Ghost House (2017) မြန်မာစာတမ်းထိုး

စပ်စုတတ်တဲ့ သူတွေ၊ စူးစမ်းတတ်တဲ့ သူတွေအတွက် တစ်ချို့အရာတွေက သေချာမသိဘဲ စမ်းသပ်မိရင် ဘ၀ပါ ပျက်တဲ့အထိ ဒုက္ခရောက်တတ်တာမျိုး။ တချို့ကျတော့လည်း ဘာအရေးလဲ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်ပစ်လိုက်မဟဲ့ ဆိုပေမယ့် ရောက်လာတဲ့ ဒုက္ခမျိုးက ကိုယ်တတ်နိုင်တာထက် ပိုဆိုးသွမ်း ကြောက်မက်ဖွယ် ကောင်းနေရင်ကော။ စူးစမ်းလေ့လာတယ်ဆိုတာက ကိုယ်တတ်နိုင်တဲ့
အခြေအနေမျိုးမှာပဲ ကောင်းတယ်ဆိုတာ Ghost House (2017) ကြည့်ပြီး သင်ခန်းစာ ယူရပါလိမ့်မယ်။
ဂျူလီယာနဲ့ ဂျင်မ်က စိတ်တူ ကိုယ်တူ သမီးရည်းစားနှစ်ယောက်ပေါ့။ ကမ္ဘာပတ်ပြီး နိုင်ငံအနှံ့ခရီးထွက်ရတာမျိုးကို သဘောကျတဲ့နေရာမှာလည်း ၀ါသနာတူရဲ့။ ဒီလိုနဲ့ ထိုင်းနိုင်ငံကို ရောက်လာရော ဆိုပါတော့။ သိတယ်မလား၊ ထိုင်းသရဲဆိုတာကလည်း နာမည်တစ်လုံးနဲ့ နေလာတာဆိုတော့ ဘယ်အကျောခံလိမ့်မလဲ။ သူ့ကို လာစမ်းတဲ့ ဖော်ရိန်နာ နှစ်ယောက်ကို ဘယ်လို ပညာတွေ ပြမလဲဆိုတာ ကြက်သီးထအောင် ကြည့်ရပါလိမ့်မယ်။ ဒီတော့ အခန်းမီးလေး ပိတ်၊ နားကျပ်လေး တပ်၊ စောင်လေး ခြုံပြီး အရသာ အပြည့်အ၀ ခံစားမလား။ ဒါမှမဟုတ် မီးတွေ အသားကုန် ဖွင့်၊ အသံလေး တိုးပြီး ငါကွလို့ အားတင်း ကြည့်မှာလား။
ပိုစတာမှာ ပြထားတဲ့ စာသားလေးက ဘာတဲ့။ သူမက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူးတဲ့။

 

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
ဆိုက်အကြီး
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger