Deep Rising (1998) မြန်မာစာတန်းထိုး



IMDb : 6

တောင်တရုတ်ပင်လယ်အောက်တွင် ဟိမ၀န္တာတောင်တန်းကြီးတစ်ခုလုံးကိုပင် ဖုံးကွယ်ထားနိုင်လောက်သည့် အသူတရာနက်လှသော ချောက်ကြီးများရှိပြီး ၄င်းနေရာသို့ မည်သည့် လူသား၊ စက်ကိရိယာမျှ မရောကရှိ မဖော်ထုတ်နိုင်ကြသေးချေ။ ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင် မရေတွက်နိုင်သော သင်္ဘောမြောက်များစွာတို့မှာ ထိုရေအောက်တွင် အစအနမျှ မကျန်အောင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့ကြ့ပီး ဖြစ်သည်။ ထိုသင်္ဘောပျောက်ဆုံးမှုများကား ယနေ့အချိန်ထိ မည်သည့်သိပ္ပံပညာရှင်မျှ အဖြေမထုတ်နိုင်ဘဲ ဆန်းကြယ်စွာ ပျောက်ဆုံးနေဆဲ ရှိလေသည်။
အထက်ပါ စာပိုဒ်မှာ ရုပ်ရှင်အစတွင် စာတန်းထိုးပြသော အကြောင်းအရာများဖြစ်သည်။ ထိုသို့ ဆန်းကြယ်သော ပင်လယ်ပြင်ကို ဖြတ်မောင်းလာသည့် ကြယ်ငါးပွင့် အပျော်စီးသင်္ဘောကြီးတစ်ခုအား လူတစ်စုက ဓါးပြတိုက်ဖို့ ကြံနေသည်။ သင်္ဘောပေါ်တွင် ပါလာမည့် လူတိုင်းလိုလိုမှာ သူဌေးများ ဖြစ်ကြသဖြင့် အချီကြီးမိရန် မျှော်လင့်နေကြရင်း လောဘဇောတက်နေကြသည်။ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်း တပြင်ပြင်နှင့် သွားကြသော ထိုလူတစ်စုအား ကြောက်မက်ဖွယ် ကံကြမ္မာဆိုးက စောင့်နေလျက်ရှိသည်ကို မသိခဲ့ကြပေ။ သူတို့ ထိုသင်္ဘောကြီးဆီ မရောက်မီမှာပင် သူတို့ထက် လက်ဦးသွားသူ တစ်ဦးရှိသည်။ ထိုသူက သင်္ဘောကြီးတစ်စီးလုံးရှိ ခရီးသည်များအား အရှင်လတ်လတ် ၀ါးမြိုကာ အရည်ညှစ်သောက်ပစ်လိုက်သည်တဲ့။ အသို့နည်း။ သင် အနည်းငယ် ခေါင်းရှုပ်သွားပေမည်။ အပိုပြောခြင်း တစ်ခုမှ မပါပါ။ တကယ်ပင် အရည်ညှစ်သောက်လိုက်ခြင်း ဖြစ်ပါသည်။ စိတ္တဇ လူသတ်သမားလော။ မဟုတ်ပါ။ နာနာဘာဝလည်း မဟုတ်ပါ။ ထို လူသားစား လက်သည်တရားခံကား…။
၁၉၉၈ ခုနှစ်တုန်းက ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ထိုရုပ်ရှင် Deep Rising မှာ ရုံပြည့်ရုံလျှံ ၀င်ငွေကောင်းခဲ့ဖူးသည်။ ဒါရိုက်တာ Stephen Sommers က သည်ရုပ်ရှင်အပြီးတွင် သူ၏ နာမည်ကျော်ဇာတ်ကား The Mummy ကို ဆက်တိုက်ရိုက်ကူးကာ ၀င်ငွေများကို သဲ့ယူခဲ့ပြန်သည်။ ၄င်းဇာတ်ကားပိုစတာတွင် “from Special Effect Team who made Total Recall and Star Wars” ဟု ရေးထားသည်။ နာမည်ကျော် “Star Wars” ရုပ်ရှင်မှ အထူးပြုလုပ်ချက်အဖွဲ့မှ ပြုလုပ်သည်ဆိုတော့ကာ ဘာဇာတ်ကားဖြစ်မလဲ မှန်းကြည့်လို့တော့ ရပေမည်။
တစ်ကားလုံး ပျင်းရိစရာ တစ်ကွက်မှ မရှိအောင် အသည်းတယားယား ရင်တဖိုဖို ပစ်ခတ်စွန့်စားနေမှ ကြိုက်သည်ဆိုလျှင်တော့ လက်လွှတ်မခံသင့်သည့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်း 😁😁👍👍
from-www.goldchannelmovies.org
Translate by: Khine Ni Ni Shein
Review & Encode by: Waiyan Philip
Quality - 720p BluRay
Size - 759 MB
 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
                   သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော် 
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

+ comments + 1 comments

အရမ်းကြိုက်

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger