Before I Fall(2017)မြန်​မာစာတန်းထိုး





“ခဏတာလေးပေမယ့် အဆုံးမဲ့ကာလတိုင် မရွေ့မလျော တည်မြဲကျန်တတ်တယ်”
ဒီဇာတ်ကားလေးရဲ့ ရင်ထဲစွဲမြဲကျန်စေခဲ့တဲ့ မှတ်သားလောက်စရာ quote တစ်ခုပါ

ဘ၀ရဲ့ အချို့သော ခဏတာအခိုက်အတန့်လေးတွေမှာ ပြုမူဆောင်ရွက်ပြောဆိုခဲ့ပုံတွေကြောင့် ကျန်ခဲ့တဲ့အကျိုးသက်ရောက်မှုက ပစ္စုပ္ပန်မှာပြီးသွားခဲ့ပြီလို့ ထင်ရပေမယ့် အဆုံးမဲ့သံသရာတိုင်အောင် ဘ၀အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေအဖြစ် ဆက်လက်ရှင်သန်နေဆဲပဲလို့ ဆိုလိုချင်ပုံပါပဲ

ဆမ်မာဆိုတဲ့ ပျော်တတ်ရွှင်တတ်တဲ့ ကျောင်းသူလေးတစ်ယောက် သူငယ်ချင်းတွေနဲ့ အတူ သူတို့ပြောင်ရင်ပြောင် သူတို့ လှောင်ရင်လှောင် သူတို့ ပျော်ရင်လိုက်ပျော်ရင်းနဲ့ ဘ၀ကို လူငယ်ဆန်ဆန်ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမယ့် မိမိပျော်ဖို့အတွက် သူတစ်ပါးရဲ့ ပျော်ရွှင်မှုတွေကို စတေးလိုက်ရတဲ့ အခိုက်အတန့်မျိုးတွေ၊ မိမိကိုယ်နှုတ် မစောင့်စည်းမှုတွေကြောင့် မိဘတွေနဲ့ ညီမဖြစ်သူအပါအ၀င် အခြားသူတွေ စိတ်မကောင်း ဖြစ်ခဲ့ရတာတွေကိုတော့ သတိမမူမိခဲ့ပါဘူး။ အများနည်းတူ လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ပေမယ့် ကံကြမ္မာကတော့ သူ့ကိုမှ ကံကွက်ကြားပြီး မိုးရွာခဲ့ပါတယ်။ အပျော်တွေ၊ စိတ်အလိုမကျမှုတွေနဲ့ တစ်ညတာရဲ့အလွန် နောက်နေ့မနက်ခင်း အရောက်မှာတော့ သူ့အတွက် စိတ်တုန်လှုပ်ခြောက်ခြားစရာ ဒဏ်ခတ်မှုတစ်ခုက စောင့်ကြိုနေပါတော့တယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ သက်တောင့်သက်သာ မရှိမှုတွေနဲ့ ပြည့်နှက်နေတဲ့ ယနေ့ဆိုတဲ့ အချိန်အပိုင်းအခြားကနေ မနက်ဖြန်ဆိုတဲ့အရာကို ဘယ်တော့မှ သူမျှော်လင့်ခွင့် မရတော့ပါဘူး။ ယနေ့ဆိုတဲ့ အချိန်စက်ဝန်းကြီးမှာ ပိတ်မိနေတာကို ထိတ်လန့်ဖွယ်ရာ သိခဲ့ရချိန်မှာ သူ့အတွက် ပျော်စရာဆိုတာထက် အခြားသူတွေရဲ့ စိတ်သောကတွေ၊ မိမိနဲ့ သူငယ်ချင်းတွေကြောင့် အခြားသူတွေ ကြေကွဲခံစားခဲ့ရတာတွေကိုသာ တစ်ခါထက်တစ်ခါ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပို သတိထားမိပြီး သူပါ စိတ်မချမ်းမြေ့ဖြစ်လာရပါတော့တယ်။ မိမိမရည်ရွယ်ပဲ လုပ်ခဲ့ ပြောခဲ့တဲ့ ခဏတာသော အခိုက်အတန့်လေးတွေကြောင့် တစ်နေ့တည်းမှာပဲ ထပ်ခါတလဲလဲ ကျင်လည်နေရတဲ့ သူ့အဖို့ အရာရာက နောင်တတွေ၊ ယူကြုံးမရမှုတွေနဲ့ ပြည့်နှက်လို့လာနေပါတော့တယ်။ စိတ်ပျက်ဖွယ်ရာ အချိန်စက်ဝန်းအတွင်း ပိတ်မိနေခြင်းကနေ လွတ်မြောက်ဖို့ကသာ သူ့အတွက် အရာရာတိုင်းထက် အရေးကြီးနေပါပြီ။ မိမိအပြုအမူ အပြောအဆိုတွေကြောင့် သူတစ်ပါးနာကျင်ခဲ့ရတာတွေကို တွေ့လာမြင်လာတာနှင့်တစ်ပြိုင်နက် မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ စိတ်ထားအပေါ် သံသယစိတ်နဲ့ ပြန်လည် စစ်ကြောမိတဲ့အခါ ပြင်ဆင်စရာများစွာ ပြောင်းလဲစရာအနန္တနဲ့ မိမိကိုယ်ကို သတိမထားမိလောက်အောင် စာနာစိတ်၊ ကရုဏာ၊ မေတ္တာနဲ့ အလေးအနက်ထားမှုတွေ ကင်းကွာနေတဲ့ ဆမ်မာအဖြစ် မိမိကိုယ်ကို မြင်တွေ့လာပါတော့တယ်။

ငြီးငွေ့ စိတ်ပျက်ဖွယ်၊ ၀မ်းနည်း ပူဆွေးဖွယ်၊ နောင်တရဖွယ်တွေနဲ့သာ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ရဲ့ စက်ဝန်းထဲကနေ ရုန်းထွက်နိုင်မှာလား၊ မှားခဲ့တဲ့အမှားတွေကိုရော ပြင်ဆင်နိုင်ပါ့မလား ဆိုတာကို တရှိုက်မက်မက်ကြည့်ရှုခံစားနိုင်ကြပါစေရန် အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ် ခင်​ဗျာ

Review and Translated by htag
Encoded by Hein Min Htet
Quality : Bluray
Size : 700Mb

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger