Review
The Park is Gone..again..
ရုံထဲမှာ ကြည့်နေတုန်း သတိထားမိတာက မင်းသား Chris Pratt ကိုတွေ့တော့မှ ဟာ ဒီကောင်ပဲလားဟ ဆိုတဲ့သဘောရှိတဲ့ ရေရွတ်တဲ့ အသံလေးတွေပါ။ မသိသူတွေအတွက် ထပ်ပြောရရင် Fallen Kingdom ဟာ 2015 က ထွက်ခဲ့တဲ့ Jurassic World အရဲ့ အဆက်ရုပ်ရှင်လည်းဖြစ်သလို 1993 က ထွက်ခဲ့တဲ့ Jurassic Park ရုပ်ရှင်နဲ့ပါထည့်တွက်ရင် ၅ ကားမြောက်လည်းဖြစ်ပါတယ်။ Reboot မဟုတ်ဘူး။ ဇာတ်လမ်းအဆက်တွေ။
ရုပ်ရှင်ရဲ့ trailer နဲ့ Plot summary ကိုဖတ်ကြည့်လိုက်ရင် 1997 က ထွက်ခဲ့တဲ့ The Lost World: Jurassic Park နဲ့ နည်းနည်းလေး ဆင်သလိုလိုလေးတော့ရှိတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ အရင်ထွက်ထားခဲ့တဲ့ original 3 ကားက အငွေ့အသက်တွေ၊ element တွေကို ပြန်တွေ့ရတယ်။ တစ်ကားလုံးရဲ့ plot ကိုခြုံကြည့်ရင်တော့ အရင် Jurassic World ကိုတော့ မမီခဲ့ဘူး။ Plot twist တွေတော်တော်လေးထည့်ထားပေမဲ့ အများစုက ရုပ်ရှင်ကြည့်လွန်းအားကြီးသူတွေ အလွယ်တကူမှန်းမိနေမဲ့ cliché တွေပါတယ်။
Plot ဘက်မှာ သိပ်ကြီးအားရစရာမရှိပေမဲ့ visual ပိုင်းနဲ့ cinematic ပိုင်း၊ အသံပိုင်း စတာတွေမှာတော့ အရမ်းကိုကောင်းခဲ့တယ်။ ရိုက်ချက်တွေက ဒီလိုလာမယ်၊ ဒီလိုပြဦးမှာပဲလို့ သိနေတဲ့တိုင် ကိုယ်မှန်းထားတဲ့ expectation ကိုကျော်အောင် လုပ်ပြသွားခဲ့တဲ့ အကွက်တွေ အများကြီးပဲ။ သူ့ဇာတ်လမ်းအရ အရင်ကားတွေထက် horror ပုံစံလေးဘက်ရောက်တဲ့အထိ dark and brutal လည်းဖြစ်တယ်။ ကျော်တို့သဘောကျကြတဲ့ နာမည်ကျော် Velociraptor, T-Rex စတာတွေကို တော်တော်လှလှပပ မြင်ရမှာဖြစ်သလို အသစ်ပါလာတဲ့ Indoraptor ဆိုလည်း တော်တော်ကို ကြမ်းပြထားနိုင်တယ်
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
Post a Comment