Transformers(2007) မြန်မာစာတန်းထိုး


ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ် ၊ Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကျုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက် ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြ၀ဠာကို စိုးမိုးချင်သူများပါ ။  Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် crash landing ကြောင့် အာတိတ်သမုဒ္ဒရာ ရေခဲအောက်မှာ ခဲသွားခဲ့ပါတယ် ။ ဒါကို Sam ရဲ့ အဖိုး ကပ္ပတိန် Witwicky တွေ့ရှိခဲ့ပါတယ် ။ ဒီမှာတင် မတော်တစ်ဆ Megatron ရဲ့ navigational system ကို အက်တီဗိတ်လုပ်မ်တာကြောင့် သူ့ မျက်မှန်မှာ ကိုအော်ဒီနိပ်များနဲ့ ဖော်ပြလိုက်သလိုဖြစ်သွားပါတယ် ။ ဒီ ရေခဲအောက်မှာ ခဲနေတဲ့ Megatron နဲ့ All Spark ကို အမေရိကန်အစိုးရ ရဲ့ ထိပ်တန်းလျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ Sector 7 မှ သိမ်းဆည်း ခဲ့ပါတယ် ၊ All Spark မှ စွမ်းအင်အဆက်မပြတ်ထုတ်လွှတ်မှုကို ကာကွယ်တဲ့ အနေနဲ့ ၄င်းထားရှိရာ လျှို့ဝှက်နေရာရဲ့ပတ်ပတ်လည်မှာ ရေလွှဲဆည်အကြီးကြီး တစ်ခုကို တည်ဆောက်ခဲ့ပါတယ် ။ ဒါကို Autobots နဲ့ Decepticons တွေသိရှိပြီး All Spark ကို လိုချင်လို့ တိုက်ပွဲဖြစ်ကြပြီး
ဘယ်လိုစခန်းသွားကြမလဲဆိုတာ……..။

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 
 ကျန်တဲ့အပိုင်းတွေအစကနေနောက်ဆုံးထွက်တဲ့အထိဇာတ်ကားများကိုအောက်လင့်မှာဆက်သွားပါခင်ဗျာ


facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger