ဝါကင်းဟာ အောက်ပိုင်းသေနေတဲ့ လူတစ်ယောက်ပါ….
တစ်နေ့တော့သူအလုပ် လုပ်တဲ့မြေအောက်ခန်းရဲ့ဘေးကို ဘဏ်ဖောက်မဲ့ရောက်လာတာကိုသိလိုက်ရပါတယ်…
တစ်ချိန်တည်းမှာပဲ သူ့အိမ်ကအခန်းကိုငှားဖို့လာတဲ့ “ဘတ” တို့သားအမိပါရောက်လာပါတယ်
ဘဏ်ဖောက်မဲ့သူတွေကို”ဝါကင်း”ဟာသူတို့တွေရဲ့နာမည်နဲ့အချက်အလက်တွေကိုပါ
video recorded နဲ့အကုန်လိုက်မှတ်ထားပါတယ်…
အဲဒီအချက်အလက်တွေကသူနောက်မှာအသုံးဝင်လာမယ့် တကယ့်မှတ်တမ်းတွေပါ…
ဒီမှာတော့ ဝါကင်းဟာ ပိုက်ဆံလိုနေတာကတစ်ကြောင်း ပြီးတော့
ဘာတ”တို့သားအမိကိုပါသံယောဇဉ်ဖြစ်ပြီး ထောက်ပံ့ကာကွယ်ပေးချင်တာတွေဖြစ်လာပါတယ်…
သူပါ ဘဏ်ကပိုက်ဆံတွေကိုခိုးဖို့အကြံဖြစ်လာပါတယ်….
နောက်ပိုင်းမှာတော့ ဘဏ်ဖောက်မဲ့လူတွေဟာဝါကင်းဆီရောက်လာပြီး
သတ်တော့မဲ့ဆဲဆဲအခြေအနေမှာ ဝါကင်းရဲ့ စကားကြောင့် အချင်းချင်းသတ်ကြကုန်ပါတယ်….
ကဲ…”သူဘာပြောလိုက်တာလဲ”ဘယ်လိုတွေဥာဏ်ကစားလိုက်တာလဲ”
ဒီနေရာမှာ မေးခွန်းတစ်ခုရှိနေပါတယ်….”ဘာတ”ကသူ့အိမ်ကိုရိုးရိုးရောက်လာတာဟုတ်ရဲ့လား…
ဘဏ်ဖောက်တဲ့သူတွေနဲ့ပက်သက်နေတာဆိုရင်ရော…..
ဝါကင်း ကရော သူ့အကြံတိုင်းဘဏ်ဖောက်နိုင်မှာလား
အောက်ပိုင်းသေနေတဲ့သူမို့.. မလုပ်နိုင်ဘဲဖြစ်နေမှာလား
“အပေါ်ယံကြည့်ပြီးဆုံးဖြတ်ရင်ဒူးရင်းသီးဟာစားစရာမဖြစ်လာနိုင်ပါဘူး” ဆိုသလိုပေါ့
ဘယ်ဟာကိုမှအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး..
Post a Comment