ကမ္ဘာမြေရဲ့နတ်ဆိုးမိစ္ဆာ - ဟစ်တလာ (သို့မဟုတ်) Hitler Rise of Evil (2003) မြန်မာစာတန်းထိုး 1+2 စဆုံး





ကမ္ဘာမြေရဲ့နတ်ဆိုးမိစ္ဆာ - ဟစ်တလာ (သို့မဟုတ်) Hitler Rise of Evil (2003) မြန်မာစာတန်းထိုး 1+2 စဆုံး

Imdb :7.3/10
အာဇာနည်နေ့အမှတ်တရအနေနဲ့ နိုင်ငံရေးကို အမုန်းတရားတေ အယူဝါဒမှိုင်းတွေ အလိမ်အညာစကားတွေနဲ့တည်ဆောက်ခဲ့ပြီး ကမ္ဘာတစ်ခွင်ကို ဒုက္ခရောက်စေခဲ့တဲ့ နတ်ဆိုးကြီးအကြောင်း ဇာတ်လမ်းကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ သမိုင်းနောက်ခံကားကောင်းကောင်းကြည့်ချင်သူတွေအတွက် Hitler; Rise of evil ပါ။ ပထမကမ္ဘာစစ်အပြီးမှာ ဟစ်တလာရဲ့ လှုပ်ရှားမှုတွေကစပြီး ဒုတိယကမ္ဘာစစ်ဖြစ်လာစေတဲ့အကြောင်းရင်း၊ ဟစ်တလာရဲ့ စိတ်နေစိတ်ထား သဘာဝနဲ့ သူ့ဘဝအကြောင်းကို သမိုင်းစာအုပ်တွေမှာ လေ့လာနေစရာမလိုတော့ပဲ အနုပညာမြောက်ဇာတ်ကားတစ်ခုအနေနဲ့ ခံစားလို့ရပါပြီ။ အပျော်ဗဟုသုတ ရရုံကြည့်ဖို့သာမက ဒုတိယကမ္ဘာစစ်အကြောင်း၊ စစ်ကိုဖြစ်စေခဲ့သူတွေအကြောင်းနဲ့အတူ အဲဒီခေတ်က မြင်ကွင်းတွေ လက်နက်တွေနဲ့ ကမ္ဘာ့သမိုင်းမှတ်တမ်းတစ်ခုကိုသိမ်းဆည်းလိုသူများအတွက် မဖြစ်မနေကြည့်သင့်ပြီး သိမ်းဆည်းထားသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ ကွန်မြူနစ်စနစ်တွေကြားထဲမှာမှ တကယ်တမ်းတော့ ကိုယ်အကျိုးအမြတ်အတွက်သာ လူတိုင်းကြည့်ပြီးနိုင်ငံရေးလုပ်ကြပုံတွေကို သမိုင်းဝင် ဟစ်တလာရဲ့ မိန့်ခွန်းတွေ၊ ကမ္ဘာကျော် သူ့အမူအရာတွေကို စာအုပ်လှန်ဖတ်နေစရာမလိုပဲ တွေ့မြင်ခံစားရမယ့် အခွင့်အရေးပါ။ ဂျူးတွေကို အင်မတန်မုန်းပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ ဟစ်တလာအကြောင်းရုပ်ရှင်ဟာ mini series အမျိုးအစားဖြစ်ပြီး ဒါကတော့ အပိုင်း ၁ ဖြစ်ပါတယ်။ ဒုတိယပိုင်းကိုလည်း ဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။ ( စကားချပ်အနေနဲ့ကတော့ ကိုယ့်နိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေတွေကိုလည်း ဒီဇာတ်ကားက ဝါဒဖြန့်ပုံတွေကိုကြည့်ပြီး သင်ခန်းစာရယူနိုင်ကြပါကြောင်း )

Translated & Encode by: Scarlet Phoenix
Quality : 720P HD

Episode 1 400MB 720PHD
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger