Allied (2016) မြန်မာစာတန်းထိုး



IMDB Rating 7.1
၂၀၁၆ ခုနှစ်ထုတ် ဒုတိယကမ္ဘာစစ်ကိုအခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ မင်းသားကြီး ဘရက်ပစ်ဦးဆောင်ပါဝင်ထားပြီး ကနေဒါ စစ်ဘက်အရာရှိတစ်ဦးနဲ့ ပြင်သစ်အမျိုးသမီးတစ်ဦးရဲ့
အချစ်ဇာတ်လမ်းလည်းဖြစ်၊ သူလျှိုဇာတ်လမ်းလည်းဖြစ်ပြီး ဒရာမာရုပ်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့ ခံစားလို့အတော်လေးကောင်းတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန်
၁၉၄၂ မှာ ကနေဒါလေတပ်ကအရာရှိ မက်စ်ဟာ ဂျာမန်ထိပ်သီးပုဂ္ဂိုလ်တစ်ဦးကိုလုပ်ကြံတဲ့မစ်ရှင်တစ်ခုမှာ ပြင်သစ်အမျိုးသမီးလေးတစ်ဦးဖြစ်တဲ့ မယ်ရီအန်းနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီး နောက်ပိုင်းမှာ လက်ထပ်ခဲ့ပါတယ်။
မက်စ်မသိခဲ့တာက မိန်းကလေးဟာ ဂျာမန်သူလျှိုဖြစ်နေခဲ့တာပါ။ တစ်နှစ်လောက်အကြာ သူတို့မှာလည်း အန်နာဆိုတဲ့ကလေးတစ်ဦးထွန်းကားအပြီးမှာတော့ အထူးစစ်ဆင်ရေးတစ်ခုကနေ သူ့ဇနီးဟာ မယ်ရီအန်းဆိုတဲ့နာမည်ကို
ယူရုံယူထားတာဖြစ်ပြီး တကယ့်မယ်ရီအန်းဟာ သေဆုံးပြီးသားမိန်းကလေးတစ်ဦးဖြစ်နေခဲ့တာကို သိလာခဲ့ရပါတယ်။ ဒါကိုသေချာအောင်ဖော်ထုတ်နိုင်ဖို့ Blue dye စစ်ဆင်ရေးဆိုပြီး အထူးစုံစမ်းရေးအဖွဲ့က စုံစမ်းမှုတစ်ခုလုပ်ပါတယ်။
မက်စ်က သတင်းမှားတစ်ခုကို သူ့ဇနီးမယ်ရီအန်းရှာတွေ့နိုင်မယ့်နေရာမှာထားပေးရတာပါ။ ဒါပေမယ့် သူ့ဇနီးကိုအရမ်းချစ်တဲ့ မက်စ်ဟာ ပုံမှန်အတိုင်းပဲနေဖို့ထက် သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့လည်းကြိုးစားရင်း
သူ့ဇနီးကိုလည်း လက်မလွှတ်နိုင်၊ ထောက်လှမ်းရေးရဲ့ဖိအားပေးမှုတွေကြားထဲလည်းရောက်နေခဲ့ပြီး ဒီပြသနာတွေကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်။ မက်စ်ကိုအင်မတန်ချစ်မြတ်နိုးတဲ့မယ်ရီအန်းနဲ့ မက်စ်တို့ကို တဖြည်းဖြည်း ဂျာမန်ဘက်ကပါ
အန္တရာယ်ပေးလာတော့မယ့်အငွေ့အသက်တွေ ရောက်လာတဲ့အခါမှာတော့ သူတို့မိသားစုလေးဟာ နိုင်ငံရေး၊ စစ်ရေးတွေကြား ရောက်ရှိသွားခဲ့ပုံကို အက်ရှင်ကားသဘောမျိုးမဟုတ်ပဲ ဒရာမာဆန်ဆန်တင်ဆက်ထားပါတယ်။
ရုပ်ရှင်ကောင်းတွေကို ခံစားလိုတဲ့ပရိသတ်တွေအနေနဲ့ ရွေးချယ်ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပြီး အကြမ်းအရမ်းတွေမပါပေမယ့် ကြည့်ရှုသူတွေရဲ့ခံစားချက်ကို ကိုင်လှုပ်ပြဖို့ ရည်ရွယ်ရိုက်ကူးထားတာမို့ အချစ်အလွမ်း အနုပညာလက်ရာကောင်းတစ်ခုကိုခံစားချင်တယ်ဆိုရင်တော့ Allied က သင့်အတွက်ပါ။

Review by: Scarlet Phoenix
Encode by: Hein Min Htet
Translate by: Lily Rose
Quality -Dvd Scr
Size - 900MB


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger