Lost in Pacific (2016) မြန်မာစာတန်းထိုး


 


Ocean Air Line ဟာ နိမ့်ကျနေတဲ့ဈေးကွက်ရှယ်ယာတွေကို ပြန်လည်မြင့်တက်လာစေဖို့ Promotion လုပ်တဲ့အနေနဲ့ ကအထူးဇိမ်ခံလေယာဉ်ကြီး A-390 ကို စတင်မိတ်ဆက်တဲ့ ခရီးစဉ်တစ်ခုဖန်တီးခဲ့ပါတယ်.။ အဲ့ဒီ့ ခရီးစဉ်မှာ အာရှတလွှားက နာမည်ကျော် သတင်းထောက်၊ စီးပွားရေးလုပ်ငန်းရှင်၊ အဆိုတော်၊ရုပ်ရှင်မင်းသား အစရှိတဲ့ နယ်ပယ်အသီးသီးက ကြယ်ပွင့်တွေကို တင်ဆောင်ပြီး ဟောင်ကောင်ကို ပွဲဦးထွက်အနေနဲ့ပျံသန်းတာဖြစ်ပါတယ်.။ အစစအရာရာလိုလေသေးမရှိအောင် ခရီးစဉ်ကို ပြင်ဆင်ထားခဲ့ပေမယ့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းသွားတဲ့ အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ ထူးဆန်းတဲ့ လေမုန်တိုင်းတစ်ခုနဲ့ တွေ့ဆုံခဲ့ပြီး အနာဂတ်ကျွန်းစုလို့ အမည်ရတဲ့ ကျွန်လေးကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်.။ အနာဂတ်ကျွန်းစုမှာရှိတဲ့ လေယာဉ်ကွင်းဟာ မကောင်းဆိုးဝါးကောင်တွေရှိတယ်လို့ နာမည်ကျော်ကြော်ကြားခဲ့ပြီး စစ်တပ်တစ်ခုလုံးပါ နေရာပြောင်းရွေ့ရလောက်အောင် ဆိုးဝါးတယ်လို့ သတင်းကြီးခဲ့တဲ့ ကျွန်းစုလေးပဲဖြစ်ပါတယ်.။ သို့သော် A-390 ရဲ့ ပွဲဦးထွက်ခရီးစဉ်မှာ ဟောင်ကောင်ကို အချိန်မှီ အမြန်ဆုံးသွားရောက်ပြီး သတင်းထောက်တွေရဲ့ မှတ်ကျောက်တင်ခံရမှာဖြစ်တာမို့ လေယာဉ်မှုးတွေ ဘယ်လိုပင်တားသော်ငြားလဲ သူဌေးဂေါင်ဟာ အနာဂတ်ကျွန်းမှာပဲ ခတ္တနားဖို့ ရွေးချယ်လိုက်ပါတယ်.။
   နာမည်ကျော်ဘာမြူဒါတြိဂံ ဒေသထဲက အနာဂတ်ကျွန်း၊ လေယာဉ်ပေါ်က ဒိတ်ဒိတ်ကြဲ နာမည်ကျော်ကြားသူတွေရဲ့ ကံကြမ္မာ၊ ဒီအန္တရာယ်ကျွန်းပေါ်က မိစ္ဆာကောင်တွေ ၊ ကျွန်းပေါ်က ထူးဆန်းတဲ့ စစ်သားနှစ်ယောက် ၊ ခရီးသည်တွေ အသက်ရှင်ရေးအတွက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချဖို့ လိုတဲ့ ပိုင်းလော့မယ်လေး.. စတာတွေနဲ့ တန်ဆာဆင်ခြယ်မှုန်းထားတာဖြစ်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို  ပရိတ်သတ်ကြီး အတွက် ချစ်ခြင်းအားဖြင့်တင်ဆက်လိုက်ရပါတယ်.။

Review & Encode by: Sai Ko
Quality -720P HD
Size 800MB
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger