The Foreigner (2017) မြန်​မာစာတန်းထိုး

 
 မြန်ဆန်တဲ့ ၊ သွက်လက်တဲ့၊ စစ်မှန်တဲ့ ဂျက်ကီချန်းကို ဒီကားမှာ ပြန်တွေ့ကြရမှာပါ။ သူ့ပရိတ်သတ်တွေကတော့ အကြိုက်တွေ့မှာ အသေအချာပါပဲ။
ဗုံးပေါက်ကွဲမှုတွေကို အခြေခံထားတဲ့ ဒီကားဟာ တစ်ကားလုံးကို လန်ဒန်မြို့ပေါ်မှာပဲ
အခြေတည်ထားခဲ့တာပါ။ ဇာတ်လမ်းထဲမှာ ၅မိနစ် လောက် ပါလိုက်ရတဲ့ ဂျက်ကီချန်းရဲ့ သမီးလုပ်တဲ့သူက ကျွန်တော်တို့ ဟယ်ရီပေါ်တာ ကားတွေထဲမှာ ရင်းနှီးခဲ့တဲ့ ချိုချန်း ပါ။ Katie Leung ပါ။ ဇာတ်လမ်းအစမှာ ဂျက်ကီတစ်ယောက် သူ့သမီးကို ကျောင်းကြိုပြီး ပြန်လာတဲ့အခါမှာ ဆိုင်တစ်ဆိုင်ကို ပို့ထားခဲ့ပါတယ်။ အကြမ်းဖက်သမားတစ်စုရဲ့ လက်ချက်ကြောင့် ဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သူ့သမီးဟာ နေရာမှာတင် သေဆုံးသွားခဲ့ရပါတယ်။

Special Forces အဖွဲ့ဝင်ဟောင်း ၊ သမီးနှစ်ယောက်နဲ့ ဇနီးကို ဆုံးရှုံးထားရပြီး သံယောဇဉ်ဆိုလို့ ဒီသမီးလေးတစ်ယောက်သာ ကျန်တော့တဲ့ ချိနဲ့နဲ့ တရုတ်အဖိုးကြီး ။ ခု ဒီသမီးလေး ဆုံးရှုံးလိုက်ရတဲ့အခါကျတော့ သူ ဘဝမှာ ဘာမှ နောက်ဆံတင်းစရာမရှိတော့ပါဘူး။ လက်စားချေဖို့ပဲ ကြိုးစားပါတော့တယ်။
အပြစ်ပြောစရာတစ်ခုတော့ ဒီကားမှာရှိနေပါတယ်။ အဲ့ဒါက ဇာတ်အိမ်၊ ဇာတ်လမ်းသွားပါ။ အဲ့လောက်ကြီး မခိုင်မာပါဘူး။ မကောင်းပါဘူး။ ဒါပေမယ့် ဂျက်ကီချန်းကြောင့်ပဲ ဇာတ်အိမ်မကောင်းတာကို နည်းနည်းဖုံးဖိထားနိုင်ပါတယ်
  

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger