ပင့်ကူတစ်ကောင်လို
အထူး စွမ်းရည်တွေရှိနေတဲ့ ပင့်ကူလူ သား (စပိုက်ဒါမန်း)ပီတာပါကာ ကို
ဒီဇာတ်ကားမှာတော့ ဆယ် ကျော်သက်အရွယ်ကျောင်းသား လေးအဖြစ် မြင်တွေ့ရမှာပါ။
တခြားစူပါဟီးရိုးတွေလို
ရင့် ကျက်မှုမရှိသေးတဲ့ ပီတာပါကာ ဟာ သူ့ကိုအချိန်ပြည့် စောင့်
ကြည့်ထိန်းမတ်ပေးနေတဲ့ တိုနီစ တာ့ခ်ရဲ့ အုပ်ချုပ်မှုအောက်မှာ စူ
ပါဟီးရိုးကြီးတစ်ယောက်လို ပုံစံ မျိုးနဲ့ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပုံစံ
မျိုးနဲ့သာရှိနေခဲ့ပါတယ်။
ပါကာဟာ
သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းနက်ဒ်နဲ့ သာမန်ရိုးရှင်း တဲ့
အထက်တန်းကျောင်းသား ဘ ၀ကို အတွဲညီညီဖြတ်သန်းနေသ လို လစ်ဇ်ဆိုတဲ့
မိန်းကလေးကို ပါ ကာစိတ်ဝင်စားနေခဲ့ပါတယ်။
သို့သော်လည်းပဲ
ဗာလ်ချာ ဆိုတဲ့ လက်နက်ဆန်းတွေနဲ့ စူပါ ဗီလိန်တစ်ယောက်ပေါ်လာတဲ့အ ခါမှာတော့
ပါကာတစ်ယောက် သူ့ရဲ့ စူပါစွမ်းအားတွေကို မြှင့် တင်အသုံးချဖို့
ကြိုးပမ်းရပါတော့ တယ်။
အရင်ထွက်ရှိခဲ့တဲ့
စပိုက်ဒါ မန်းဇာတ်ကားတွေနဲ့ယှဉ်ရင် အ တော်လေးကို ကောင်းတယ်လို့
သုံးသပ်ချက်တွေ ရထားတဲ့ တော်မ်ဟော်လန်ရဲ့ သရုပ်ဆောင် ချက်ကို
သာမန်ကျောင်းသားဘ၀ နဲ့ စူပါဟီးရိုးဘ၀နှစ်ခုကြားမှာ မ
တူညီတဲ့စိတ်ခံစားချက်တွေကို အ ကောင်းဆုံးသရုပ်ဆောင်သွားနိုင် တယ်လို့
ရုပ်ရှင်ညွှန်းသူတွေက ဆိုထားတာမို့ တကယ်ဟုတ်၊ မ ဟုတ်
ကိုယ်တိုင်သွားကြည့်ဖို့ညွှန်း လိုက်ပါတယ်။
Post a Comment