Recent Movies
Showing posts with label စစ်ကားများ. Show all posts
Showing posts with label စစ်ကားများ. Show all posts

Our Time Will Come (2017) မြန်မာစာတန်းထိုး

ဒီအဖြစ်အပျက်က မြန်မာနဲ့တောင် နည်းနည်းဆင်ပါသေးတယ်။
တရုတ်ပြည်ကြီး ဗြိတိသျှလက်အောက်ကနေလွတ်ဖို့အတွက် ဂျပန်တွေအားကိုးမိရာက

R2B: Return to Base (2012)

R2B: Return to Base ဇာတ်ကားသည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားခဲ့သည့်စစ်ဘေး စစ်ဒဏ်အန္တရာယ်အသွယ်သွယ်ကြားမှ တိုက်လေယာဉ်မှူးများ၏ ဘဝနှင့် အချစ်ကို ဖော်ကျူးထား သည့် အသည်းတထိတ်ထိတ်ရင်တဖိုဖို ရှုစားရမည့် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ် ကားတွင်

;God of War (2017) မြန်မာစာတန်းထိုး

Joint Security Area(2000) မြန်မာစာတန်းထိုး

 Image result
ဒီဇာတ်ကားကိုအညွှန်းမရေးခင်လွန်ခဲ့တဲ့2 နှစ်လောက်ကကရင်ပြည်နယ်ဘက်မှာ
တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့
အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ
ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း
နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့)
ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ
ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ
တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင်
သာတဲ့ဘက်က စစ်သည်တွေက “ပြေးကြပါတော့ယောက်ဖတို့ရာ”ဆိုပြီးမျက်ရည်တောင်
ကျခဲ့ကြပါသတဲ့
အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား
တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ……

The Siege (1998) မြန်မာစာတန်းထိုး


The Siege (1998)

ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို
တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။

The Warrior’s Gate (2016) မြန်မာစာတန်းထိုး

ဒီဇာတ်ကားဟာ တရုတ်-အနောက်တိုင်း ဖက်စပ် အင်္ဂလိပ်စကားပြော သိုင်းကားဖြစ်ပါတယ်။
Action,Adventure,Fantasy ဇာတ်ကားမျိုးဖြစ်ပြီး IMDb Rating (5.3/10) ရရှိထားတဲ့ဇာတ်ကားပါ။
 
ဇာတ်ကြောင်းကတော့ လက်ရှိ Timeline ကနေ အခြား Timeline တစ်ခုကိုသွားပြီး ကိုယ်ရံတော်မင်းသမီးလေးကို ဂိမ်းဆန်ဆန်မကောင်းဆိုးဝါးတွေလက်ထဲကနေ ကွန်ဖူးအစွမ်းတွေနဲ့တိုက်ခိုက်ပြီး ကယ်တင်ရမှာပါ။
ထိုင်ဝမ်မင်းသား Mark Chao ,  တရုတ်မင်းသမီး Ni Ni , အမေရိကန်မင်းသား Uriah Shelton , အင်္ဂလိပ်မင်းသမီး Sienna Guillory စတဲ့ ဇာတ်ကောင်များအပြင် အခြားဇာတ်ရံတွေလဲ ပါဝင်ထားပါတယ်။

File size…(900MB) and (360MB)

Quality…Blu-Ray Rip 720p

Format…mp4

Duration….01:48:00

Subtitle….Myanmar Subtitle (Hardsub)

Encoder….Nyeinsaeya Aung

Translated by Missy Win

 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

 

The Ghazi Attack (2017)


အိန္ဒိယနဲ့ ပါကစ္စတန် တို့ဟာ စစ်ပွဲများစွာ အကြိမ်ကြိမ်နွှဲခဲ့ရပြီး လူပေါင်းများစွာရဲ့ အသက်တွေလဲ စတေးခဲ့ရပါတယ် ။ မြေပြင် ဝေဟင် စစ်ပွဲတွေကိုတော့ လူသိများခဲ့ကြပေမယ့် ရေပြင် အဏ္ဏဝါ စစ်ပွဲတွေကိုတော့ လူသိနည်းခဲ့ပါတယ် ။
ဒီဇာတ်ကားထဲမှာလဲ ပါကစ္စတန်ဟာ တစ်ချိန်က အရှေ့ပါကစ္စတန်လို့ အမည်တွင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တော်လှန်မှုတွေ ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပါတယ် ။

ထိုသို့ဆောင်ရွက်ဖို့ဆိုတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိနေတဲ့ ပါကစ္စတပ်တွေအတွက် အထောက်အပံ့များစွာ လိုအပ်ပါတယ် ။ ဒီလိုထောက်ပံ့ဖို့ဆိုရင် အိန္ဒိယ ပိုင်နက်ထဲက ဖြတ်သန်းသွားမှာသာ ရပါမယ် ။
ကုန်လမ်းနဲ့ လေကြောင်းကနေဆိုရင် အိန္ဒိယ စစ်တပ်သိရှိနိုင်တာကြောင့် ရေလမ်းကြောင်းကို အသုံးပြုခဲ့ပါတယ် ။
သို့ပေမယ့် အိန္ဒိယစစ်တပ်ကသိရှိသွားပြီး နှစ်နိုင်ငံ အဏ္ဏာဝါ စစ်ပွဲကို ဘယ်လိုအကြိတ်အနယ် နွှဲခဲ့ကြလည်းဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါလို့...
ရုပ်ရှင်အညွှန်း - Channel Burmese
credit-- www.flim2mm.com
[FORMAT]:………………………….:) 720p BluRay / 640p SD
[GENRE]:……………………….… .:) Action, Drama, History
[FILE SIZE]:…………………….….:) 872 MB / 325 MB
[RESOLUTION]:……………….….:) 1280x536 / 640x268
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 56 mins
[Translate By]:……………………..:) Lin Thura


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Company of heroes(2013)မြန်မာစာတန်းထိုး


ဇာတ်လမ်းက TV Game ကို အခြေခံရိုက်ကူးထားတဲ့ ဒါရိုက်တာ Don Michael Paul ရဲ့ လက်ရာ Action/War ဇာတ်လမ်းအမျိုးစားပါ ကြာမြင့်ချိန်ကတော့ ၁နာရီနဲ့ မိနစ် လေးဆယ် စုစုပေါင်း မိနစ် ၁၀၀ ကြာမြင့်ပါတယ် IMDB 5.1 ပါ
Nate Burrows အဖြစ် Chad Michael Collins က သရုပ်ဆောင်ထားပြီး  Dean Ransom အဖြစ် Tom Sizemore က သရုပ်ဆောင်ထားပါတယ် မင်းသမီးကတော့ Kestrel အဖြစ် Melia Kreiling ကသရုပ်ဆောင်ထားပါတယ်
ဒုတိယကမ္ဘာစစ်အပြီး တပ်ကို ပြန်ရောက်နေတာ သုံးပတ်ရှိနေပြီဖြစ်တဲ့ Nate တို့ တစ်စုကို စစ်ပွဲတစ်နေရာမှာ ကျန်နေသေးတဲ့ စစ်သားတွေကို ရိက္ခာတစ်ဝက်ထောက်ပံ့ပေးဖို့ ဗိုလ်ကွန်တီက Nate တို့ခေါင်းဆောင်ကို အမိန့်ပေးလိုက်ပါတယ်
Dean Ransom အဖြစ်သရုပ်ဆောင်ထားတဲ့ Tom Sizemore ကတော့ တိုက်ပွဲတစ်ပွဲကို အောင်နိုင်လို့ တာဝန်ကို ပေါ့သေးသေးမှတ်နေရာက နောက်ထပ် တိုက်ပွဲမှာ အလွယ်တွေးမိလို့ တပ်စုတစ်ခုလုံးမှာ သူပဲ အသက်ရှင်ကျန်ခဲ့ပြီး ဗိုလ်ရာထူးကနေ ထမင်းချက်ရာထူးကို ရာထူးအချခံထားရတဲ့သူ သူ့အပြစ်ကြောင့် တပ်သားတွေ သေဆုံးခဲ့ရလို့ နောင်တရနေတဲ့သူပါ ဒီလိုနဲ့ Nate နဲ့Ransomတို့ ရိက္ခာထောက်ပံ့ဖို့သွားတဲ့လမ်းကြောင်းမှာ ဂျာမန် အုပ်စုရဲ့တိုက်ခိုက်ခံရလို့ စခန်းကို ခြေချင်ပြန်ဖို့ လမ်းကြောင်းရှာနေတုန်း မိုးချိန်သံလို ပြင်းပြင်းထန်ဗုန်းပေါက်သံကြားလို့ ပေါက်ကွဲရာနေရာကို သွားကြည့်တာ မမျှော်လင့်ဘဲ တပ်သားအသစ်တွေပါထပ်ပေါင်းမိရင်း မလုပ်မဖြစ်လုပ်ရမယ့် တာဝန်တစ်ခု ထပ်တိုးသွားတယ် ဒါကတော့ ဂျာမန်တွေရဲ့ နူဗုန်းစမ်းသပ်မှုကို ဝင်ရောက်ဖျတ်ဆီးဖို့ပါ ဘယ်လိုတွေဖြစ်မလဲ ဆိုတာတော့ ကိုယ့်ဘာ့သာပဲကိုယ်ကြည့်ကြပါတော့
IMDB 5.1 ဆိုပေမယ့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ စစ်ကားတစ်ကားပါ

Review & Translate by Mg Mg Lwin
Encoded by Hein Min Htet
Quality-Bluray 720p
Size-740mb/400mb

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 

Operation Mekong(မဲခေါင် စစ်ဆင်ရေး)2016 မြန်မာစာတန်းထိုး

စက်တင်ဘာ ၃၀ ရက်နေ့ကမှ စတင်ရုံတင်ခဲ့တဲ့ Operation Mekong ဟာ imdb (၇.၁) ရရှိထားသလို လက်တလော Chinese box office မှာတော့ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ၂၀၁၆ အတွက် အက်ရှင်ကားကောင်းအဖြစ်ကော၊ ရုံဝင်မှုအကောင်းဆုံးမှာပါ ထိပ်တန်းအဆင့်အဖြစ် မှတ်တမ်းကောင်းရရှိခဲ့ပါပြီ။


မဲ​ခေါင်​ဆိုတာ အ​ရှေ့​တောင်​အာရှရဲ့ နာမည်​ကြီး မြစ်​တစ်​စင်းပါ
တရုတ်​က​နေမြစ်​ ဖျားခံပြီး လာအို မြန်​မာ ထိုင်း က​မ္ဘောဒီးယား ဗီယက်​နမ်​ ဆိုတဲ့ နိုင်​ငံ​တွေကိုဖြတ်​သန်းစီးဆင်း​နေတဲ့ ဒီမြစ်​ဟာ မြစ်​​ကြောင်းရှည်​လျားသလို ပြဿနာအရှုပ်​အရှင်း​တွေကလည်း ​ရေးမဆုံး​အောင်​ ရှည်​လျားရှုပ်​​ထွေးပါတယ်

၂၀၁၁ ​အောက်​တိုဘာ ၅ ရက်​​နေ့မနက်​ခင်းမှာ ထိုင်းမြန်​မာနယ်​စပ်​အနီး မဲ​ခေါင်​မြစ်​အတွင်း ခုတ်​​မောင်း​နေတဲ့ ဟွာပင်းနဲ့ ယူရှင်း ၈ ဆိုတဲ့ကုန်​သ​ဘောင်္နှစ်​စင်းစီးနင်းခံရပါတယ်
အခြားမျက်​မြင်​သက်​​သေ ​လှေတစ်​စင်းရဲ့ထွက်​ချက်​အရ မြန်​မာပိုင်​နက်​အတွင်းမှာဖြစ်​ပြီး စီးနင်းတိုက်​ခိုက်​သူရှစ်​ဦးလို့ သတင်းထုတ်​ပြန်​ပါတယ်
စီးနင်းမှုဖြစ်​ အပြီးထိုင်းမြစ်​​ကြောင်းရဲတပ်​ဖွဲ့က စစ်​​ဆေးခဲ့ရာမှာ​တော့ အက်​ဖီတမင်း​ဆေးပြား ၉၀၀,၀၀၀ (အ​မေရိကန်​​ဒေါ်လာ သုံးသန်းဖိုးခန့်​) ​ရေယာဉ်​​တွေ​ပေါ်မှာ​တွေ့ခဲ့ရတယ်
စီးနင်းခံ​ရေယာဉ်​နှစ်​စီးက သ​ဘောင်္သား ၁၃ ဦးကို​တော့ ​နောက်​ပိုင်းမှ မြစ်​တွင်းမှာပဲ အ​လောင်းရှာ​တွေ့ခဲ့ရတယ်

ချက်​ချင်းပဲ တရုတ်​အစိုးရက မဲ​ခေါင်​မြစ်​အတွင်း တရုတ်​ကုန်​စည်​​ဖောက်​ကားမှုနဲ့ပတ်​သက်​တဲ့ ​ရေ​ကြောင်းသွားလာမှု​တွေကို တားမြစ်​လိုက်​ပြီး
မြန်​မာ ထိုင်း လာအို သုံးနိုင်​ငံက တရုတ်​နိုင်​ငံနဲ့ ပူး​ပေါင်းပြီး မြစ်​​ကြောင်းတစ်​​လျှောက်​ ကင်းလှည့်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ်
စုံစမ်းမှု​တွေအပြီးမှာ ​ရေယာဉ်​​ပေါ်မှာ​တွေ့ရတဲ့ ​ဆေး​တွေက ​ရေယာဉ်​ပိုင်​ပစ္စည်းမဟုတ်​ပဲ စီးနင်းသူ​တွေက အတင်းအကြပ်​ပို့​ဆောင်​​ပေးရန်​​စေခိုင်းခဲ့တာဖြစ်​တယ်​လို့ သတင်းထုတ်​ပြန်​ပါတယ်​(လူကိုသတ်​သွားပြီး ပစ္စည်းကျပြန်​ယူမသွားဘူးဆို​တော့ ဆန်း​တော့ဆန်းသား)
အကြမ်းဖက်​စီးနင်းမှုနဲ့ အပြစ်​မဲ့​သ​ဘောင်္သားများ အသတ်​ခံရမှုမှာ ​နောက်​ကွယ်​ကကြိုးကိုင်​သူဟာ ​နော်​ခမ်းဖြစ်​တယ်​လို့ စုံစမ်းသူ​တွေက အခိုင်​အမာဆိုပါတယ်
(ဟုတ်​ပါတယ်​ ​နော်​ခမ်းဆိုတာက​ facebook မှာ နာမည်​ကြီးခဲ့တဲ့ ​နော်​ခမ်းပါပဲ)
နော်​ခမ်းဟာ ရှမ်းဗမာကပြားဖြစ်​ပြီး​ ​ရွှေတြိဂံလို့​ခေါ်တဲ့ အမဲ​ရောင်​နယ်​​မြေက မူးယစ်​ရာဇာတစ်​ဦးလို့ သတ်​မှတ်​ကြပါတယ်
ဘိန်းဘုရင်​ခွန်​ဆာရဲ့ လူရင်းတစ်​ဦးဆိုလည်းမမှားပါဘူး
(wiki က​နော်​ခမ်းကို ၂၀၁၂ ဧပြီမှာ လာအိုတပ်​ဖွဲ့ကဖမ်းဆီးမိပြီး တရုတ်​ကိုလွှဲ​ပြောင်း​ပေးအပ်​ခဲ့တယ်​လို့ ဆို​ထား​ပေမယ့်​)
ဒီဇာတ်​လမ်းမှာ​တော့ တရုတ်​အထူးတပ်​ဖွဲ့ရဲ့ မူးယစ်​ရာဇာတစ်​​ယောက်​ကို ​​ထောက်​လှမ်းခဲ့ပုံ၊ ဥပ​ဒေ​ဘောင်​အပြင်​က ထိတ်​ထိတ်​ကြဲရာဇဝတ်​​ကောင်​​တွေနဲ့ ဥပ​ဒေဘက်​​တော်​သားတို့ သူနိုင်​ကိုယ်​နိုင်​အပြိုင်​ကြဲပုံ​တွေကို ရင်​သပ်​ရှု​မောဖွယ်​ရာ ခံစားကြည့်​ရှုရမှာဖြစ်​ပါတယ်
(ဇာတ်​လမ်းက​တော့ ​ပေါက်​ချက်​ပဲ တရုတ်​မှာ ဝင်​​ငွေအ​ကောင်းဆုံးကားစာရင်းထဲ​တောင်​ဝင်​သွား​သေးတယ်​)

သမိုင်း​နောက်​ခံအဖြစ် ​မှန်​​​တွေ တရားမျှတမှု လူ့အခွင့််​အ​ရေးစတဲ့ အရာ​တွေနဲ့ချိန်​ထိုးကြည့်​မယ်​ဆိုရင်​​ ​နော်​ခမ်းရဲ့အမှုဟာ ​မေးခွန်းထုတ်​စရာများစွာရှိ​နေခဲ့​ပေမယ့်​ ဒီကားက​တော့ လက်​မလွတ်​တမ်းကြည့်​သင့်​တဲ့ ကား​ကောင်း​လေးတစ်​ကားဆိုတာ​ကတော့ အ​သေအချာပါပဲ

Review & Translate by hTaG
Encoded by Hein Min Htet
Quality -HD 720p
Size-880mb/450mb
 
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Operation Chromite (2016)မြန်မာစာတန်းထိုး


ကိုရီးယားစစ်စုံထောက်ကားတစ်ကားပါကြည့်ချင်ရင်တော့အောက်မှာနှိပ်သွာလိုက်ပါ
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Allied (2016) မြန်မာစာတန်းထိုး



IMDB Rating 7.1
၂၀၁၆ ခုနှစ်ထုတ် ဒုတိယကမ္ဘာစစ်ကိုအခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ မင်းသားကြီး ဘရက်ပစ်ဦးဆောင်ပါဝင်ထားပြီး ကနေဒါ စစ်ဘက်အရာရှိတစ်ဦးနဲ့ ပြင်သစ်အမျိုးသမီးတစ်ဦးရဲ့
အချစ်ဇာတ်လမ်းလည်းဖြစ်၊ သူလျှိုဇာတ်လမ်းလည်းဖြစ်ပြီး ဒရာမာရုပ်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့ ခံစားလို့အတော်လေးကောင်းတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန်
၁၉၄၂ မှာ ကနေဒါလေတပ်ကအရာရှိ မက်စ်ဟာ ဂျာမန်ထိပ်သီးပုဂ္ဂိုလ်တစ်ဦးကိုလုပ်ကြံတဲ့မစ်ရှင်တစ်ခုမှာ ပြင်သစ်အမျိုးသမီးလေးတစ်ဦးဖြစ်တဲ့ မယ်ရီအန်းနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီး နောက်ပိုင်းမှာ လက်ထပ်ခဲ့ပါတယ်။
မက်စ်မသိခဲ့တာက မိန်းကလေးဟာ ဂျာမန်သူလျှိုဖြစ်နေခဲ့တာပါ။ တစ်နှစ်လောက်အကြာ သူတို့မှာလည်း အန်နာဆိုတဲ့ကလေးတစ်ဦးထွန်းကားအပြီးမှာတော့ အထူးစစ်ဆင်ရေးတစ်ခုကနေ သူ့ဇနီးဟာ မယ်ရီအန်းဆိုတဲ့နာမည်ကို
ယူရုံယူထားတာဖြစ်ပြီး တကယ့်မယ်ရီအန်းဟာ သေဆုံးပြီးသားမိန်းကလေးတစ်ဦးဖြစ်နေခဲ့တာကို သိလာခဲ့ရပါတယ်။ ဒါကိုသေချာအောင်ဖော်ထုတ်နိုင်ဖို့ Blue dye စစ်ဆင်ရေးဆိုပြီး အထူးစုံစမ်းရေးအဖွဲ့က စုံစမ်းမှုတစ်ခုလုပ်ပါတယ်။
မက်စ်က သတင်းမှားတစ်ခုကို သူ့ဇနီးမယ်ရီအန်းရှာတွေ့နိုင်မယ့်နေရာမှာထားပေးရတာပါ။ ဒါပေမယ့် သူ့ဇနီးကိုအရမ်းချစ်တဲ့ မက်စ်ဟာ ပုံမှန်အတိုင်းပဲနေဖို့ထက် သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့လည်းကြိုးစားရင်း
သူ့ဇနီးကိုလည်း လက်မလွှတ်နိုင်၊ ထောက်လှမ်းရေးရဲ့ဖိအားပေးမှုတွေကြားထဲလည်းရောက်နေခဲ့ပြီး ဒီပြသနာတွေကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်။ မက်စ်ကိုအင်မတန်ချစ်မြတ်နိုးတဲ့မယ်ရီအန်းနဲ့ မက်စ်တို့ကို တဖြည်းဖြည်း ဂျာမန်ဘက်ကပါ
အန္တရာယ်ပေးလာတော့မယ့်အငွေ့အသက်တွေ ရောက်လာတဲ့အခါမှာတော့ သူတို့မိသားစုလေးဟာ နိုင်ငံရေး၊ စစ်ရေးတွေကြား ရောက်ရှိသွားခဲ့ပုံကို အက်ရှင်ကားသဘောမျိုးမဟုတ်ပဲ ဒရာမာဆန်ဆန်တင်ဆက်ထားပါတယ်။
ရုပ်ရှင်ကောင်းတွေကို ခံစားလိုတဲ့ပရိသတ်တွေအနေနဲ့ ရွေးချယ်ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပြီး အကြမ်းအရမ်းတွေမပါပေမယ့် ကြည့်ရှုသူတွေရဲ့ခံစားချက်ကို ကိုင်လှုပ်ပြဖို့ ရည်ရွယ်ရိုက်ကူးထားတာမို့ အချစ်အလွမ်း အနုပညာလက်ရာကောင်းတစ်ခုကိုခံစားချင်တယ်ဆိုရင်တော့ Allied က သင့်အတွက်ပါ။

Review by: Scarlet Phoenix
Encode by: Hein Min Htet
Translate by: Lily Rose
Quality -Dvd Scr
Size - 900MB


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Tekken 2, Kazuya’s Revenge(2014) မြန်မာစာတန်းထိုး

ဂျပန်ကာတွန်းတွေ(animation) ကားတွေမှာတော့နာမည်ကြီးပါပဲ။

ဒီဇာတ်ကားကိုတော့အက်ရှင်ကြိုက်တဲ့ပရိတ်သတ်တွေ

ကြိုက်နစ်သက်မယ်လို့ထင်ပါတယ်။

ဇာတ်လမ်းအကြောင်းလေး အနည်းငယ်ကိုပြောရရင်တော့

အတိတ်မေ့နေတဲ့ကောင်လေးတစ်ယောက် . . . ဒါပေမဲ့ မသိစိတ်က

တိုက်ချင်ခိုက်ချင်စိတ်ရှိနေသောအခါ ထိုကောင်လေးဘယ်ကလာ

တာလဲ၊ ဘယ်ကနေတိုက်ခိုက်တတ်လာတာလဲ၊ ကောင်လေးကိုအသုံးချမယ့်လူတစ်စု . . .

သူတို့ကကော ဘယ်သူတွေလဲစသဖြင့် . . . လှည့်ကွက်တွေနဲ့အတူ

အကောင်းဆုံးရိုက်ပြထားတဲ့ fighting ကားလေးတစ်ကားဖြစ်ပါတယ်။

ကဲ . . . ဒီနေ့မနက်ခင်းအတွက် ဇာတ်ကားလေး ဒေါင်းလုပ်ကြပါကုန်။

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Hacksaw Ridge 2016 မြန်မာစာတန်းထိုး

စစ်ခုံရုံးတစ်ခု ….ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ် စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှု စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် သို့သော်တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက် သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် အားပေးမှုတွေလုပ်မယ် ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် Ratingမြင်ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာတိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honorဆုကိုရသွားတယ် ဒီစစ်သည်လေးဟာ သူ့ရဲ့ ပုံမှန်ထက်ပိုတဲ့ယုံကြည်ချက်ကြောင့် ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ အများကြီးပါပဲ ချစ်သူ မိဘ ရဲဘော်ရဲဘက် အထက်ခေါင်းဆောင်အရာရှိတွေကြားမှာပေါ့… ပြီးတော့ ဒီဇတ်ကားထဲမှာမင်းသား Andrew Garfield၊မင်းသမီးTeresa Palmer၊ မင်းသား Sam Worthingtonအခြား နာမည်ကျော်ဇာတ်ပို့များပါလေတော့ သရုပ်ဆောင်ပိုင်းထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ် Screen playပိုင်းဆိုရင် အထူးသဖြင့်ဒုတိယ ကမ္ဘာစစ်အတွင်းထိချက်ပြင်း 7.62မမကျည်ဆန်ရဲ့ အသားတွေပေါ်ဖောက်ထွက်ပုံတွေ အမြောက် ကျည်ဆန်တွေထိဖြာပုံတွေကဝေဖန်ရေးဆရာတွေရဲ့ချီးကျူးခံရလောက်အောင် လန်းလွန်းတယ်….ကဲ ပရိတ်သတ်ကြီးရေ ရေးတာလည်းများပြီဗျာ IMDBကလည်း 8.6ဆိုတော့ ကျွန်တော်ညွန်းတာ ဟုတ်မဟုတ်ကတော့ စောင့်သာကြည့်လိုက်ပါဦးလို့

File Size       :   1Gb/ 500Mb
Duration      :   2 hr
Quality         :   Dvdscr
Translator   :  Phyo Pyae
Encoder       :   Littleneo

 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Lord of War (2005) မြန်မာစာတန်းထိုး





IMDb Rating (7.6/10) ရရှိထားတဲ့ ဇာတ်ကားပါ။ကမ္ဘာပေါ်မှာ စစ်မဖြစ်တဲ့ နေ့ ရယ်လို့မရှိဘူးတဲ့။ အနည်း ဆုံးတော့ သေနတ် မှန်ပြီး ကျည်ဆန် ကြောင့် မသေတဲ့သူရယ်လို့ မရှိဘူး တဲ့။ နေ့စဉ်နေ့တိုင်း ကမ္ဘာကြီးရဲ့ တစ်နေရာရာ မှာ သေကြေနေကြ ရစမြဲပဲတဲ့။ လူတွေရဲ့ အတုံ့အလှည့် တွေ က မြန်ဆန် လွန်းတယ် ။ လောဘ ရမ္မက်တွေ၊ အတ္တ မာန်မာနတွေက ကြီးမားလွန်းတယ်။အဲဒီလို အရာတွေကို စဉ်းစား ရင်း ဒါရိုက်တာ Andrew Nicol ရိုက်ကူးတဲ့ ရုပ်ရှင် ကားတစ်ကားကို ကြည့်လိုက် ရပြန်ပါတယ်။ မိမိချမ်း သာ ကြွယ်ဝဖို့အတွက် လက်နက် အရောင်းအဝယ် လုပ်မိရာက တရား မဝင် ဒုစရိုက် စီးပွားရေး အစွန်း ရောက်သူ အဖြစ်နဲ့ ရုန်း မထွက်နိုင် တော့ဘဲ မိသားစုတွေ ပြိုကွဲပျက်စီး ရတဲ့ လက်နက်ကုန်သည် “ယူရီ”ဆိုတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ရိုက် ကူး တင်ပြ ထားပါတယ်။ ကိုယ်စား သရုပ်ဆောင်တဲ့ သူကတော့ ဟော လီးဝုဒ်ရဲ့ နာမည်ကြီးမင်းသား “နစ် ကို လာ့စ်ကေ့ခ်ျ” Nicolas Cage ပါ။ မြေပေါ်မှာ ရွှေဝါရောင် ကော် ဇောကြီး ဖြန့်ခင်းထားသလား ထင်ရ လောက်အောင် ကျည်ဆန်ခွံတွေက ရှူမျှော် မဆုံး။ အဲဒီ အပေါ် မှာ ကျော ပေးပြီး ရပ်နေတဲ့သူက ဖြည်းဖြည်းချင်း လှည့်လာပြီး ဒီစကားကို ပြောပါတယ်။ ကမ္ဘာပေါ်မှာ သေနတ်ပေါင်း  သန်း ၅၅ဝကျော် ရှိတယ်။ ကမ္ဘာအနှံ့ လက်နက်တွေ တင်ပို့တယ်။ ခန့်မှန်း ခြေပျမ်းမျှ အနေနဲ့ လူ ၁၂ယောက်မှာ သေနတ်(၁) လက်နှုန်း ဖြစ် တယ်။ ပြဿနာက ဘယ်လို လုပ်ပြီး ကျန်တဲ့ ၁၁ယောက်လုံး ကို သေနတ် တစ်လက် နှုန်းပြည့်စုံ သွားအောင် ဘယ်လို ရောင်းရမလဲ ဆိုပြီး ကျုပ် စဉ်းစားနေ တာဖြစ်တယ်”ဆိုတဲ့ စကား နဲ့ ရုပ်ရှင် ဇာတ်ကားကို စတင်ပါတယ်။ပြီးတာ နဲ့ အဲဒီမှာ လက်နက် စက်ရုံကြီးက ကျည်ဆန်တွေ ထုတ်လုပ်နေတာ ကို ပြသပါတယ်။ သူ့နာမည် အပြည့်အစုံ က “ယူရီအောလောဗ်” တဲ့။ သူဟာ ရင်ထဲကနေ စကားတွေပြော နေပါတယ်။ ကြောင့်ကြမှု မရှိသလိုပါ ပဲ။ “လောကကြီးရယ် စိတ်မပူပါနဲ့။ ငါ အမှန် အတိုင်း ပြောပါမယ်။ လိမ် ညာမှုတွေ နဲ့ ကိုယ့် ကိုယ်ကိုယ် မတည် ဆောက်နိုင်ဘူး”တဲ့။သူတို့ မိသားစု တစ်ခုလုံး ယူက ရိန်းကနေ အမေရိကန်ကို ပြောင်း ရွှေ့ လာခဲ့ကြတာပါ။ ရုရှားတွေ ရဲ့ ရန် ကနေ လွတ်ကင်း ဖို့ အတွက် ဂျူး လူမျိုး ဟန်ဆောင်ထားတဲ့ ဂျာမန် မိသားစု တစ်စုပါ။ အဖေ၊ အမေရယ်၊ ညီငယ် ဗိုက်တလီရယ် အပါအဝင် အားလုံး မိသား စုလေးယောက်ပေါ့။ ထမင်း ဆိုင်လေးဖွင့်ပြီး ရပ်တည်နေကြတယ်။တစ်နေ့မှာ ယူရီဟာ ဖခင်နဲ့ အတူ ဘုရားကျောင်းကို လိုက်သွား တယ်။ ဘုရားသခင် နဲ့ နီးစပ်ချင်လို့ မဟုတ်ပါဘူး တဲ့။ သူ့အတွေးထဲက အစ တစ်ခု ကို ဆွဲထုတ်ချင်လို့ပါတဲ့။ ဖခင်က ဘုရားကျောင်းမှာ လူတစ် ယောက်နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီကစပြီး ဘုရားကျောင်း မှာ ပထမ ဆုံး သိကျွမ်းရတဲ “အီလီ” ဆိုတဲ့ အဘိုး ကြီးနဲ့ အစ္စရေး လုပ်သေနတ်ကစပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်။သူ့ရင်ထဲ မှာတွေးတယ်။ ခိုက် ရန်ဖြစ်ပွားမှုကို အတတ်နိုင်ဆုံး ရှောင် မှဖြစ်မယ်ပေါ့။ ဒါပေမဲ့လည်း အဲဒီလို ခိုက်ရန် ဖြစ်ရမယ့် လူတွေ နဲ့ပဲ အလုပ် လုပ်ရပြန်တယ်။ ဒါလည်း သူ့ရဲ့ ဗီဇကြောင့်ပါပဲတဲ့။ သူဟာမြို့ ပေါ်က ဂိုဏ်းတွေကို ရောင်းချပေး ရတာမျိုးနဲ့တင် မကျေနပ်နိုင် ဘူးဖြစ် တယ်။ လုပ်ငန်းကြီး တစ်ခုကို ဇောက် ချလုပ်ချင်လာတယ်။ လက်နက်တွေ တောင်လို ပုံနေတဲ့အချိန်မှာ ရုတ်တ ရက်တိုက်စရာ လူ မရှိတော့ဘူး။အမေရိကန် တပ်တွေ ဆုတ်ခွာ သွားကြတော့ လက်နက်တွေ သယ် မသွားကြဘူး။ တောင်လို ပုံပြီး ကျန် နေခဲ့တယ်။ သယ်ယူခက အသစ် ဝယ်ယူတာထက် ပိုပြီး ကုန်ကျစရိတ် များလို့ ယူရီက အဲဒီတောင်လို ပုံနေ တဲ့ သေနတ်တွေကို ငွေဖော်ဖို့ ကြိုး စားတယ်။ ဘယ် တပ်ကိုမဆို သူလက် နက်ရောင်းတယ်။ အစ္စရေးလုပ် သေနတ်တွေကို မွတ်စလင်တွေဆီ ရောင်းတယ်။ ကွန်မြူနစ် လုပ်သေနတ် တွေကို ဖက်ဆစ်တွေ ဆီရောင်းတယ်။အပြည်ပြည် ဆိုင်ရာ ရဲတပ်ဖွဲ့မှူး “ဂျက်” ဆိုတဲ့ ပုဂ္ဂိုလ်က သူ့ထက် လျင်ပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင် တဲ့ ယူရီကို သိသိကြီး နဲ့ ဖမ်းလို့ မမိ နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ဒေါသတွေ ထွက်နေတယ်။ အရေးကြုံ လာရင် ယူရီက သင်္ဘောကို နာမည်ပြောင်း လိုက်တာတွေ၊ အလံပြောင်းလိုက် တာတွေနဲ့ လှည့်စားပစ် လိုက်တယ်။ဘယ်သူ့ကိုမဆို လက်နက်  ရောင်းတယ် ဆိုပေမယ့် “ဘင်လာဒင်” ကိုတော့ မရောင်းဘူး။ ကိုယ်ကျင့် တရားကြောင့် မဟုတ်ဘဲ၊ ချေးများ လွန်းလို့ပါတဲ့။ တစ်နေ့မှာတော့ လစ်ဗျားနိုင်ငံ မှာ လက်နက်တွေ ရောင်းချရင်း၊ လက်နက် ဝယ်သူကပဲ ယူရီရောင်းတဲ့ လက်နက် နဲ့ ညီဖြစ် သူ ဗိုက်တလီ ကို သတ်လိုက်ပါတယ်။ ဒီအဖြစ်မှန်ကို သိတော့ အမေရိကန်မှာ ရှိတဲ့ မိန်းမ နဲ့ ကလေးက ဝေးရာကို စွန့်သွားကြ သလို၊ မိဘတွေ ကလည်း သူ နဲ့ဝေး ရာကို ထွက်သွား ကြပြီ။ ဗိုက်တလီရဲ့ အလောင်းကို ခွဲစိတ်တော့ ရရှိတဲ့ ကျည်ဆန်ခွံကြောင့် ယူရီ တစ်ယောက် အချုပ်ခန်း အတွင်းကို ရောက်လာခဲ့ ရပါတယ်။ပြီးတော့ အပြည်ပြည် ဆိုင်ရာ ရဲမှူးဂျက်ကို သူက ဒီလိုပြောပါတယ်။ “ငါက မကောင်း ဆိုးဝါးတွေ နဲ့ ပေါင်းတဲ့ကောင်၊ ကမ္ဘာကြီး အတွက် ပျက်စီး သွားတဲ့အရာ အားလုံး အတွက် ငါ့မှာ တာဝန် ရှိတယ်။ ငါက လူသား ချင်းသတ်ဖြတ် စေတဲ့နှောင်ကြိုးကို ကိုင်တဲ့သူ။ ငါ ဘယ်လို အခြေအနေ ဆိုတာ ငါကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ငါတရားရုံးကို ရောက်မှာ မဟုတ်ဘူး။ ဒီမှာဂျက် ဒီအမှုကို ပေါ်အောင် လုပ်နိုင် လို့ မင်းထက် ရာထူးမြင့်တဲ့သူ က မင်းကို ချီးကျူး စကားပြော လိမ့်မယ်။ ကမ္ဘာကြီးဟာ မင်းရဲ့ စွမ်းဆောင်မှုကြောင့် ပိုပြီး အေးချမ်း သွားပြီ လို့ ပြောလိမ့်မယ်။ မင်းကို ဆုတံဆိပ် ချီးမြှင့်မယ်။ ရာထူး တိုးပေးမယ်။ ပြီးတော့ ငါ့ကို လွှတ်လိုက်ပြီ လို့ ပြောလိမ့်မယ်။ မင်းက ဒါက မဖြစ် သင့်ဘူးလို့ ငြင်းဆန်လိမ့် မယ်။ ဒါပေမဲ့ ငါကတော့ လွတ်သွား မှာပဲ။“ငါ့ကို လွှတ်လိုက်ရတဲ့ အကြောင်းရင်းက မင်းငါ့ကို အပြစ် ရှိတယ်လို့ ယူဆတဲ့ အတိုင်းပဲ။ ငါဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာ ရှင် တွေနဲ့ ပခုံးဖက် ပေါင်းခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ အထဲက ငါတို့ရဲ့ ရန်သူတွေရဲ့ ရန်သူဖြစ်တဲ့ မင်းတို့ရဲ့ သူဌေး ကမှ တကယ့် ကမ္ဘာ့ အကြီးဆုံး  လက်နက်ကုန်ကူးတဲ့ သူပါ။ အမေရိ ကန်သမ္မတကြီးပေါ့ကွာ”“သူ(၁)ရက်ကူးတဲ့ လက်နက် တွေက င့ါရဲ့ (၁)နှစ်စာ ထက်ပိုများတယ်။ တစ်ခါတလေ သေနတ်တွေ ပေါ်မှာ သူ့လက်ဗွေရာ ပါသွား ရင် ဖြေရှင်းရ ခက်မယ်လေ။ အဲဒီလိုဖြစ် မှာစိုးလို့ ငါ့လို ကုန်ကူးတဲ့ လူရဲ့ အကူအညီ ယူပြီး သူမပို့နိုင်တဲ့ နိုင်ငံ တွေကို ရောက်အောင် ငါက ပို့ပေးရ တယ်။ ဒါကြောင့် ငါက မရှိရင် မဖြစ် တဲ့ မကောင်းဆိုးဝါး တစ်ကောင်ပါ”သူပြောတဲ့ အတိုင်း ယူရီဟာ တကယ်လည်း လွတ်လာခဲ့ပါတယ်။ လက်နက် ကုန်သည် အလုပ်ကိုပဲ ဆက်လုပ်နေပါတယ်။ ကျည်ဆန် ခွံတွေပေါ်မှာ ရပ်ပြီး သူက ပြောပါ တယ်။ “ဘယ်သူက ကမ္ဘာကို ချုပ် ကိုင်နေတာလဲ သိလား၊ လက်နက် ကုန်သည် တွေပေါ့။ လူတွေ အားလုံး စစ်ပွဲကြားမှာ သေသွားနိုင်တယ်။ အသက်ရှင်ဖို့ လျှို့ဝှက်ချက် ကို ပြော ပြပါ့မယ်။ စစ်နဲ့မပတ်သက်နဲ့”တဲ့။ဝင်းကိုမောင် (From popularmyanmar.com)File size…(800MB)
Quality…BR-Rip 720p
Format…mp4
Duration….02:01:43
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung




 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Warriors Gate(2016)မြန်မာစာတန်းထိုး


2016 ကားသစ်လေးဖြစ်တဲ့ Warriors Gate ဟာ Effect ကောင်းကောင်း ရုပ်ထွက်ကောင်းကောင်းနဲ့အတူ ပေါ့ပါးသွက်လက်တဲ့ဇာတ်အိမ်၊ စိတ်လှုပ်ရှားဖွယ်ရာ တိုက်ခိုက်ခန်းတွေနဲ့ လူငယ်ဆန်တဲ့ဇာတ်လမ်းသွားကိုတင်ဆက်ထားတာပါ။ စာလည်းမကြိုးစား ဂိမ်းပဲအဆော့သန်တဲ့ ဂျက်ဘရွန်ဆန်ဆိုတဲ့လူငယ်လေးတစ်ယောက် တစ်ညမှာ တရုတ်ပြည်ကသူ့အသိဦးလေးကြီးတစ်ယောက်ဆီက ရှေးဟောင်းပစ္စည်းတစ်ခုကြောင့် တခြားလောကတစ်ဖက်ကိုရောက်ရှိသွားတဲ့အခါ သူ့ဘ၀ကိုတဆစ်ချိုးပြောင်းလဲသွားစေမယ့် စွန့်စားခန်းတွေ ရန်သူတွေနဲ့ရင်ဆိုင်ရတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ပြသနာတွေဖြစ်တိုင်း ရှောင်ပြေးနေကျဖြစ်တဲ့လူငယ်လေးဟာ စစ်သည်တော်တစ်ဦး၊ မင်းသမီးလေးတစ်ပါးနဲ့တွေ့ဆုံရပြီး မင်းသမီးလေးတို့တိုင်းပြည်ကို အုပ်စိုးနေတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ မကောင်းဆိုးဝါးကြီးကို ကူညီနှိမ်နင်းရင်း မင်းသမီးလေးကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ စိတ်လှုပ်ရှားမှုတွေပေးစွမ်းနိုင်မယ့်အပြင် ဟာသလေးတွေနှောပြီး လူငယ်ကြိုက်ပေါ့ပေါ့ပါးပါးတင်ဆက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြော်င့ ဒီညချမ်းလေးမှာ စစ်သည်တော်မုခ်ဦးရုပ်ရှင်ဇာတ်ကားကြီးနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ။

Review by Scarlet Phoenix
Translate by Alice Ei Phyu  & Scarlet Phoenix
Encoded by Hein Min Htet
Dvdrip 540p
Size-750mb


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Jarhead 2: Field of Fire (2014) - မြန်မာစာတန်းထိုး



Sharia Law (ရှာရီယာဥပဒေ) ကိုချိုးဖေါက်ပြီး ပညာသွားသင်တဲ့ ပါကစ္စတန် အမျိုးသမီး တစ်ယောက်ကို အသေရရ အရှင်ရရ လိုချင်နေတဲ့ တာလီဘန် စစ်သွေးကြွတွေ လက်ထဲက ကယ်ထုတ်ဖို့ကြိုးစားရင်း တိုင်းသားရင်း ဒေသခံတွေနဲ့ တာလီဘန်တွေ ကြားထဲမှာ ဗျာများခဲ့ရတဲ့ အမေရိကန် မရိန်းတပ်သားတစ်ဖွဲ့ရဲ့
စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ပုံကို .ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး။ မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Sniper Ghost Shooter (2016) မြန်မာစာတန်းထိုး



ကဲဒီတစ်ခါတော့ Sniper ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
မစ်ရှင်တစ်ခုအတွက် အကြမ်းဖက်သမားများလက်မှ
အရေးကြီးသော ဂတ်စ်ပိုက်လိုင်းကို ကာကွယ်ဖို့အတွက်
လုပ်ဆောင်ရာမှာ စနိုက်ပါသမား၂ယောက်က ဘယ်လို
အခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကို
ဆက်လက်ရှူစားကြရအောင်လား
 
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Jarhead 3: The Siege (2016) မြန်မာစာတန်းထိုး



ဒီဇာတ်ကားအရင်က Jarhead (2005) ရယ်Jarhead 2: Field of Fire (2014) ရယ်ဆိုပြီး
၂ ကားထွက်ထားဖူးပေမယ့် ဇာတ်လမ်းတွေက မတူဘူးလို့ဆိုနိုင်ပါတယ်ဒီ Jarhead 3: The Siege (2016) မှာတော့...အရှေ့အလယ်ပိုင်းဒေသ က U.S သံရုံးမှာ တပ်ကြပ် Evan Albright
တာဝန်ကျချိန်ကနေစတင်ပြီးEvanAlbrightဟာတတ်ကြွတဲ့စစ်သားကောင်းတယောက်ဖြစ်သလိုသံသယ

လွန်ကဲနေသူတယောက်အဖြစ်အရာရှိအပါအ၀င်ရဲဘော်တွေကပါသတ်မှတ်ထားကြပါတယ်..။
တနေ့သူတာဝန်ကျရာ နေရာကနေသံရုံးကိုလူတချို့စောင့်ကြည့်နေတယ်လို့သူထင်တဲ့အကြောင်း 
သူ့ရဲဘော်တွေကို ပြောပြပေမယ့်ဘယ်သူကမှ အယုံအကြည်မရှိကြပါဘူး..။ဒါကြောင့်သူတယောက်တည်း
အဲဒီလူအကြောင်းစုံစမ်းကြည့်တဲ့အခါဒီလူဟာအကြမ်းဖက်အုပ်စုအဖွဲ့ဝင်တယောက်ဖြစ်တဲ့ 
Khaled အဖြစ်သူသိရတာမို့ ဒီလူနဲ့ပတ်သတ်တဲ့ မှတ်တမ်းတွေ ရှာဖွေပြီးသံအမတ်ကို သတင်းပို့တဲ့အခါ သူ့အရာရှိအပါအ၀င်အားလုံးက သူ့အပေါ်အတော်စိတ်ပျက်သွားကြပါတယ်..။အကြောင်းကတော့ Khaled ဟာလေယာဉ်ပျက်ကျမှုတခုထဲမှာပါဝင်ပြီးသေဆုံးသွားခဲ့ပြီးလို့ အားလုံးက ယုံကြည်ထားကြလို့ပါပဲ..။
ဒီအချိန်မှာ Khaled အကိုဖြစ်တဲ့ Jamal ဟာအကြမ်းဖက်အဖွဲ့နေထွက်ပြီးအမေရိကန်သံရုံးကို လာရောက်ခိုလှုံတဲ့နေမှာပဲအကြမ်းဖက်အဖွဲ့ဝင်တွေဟာအမေရိကန်သံရုံးကိုအလုံးအရင်းနဲ့စီးနင်း

တိုက်ခိုက်လာပါတော့တယ်...။အလစ်အငိုက်ဖြစ်သလိုအင်အားမမျှတဲ့အတွက်သံအမတ်နဲ့ဝန်ထမ်းတချို့ရယ်
အရေးကြီးစာရွက်စာတန်းတွေကိုအကြမ်းဖက်သမားတွေလက်ထဲမကျရောက်ရအောင်သံရုံးစစ်ဘက်

အရာရှိအပါအ၀င်စစ်သားတော်တော်များများအသေခံကာကွယ်ပေးခဲ့ကြရတယ်။အားလုံးသံရုံးအပြင်
ဘက်ထွက်နိုင်ခဲ့ကြပေမယ့်..နောက်ဆုံးအင်အားမမျှလှတဲ့ အကြမ်းဖက်သမားတွေနဲ့Evan Albright နဲ့ စစ်သား သုံး၊လေး ယောက်ရယ်သံအမတ်နဲ့ ၀န်ထမ်းတွေ ဘာတွေဆက်ဖြစ်မလဲဆိုတာ့
ကိုယ်တိုင် ကြည့်ရှုဖို့တိုက်တွန်းရင်း စစ်ကားကြိုက်သူတွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ့်



 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Act of Valor (2012) - မြန်မာစာတန်းထိုး




၂၀၁၂ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Mike McCoy နဲ့ Scott Waugh တို့က ရိုက်ကူးခဲ့ပါတယ်။ အမေရိကန်
Navy SEALs တပ်ဖွဲ့ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ ထူးခြားချက်များစွာ
ရှိနေပါတယ်။
ပထမတစ်ချက်ကတော့ Navy SEALs တပ်ဖွဲ့ဝင်တွေ ရဲ့ လှုပ်ရှားမှုကို Navy SEALs
တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် သရုပ်ဆောင် စေခဲ့တာပါ။ နောက်တစ်ချက်ကတော့ ရိုက်ကူးမှု
အများစုဟာ ဆက်တင်ဆင်ပြီး ရိုက်ကူးခဲ့တာမဟုတ်ဘဲ ပြင်ပမှာ အမှန်တကယ်လှုပ်ရှားနေတဲ့
စီမံချက်တွေထဲ ဝင်ရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်ကင်မရာ အသုံးပြုမှုအပိုင်းမှာလည်း ထူးခြားမှုရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ
ပုံမှန်အသုံးပြုနေကျ ကင်မရာတွေကို မသုံးဘဲ Canon EOS 5D Mark II ကင်မရာတွေကို
အသုံးပြုခဲ့ပါတယ်။ ရိုက်ကူးရေးသမားတွေဟာ Navy SEALs တပ်ဖွဲ့ဝင်တွေနောက်ကို
Canon EOS 5D Mark II ကင်မရာတွေနဲ့ လိုက်ပါရိုက်ကူး ပြီး လှုပ်ရှားမှုမှန်သမျှကို ရယူခဲ့တာ
ဖြစ်ပါတယ်။
ဇာတ်ကားရိုက်ကူးမှုကို ၂၀ဝ၇ ခုနှစ်မှာ စခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှု စချိန်ကတည်းက
Navy SEALs တပ် ဖွဲ့ဝင်တွေနဲ့ အနီးကပ်ဆုံးနေထိုင်ပြီး ဖန်တီးမှုစခဲ့တာပါ။
နာမည်ကျော် သရုပ်ဆောင်တွေကို အသုံးမပြုခဲ့တဲ့ အပြင် ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့
Navy SEALs တပ်ဖွဲ့ဝင်တွေရဲ့ နာမည် ကို မှတ်တမ်းတင်ခြင်း မပြုခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ Navy SEALs တပ်ဖွဲ့ အတွက် တပ်သားသစ် စုဆောင်းရေးမှာ
အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိခဲ့ပါတယ်။
ဇာတ်ကားရဲ့ အဖွင့်ပိုင်းကို Navy SEALs တပ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Dave ရဲ့
နောက်ခံစကားပြောနဲ့ စခဲ့ပါတယ်။ သားဖြစ်သူရဲ့ သူငယ်ချင်းကို ပြန်ပြောဟန်နဲ့ ပြောနေခဲ့တာပါ။
မူးယစ်ဆေးဝါး အ ကြောင်း၊ စွမ်းရည်သတ္တိ၊ ဂုဏ်ပြုခံထိုက်ဖို့ အတွက် စည်းမျဉ်းစည်းကမ်းတွေ
အစရှိ တာတွေကို ပြောခဲ့ပါတယ်။
နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့
အမေရိကန်သံအမတ်၊ သူ့ရဲ့သား၊ နောက်ပြီး ဒါဇင်ချီတဲ့ကလေးတွေ အကြမ်းဖက်တိုက် ခိုက်ခံရတဲ့
ဇာတ်ဝင်ခန်းကို ပြခဲ့ပါတယ်။ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်း ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး
သေဆုံးကုန်တာပါ။ ဒီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူကAbu Shabal ဆိုတဲ့ ချေချင်ညာ
အကြမ်းဖက် သမားတစ်ဦးဖြစ် ပီး ရုရှနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားသူ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ အကြမ်းဖက်သမား၊ မူးယစ်ရာဇာစတဲ့ ဇာတ်ကောင်တွေပေါ်လာခဲ့ပြီး
သူတို့နောက် ကို CIA က နောက်ယောင်ခံခဲ့ပါတယ်။ စစ်ဆင်ရေး အပိုင်းကို
Navy SEALs တပ်ဖွဲ့ဝင်တွေက ဘယ်လို တာဝန်ယူခဲ့ကြတယ် ဆိုတာကို
ဒီဇာတ်ကားမှာ တွေ့ရမှာပါ။
ရုပ်ရှင်အညွှန်း - Now!NoteYet
Credit To : Flim2mm.com
IMDB 6.5 ရရှိပြီး 1h:50mins ကြာမြင့်ပါတယ်။  755.9 MB နဲ့ အောက်မှာ ဒေါင်းလုဒ်ယူနိုင်ပါပြီ။


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

Beasts of No Nation (2015) မြန်မာစာတမ်းထိုး



ဇာတ်ကားကောင်းတကား တင်ပေးလိုက်ပါတယ်။ အာဇရိကအနောက်ပိုင်းရှိ နိုင်ငံတနိုင်ငံမှ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် အားဂူဆိုသော ကောင်လေးမှ မိသားစုနှင့် ကွဲကွာပြီး ကြေးစားလက်နက်ကိုင်အဖွဲ့တခုမှာ ကလေးစစ်သားအဖြစ်ရောက်ရှိခဲ့ပြီး အရွယ်နှင့်မလိုက်အောင် အနိဌာရုံတွေကို ကြုံ့တွေ့ရသော ဇာတ်လမ်းဖြစ်ပါတယ်။ အစိုးရစစ်တပ်က သူ့အဖေနှင့် အစ်ကိုကို သူရှိုဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့ကာ သူတယောက်တည်း ကိုယ်လွတ်ရုံးခဲ့ရတဲ့ ကောင်းလေးအတွက် အသက်ရှင်သန်ရေးအတွက် သူပုန်အဖွဲ့သို ရောက်ရှိခဲ့ရပြီး ....

Netflix ကုမ္ပဏီက ပြသဖြန့်ချိမည့် ရုပ်ရှင်ဖြစ်သည့် “Beasts of No Nation” ဖြစ်ကာ ဗြိတိသျှ ရုပ်ရှင်မင်းသား Idris Elba ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ Cary Fukunaga က ရိုက်ကူးဖန်တီးထားသော ဇာတ်ကားဖြစ်သည်။ အနောက်အာဖရိက မှ ကောင်လေးတစ်ဦးသည် သူ၏ မိသားစုဝင်များ သေဆုံးသွားခဲ့ပြီးနောက် ကလေးစစ်သားအဖြစ်ဖြင့် ကြေးစားတပ်ဖွဲ့တစ်ခုထဲ သွတ်သွင်းခံခဲ့ရပုံကို ရိုက်ကူးထားသော ဇာတ်ကား ဖြစ်သည်။ စာရေးဆရာ Uzodinma Iweala ၏ “Beasts of No Nation” ဝတ္ထုကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။

IMDB 7.8 ထိရထားတဲ့ ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။ 619 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။
 
 
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger