John Wick:Chapter 2 (2017) မြန်မာစာတန်းထိုး



ဖေဖော်ဝါရီ ၁၀ ရက်မှာ မိတ်ဆက်ပြသမယ့် မင်းသားကီနူးရိဗ်ရဲ့ John Wick:Chapter 2 လို့ နာမည်ပေးထားတဲ့ အက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
နာမည်ကြီး လူသတ်သမား ဂျွန်ဝစ်ခ်ဟာ လျှို့ဝှက်နိုင်ငံတကာ လူသတ်သမားအဖွဲ့တစ်ဖွဲ့ရဲ့ အ လုပ်ကို ထိန်းချုပ်ရယူဖို့ ကြံစည်နေတဲ့ အရင်က အပေါင်းပါ တစ်ယောက်ကြောင့် လူသတ်သမားလောကက အနားယူရာကနေ ပြန်ပါဝင်လာခဲ့ရပါတယ်။
အဲဒီလူကို ကူညီပေးပါ့မယ်လို့ သွေးသစ္စာကျိန်ဆိုထားခဲ့တဲ့ ဂျွန်ဝစ်ခ်ဟာ ရောမမြို့ကို ရောက်လာပြီးတော့ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံးလူသတ်သမားတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဘာဘာယာဂါက လူသတ်သမားဟောင်းတစ်ယောက်နေရာက သရုပ်ဆောင်ထားပြီး စီဟဒ်စတာဟယ်စကီးရိုက်ကူးထားတဲ့ John Wick: Cha-pter 2 ဇာတ်ကားကို နယူးယောက်၊ ရောမ၊ မွန်ထရီရယ်နဲ့ မော်စကို မြို့တွေမှာ ရိုက်ကူးထားပြီးတော့ ၂၀၁၄ က John Wick ဇာတ်ကားကို အခြေခံထားတာဖြစ်ပါတယ်။
John Wick 2 ဇာတ်ကားရဲ့ အဓိက မင်းသားကီနူးရိဗ်ရဲ့ ‘‘ဘယ်သူတွေပဲလာလာ ငါအားလုံးကို သတ်ပစ်မယ်’’ဆိုတဲ့ ပြောစကားနဲ့အညီ ဒီဇာတ်ကားဟာ အက်ရှင်ဇာတ်ကားကြမ်းကြမ်းရမ်းရမ်းကိုမှကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဂျွန်ဝစ်ခ်ဟာ ဒုစရိုက်လောက က အနားယူဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း မကင်းရာမကင်းကြောင်း လူသတ်သမားဟောင်း တစ်ယောက်အတွက်နဲ့ လူသတ်သမားလောကထဲ ပြန်ဝင်လာပြီး နောက်မှာ ထိတ်ထိတ်ကြဲ လူသတ်သမားတွေကို ဘယ်လိုမျိုးရင်ဆိုင်ရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ ။
Review Credi to -7 DayDaily
Translate by: Thura Zarni Aung
Encode by: Zin Ko Htut
Quality.......dvdsrc
Size 780MB

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                     သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger