The Viral Factor {2012} မြန်မာစာတန်းထိုး

နာမည်ကြီး ဟောင်ကောင်အက်ရှင်ဇာတ်ကြမ်းတကား တင်ပေးချင်ပါတယ်။ မင်းသားကတော့ ထိုင်ဝမ်နာမည်ကြီး အဆိုတော် Jay Chou ပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ မြန်မာပရိသတ်တွေကြိုက်တဲ့ဇာတ်အိမ်မျိုးပါ၊ မလေးရှားနိုင်ငံ KL မြိုထဲမှာတည်ထားပြီး အက်ရှင်ခန်းတွေကို ခပ်ကြမ်းကြမ်းရိုက်ကူးထားတာကြောင့် အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ။ အက်ရှင်ကားကောင်းတွေကိုဘာသာပြန်နေကျဖြစ်တဲ့  စိုင်းလင်းမြတ် မြန်မာဘာသာပြန်ဆိုပေးထားတာပါ။

အပြည်ပြည်ဆိုင်ရာ အထူးလုံခြုံရေးအဖွဲ့မှ တပ်ဖွဲမှုးဖြစ်တဲ့ ဂျွန်ဟာ ရာဇဝတ်ကောင် ရောဂါဗေဒပညာရှင်တယောက်ကို တခြားနိုင်ငံကိုလွှဲပြောင်းဖို့ လမ်းကြောင်းမှာ လုံခြုံရေးတာဝန်ယူရပါတယ်။ လမ်းမှာ အတိုက်အခိုက်ခံရကာ ပညာရှင်ကို အခြားတဖွဲ့က ပြန်ပေးဆွဲသွားပြီး၊ ဂျွန်လည်းဒဏ်ရာရာခဲ့ပါတယ်။
သူသတိပြန်ရတဲ့အချိန်မှာ ဆေးရုံမှာဖြစ်ပြီး သူ့ဦးနှောက်ထဲမှာကျည်ဆံဝင်နေပြီး လုံးဝထုတ်ယူလို့မရနိုင်ဘူးဆိုတာသိရပါတယ်။ သူလည်းအနားယူဖို့ လိုအပ်တယ်ဆိုပြီး အိမ်ပြန်ကာ သူ့အမေနဲ့တူတူနေပါတော့တယ်။ သူ့အမေပြောပြတော့မှ သူ့မှာ အစ်ကိုတယောက်ရှိကြောင်း၊ သူ့အမေက သူ့အဖေလောင်းကစားလုပ်တာကို သည်းမခံနိုင်းတော့လို့ ဂျွန်ကိုခေါ်ပြီး အိမ်ပေါ်ကဆင်းကာ အစ်ကိုဖြစ်သူကို အဖေနဲ့ထားခဲ့ကြောင်း စတဲ့အချက်တွေကို သိပြီးတဲ့နောက်မှာတော့ ဂျွန်တယောက် သူ့ရဲ့အစ်ကိုကို ရှာဖို့ မလေးရှားကို ထွက်ခွာလာပါတော့တယ်။
တဖက်ကသူ့အစ်ကိုဆိုသူမှာလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်နွယ်နေပြီး ယခုလည်း ပညာရှင်ကို ပြန်ပေးဆွဲကိစ္စမှာ ပါဝင်ပါတ်သတ်နေတော့ ဂျွန်တို့ညီအစ်ကိုတွေ့ဆုံမှုက ဘယ်လောက်ထိကြမ်းတမ်းမလဲ၊ ဘယ်လိုတွေနူးညံ့မှုတွေရှိုမလဲဆိုတာကိုတော့......

 ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ

 သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်
facebook ပေါ်မှာ share သွားလိုက်အုံးနော် :

Post a Comment

 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အက်ရှင်ဇာတ်ကားများ | ၁၈နှစ်ပြည့်မှကြည့်ရန် | သရဲကားများ
Copyright © 2011. စာတန်းထိုးဇာတ်ကားများ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger