I Still See You (2018) မြန်မာစာတမ်းထိုး

သည်းထိတ်ရင်ဖို ဇာတ်လမ်းသစ်လေးပါ။ မိုဒယ်မင်းသမီးချောလေး Bella Thorne က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။ သရဲကားလို့ ပြောလို့ရပေမဲ့ အမှောင်ကြီးထဲမှာ သရဲခြောက်၊ ဘာမှန်းနားမလည်လိုက်ဘဲ ခြောက်တာနဲ့ပဲ ပြီးသွားတဲ့ ဇာတ်လမ်းမျိုးတွေနဲ့တော့ ကွဲပြားပါတယ်။ ကြောက်စရာထက် စိတ်ဝင်စားစရာ ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဇာတ်လမ်းတည်ထားပုံက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မြို့ကြီးတစ်မြို့ရဲ့
ဓာတ်ခွဲခန်းကြီးတစ်ခုကနေ အတော်လေး ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူအတော်များများသေကြေခဲ့ပြီး အဲဒီနယ်မြေကို တားမြစ်နယ်မြေအဖြစ်
သတ်မှတ်လိုက်ရပါတယ်။
အဓိကဇာတ်ကောင်မင်းသမီး ရွန်နီနေတဲ့ ဂျူ ဝယ်မြို့ကတော့ အဲဒီနေရာနဲ့ မိုင် ၅၀ ပဲ ဝေးပါတယ်။ ထူးဆန်းတာက သူတို့တွေဟာ များပြားလှတဲ့ ဝိညာဉ်တွေကို မြင်နေကြရတာပါပဲ။ တစ်နေ့မှာတော့ ရွန်နီ တစ်ယောက် သူနဲ့ဝိညာဉ်ချင်းလဲဖို့ ကြိုးစားနေတဲ့သူ ရှိမှန်း သိလိုက်ရပါတယ်။ အဲဒီမှာပဲ ရွန်နီဟာ သူ့အသက်ရှင်သန်ရေးအတွက် အဖြေရှာဖို့ အတန်းဖော် ကောင်လေးတစ်ယောက်နဲ့အတူ ကြိုးစားပါတော့တယ်။
တကယ်တမ်းမှာ ထင်ထားတာထက် ပိုကြောက်စရာ ကောင်းတာတွေ၊ လူသူမသိသေးတဲ့ အဖြစ်မှန်တွေကို ရွန်နီတို့ နှစ်ဦး ကြားသိလိုက်ရတဲ့အခါ ဘာတွေ ဆက်ဖြစ်မှာလဲ၊ တကယ်တမ်း ရွန်နီရဲ့ ဝိညာဉ်ကို လိုချင်နေတာက ဘယ်သူလဲ၊ ရွန်နီတစ်ယောက် သူ့ဝိညာဉ်လဲယူမခံရဖို့ မမြင်နိုင်တဲ့ တစ်ဖက်ရန်သူကို ရင်ဆိုင်နိုင်ပါ့မလား ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုကြရမှာပါ။ သာမန်သရဲကားတွေထဲကနေ ကွဲထွက်ပြီး တကယ်ကြည့်ကောင်းတာတော့ အမှန်ပါပဲ။
Director – Scott Speer
Cast – Bella Thorne, Darmot Mulroney, Richard Harmon
Translated & Reviewed by C’mon
Encoded by Lwin Naung


  

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
 
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger