X-Men Superheroes ကြိုက်တဲ့သူတိုင်း X-Men ကို သိကြပါတယ် .. Wolverine
တို့  Megneto တို့  Professer X တို့ ဆိုတာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက
အားကျခဲ့ကြတဲ့ Heroes တွေပါ .. ပတ်ဝန်းကျင်နဲ့ 
သဟဇာတမဖြစ်တဲ့ဆယ်ကျော်သက်ကလေးတွေတော်တော်များများ လူသားအားလုံးရဲ့  အပယ်ခံ
Emo ဆန်ဆန် Mutant လို့ ခေါ်တဲ့ သန္ဒေပြောင်းလူသားတွေကို
အရမ်းသဘောကျခဲ့ကြတာပါ … . .
X-Men တွေကို ကာတွန်းကား Series အဖြစ် ထွက်ခဲ့တာကတော့ ကြာပါပြီ ..
Live-Action ကားအဖြစ် ပထမဆုံးအသက်သွင်းခဲ့ကြတာကတော့ X-Men (2000) ပါ …
Wolverine ကို စမိတ်ဆက်ပေးတဲ့ကား Mutant တွေရဲ့ ခိုလှုံရာကျောင်းကြီးကို
စမိတ်ဆက်ပေးတဲ့ကား Professor X နဲ့  Megneto တို့ အကြောင်းကို
စမိတ်ဆက်ပေးတဲ့ကားအဖြစ်နဲ့  X-Men Fans တွေကတော့ သိကြပါတယ် … . .
X2 (2003)မှာတော့ President ကြီးကို လုပ်ကြံဖို့  ကြိုးစားခဲ့တဲ့
Mutant ကို လိုက်ရှာရင်းနဲ့  Mutant Academy ကျောင်းကြီးက Mutants တွေကိုပါ
စစ်တပ်လက်ကနေ လွတ်အောင် ခေါ်ထုတ်ဖို့  ကြိုးစားရမယ့် X-Men အဖွဲ့ ရဲ့ 
ဒုတိယ ဇာတ်လမ်းတစ်ပုဒ်ပါ … . .
X-Men: The Last Stand (2006) မှာတော့Mutants တွေကို ရောဂါတစ်ခုလို့ 
သတ်မှတ်ထားတဲ့သိပံ္ပပညာရှင်တစ်စုက Mutant ကနေ ရိုးရိုးလူပြန်ဖြစ်အောင်
ပြောင်းလဲပေးနိုင်တဲ့ဆေး ဖန်တီးနိုင်ခဲ့ပါတယ် .. ဒီလိုမျိုးဆေး
ပေါ်ပေါက်လာတာဟာ Mutant မျိုးနွယ်စုကို စော်ကားခြင်းဆိုပြီး Magneto
ဦးဆောင်တဲ့ Brotherhood Mutants တွေအားလုံး လူတွေကို ချေမှုန်းဖို့ 
ကြိုးစားကြတာကို Professer X ခေါ်ဆောင်တဲ့ X-Men အဖွဲ့ က တားဆီးဖို့ 
ကြိုးစားရမှာပါ …
(ဒီဇာတ်ကားအတွက် အညွန်းကိုတော့ Aung Wunna Kyawမှနေပြီး ရေးပေးထားတာ ဖြစ်ပါတယ်။)
+ comments + 1 comments
The Wolverine (2013) မြန်မာစာတန်းထိုး
Post a Comment