ခုဖြစ်စေခဲ့တယ်ဆိုရင်လဲ မမှားပါဘူး
ဇာတ်လမ်း အကျဉ်းလေးကတော့ ဗန်ပိုင်းယား သေမင်းတမန်စစ်သည်တစ်ဦး
ဖြစ်သူ ဆယ်လီဟာ ဗန်ပိုင်းယားတွေနဲ့ သမန်းဝံပလွေတွေကြားထဲက
ပဋိပက္ခအတွက် တိုက်ခိုက်ရင်း သမန်းဝံပလွေဖြစ်သူ မိုက်ကယ်နဲ့
ချစ်ကြိုးသွယ်ခဲ့မိပါတယ် ဒီလိုနဲ့ မိုက်ကယ် နဲ့ ဆယ်လီ တို့ ၂ယောက်
အချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား  ဆယ်လီကကော ရန်သူတဖြစ်လဲ
ချစ်သူနဲ့ဘယ်လိုတွေများဆက်လက် ကြုံတွေ့ရမလဲဆိုတာကို တော့

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ


 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 
ကျန်သေးတဲ့အပိုင်းတွေကြည့်ချင်သေးရင်  
Under World (အပိုင်း1(2003)+အပိုင်း2(2006)+အပိုင်3း(2009)+အပိုင်း4(2012)+အပိုင်း5(2016) တို့မှာဆက်ပြီးကြည့်နိုင်ပါတယ်


American Pie 3 :2003 American Wedding မြန်မာစာတန်းထိုး 18+




နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(3)ဇာတ်ကားပါ။ American Pie မင်းသားတွေ ဒီဇာတ်ကားမှာ အဆုံးသတ်သလောက်ဖြစ်သွားပြီး
နောက်ကားတွေမှာ နောက်မင်းသားတွေနဲ့ ဆက်သွားတော့မှာပါ။ American Reunion (2012) ဇာတ်ကားကျမှ ဒီမင်းသားတွေပြန်ဆုံကြမှာပါ။
အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကိုဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။


 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Johnny English (2003)


ဒီကားလေးကတော့ လူတိုင်နီးပါ ကြည့်ပြီးသား ဖြစ်မှာပါ ပြန်ကြည့်ချင်သူများနဲ့ မကြည့်ရသေးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ် ဟာသကား ကြည့်ချင်သပါ့ဆိုတဲ့ ပရိတ်သတ်တွေအတွက်ပါဖိုင်ဆိုဒ် 220MB နဲ့ တင်ပေးလိုက်ပါတယ်ဗျာ


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD ဆွဲရန်
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Koi… Mil Gaya (2003) - မြန်မာစာတန်းထိုး

Wrong Turn ( 1+2+3+4+5+6 ) မြန်မာစာတန်းထိုး Special Package



2003 ခုနှစ်ကနေစပြီး 6 ကားတိတိ ထွက်ရှိခဲ့တဲ့ Wrong Turn ဆိုတဲ့ ဇာတ်ကားဟာ Saw ဇာတ်ကားလိုမျိုးပဲအောင်မြင်မှုတွေရရှိခဲ့ပါတယ်..သည်းထိတ်ရင်ဖိုကိုမှ ကြည့်ချင်နေတဲ့
သူတွေအတွက်တော့ ဒီ Wrong Turn ဇာတ်ကား 6 ကားစလုံးဟာ ဒီအရသာကိုပြည့်ပြည့်၀၀
ပေးစွမ်းနိုင်စွမ်းရှိပါလိမ့်မယ်..ဒါပေမယ့် ကလေးသူငယ်များ နဲ့ နှလုံးရောဂါအခံရှိသူများ
ကြည့်ရှုဖို့တော့အဆင်မပြေနိုင်ပါ ….။
အခုတင်ပေးထားတဲ့ဒီခြောက်ကားစလုံးအတွက် ဒေါင်းရတာ
အဆင်ပြေအောင် ဖိုင်ဆိုဒ်အကြီး ( အကြည် ) ရော ဖိုင်ဆိုင်အသေးပါ တခါတည်းတွဲတင်ပေးထားပြီး ဒေါင်းလုပ်လင့်နှစ်နေရာက ဒေါင်းနိုင်အောင် တင်ပေးထားပါတယ်..အဆင်ပြေမယ်လို့မျှော်လင့်မိကြောင်းပါ့
အညွှန်းကိုရေးရမယ်ဆိုရင် တစ်ကားကိုတစ်ခု ရေးရမယ်ဖြစ်ပြီး Post အရမ်းရှည်သွားမှာ
ဖြစ်လို့ ကိုယ်တိုင်ပဲ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ခံစားကြည့်ရှုကြပါ 😉
( ဒီဇာတ်ကားအတွက်စာတန်းထိုးဖိုင်ကို ကသာသားလေးမှ ပြုလုပ်ပြီး
ကို ကျော်စွာဝင်းမှ Encoding ပြုလုပ်ပါသည် )
*** Update From www.channelmyanmar.org

 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်



 


                                     

The Dreamer (2003) မြန်မာစာတန်းထိုး 21+




ပရိတ်သတ်တွေအတွက်
ဒီတစ်ခါအပြောင်းအလဲလေဖြစ်အောင်18+ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်
18+ဆိုပေမဲ့IMDbမှာ7.2ထိရထားတာကြောင့်
ဇာတ်ကားကောင်းတစ်ကားဆိုတာပြောစရာလိုမယ်မထင်ပါဘူး
    ဒီဇာတ်ကားလေးကိုအမေရိကန်ကနေပြင်သစ်ကို
ပညာတော်သင်ရောက်ရှိနေတဲ့မက်သယူးဆိုတဲ့
ကျောင်းသားလေးကနေအစပြုထားပါတယ်
1965၀န်းကျင်လောက်ကိုအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ပြင်သစ်နိုင်ငံရဲ့ခေတ်ပြောင်းတော်
လှန်ရေးကိုလဲမြင်တွေ့ရဦးမှာပါ
ရုပ်ရှင်တွေစပြီးပေါ်ပေါက်လာတဲ့အဲ့ဒီခေတ်မှာ
ရုပ်ရှင်တွေကိုအရမ်းကြိုက်တဲ့မက်သယူးနဲ့
ရုပ်ရှင်တိုင်းကိုမလွတ်တမ်းကြည့်လေ့ရှိတဲ့
သီယိုနဲ့အစ္စဘဲလ်ဆိုတဲ့အမြွှာမောင်နှမတို့တွေ့ပြီး
သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်တစ်ရက်တော့
မက်သယူးကိုသီအိုတို့ကညစာစားဖို့ဖိတ်ခဲ့ပါတယ်.သီအို့မိဘတွေခရီးထွက်ဖို့ရှိတာကြောင့်
မက်သယူးကိုအိမ်မှာလာအိပ်ဖို့ခေါ်ရာကသီအိုတို့နဲ့အတူနေဖို့ဖြစ်လာခဲ့ပါတယ်.အဲ့လိုနဲ့အတူနေကြရင်း
ထူးဆန်းတဲ့အမြွှာနှစ်ယောက်အကြောင်းကို
မက်သရူးကသိရှိပြီးနောက်ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းကိုရသမျိုစုံနဲ့ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်
18+ဆိုပေမဲ့21+ထက်တောင်ကြမ်းတဲ့Nudeတွေပါဝင်တာမို့မိသားစုနဲ့အတူမကြည့်ဖို့သတိပေးပါရစေ

Dramaဇာတ်ကားကောင်းတွေကိုမှကြိုက်တယ်ဆိုရင်တော့ဒီဇာတ်ကားလေးကိုလက်လွတ်မခံဖို့တိုက်တွန်း
လိုက်ပါတယ်

ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ကျွန်တော်Ye_Min_Thantဖြစ်ပါတယ်

Credit To : www.goldchannelmovies.com
Ecode by: Hein Min Htet
Quality -720P HD
Size - 900MB


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

The Last Samurai (2003) မြန်မာစာတန်းထိုး



The Last Samurai(2003)
~~~~~~~~~~~~~~~~~~~~~~~~
ဟိုတနေ့က Tom Cruise ဇာတ်ကားတွေ ရှာကြည့်ရင်းနဲ့ အမှတ်မထင် ဇာတ်ကားတကားကို တွေ့လို့ ကြည့်မိတယ်။ဒီလိုနဲ့ အဲ့ဇာတ်လမ်းက ကျနော့် ကို Samurai တွေရဲ့ ကမ္ဘာကို ခန ဆွဲခေါ်သွားခဲ့တာပဲ။ပြောချင်တာက The Last Samurai ဆိုတဲ့ ဇာတ်ကားတကား အကြောင်းပါ။ဒီကားက ကြာပါပြီ။2003 ထဲက ဇာတ်ကားကို ဘာလို့ ခုမှ လာပြောနေတာလဲ ဆိုရင်တော့ ကျနော်လဲ အခုမှ ကြည့်ဖူးလို့ပါ လို့ ဆိုရမှာပဲ။ရုပ်ရှင်ကားကောင်း တကားကို အချိန်တော်တော်ကြာ မကြည့်မိခဲ့လေခြင်း ဆိုပြီး နောင်တရမိတယ်ဗျာ။ဇာတ်လမ်းက သာမန်ပါပဲ လို့ ပြောလို့ရပေမယ့် သရုပ်ဆောင်အချို့ရဲ့အကောင်းဆုံး ကြိုးစားခဲ့မှုတွေ ၊ဇာတ်အိမ်ကျောရိုးတည်ထားတဲ့ခေတ် တွေကြောင့် စိတ်ဝင်စားစရာကောင်းခဲ့တာပါ။
The Last Samurai တဲ့။ဘယ်သူက နောက်ဆုံးကျန်ခဲ့တဲ့ Samurai ဖြစ်မလဲ....။

Samurai ဆိုတဲ့ စကားလုံးကို မြန်မာမှု ပြုလိုက်ရင် အလုပ်အကျွေးပြုသူ ဆိုပြီး အဓိပ္ပါယ် သက်ရောက်တယ် ဆိုပဲ။ဓားကို ဘုရားလို ကိုးကွယ်တဲ့ Samurai တွေအနေနဲ့ သူတို့အလုပ်အကျွေးပြုရမယ့် ဧကရာဇ် အပေါ်မှာ အမြဲ သစ္စာစောင့်ထိန်းရပါတယ်။ဂျပန်တွေရဲ့ သမိုင်းရာဇဝင်မှာ Samurai တွေဆိုတာ ထင်ရှားတဲ့ ဂန္တဝင် အမှတ်တဆိပ်တခုလိုပါပဲ။ဒါပေမယ့် အရှင်သခင်ဧကရာဇ်က သူတို့ကို အလိုမရှိတော့တဲ့ အခါမှာရော ဘာတွေဖြစ်လာမလဲ။

တကယ်လဲ ၁၉ ရာစု ဂျပန်မှာ Meiji Restoration ဆိုတာ ရှိခဲ့ပါတယ်။ဂျပန် ဧကရာဇ် Meiji က ဂျပန်တို့ရဲ့ခေတ်တခေတ်ကို ပြောင်းလဲခဲ့တာပါ။Westernization လို့ ဆိုပြီးတော့ အနောက်နိုင်ငံတွေရဲ့အင်အားကို ယူပြီး နိုင်ငံကိုတည်ဆောက်ခဲ့ပါတယ်။ဗိသုကာပညာ၊လက်နက်အင်အား၊ဝတ်စားဆင်ယင်မှုက အစ အနောက်တိုင်းပုံစံ ကျင့်သုံးလာကြတယ်။ဒီတော့ ပြင်သစ်၊US စတဲ့အနောက်နိုင်ငံတွေက ဂျပန်တို့နဲ့ ကုန်သွယ်ခွင့်စာချုပ် ချုပ်ဆိုနိုင်ဖို့ အသည်းအသန်ကြိုးစားနေတဲ့အချိန်။ဒီအချိန်မှာ Samurai တချို့လဲ ကင်ဒို ကို စွန့်ပြီး သေနတ်ကို ပြောင်းကိုင်နေရပြီ။ဒါပေမယ့် ဧကရာဇ် Meiji ရဲ့ဆရာဖြစ်သူ နန်းတွင်းဝန်ကြီးတဦး ဖြစ်တဲ့ Samurai Katsumoto ကတော့ ပြောင်းလဲဖို့ အချိန်မကျသေးဘူးလို့ ယူဆခဲ့တယ်။ပြီးတော့ ဘုရင်ရဲ့ အကြံပေး Omura ကိုလဲ နန်းတွင်းရဲ့ အာဏာကို ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့အတွက် မနှစ်မြို့ဘူး။Omura ရဲ့စကားကို နားယောင်နေတဲ့ ဘုရင်ကိုလဲ နားချလို့မရတော့ ပုန်ကန်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် ဧကရာဇ်ရဲ့ သစ္စာခံထားတဲ့အတွက် တိုက်ရိုက် မဆန့်ကျင်ရဲဘူး။ဒီတော့ အနောက်တိုင်းသားတွေ လာဖောက်တဲ့ ရထားလမ်းတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။

ဒီအချိန်မှာ အမေရိကန်မှာ ယစ်ထုပ်ကြီး ဖြစ်ပြီး ဦးတည်ရာမဲ့နေတဲ့ American Civil War နဲ့ Indian Wars စစ်ပြန်ကြီး Captain Nathan Algren တယောက် ဂျပန်ကို ရောက်လာတာပဲ။သူ့မှာလဲ စစ် ကို နာကျဉ်းခဲ့ရတဲ့ စိတ်ခံစားချက်နဲ့လေ။သူ့အလုပ်က ဂျပန် စစ်သားသစ်တွေ ကို သင်တန်းပေးဖို့ပါပဲ။ဒီအလုပ်ကို မလုပ်ချင်ပေမယ့် အထက်အရာရှိရဲ့ စေခိုင်းမှု နဲ့ လိုအပ်နေတဲ့ ပိုက်ဆံကြောင့် အရှေ့တိုင်းကို ရွက်လွှင့်လာတဲ့ သူ့ရဲ့ နေ့ရက်တွေမှာ ဂျပန်တို့ရဲ့ သမိုင်းတခုကို ဖန်တီးခဲ့လိမ့်မယ်လို့ သူမတွေးခဲ့မိတာ အမှန်ပဲ။ဒီလိုနဲ့ သေနတ်တောင် ဖြောင့်အောင် မကိုင်တတ်တဲ့ စစ်သားတွေကို ဦးဆောင်ပြီး Katsumoto ကိုတိုက်ခိုက်ဖို့ အကြောင်းဖန်လာပါတယ်။တိုက်ပွဲမှာရှုံးနိမ့်ပြီး သုံ့ပန့် အဖြစ်အဖမ်းခံရကာ Katsumoto ရဲ့ ဘိုးစဉ်ဘောင်ဆက် အပိုင်စားရထားတဲ့ Samurai ရွာလေးမှာ အချိန်တော်တော်ကြာ ကျင်လည်ခဲ့ရတဲ့အခါ.....။
Samurai တွေရဲ့ ဓလေ့စရိုက်တွေကိုအတွင်းကျကျ လေ့လာမိခဲ့တဲ့ အခါ....။
Katsumoto နဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေ ဖြစ်သွားတဲ့အခါ....။
သူဘယ်သူ့ဘက်က ပါမလဲ..။
အမေရိကန်ကို ပြန်သွားမှာလား။သူသံယောဇဉ်တွယ်ခဲ့တဲ့ Samurai ရွာလေးကို ကာကွယ်မှာလား..။

Tom Cruise ကို သဘောကျရင်းစွဲ ရှိတဲ့ ကျနော်ကတော့ သူ Captain Algren အဖြစ်သရုပ်ဆောင်သွားတာကို တော်တော်ကြိုက်ပါတယ်။နောက်ထပ်ပြောစရာရှိတာက Samurai Matsumoto အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Ken Watanabe ကိုပါ။ဒီဘဲကြီး သရုပ်ဆောင်ကောင်းချက်ကတော့ ဒီဇာတ်ကားနဲ့ Oscar's Best Supporting Actor Award မှာ Nominated ပါခဲ့တဲ့အထိပဲ။ထူးထူးခြားခြားသတိထားမိတာတော့ သူသရုပ်ဆောင်ခဲ့တဲ့ Tragic Hero ဇာတ်ရုပ်တွေကိုပါ။Letters From Iwo Jima မှာ General Kuribayashi အဖြစ် ပီပြင်ခဲ့တယ်။အခု The Last Samurai မှာတော့ Samurai Katsumoto အဖြစ်....တကယ့်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားတယ်။ပြောဟန်ဆိုဟန်၊လှုပ်ရှားပုံ၊လေယူလေသိမ်းတွေက အစ တကယ့် Samurai တယောက်ကို ကြည့်နေရသလိုပဲ။ ဒီဇာတ်ကားကတော့ ကျနော့်ကို Ken Watanabe ရဲ့ဇာတ်ကားမှန်သမျှ ရှာဖွေကြည့်ဖို့ ဆုံးဖြတ်ပေးလိုက်သလိုပါပဲ။ကျနော် ဒီ ဘဲကြီးရဲ့ ပရိသတ်တယောက် ဖြစ်သွားပြီလေ။
ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Edward Zwick ဆိုတာက ကျနော့်ဖေးဖရိတ် ရုပ်ရှင် Blood Diamond ရဲ့ ဒါရိုက်တာလဲ ဖြစ်နေပြန်တော့ ဒီဇာတ်ကားလေး Oscar ၊ Golden Globe အထိရောက်ခဲ့တာ အဆန်းတော့ မဟုတ်တော့ပါဘူးနော်...:D
ဒီ ရုပ်ရှင်ရဲ့ Ending ကို သဘောကျသလို Katsumoto ရဲ့ ညီမအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်မလေးကိုလဲ တော်တော်သဘောကျပါတယ်....:)
ကဲ....ဘယ်သူက နောက်ဆုံးကျန်ခဲ့တဲ့ Samurai လဲ...။
Nathan Algren လား...ဒါမှ မဟုတ် Lord Katsumoto လား....!!!!

Review Credit to-Hein Arkar
Encode by: Sai Ko Ko
Quality 720P Blueray Rip
Size 1GB


                                                                                 ဒေါင်းလုပ်ဆွဲကြည့်နည်း

                                                                ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

                                                                                   DOWNLOAD
                                           သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger