;God of War (2017) မြန်မာစာတန်းထိုး


ဇာတ်​လမ်းက ၁၅၅၇ ခုနှစ်​ ဆိုတဲ့ အချိန်​ကာလကို timeline ယူထားပါတယ်​ (တို့ဆီမှာ​တော့ ကုန်း​ဘောင်​​ခေတ်​​နှောင်း​ပေါ့)
အဲဒီ​ခေတ်​ဆို​တော့ အာရှတစ်​လွှားမှာ ​နေမင်းရဲ့အနွယ်​​တော်​ဆိုတဲ့ နိပွန်​​တွေ ချို​ထောင်​​နေချိန်​​ပေါ့၊ ဒင်းတို့က သူတို့တိုင်းပြည်​ ကာကွယ်​​ရေးအသုံးစရိတ်​အတွက်​ သူများတိုင်းပြည်​ ​ရေပိုင်​နက်​ထဲဝင်​ သူများလူမျိုး သ​င်္ဘောမှန်​သမျှ ဓားပြတိုက်​ပြီး ဘဏ္ဍာရှာ​သတဲ့ (တကယ့်​အဖြစ်​အပျက်​​နော်​)

အဲ့ဒီအချိန်​မှာ တရုတ်​ခမျာလည်း မင်း အမတ်​​တွေ ညံ့ဖျင်း အကျင့်​ပျက်​​လေ​တော့ အင်​အားက ချိနဲ့​နေ​လေရဲ့။ ကိုယ့်​လူ​တောင်​ ကိုယ်​အနိုင်​နိုင်​ထိန်း​နေရတာ ဟိုနိပွန်​​ကောင်​​တွေကို ဘယ်​မှာသာ သွားတီးနိုင်​ပါ့မလဲ။ ဟို​ကောင်​​တွေကလည်း အခွင့်​​ကောင်းပဲဆိုပြီး ဆိပ်​ကမ်း မြို့တစ်​မြို့ကို သိမ်း၊ စစ်​တပ်​အ​စောင့်​အ​ရှောက်​နဲ့ ခံတပ်​ပြုထားတာ အင်​အားနှစ်​​သောင်း​တောင်​ ဖြစ်​လာပါ​လေ​ရော။
နိပွန်​​တွေ အင်​အားက ထုနဲ့ ထည်​နဲ့ဖြစ်​လာပြီလည်းကြား​ရော အဲဒီ့​တော့မှ နန်းတွင်းအမိန့်​နဲ့ ကျူး​ကျော်​သူကို ​တွန်းလှန်​​ချေမှုန်းဖို့ စစ်​သူကြီး ယူ (Sammo Hung) လည်း က​သောကပါးအ​ပြေးသွားရ​တော့တယ်​။ နို့​ပေမယ့်​ မိုးလွန်​မှ ထွန်​ချဆိုသလိုကိုးခင်​ဗျ။ ယူ စစ်​သူကြီးဆိုတာကလည်း လက်​ရုံး​ရည်​သာရှိတယ်​၊ နှလုံးရည်​က သူသူငါငါထက်​မပို​လေ​တော့ ခံတ်​ကို ဝိုင်းဝန်းပိတ်​ဆို့လုပ်​ကြံရာမှာ အချိန်​သာ ငါးလကြာတယ်​ ​ရေထဲအရုပ်​​ရေးသလို အရာကိုမထင်​ဖြစ်​ပါ​လေ​ရော။ ကြံရည်​ဖန်​ရည်​​ကောင်းလွန်းတဲ့ နိပွန်​စစ်​သူကြီး (Yasuaki Kurata) လက်​ချက်​နဲ့ ​သေလိုက်​ရတဲ့ ရဲမက်​​တွေဆိုတာလည်း မနည်းဘူးပဲ။
မ​နေသာတဲ့ အမတ်​ကြီးတစ်​​ယောက်​ခမျာမှာ သူ့တပ်​သူလွှတ်​ သူ့​စရိတ်​သူခံပြီး စစ်​သူကြီး ချီဂျီဂွမ်​ (Vincent Zhou) ကို စစ်​ကူပို့လိုက်​ရတယ်​။ မျက်​နှာပျက်​စရာဖြစ်​ရတဲ့အတွက်​ ယူစစ်​သူကြီးလည်း ​နောက်​​ရောက်​တဲ့​ရွှေမင်းသား ချီစစ်​သူကြီးကို အမြင်​မကြည်​သလို လူငယ်​ဆိုပြီး အထင်​လည်း မကြီးဘူး​ပေါ့။ ဒင်းကလည်း ​ရောက်​ကတည်းက တစ်​ပွဲမှ မ​ဆော်​ပဲ တစ်​​နေ့တစ်​​နေ့ တပ်​ကြီး​ခေါ်သွားလိုက်​၊ သူများခံတပ်​ ခပ်​လှမ်းလှမ်းက ကြည့်​ပြီး ပြန်​လာလိုက်​နဲ့ကိုးဗျ။
နေသာလည်းမတိုက်​ မိုးရွာလည်းမတိုက်​နဲ့ သူ့တပ်​မှူး​တွေက​တောင်​ ​မေးခွန်းထုတ်​ချင်​လာ​ရော။ သူကလည်း သူ့အကြံနဲ့သူကိုး။ တိုက်​ပြီလဲဆို​ရော ဘာ​ပြော​ကောင်းမလဲ။ နိပွန်​​တွေခဗျာ ကလိမ်​ကကျစ်​ကျလွန်းတဲ့ ချီစစ်​​သူကြီးလက်​ချက်​နဲ့ တစ်​ချိုးတည်း​ပြေးရပါ​လေ​ရော။ (ဒါ​တောင်​ ပြန်​ကလိမ်​ကျခဲ့​သေးတာ​နော်​၊ အဲဒါ​တော့ ပြီးမှကြည့်​​ပေ​တော့)
ယူစစ်​သူကြီးလည်း အဲဒီ​တော့မှ congratulation ​ညေး​တွေ ဘာ​တွေ ဖြစ်​သွား​ရော။
နိုင်​မယ်​သာနိုင်​တယ်​ ချီစစ်​သူကြီးနဲ့ သူ့ဆရာအမတ်​ကြီးခမျာမှာ ရတက်​မ​အေးရ​သေးပါဘူး။ နိပွန်​ရန်​ကို အမြစ်​က​နေ တွန်းလှန်​ဖို့ကလည်းရှိ​သေးတာကိုး။ ချီစစ်​သူကြီးက ကျူငုတ်​ပါခုတ်​မယ့်​တိုက်​ပွဲ အတွက်​ အမတ်​ကြီး​ပေးတဲ့ တပ်​ကို အားမရပါဘူး။ သူ့စိတ်​ကြိုက်​ တပ်​အသစ်​ဖွဲ့စည်းပြီးမှ စစ်​ဆင်​ချင်​ပါတယ်​။ အထက်​က ခွင့်​ပြုဖို့အ​ရေးကျ​တော့လဲ မလွယ်​​သေးတာမို့ ​သူလုပ်​နိုင်​တာ​လေး​တွေ ကြိုလုပ်​ရင်း အလုပ်​က ရှုပ်​မြဲရှုပ်​​နေ၊ မိန်းမက ငြူစူ၊ အထက်​က လည်း တစ်​မျိုးနဲ့ပါ။
နောက်​ဆုံးမှာ​တော့ အခက်​အခဲ​ပေါင်းစုံကြားက​နေ အင်​အား ၃၁၀၀ ​ကျော်​ရှိတဲ့ တပ်​ကို ဖွဲ့စည်းနိုင်​ခဲ့ပါတယ်​။ မ​ပျော်​နိုင်​​သေးပါဘူး။ ရန်​သူအင်​အားက ၂၀၀၀၀ ထက်​မှ မ​လျော့ပဲကိုး။ အချိန်​ကလည်း ဆွဲမရ​တော့ပါဘူး။ အထက်​က တိုက်​ပွဲအတင်းဝင်​ခိုင်း​နေ​တော့ အချိန်​ကြာရင်​ ပြည်​သူ​တွေအတွက်​ပဲ မ​ကောင်းဖြစ်​မှာကို ​ထောက်​ဆပြီး ချီစစ်​သူကြီးခင်​ဗျာ မာန်​တင်းပြီး စစ်​ချီခဲ့ရပါ​တော့တယ်​။
ကဲ ဇာတ်​လမ်းရဲ့ အနှစ်​​တွေဖြစ်​တဲ့ ချီစစ်​သူကြီး တပ်​သားသစ်​တွေ ဘယ်​လိုစု​ဆောင်းခဲ့တယ်​၊ အင်​အားနည်းသည်​များသည်​မှာ သာမည တိုက်​ရည်​ခိုက်​ရည်​နဲ့ ရဲစွမ်းသတ္တိသာ ပဓာနဆိုတဲ့ မူကိုလက်​ကိုင်​ထားပြီး ဆွန်​ဇုရဲ့ စစ်​ဗျူဟာ​တွေနဲ့ ဘယ်​လို တိုက်​ပွဲဝင်​ခဲ့တယ်​၊ စစ်​သူကြီးက​တော်​ဖြစ်​ပြီး ပြည်​သူကို မထားခဲ့နိုင်​ဘူးဆိုတဲ့ မိန်းသားတစ်​​ယောက်​က ကျူး​ကျော်​သူ့ရန်​ကို ဘယ်လိုအံတုခဲ့တယ်​၊ ပြည်​​ထောင်​နှစ်​ခု လူမျိုးနှစ်​မျိုး စစ်​သူကြီးနှစ်​ဦးတို့ ဘယ်​လို အားပြိုင်​ကြမယ်​ဆိုတာက​တော့ ဇာတ်​လမ်း​လေး ကြည့်​မှပဲ ခံစားကြပါဦးစို့။ ။
Review & Translate by: Yar Su
Encode by: Sai KO
Quality 720PHDTS
Size 800MB

 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
ဆိုက်အကြီး 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger