thriller
Imdb.................6.6/10
163min
ဒီကားလေးကတော့ Rating 6.5ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးမို့ လက်လွှတ်မခံဘဲ ကြည့်သင့်တယ်နော်
ဇာတ်လမ်းအကျဉ်းကတော့
နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ အူဆန်မြို့မှာ နျူ ကလီးယားဓာတ်ပေါင်းဖိုစက်ရုံကြီးတွေရှိတယ် ဒေသခံအားလုံးနီးပါးကလည်း အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်ကြတယ် ဒါပေမယ့် ဂျယ်ဟော့ကတော့ အဲ့စက်ရုံမှာ လုံးဝမလုပ်ချင်ဘူး အမြဲတမ်းမြို့ကြီးမှာပဲ အလုပ်လုပ်သွားဖို့ တွေးနေခဲ့တာ သူ့အမေကလည်း လုံးဝမြို့ကိုသွားခွင့်မပြုဘူး
ဒီလိုနဲ့ အဲ့စက်ရုံမှာပဲအလုပ်ဆက်နေရတယ်ပေါ့ တစ်ရက်မှာ သူတို့မြို့မှာ အားပြင်းတဲ့ငလျင်တစ်ခုလှုပ်သွားတဲ့အခါ အဲ့ငလျင်ဒဏ်ကြောင့်ပဲ နျူ ဓာတ်ပေါင်းဖို့ရဲ့ ပိုက်လိုင်းတွေမှာ ရေအေး ယိုစိမ့်မှုတဲ့ပြသနာပေါ်လာတယ် အဲ့ကိစ္စတွေကို ဝန်ကြီးတွေကလည်း သမ္မတကိုဖုံးကွယ်ထားတဲ့အခါမှာ နောက်ပိုင်းသမ္မတသိသွားတဲ့အခါပြသနာကိုဘယ်လိုကိုင်တွယ်မလဲ ရေအေးယိုစိမ့်မှူကိုရောဘယ်လိုနည်းနဲ့ဖြေရှင်းမလဲ စက်ရုံပေါက်ကွဲသွားတဲ့အခါမှာ ဂျယ်ဟော့က သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုကူညီမလဲ သမ္မတကရော ပြည်သူတွေအတွက် အဲ့ပြသနာကိုကောင်းကောင်းဖြေရှင်းနိုင်မှာလား နောက်ဆုံးမတတ်သာတဲ့အခြေအနေမျိုးမှာ ဂျယ်ဟော့က နိုင်ငံသားတွေအတွက် ဘယ်လိုအနစ်နာခံသွားလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ
အရမ်းအရမ်းကိုကောင်းတဲ့ ဇာတ်ကားလေးမို့
Post a Comment