The Gods Must Be Crazy (1980)


ပုလင်းဟာသကားလို့ မြန်မာနိုင်ငံမှာလူသိများပါတယ်၊ ဗီဒီယိုရုံတွေမှာဒီကားပြနေပြီဆို လူတိုင်းမျက်နှာ်မှာ ပြုံးရွှင်ပြီး တဝါးဝါးပွဲကျတာကို မြင်ရလေ့ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ တော်တော်များများသိပြီးလို့ အညွှန်းမရေးပေးတော့ပါဘူး။ ဒါပေမယ့် အဲ့ဒီကားထဲက အဓိကဇာတ်ဆောင်တယောက်ဖြစ်တဲ့ တောင်အာဖရိက လူရိုင်း မင်းသား Nixau အကြောင်းကို ရိုးရာလေးမှ ကူးယူဖေါ်ပြလိုက်ပါရစေ။ ဇာတ်ကားကိုတော့ SD ဆိုဒ်အသေး 485 MB နဲ့ပဲ တင်ပေးထားပါတယ်။

god mudNixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။

တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာ
ကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။
ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ရုပ်ရှင်အားလုံးရိုက်ကူးပြီးတော့ နမီးဘီးယားက သူ့ရဲ့ ဇာတိမြေကိုသာ ပြန် သွားပါတယ်။
ငွေကြေးများစွာ ပိုင်ဆိုင်သည့်တိုင် ဘယ်လို သုံးစွဲရမယ်ဆိုတာတောင် မသိပါဘူး။
သင်္ချာဂဏန်းအားဖြင့်လည်း ၂၀ အထိသာ ရေတွက်နိုင်တယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါ တယ်။ ငွေတွေကို စီမံခန့်ခွဲ သုံးစွဲဖို့ဆိုတာ ဝေလာဝေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင် မရိုက်ကူးမှီကဆိုရင် လူဖြူ သုံးဦးတိတိသာ မြင်ဖူးသူ ဖြစ်ပါတယ်။

၁၉၉၆ ရုပ်ရှင်ရိုက်ကူးပြီး သူ့ဇာတိရွာမှာပဲ လယ်အလုပ် အမဲလိုက် အလုပ်ကို ပြန်လုပ်ပါတယ်။ ငှက်ဖျား ရောဂါ တစ်မျိုးနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ N!xau ဟာ သူ့အသက်သူတောင်သိတဲ့သူ မဟုတ်ပါဘူး။ ဒေသခံများ ခန့်မှန်းချက်အရတော့ အသက် ၅၉ နှစ်မှာ ကွယ်လွန်တာလို့ ဆိုပါတယ်။နမီးဘီးယားနဲ့ တောင်အာဖရိကရဲ့  လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်ကို ကမ္ဘာသိအောင် ဖန်တီးပေးနိုင်တဲ့ ဟာသမင်းသား N!xau ဟာ ယနေ့တိုင် ကမ္ဘာ့ ဟာသရုပ်ရှင်အနုပညာသမိုင်းမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )
[FORMAT]:………………………….:[ 480p WebRip SD MP4
[GENRE]:………………………… .:[ Comedy
[FILE SIZE]:……………………….:[ 485 MB
[RESOLUTION]:………………….:[ 640 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 49mins


 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger