Merantau (2009) မြန်မာစာတန်းထိုး


လယ်ဝေးသားလေး Kyaw Myo Thu ဘာသာပြန်ထားတဲ့ ဒုတိယမြောက်ဇာတ်ကားကတော့ အင်ဒိုနီးရှား အက်ရှင်ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ဒါရိုက်တာကတော့ အာရှကိုစိတ်ဝင်စားပြီး အင်ဒိုနီးရှားမှာ ဇာတ်ကားတွေရိုက်ကူးနေတဲ့ အနောက်တိုင်းသားတယောက်ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ အဓိကမင်းသားကတော့ ပရိသတ်နဲ့ သိပ်မစိမ်းပါဘူး။ The Raid (2011), The Raid 2 (2014) တို့မှာ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့တဲ့ မင်းသား Iko Uwais ဖြစ်ပါတယ်။ Iko ဟာ ဆယ်နှစ်သားကတည်းက ဆီးလက် (အင်ဒိုရိုးရာ ကိုယ်ခံပညာ) ဆရာကြီးဖြစ်တဲ့ သူ့အဖိုးဆီက ပညာအမွေခံခဲ့တာဖြစ်ပြီး ဇာတ်လမ်းထဲက သတ်ခန်းပုတ်ခန်းတွေကလည်း ဆီးလက်အကွက်တွေကိုပဲ အခြေခံ ရိုက်ကူးခဲ့တာကြောင့် သဘာဝကျပြီး ကြည့်ရတာအားရပါးရရှိလှပါတယ်။ မွေ့ထိုင်းမင်းသား Tony Jaa (Ong Bak မင်းသား) ပရိသတ်တွေဆိုရင်တော့ ဒီဇာတ်ကားကို အကြိုက်တွေ့မှာ ကျိန်းသေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ စုမုတြားကျွန်း အနောက်ပိုင်းမှာနေထိုင်ကြတဲ့ Minangkabau ဆိုတဲ့မျိုးနွယ်တွေမှာ ယောက်ျားလေးတယောက်ဟာ အရွယ်ရောက်ရင် မိသားစုနဲ့ခွဲခွါပြီး မိမိဘဝတက်လမ်းကိုရှာဖွေရမယ်၊ ကိုယ့်အစွမ်းအစနဲ့ မိသားစုဂုဏ်၊ မျိုးနွယ်ဂုဏ်တက်အောင် ကြိုးစားရမယ်ဆိုတဲ့ ထုံးတမ်းအစဉ်အလာရှိပါတယ်။
ယုဒါ ဆိုတဲ့ လူငယ်လေးကလည်း အိမ်ကိုစွန့်ပြီး မြို့တော်ဂျက်ကာတာ ကိုတက်ခဲ့ပါတယ်။ မြို့တော်ကိုရောက်ပေမယ့်လည်း သူနဲ့ဆက်သွယ်ရမယ့်သူတွေကို ဆက်သွယ်လို့မရလို့ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပဲ မောင်နှမနှစ်ယောက်တဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီမောင်နှမဟာ ယုဒါအနေနဲ့ အခုမှတွေ့တဲ့ သူစိမ်းတွေဆိုပေမယ့် သူ့မျိုးရိုးထုံးတမ်းအရ အားနည်းသူကိုကူညီပြီး ခေါင်းမရှောင်ပဲ အဆုံးထိတိုက်ပွဲဝင်သွားခဲ့ပါတော့တယ်။သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိပေမယ့်လည်း ယုဒါဟာ ရိုးရိုးသားသားနဲ့ သူတို့အပေါ်မှာရှိတဲ့ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေကို သူတတ်မြောက်ထားတဲ့ ဆီးလက်ပညာနဲ့ ကာကွယ်ပေးရင်း ဘယ်လောက်အထိ အန္ဒရာယ်တောထဲရောက်သွားမလဲဆိုတာကိုတော့....

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

  DOWNLOAD
 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger