တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး သိပ်ကိုကောင်းမွန်လွန်းလှတဲ့  ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတ ယ်.။ The Pianist ကားနဲ့ သရုပ်ဆောင်ကောင်းလွန်းခဲ့တဲ့ 
မင်းသား Adrien Brody ရဲ့ 2015 ဇာတ်ကားလေးပါ။ တကယ့်ဖြစ်ရပ်မှန်ကို
အခြေခံထားပြီး 1979 ခုနှစ် အီရန်တော်လှန်ရေးအစမှာ အိမ်ထောင်ဦးစီးအဖမ်းခံရတဲ့
ဂျူးမိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်။ စစ်ပွဲတွေ
မငြိမ်းချမ်းမှုတွေကြားမှာ ဂျူးလူမျိုးဆိုတာဟာလည်း အမြဲလိုလို
ဖမ်းဆီးနှိပ်စက်ခံနေခဲ့ရတာပါ။ ဒီဂျူးမိသားစုလေးမှာ သူရုတ်တရက်ကြီး အဖမ်းခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့ ဇနီးက ဘာတွေဖြစ်ခဲ့လဲ၊ ဘာကြောင့်ဖမ်းခံရသလဲဆိုတာတောင် မသိလိုက်ခင်မှာ သူ့ခင်ပွန်းဟာ လျှို့ဝှက်အကျဉ်းစခန်းတစ်ခု ထဲမှာ
ဖမ်းဆီးခံထားရပြီး ရက်စက်စွာ နှိပ်စက်စစ်ဆေးခံနေရပါပြီ။
မိန်းမသားတစ်ဦးရဲ့ အရေးကြုံလာတဲ့အခါ စွန့်စားရဲဝံ့တဲ့ သတ္တိနဲ့
မိသားစုအတွက်ဆို အရာရာပေးဆပ်ဝံ့တဲ့စိတ်ထားကို ရှုမြင်ခံစားကြရမှာပါ။ ကြမ်းတမ်းလှတဲ့ဘဝထဲမှာ လက်တွဲဖော်တွေရဲ့ အချင်းချင်းယုံကြည်မြတ်နိုး မှုနဲ့သာ အရာရာကိုဖြတ်ကျော်နိုင်ကြော င်း ပြသထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ် ပါတယ်။ သရုပ်ဆောင်ကောင်းတွေရဲ့ အားပြိုင်မှုနဲ့အတူ သမိုင်းရဲ့ တစ်ကွေ့တစ်နေရာက ဖြစ်ရပ်မှန်လေးတစ်ခုကို ပရိသတ်တွေခံစားမိစေဖို့အတွက် တင်ဆက်ပေးလိုက်တာဖြစ်ပါကြော င်း။
Post a Comment