Bhaagamathie (2018) မြန်မာစာတန်းထိုး

နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ…
အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က
မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ?
ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊
ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ?
စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ
ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက်
ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး
India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ
သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ်

ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ
ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့
ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ
မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊
ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ၄နှစ်စောင့်လိုက်ရပါတယ်၊
မင်းသမီးကရိုက်ရက်မအားလို့ပါတဲ့၊ ထူးထူးခြားခြား တောင်ပိုင်းဇာတ်ကားတွေထဲမှာမှ သီချင်းက တစ်ပုဒ်ထဲပဲပါပါတယ်၊
ဇာတ်လမ်းကထွေလာကြည့်ပြီးတော့ သရဲကားလို့ထင်နေမိတာ၊
ဒါပေမဲ့ သရဲကားမဟုတ်ပါဘူး၊ ပြောချင်တာက သရဲတော့ခြောက်ပါတယ်၊
အကြမ်းကြီးမဟုတ်ပဲနဲ့ အနုခြောက်ခြောက်တာပါ၊ ဒါပေမဲ့ ဇာတ်လမ်းပိုင်းမှာအရမ်းမိုက်သွားပြီး
Plot Twist တွေကအလန်းပြီး ခန့်မှန်းရခက်တာမို့ ရုပ်ရှင်ကြည့်ရင်းနဲ့ ကိုယ်ထင်ထားတာဖြစ်မလာတာက လဲ
ရုပ်ရှင်ကြည့်တဲ့သူကို ဆွဲဆောင်တဲ့ စိတ်လှုပ်ရှားမှုတစ်ရပ်ပါပဲ ကဲဗျာ ဇာတ်လမ်းပိုင်းလေးကို သွားလိုက်ရအောင်
ဇာတ်လမ်းအကျဉ်းလေးကတော့ တောထဲမှာရှိတဲ့ သရဲအရမ်းခြောက်တယ်လို့
နာမည်ကြီးတဲ့ ဘာဂါမသီ ဆိုတဲ့ အိမ်ကြီးရှိပါတယ်၊
ချန်ချလာ ဆိုတဲ့ကောင်မလေးက အာဏာရဝန်ကြီးရဲ့ ညာလက်ရုံး၊
ဒါပေမဲ့ သူ့ယောကျာ်းကိုသတ်တဲ့အမှုနဲ့ထောင်ထဲရောက်သွားပါတယ်၊
အဲ့အချိန်မှာပဲ အနီးအနားရွာတွေမှာရှိတဲ့ ရှေးဟောင်းစာရင်းဝင်
တန်ဖိုးဖြတ်လို့မရတဲ့ ဘုရားဆင်းတုတော်တွေကခဏခဏပျာက်ဆုံးနေပါတယ်
ထောက်လှမ်းရေးတွေ သံသယရှိတာက အာဏာရဝန်ကြီးက ဒီပျောက်ဆုံးမှုက ပါဝင်နေတယ်လို့ထင်နေတာပါ
ဒီတော့ ထောက်လှမ်းရေးက ထောင်ထဲရောက်နေတဲ့ ဝန်ကြီးရဲ့ ညာလက်ရုံး ချန်ချလာကို
ထောင်ထဲကထုတ်ပြီး ဝန်ကြီးမသိအောင် တောထဲက ဘာဂါမသီ အိမ်ကြီးမှာ စစ်ဆေးလုပ်ဖို့ ချန်ချလာကို
အဲ့ဒီ့အိမ်ကြီးမှာထားလိုက်ပါတယ်၊ သရဲအလွန်ခြောက်တယ်လို့ အိမ်ကြီးထဲရောက်သွားတဲ့ ချန်ချလာတစ်ယောက်
ဘယ်လို အခက်အခဲတွေကြုံရမလည်း….
ဝန်ကြီးကကော လက်ရှိအမှုမှာ တကယ်ပဲ ပါဝင်ပတ်သတ်နေလား…..
ချန်ချလာကကော သူ့ယောကျာ်းကို ဘာကြောင့်သတ်ပစ်လိုက်ရတာလည်း……
တစ်ခြားနောက်ကွယ်မှာ ဘယ်လိုခြောက်လန့်မှုတွေက ရှိနေသေးလည်းဆိုတာ….. ကိုတော့
ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ
ဒီဇာတ်ကားမှာ အရေးကြီးဆုံးအချက်တစ်ခုက အသံပါပဲ၊
ဒီဇာတ်ကားမှာ အသံဖန်တီးမှုတွေက အရမ်းကောင်းပါတယ်၊နောက်ပြီး တော့ ဘာဂါမသီဆိုတဲ့အိမ်ကြီး၊
ဇာတ်ကားပြီးတော့ ရိုက်ကွင်းပြတော့ လုံးဝအံသြသွားမိပါတယ်၊
နောက်ကွယ်ကဘယ်လိုပြင်ဆင်ရလည်းဆိုတာကိုလည်း ပညာရခဲ့ပါတယ်၊
ဒါကြောင့်လည်း ဟောလိဝု သောလိဝုကားတွေက နော်ကပိုင်းမှာအောင်မြင်လာတာပါ
မင်းသမီးကတော့ရင်းနှီးထားပြီးသားဆိုတော့ သရုပ်ဆောင်ကောင်းပြီးသားဆိုတာကိုပြောစရာမလိုပါဘူး၊
နည်းနည်းဝတယ်လို့ထင်ရပေမယ့် ချစ်စရာလေးပါ တစ်ခြား တောင်အိန္ဒိယကားတွေလို
အိုဗာတွေမပါတော့ ကြည့်ရတာအဆင်ပြေပါတယ် ဖီလင် မအောက်ပါဘူး
ကလေးဘဝတုန်းက ဒီဇာတ်လမ်းနဲ့ဆင်တဲ့ကာတွန်းတစ်ပုဒ်ဖတ်ဖူးတယ်၊
ဒိရဲဂျာကာတွန်းပါ၊ ဒါပေမဲ့ ဇာတ်သိမ်းမတူပါဘူး
၊ဒီကားထဲမှာကြိုက်တာက ဇာတ်သိမ်းခန်းပါပဲ ၊တကယ်ကြမ်းတာပါ၊
ရုံမှာကြည့်ရင်တော့ အသံစနစ်ကောင်းတော့ရှယ်ပါ ၊
အခွေမှာကြည့်ရင်လဲ အဆင်ပြေမှာပါ ပြီးတော့ ဒီကားက သရဲကားကြိုက်တဲ့သူတွေတော့ အကြိုက်တွေ့မှာလို့ပြောလိုက်ပါရစေဗျ

  

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger