တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုးပေါ့…” ဇာတ်လမ်းလေးရဲ့အစကတော့ ဒီလိုပါ မင်းသားနဲ့သူ့ချစ်သူကောင်မလေးဟာ တစ်မူထူးခြားပြီး တောနက်ထဲကို အပျော်ခရီးထွက်ကြပါတယ် ကြည်ကြည်နူးနူးနဲ့ ဘယ်သူမှမလာနိုင်တဲ့နေရာမျိုးကိုပေါ့ ဒါပေမယ့် သူတို့ပျော်ရွှင်မှုက မကြာလိုက်ဘူး အသံတစ်ခုထူးထူးဆန်းဆန်းကြားလို့ မင်းသားက ရွက်ဖျင်တဲရဲ့ အပြင်ဘက်ကို ခနထွက်ကြည့်လိုက်တဲ့အချိန် သူ့ကောင်မလေးရဲ့ အော်သံနက်နက်ကြီးကိုပဲကြားလိုက်ရပြီး ကောင်မလေးက ပျောက်ဆုံးသွားပါတယ် ဘာဖြစ်သွားမှန်းမသိလို့ သူလဲဘယ်လိုအဖြေရှာရမှန်းမသိပဲ တစ်နှစ်လောက်ကို စိတ်ပိုင်းဆိုင်ရာပါ ကုသမှုခံလိုက်ရပါတယ် ဒါပေမယ့် သူ့နားထဲကနေ ကောင်မလေးအော်သံက ပျောက်မသွားခဲ့ဘူး ဒီလိုနဲ့ သူတောထဲကိုနောက်တစ်ခေါက်အဖြေရှာဖို့ရောက်လာခဲ့တဲ့ နောက်…အဖြေရှာတွေ့မလားဆိုတာကြည့်ကြည့်ပါဦးနော် ” ကမ္ဘာပေါ်မှာ ကြောက်စရာကောင်းတဲ့အရာတွေ တကယ်ရှိတယ်ဆိုတာ ကလေးတွေကအသိဆုံးပါ.. လူကြီးတွေအနေနဲ့ကျတော့ အဲ့တာတွေရှိတာကို ယုံရမှာကြောက်တာ” ဇာတ်လမ်းဆုံးတဲ့ထိ သေချာလေးကြည့်ပြီး အဖြေဝိုင်းရှာပေးလိုက်ပါဦးနော်…
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Post a Comment