Arrival (2016) မြန်မာစာတန်းထိုး



IMDb : 8.3
Rotten Tomatoes : 94%

ပြီးခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆု ဆန်ကာတင်ခဲ့တဲ့ Amy Adams ရဲ့ စိတ်လှုပ်ရှားဖွယ် ရဲရင့်တဲ့ သရုပ်ဆောင်မှုတွေကြောင့် Arrival ဟာ သိပ္ပံဆန်းကြယ်ဇာတ်ကားတစ်ကားထက် ပိုစိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ကမ္ဘာကြီးရဲ့နေရာဆယ့်နှစ်ခုမှာ ထူးဆန်းစွာ ကျရောက်လာတဲ့ အာကာသယာဉ်တွေဟာ လူသားတွေအတွက် ကံဆိုးမိုးမှောင်ကျစေမှာလား။ ဒါမှမဟုတ် ပိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မှာလား။ သေချာတာကတော့ ဟောလိဝုဒ်က ရိုက်ပြတဲ့ ဂြိုလ်သားတော်တော်များများဟာ ကမ္ဘာကြီးကို ဒုက္ခပေးဖို့ ပုံစံအမျိုးမျိုးနဲ့ ရောက်လာခဲ့ပြီးပြီ။

အခုရော...။ သိပ္ပံပညာရှင် လူးဝစ္စ ဘန့်ခ်ဟာ အထက်ပါမေးခွန်းကို အဖြေရှာဖို့ ဂြိုလ်သားတွေနဲ့ ဆက်သွယ်ရမယ့် တာဝန်ရှိလာတယ်။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေရဲ့ သဘောထားအမှန်ကို သိဖို့ကြိုးစားရာမှာ အလိုအပ်ဆုံးက ပါးနပ်မှုပါပဲ။

Avengers တစ်ယောက်အဖြစ် Hawkeye ပုံစံနဲ့ တစ်မျိုး၊ Jason Bourne လက်သစ်အဖြစ်တစ်ဖုံ သရုပ်ဆောင်ခဲ့တဲ့ Jeremy Runner ကလည်း ကွန်မန်ဒိုတစ်ယောက်အဖြစ် ကြမ်းကြမ်းတမ်းတမ်း သရုပ်ဆောင်ထားပါသေးတယ်။

မင်္ဂလာမှာ ရုံတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ဆယ်ကားစာရင်းမှာ ထိပ်တန်းက ပါဝင်နေတဲ့ ဒီ Arrival ကို မကြည့်လိုက်မိရင် နောင်တရမှာတော့ အသေအချာပါပဲ။

Review by Wainyan Philip
Translate by win kyaw thu
Encode by: Hein Min Htet
Quality Dvd SCR
Size 950MB

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger